သတင်း

CORONAVIRUS DISEASE 2019 (COVID-19) ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရ၊ ပြည်နယ်/တိုင်း အစိုးရနှင့် ဝန်ကြီးဌာနများမှ အမိန့်စာများ၊ ထုတ်ပြန်ချက်များ၊ လမ်းညွှန်ချက်များနှင့် အသိပညာပေးခြင်းများ

နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၆) ဖွင့်လှစ်ခြင်း

သန္ဓိအုပ်ချုပ်စီမံမှုသင်တန်းကျောင်း၏ အမှုဆောင်ဒါရိုက်တာ ဆရာဦးခိုင်ဝင်းသည် နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၆) (ပထမအကြိမ်) သင်တန်း ပထမနေ့တွင် သင်တန်းသား/သင်တန်းသူများအား ကြိုဆိုစကားပြောကြားခဲ့ပါသည်။ သန္ဓိအုပ်ချုပ်စီမံမှုသင်တန်းကျောင်းသည် နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၆) (ပထမအကြိမ်) သင်တန်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၄ရက်နေ့အထိ ပြုလုပ်လျှက်ရှိပါသည်။ ထိုသင်တန်းတွင် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ သင်တန်းသား/သူ ၂၉ ဦး တက်ရောက်နေကြပါသည်။

Sandhi Governance Institute

နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၆) (ပထမအကြိမ်)

၁၁-၂၄၊ ဇန်နဝါရီလ၊ ၂၀၂၀ ခုနှစ်။

နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၆) (ပထမအကြိမ်)

အစိုးရ ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ

အစိုးရ ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ
ဒုတိယအကြိမ်မြောက် ကျင်းပခြင်း
၂၇ /၂၈ ၊ နိုဝင်ဘာလ ၊ ၂၀၁၉
ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်မြို့

အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကို သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့က ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့မှာ ဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်နေပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲကို ၂၇ /၂၈ ရက်များမှာ နှစ်ရက်တာ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

Public-Private Partnership အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ခံ တိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အစိုးရအရာရှိများတက်ရောက်ကြပါ သည်။

သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့အနေဖြင့် အစိုးရပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောက်ရွက်မှုကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင် သာသော ဘဏ္ဍာရေးသုံးစွဲမှုအခြေအနေ၊ တာဝန်ယူမှု တာဝန်ခံမှုမြင့်မား၍ ပီပီပီဆိုင်ရာ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ ပိုမိုအသက်ဝင်လှုပ်ရှားလာစေ ရေးတို့အတွက် ရည်ရွယ်လုပ်ဆောင်နေပါသည်။ ထို့အပြင် မြန်မာပြည်၏ အကြီးမားဆုံးလိုအပ်ချက်တစ်ခုဖြစ် သော အခြေခံအဆောက်အအုံဆိုင်ရာဖွံ့ဖြိုးမှုစီမံကိန်းများ အရည်အသွေးမြင့်မားစွာ ပေါ်ထွက်လာစေရန်လည်း ဦးတည်လုပ်ဆောင်နေပါသည်။

ဤအလုပ်ရုံဆွေးနွေးပွဲကို တက်ကြွစွာပါဝင်သည့် လူကြီးမင်းများကို ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ်၊ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးမှ အမှာစကားပြောကြားပေးသည့်အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားလို ပါသည်။

Sandhi Governance Insitute
ဧရာဝတီတိုင်းဒေသကြီး။
ပုသိမ်မြို့ ၊ ပုသိမ်ဟိုတယ်။
၂၇ ၊ နိုဝင်ဘာ ၊ ၂၀၁၉။

Public-Private Partnership Workshop

အစိုးရ ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ (ထားဝယ်မြို့)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ၊ ထားဝယ်ဟိုတယ်မှာ ကျင်းပနေသည့် Public – Private Partnership Workshop ၏ မှတ်တမ်း ဓာတ်ပုံများဖြစ်ပါသည်။

သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့အနေဖြင့် ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှာ အစိုးရဌာဆိုင်ရာအရာရှိများ နှင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားပြီး အစိုးရပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ရှိရေး၊ တာဝန်ယူမှု တာဝန်ခံမှု မြင့်မားလာစေရေးနှင့် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင် အကောင်အထည်ဖော်ကြစေရေးအတွက် အထောက်အကူပြုနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနေပါသည်။

