Entries by Sandhi Myanamr

◾ ကိုဗစ် – ၁၉ ကပ်ဘေး နှင့် စီးပွားရေးကျဆင်းမှုလှိုင်း ၂ လှိုင်းကို တုံ့ပြန်ခြင်း

ကိုဗစ်-၁၉ ကူးစက်ရောဂါလှိုင်းကြီးသည် တကမ္ဘာလုံးကို တစ်လုံးပြီးတစ်လုံး ရိုက်ခတ်နေသကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့်လည်း ပထမလှိုင်း၊ဒုတိယလှိုင်း အစရှိသဖြင့်ခေါ်ဝေါပြောဆိုနေခြင်းဖြစ်သည်။ တကယ်တော့ ကိုဗစ်-၁၉ လှိုင်းသည် တပြိုင်နက်တည်း လှိုင်းလုံး၂လုံးဖြင့် ကမ္ဘာကိုရိုက်ခတ်နေသကဲ့သို့ဖြစ်သည်။ ပထမတစ်လုံးက ကူးစက်ရောဂါလှိုင်းလုံးဖြစ်ပြီး ဒုတိယတစ်လုံးကတော့ စီးပွားရေးကျဆင်းမှုလှိုင်းလုံးဖြစ်သည်။ ပညာရှင်များက တော့ Curve လို့ခေါ်ကြသည်။ ပညာရှင်များက ကိုဗစ်-၁၉လှိုင်းလုံး၂လုံး၏ ရိုက်ခတ်မှု လှိုင်းအမြင့်ပေ အမြင့် ဆုံးသို့ မတက်နိုင်ရန် ထိုမျဉ်းကွေး သို့မဟုတ် Curves များကို ပြားသွားအောင်လုပ်ရမည်ဟုဆိုကြသည်။ Flattening the Covid-19 Curve; Flattening the Economic Recession Curve အစရှိသဖြင့် ရေးသားနေ ကြသည်။ ထိုမျဉ်းကွေး၂ခုကို ပိပြားသွားအောင် မလုပ်နိုင်လျှင် ကမ္ဘာကြီးပိုခံစားရလိမ့်မည်ဟုဆိုကြသည်။ သို့သော်လည်း တစ်ခုနှင့်တစ်ခုက ပြောင်းပြန်အချိုးကျသလို ဖြစ်နေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိသည့် […]

ကိုဗစ်-၁၉ ဘယ်လိုခုခံကာကွယ်မည်နည်း

ယနေ့ထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူပေါင်း ၈၅ဦးရှိသွားပြီဖြစ်သည်။ အများစုမှ နိုင်ငံခြား သားများ၊ နိုင်ငံခြားမှပြန်လာသူများထံမှ ကူးစက်ခံရခြင်းဖြစ်သော်လည်း အချို့မှာတော့ ခရီးသွားရာဇဝင်မရှိ၊ နိုင်ငံခြားသားများ (သို့) နိုင်ငံခြားပြန်များဖြင့်လည်း ထိတွေ့ခဲ့မှု မရှိခဲ့သူများဖြစ်သည်။ ပြည်တွင်းနေသူ အချင်း ချင်းကြား ပျံ့နှံ့မှု (Local Transmission) စတင်ပြီဟုဆိုနိုင်သည်။ ထို့အတွက် ပိုမိုသတိထားရတော့မည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါပိုးစတင်တွေ့ရှိသည့် အချိန်သည် တရုတ်နိုင်ငံ ဟူဗေးပြည်နယ် ဝူဟန်မြို့တွင် စတင်တွေ့ရှိ ဖြစ်ပွားခဲ့သည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလနှင့် အခြား ဥရောပနိုင်ငံများ၊ အမေရိကန်နိုင်ငံတို့ဖြင့် နှိုင်းယှဉ်လျှင် အချိန် ၂-၃လခန့် နောက်ကျသဖြင့် ယင်းနိုင်ငံများ၏ အတွေ့အကြုံများ၊ သင်ခန်းစာများကို ရယူ အသုံးချနိုင်သလို၊ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုကို ယခုအချိန်ထိ အောင်မြင်စွာ ထိန်းချုပ်ထားနိုင်သည့် ဒေသ တွင်းနိုင်ငံများဖြစ်သည့် တိုင်ဝမ်၊ […]

