ပုံနှိပ်ထုတ်ဝေမှုများ

စီမံကိန်းဘဏ်နှင့် ဆုံးရုံးသွားသည့် စီမံကိန်းများ

ရင်းနှီးမြှုပ်နှံမှုသည်အောင်မြင်သည့်နိုင်ငံများ၏ အခြေခံသော့ချက်ဖြစ်သည်။ Morgan Stanley Investment Management ၏ Chief Global Strategistဖြစ်သည့်Ruchir Sharma ကသူ၏ “Ten Rules for Successful Nations” စာအုပ်တွင်နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက်ရင်းနှီးမြှုပ်နှံမှုလိုအပ်သည်။ နှစ်စဉ်ဂျီဒီပီ၏ ၂၅%မှ၃၅% အတွင်းစက်မှုကဏ္ဍနှင့်လျှပ်စစ်၊လမ်းပန်းကဲ့သို့သောအခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်သည့်နိုင်ငံများသည်ဖွံ့ဖြိုးတိုးတက်လာသည်ကိုတွေ့ရသည်ဟုရေးသားထားသည်။ ဤနေရာတွင်ရင်းနှီးမြှုပ်နှံမှုများဆိုသည်မှာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုမည့်စီမံကိန်းများကိုဆိုလိုခြင်းဖြစ်သည်။ 

မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန်စီမံကိန်း

အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ

ဤအစီရင်ခံစာသည် ၊ သန္ဓိအုပ်ချုပ်စီမံမှုက ထုတ်ဝေသော ပီပီပီ လေ့လာစောင့်ကြည့်ရေး ဒုတိယအကြိမ်မြောက် အစီရင်ခံစာဖြစ်ပါသည်။ ဤအစီရင်ခံစာ၌ မြစ်ကြီးနားစီးပွားရေးဖွွံ့ဖြိုးတိုးတက်မှုဇုန် စီမံကိန်း အကြောင်း လေ့လာသုံးသပ်ထားပါတယ်။ တရုတ် – မြန်မာအကြား ရင်းနှီးမြုပ်နှံမှုစီမံကိန်းများတွင် သတိထားစောင့်ကြည့်ရမယ့် ၊ တရုတ်ရင်းနှီးမြုပ်နှံမှုများ ရှိပါသည်။ မြို့သစ်စီမံကိန်းများ၊ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ရထားလမ်းစီမံကိန်းများ၊ စီးပွားရေးဖွံ့ဖြိုးမှုဇုန်စီမံကိန်းများသည် တရုတ် – မြန်မာ စီးပွားရေးစင်္ကြန် တွင် အဓိက ပါဝင်နေပါသည်။ ဤအစီရင်ခံစာက ပွင့်လင်းမြင်သာ၍ မျှတသော အကျိုးစီးပွားပူးပေါင်းမှုများကို မြှင့်တင်ပေးနိုင်မည်ဟု ယူဆပါသည်။

အစီရင်ခံစာ အပြည့်အစုံကို မြန်မာဘာသာဖြင့် အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။

အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ

ကျွန်တော်တို့ သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့၏ အစိုးရ – ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှု (Public – Private Partnership) ပီပီပီ နှင့်ပတ်သက်ပြီး လေ့လာစောင့်ကြည့်၍ အစီရင်ခံတင်ပြထားသော ပထမသုံးလအတွင်း လေ့လာတွေ့ရှိချက် အစီရင်ခံစာဖြစ်ပါသည်။ အဆိုပါ ပီပီပီ ဆိုင်ရာ အစီရင်ခံစာ၌ ၊ မူဆယ် – မန္တလေး ရထားလမ်း စီမံကိန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတို့အကြောင်းကို ရွေးချယ်၍ လေ့လာဆန်းစစ်ထားပါသည်။ ထိုစီမံကိန်းနှစ်ခုသည် တရုတ်ရင်းနှီးမြုပ်နှံမှု စီမံကိန်းများဖြစ်ပြီး အဆိုပါ စီမံကိန်းများနှင့်စပ်လျင်း၍ သဘောတူညီထားမှုများ၊ ချမှတ်ထားသော စည်းမျဉ်းဥပဒေများနှင့် ရင်းနှီးမြုပ်နှံမှု ဘဏ္ဍာငွေကြေး ပုံစံများကို လေ့လာဆန်းစစ်ထားပါသည်။

မြန်မာပြည်တွင်းက အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု ပြည့်ဝလာစေရေးအတွက် ကူညီထောက်ပံ့ပေးနိုင်မည့် ပီပီပီဆိုင်ရာ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ ဖြစ်ပါသည်။

ဤကဲ့သို့သော လေ့လာစောင့်ကြည့်ထားသည့် အစီရင်ခံစာကို ကျွန်တော်တို့ သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့ (၃) လ တစ်ကြိမ် ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

ယခု အစီရင်ခံစာကို ၃၁ ရက်နေ့ ၊ ဩဂုတ်လ ၂၀၁၉ ခုနှစ် (စနေနေ့) ၊ နံနက် (၁၀) နာရီတွင် Park Royal Hotel မှာ ထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာများဖြင့် သတင်းစာရှင်းလင်းပွဲကိုပါ ပူးတွဲကျင်းပခဲ့ပါသည်။

Download လုပ်၍ ဖတ်ရှုလေ့လာနိုင်ပါသည်။