ယခုလည်း ၂၀၁၉ ၊ အောက်တိုဘာ ၊ ၂၉ – ၃၀ ရက်များ၌ ထားဝယ်မြို့မှာ ကျင်းပပြုလုပ်နေပါသည်။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌ အပါအဝင် သက်ဆိုင်ရာ မြို့နယ်များမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ရှိသော PPP ကဏ္ဍနှင့်ပတ်သက်ဆက်နွှယ်နေသော အစိုးရဌာဆိုင်ရာ ညွှန်ကြားရေးမှူးများ၊ အတွင်းရေးမှူးများ၊ အရာရှိများ၊ တာဝန်ခံများ၊ အထွေထွေမန်နေဂျာများ တက်ရောက်ပြီး အစိုးရ – ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ တက်ကြွစွာ ပါဝင်ဆွေးနွေးကြပါသည်။

ကျွန်တော်တို့ သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့အနေဖြင့် PPP ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ PPP ဆိုင်ရာ ပွင့်လင်းမြင်သာမှု စောင့်ကြည့်လေ့လာချက်များနှင့် PPP ဆိုင်ရာ သုတေသနလုပ်ငန်းစဉ်များကို လုပ်ဆောင်နေပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းအရာရှိကြီးများကို အထူးကျေးဇူးတင်ရှိကြောင်း…. မှတ်တမ်းတင်လိုက်ရပါသည်။

၂၉ – ၃၀ ၊ အောက်တိုဘာ ၊ ၂၀၁၉ ။

ထားဝယ်ဟိုတယ်။

ထားဝယ်မြို့ ။

တနင်္သာရီတိုင်းဒေသကြီး ။

အစိုးရ - ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ (ထားဝယ်မြို့)

သင်တန်းသားများ ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်လေ့လာ

နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၅)မှ သင်တန်းသား/သင်တန်းသူများသည် ၄.၆.၂၀၁၉ ရက်နေ့ နံနက်(၁၁း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အထွေထွေရွေးကောက်ပွဲကော်မရှင်သို့ လေ့လာရေးသွားရောက်ခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လေ့လာရေးလာရောက်ကြသူများအား အခမ်းအနား အစီအစဉ် (၇)ရပ်ဖြင့် လက်ခံတွေ့ဆုံပါသည်။ ရှေးဦးစွာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌမှ လေ့လာရေးလာရောက်ကြသူများအား အဖွင့်အမှာစကားပြောကြားပြီး သန္ဓိအုပ်ချုပ်စီမံမှုသင်တန်းကျောင်းမှ ဦးအောင်မျိုးသက်မှ မိတ်ဆက်ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားရေးမှူးချုပ်မှ ကော်မရှင်၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူးမှ ဌာန၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ရွေးကောက်ပွဲခုံရုံးဌာန ညွှန်ကြားရေးမှူးမှ ဌာန၏ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ သုတေသနနှင့်မှတ်တမ်းဌာန ညွှန်ကြားရေးမှူးမှ ဌာ၏ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ပြင်ပဆက်ဆံရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် သင်တန်းသား/သင်တန်းသူများမှ ရွေးကောက်ပွဲကော်မရှင်နှင့် ပတ်သက်သည့် သိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌမှ မေးမြန်းခဲ့သည်များကို ပြန်လည်ဖြေကြားပြီး တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကို နေ့လည် (၁၂း၃၀)တွင် ပြီးဆုံးခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံရေးခေါင်းဆောင်မှုသင်တန်းမှ သင်တန်းသား/သင်တန်းသူများသည် နေ့လည် (၁း၀၀)နာရီ အချိန်တွင် National Democratic Institute (NDI) လွှတ်တော်ဆိုင်ရာ အရင်းအမြစ်စင်တာသို့ လေ့လာရေးသွားရောက်ခဲ့ရာ စင်တာနှင့် လွှတ်တော် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လည် (၂း၃၀) အချိန်တွင် ပြီးဆုံးခဲ့ပါသည်။

နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၅)မှ သင်တန်းသား/သင်တန်းသူများ ပြည်သူ့လွှတ်တော်သို့လေ့လာ

သန္ဓိအုပ်ချုပ်စီမံမှုသင်တန်းကျောင်း(Sandhi Governance Institute) မှ ကြီးမှူးကျင်းပသည့် နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၅)မှ သင်တန်းသား/သင်တန်းသူများသည် ၃.၆.၂၀၁၉ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး သို့ လေ့လာရေးသွားရောက်ခဲ့ပြီး လွှတ်တော်အစည်းအဝေးများပြီးဆုံးချိန်တွင် အမျိုးသားလွှတ်တော်ရှိ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၊ ပြည်သူ့လွှတ်တော်ရှိ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီများသို့ လေ့လာရေးသွားရောက်ခဲ့ရာ ကော်မတီဝင်လွှတ်တော်ကိုယ်စားလှယ်များမှ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောပြပြီး သင်တန်းသား/သင်တန်းသူများမှ သိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သင်တန်းသား/သင်တန်းသူများသည် ရင်းနှီးစွာ ညစာသုံးဆောင်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်များနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာ တွေ့ဆုံဆွေးနွေး