◾ ကိုဗစ်-၁၉နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ

ယမန်နေ့က ဧရာဝတီသတင်းဋ္ဌာန၏ အင်တာနက်စာမျက်နှာတွင် ဆောင်းပါးရှင် နန်းလွင်၏ “China Pushes BRI Projects As Myanmar Rolls Out Covid-19 Economic Relief Plan” သတင်းဆောင်းပါးကို ဖတ်ရှုခဲ့ ရသည်။ ထင်ထားသည့်အတိုင်းပင်ဖြစ်သည်။ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ပန်းတိုင်-၂ အောက်၌ ပုဂ္ဂလိကကဏ္ဍအပေါ် သက်ရောက်မှုများကို သက်သာစေရန် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်ဆိုသည့် ဆောင် ရွက်ရန် စီမံချက်တစ် (Action Plan)မှ ချက်ခြင်းလုပ်ဆောင်ရမည့် ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့်တင်ခြင်းနှင့် PPP တိုးတက်လာစေရေး လုပ်ငန်းစဉ်များကို မြှင့်တင်ရေးဆိုသည့် ဆောင်ရွက်ရန်လုပ်ငန်းများ (Actions)ပါဝင်သဖြင့် တရုတ်အစိုးရအနေဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (China-Myanmar Economic Corridor-CMEC) အောက်တွင် အဆိုပြုထားသည့် စိစစ်ဆဲ စီမံကိန်းများကို […]

ကိုရိုနာဗိုင်းရပ်စ်ပိုး မည်မျှထိကြောက်စရာကောင်းသနည်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် နိုင်ငံပေါင်း၁၁၀သို့ရောက်ရှိသွားပြီး ကူးစက်ခံရသူပေါင်း ၁သိန်း၁သောင်း ကျော်နှင့် သေဆုံးသူပေါင်း၄ထောင်ကျော်သွားပြီဖြစ်သည်။ ကူးစက်မှုအများဆုံးနှင့် သေဆုံးသူအများဆုံး နိုင်ငံ မှာ တရုတ်နိုင်ငံဖြစ်ပြီး ယနေ့ထိ ကူးစက်ခံရသူ ၈၀၉၂၄ယောက်ရှိပြီး သေဆုံးသူ ၃၁၄၀ယောက်ရှိသည်။ တရုတ် နိုင်ငံ၌ပင် ကူးစက်မှုအများဆုံး ပြည်နယ်မှာတော့ ရောဂါပိုးစတင်တွေ့ရှိရာ ဝူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ် ဖြစ်ပြီး ကူးစက်ခံရသူ စုစုပေါင်း မတ်လ၁၀ရက်နေ့ထိ ၆၇၇၆၀ယောက်ရှိ၍ သေဆုံးသူ စုစုပေါင်း ၃၀၂၄ယောက် ရှိသည်။ ရောဂါပိုးကူးစက်မှုဒဏ် အခံရဆုံး မြို့နှင့်ပြည်နယ်ဟုဆိုနိုင်သည်။ တရုတ်နိုင်ငံပြီးလျှင် ရောဂါပိုးကူးစက်ခံရမှု အများဆုံးနိုင်ငံများကတော့ တောင်ကိုရီးယား၊ ဂျပန်၊ အီတလီတို့ဖြစ် ကြသည်။ စင်ကာပူနိုင်ငံသည်လည်း လူဦးရေအရကြည့်လျှင် ရောဂါကူးစက်မှု အများဆုံးနိုင်ငံဟုဆိုနိုင်သည်။ ထိုရောဂါပိုးကူးစက်ခံရသူများထဲမှ သေဆုံးသူရာခိုင်နှုန်းကိုတွက်ကြည့်လျှင် ၃-၄% ခန့်ရှိသည်ကိုတွေ့ရသည်။ ကိုရိုနာဗိုင်းရပ်စ်က တကမ္ဘာလုံးကို မည်မျှထိ ပျံ့နှံ့သွားနိုင်သနည်း။ တရုတ်နိုင်ငံ […]

ကိုရိုနာဗိုင်းရပ်စ်၏ ရိုက်ခတ်မှုနှင့် မြန်မာနိုင်ငံ

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်မှုသည် ကမ္ဘာ့နိုင်ငံပေါင်း ၅၀ကျော်တွင် ဖြစ်ပွားလျက်ရှိပြီး လူပေါင်း၈သောင်း ကျော် ကူးစက်ခံခဲ့ရသည်။ ကူးစက်ခံရသူ ၈သောင်းကျော်၌ သေဆုံးသူ ၃၀၀၀ ကျော်ရှိနေသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့သည် ယခုဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၀၃ခုနှစ်က တရုတ်နိုင်ငံ၌ ပင်ဖြစ်ပွားခဲ့သည့် SARS (Severe Acute Respiratory Syndrome) လောက် ရာခိုင်နှုန်းအရ လူသေဆုံးမှုနှုန်း မရှိသော်လည်း ကူးစက်မှုနှုန်းက ပိုမိုမြန်၍ ပိုမိုကူးစက်လွယ်နေသလိုဖြစ်နေသည်။ ကူးစက်မှုဒဏ်အခံရဆုံး နိုင်ငံများကတော့ တရုတ်၊တောင်ကိုရီးယား၊ ဂျပန်နှင့်အီတလီနိုင်ငံတို့ဖြစ်ကြသည်။ ကိုရိုနာဗိုင်းရပ်စ်နှင့် ကမ္ဘာ့စီးပွားရေးအလားအလာ ၂၀၀၃ခုနှစ်က SARS ရောဂါဖြစ်ပွားခဲ့သော်လည်း ယင်း၏ တရုတ်နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု မှာ မပြောပလောက်ဟုဆိုရမည်။ ၃လပတ်ခန့်သာ တရုတ်နိုင်ငံ စီးပွားရေးသည် ရောဂါကူးစက်မှုကို ထိန်းချုပ်နေ စဉ် ကျဆင်းသွားခဲ့သော်လည်း ၂၀၀၃ခုနှစ်အတွင်း […]

◾ ကိုရိုနာဗိုင်းရပ်စ်က တရုတ်နိုင်ငံကို ပြောင်းလဲသွားစေမည်လား

ယေးလ်တက္ကသိုလ်မှ ပါမောက္ခ Stephen Roach၏ “Global Growth-Still Made In China” ဆိုသည့်ဆောင်းပါး အတော်မှန်နေပြီထင်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညက ရောက်ရှိသည်။ လေဆိပ်မှာပင် လူဝင်မှုကြီးကြပ်ရေး ကောင်တာ ဖြတ်ရသည်မှာ အင်မတန် မြန်ဆန်လှသည်။ မြို့တွင်းရောက်သည့်အချိန်က ည၈နာရီခန့်ဖြစ်သည်။ လမ်းများအတော်ရှင်းနေသည်ကို သတိပြုမိသည်။ ရှော့ပင်းစင်တာများတွင်လည်း လူမစည်းကားနေ။ မကြာခင်က ဖြစ်ပွားခဲ့သည့် စစ်သားတစ်ဦး၏ Korat မြို့ရှိ Terminal 1 ရှော့ပင်းစင်တာတွင် ဈေးဝယ်သူများကို ဓါးစာခံပြုပြီး ပစ်ခတ် သတ်ဖြတ်မှုကြောင့်လည်း ဖြစ်ဟန်တူသည်။ သို့သော် သေချာသည်မှာတော့ တရုတ်ခရီးသွားများ လျှော့နည်း သွားခြင်းက အဓိက အကြောင်းရင်းဖြစ်မည်။ ဂျပန်နေ မိတ်ဆွေတစ်ဦးကလည်း တရုတ် ကမ္ဘာလှည့်ခရီးသည် များ သိသာစွာ လျှော့နည်းသွားသည့်အတွက် […]

တရုတ်ရင်းနှီးမြုပ်နှံမှုများ

DVB Debate – “တရုတ် ရင်းနှီးမြုပ်နှံမှုက ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကို အထောက်အကူ ပြုနိုင်လား?” “ကျောက်ဖြူစီမံကိန်းဟာ NLDအစိုးရရဲ့ နိုင်ငံတော်ရဲ့ဦးစားပေး စီမံကိန်းလားဆိုတာ ကျနော်တို့မသိဘူး။ ကျောက်ဖြူစီမံကိန်းဆို တာ အရင်အစိုးရဆင်းခါနီးမှာ အလျင်အမြန်လုပ်သွားတဲ့အရာပါ။ “ ဦးခိုင်ဝင်း၊ ဒါရိုက်တာ (Sandhi Governance Institute) “စီးပွားရေးရင်းနှီးမြုပ်နှံမှုဆိုတာ အိမ်ကို ဧည့်သည်တစ်ယောက်ခေါ်လာတာနဲ့တူတယ်။ မိမိအိမ်ရဲ့စည်းကမ်း ၊ ဓလေ့၊ ခွင့်ပြုနိုင်တဲ့အတိုင်းအတာ၊ ခွင့်မပြုနိုင်တဲ့အတိုင်းအတာ တွေကို သူ့ကို ပြေပြေလည်လည်ဆွေးနွေးပြီး ဧည့်သည်ကိုလက်ခံရမှာဖြစ်တယ်။ ဧည့်သည်ကိုမျက်နှာလိုမျက်နှာရလုပ်ပြီး အိမ်ပေါ်တက်အိပ်ပါဆိုရင်တော့ ကိုယ့်အိပ်ယာထဲရောက်လာရင်ပြဿနာရှိတယ်။ ကျနော်တို့မှာ ရင်းနှီးမြုပ်နှံမှုဥပဒေရှိပါတယ်။“ ဦးအေးလွင်၊ အဖွဲ့ဝင်။ (ဗဟိုစီးပွားရေးကော်မတီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) “ ရခိုင်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်က သူတို့နိုင်ငံရေးလိုလားချက်နဲ့ပဲတိုက်ရိုက်အကျိုးသက်ရောက်တယ်။“ ဒေါက်တာအမ်ကောန်လ၊ ဥက္ကဌ (ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ KNC)

နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၆) ဖွင့်လှစ်ခြင်း

သန္ဓိအုပ်ချုပ်စီမံမှုသင်တန်းကျောင်း၏ အမှုဆောင်ဒါရိုက်တာ ဆရာဦးခိုင်ဝင်းသည် နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၆) (ပထမအကြိမ်) သင်တန်း ပထမနေ့တွင် သင်တန်းသား/သင်တန်းသူများအား ကြိုဆိုစကားပြောကြားခဲ့ပါသည်။ သန္ဓိအုပ်ချုပ်စီမံမှုသင်တန်းကျောင်းသည် နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၆) (ပထမအကြိမ်) သင်တန်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၄ရက်နေ့အထိ ပြုလုပ်လျှက်ရှိပါသည်။ ထိုသင်တန်းတွင် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ သင်တန်းသား/သူ ၂၉ ဦး တက်ရောက်နေကြပါသည်။ Sandhi Governance Institute နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၆) (ပထမအကြိမ်) ၁၁-၂၄၊ ဇန်နဝါရီလ၊ ၂၀၂၀ ခုနှစ်။

အစိုးရ ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ

အစိုးရ ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယအကြိမ်မြောက် ကျင်းပခြင်း ၂၇ /၂၈ ၊ နိုဝင်ဘာလ ၊ ၂၀၁၉ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကို သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့က ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့မှာ ဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်နေပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲကို ၂၇ /၂၈ ရက်များမှာ နှစ်ရက်တာ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ Public-Private Partnership အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ခံ တိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အစိုးရအရာရှိများတက်ရောက်ကြပါ သည်။ သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့အနေဖြင့် အစိုးရပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောက်ရွက်မှုကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင် သာသော ဘဏ္ဍာရေးသုံးစွဲမှုအခြေအနေ၊ တာဝန်ယူမှု တာဝန်ခံမှုမြင့်မား၍ ပီပီပီဆိုင်ရာ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ ပိုမိုအသက်ဝင်လှုပ်ရှားလာစေ ရေးတို့အတွက် […]