မတ်လ ၂၄၊ ရန်ကုန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ အဖွဲ့အစည်းအသီးသီးက လူငယ်များနှင့်တွေ့ဆုံ၍ လူငယ်ရေးရာမူဝါဒဆိုင်ရာ ကိစ္စများကို ယမန့်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီအဖွဲ့များ၊ အဖွဲ့အစည်း အသီးသီးက လူငယ်များနှင့်တွေ့ဆုံရာ၌ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတွက် လိုအပ်သော မူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များ ချမှတ်ရပါကြောင်း၊ လူငယ်များ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် လူငယ်ရေးရာမူဝါဒ မရှိသေးသည့် ကမ္ဘာ့နိုင်ငံ (၃၁) နိုင်ငံထဲတွင် ပါဝင်နေသော ကြောင့် အစိုးရသစ်လက်ထက်တွင် လူငယ်မူဝါဒကို ရေးဆွဲခဲ့ပါကြောင်း၊ ဤမူဝါဒသည် လူငယ်များကိုယ်တိုင် ဦးဆောင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သော ကာလများ၏ သင်ခန်းစာ ယူစရာများ၊ လူငယ်များ၏ အတွေးသစ်အမြင်သစ်များဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ လူငယ်များအတွက် ကောင်းမွန်သော အပြောင်းအလဲကို ဖော်ဆောင်ပေးရန် ဆောင်ရွက် ထားခြင်းဖြစ်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်လာသောအချိန်တွင် ပြန်လည်ပြင်ဆင်နိုင်အောင်လည်း ထည့်သွင်းရေးဆွဲထားပါကြောင်း၊ လူငယ်ရေးရာမူဝါဒထဲတွင် လူငယ်များအတွက် အရေးကြီး သည့် ကဏ္ဍ(၁၆) ရပ်ပါဝင်ပါကြောင်း၊ ထိုကဏ္ဍများထဲတွင် လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့်ငြိမ်းချမ်းရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး စသည်ဖြင့် ဦးစားပေးရမည့် ကဏ္ဍများလည်း ရှိပါကြောင်း၊ လူငယ်များသည် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဆင့်ကမ်း တာဝန်ယူ ဆောင်ရွက်ကြရမှာဖြစ်သောကြောင့် စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များ ပေါ်ပေါက်လာရန် လိုအပ်ပါကြောင်း၊ ထို့အတွက် မဟာဗျူဟာအဆင့်ဆင့်ရေးဆွဲခဲ့ပြီး ညှိနှိုင်း ဆွေးနွေးအတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များရေးဆွဲရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စနစ်တကျ ညှိနှိုင်းဆွေးနွေး ကြရမှာဖြစ်ပါကြောင်း၊ လူငယ်များ၏ အခန်းကဏ္ဍကို အစိုးရအနေဖြင့် အလေးထားပါကြောင်း၊ လူငယ်များ၏ ဆောင်ရွက်ချက်များကို မိဘများ၊ မိသားစုများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ကလည်း အားပေးပါဝင်ရန်လိုအပ်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒကို အခြေခံ၍ မဟာဗျူဟာ ချမှတ်ရေးဆွဲပြီး လုပ်ငန်းစဉ်များအကောင်ထည်ဖော်ရာတွင် ဝန်ကြီးဌာနအလိုက် ချမှတ်ထားပြီး ဖြစ်သော လူငယ်များနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ ရန်ကုန်တိုင်းဒေသကြီးက ချမှတ် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ လူငယ့်ရေးရာမူဝါဒသည် လူငယ်များအားလုံး အခွင့်အရေးများကို အပြည့်အဝရရှိစေရန်နှင့် သာတူညီမျှခံစားရရှိနိုင်ရန် ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်သည့်အတွက် အကောင်အထည်ဖော် ရာတွင် လူငယ်များက ကဏ္ဍအသီးသီးတွင် တာဝန်ယူ၍ ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ လူငယ်များသည် မိမိတို့ကိုယ်တိုင် အရည်အချင်းပြည့်ဝအောင် ကြိုးစားဆောင်ရွက်ကြပြီး ပြည်သူ့အစိုးရ၏ ဒီမိုကရေစီစနစ် အမြစ်တွယ်အောင် ရုန်းကန်ကြိုးစားမှုများတွင် အတိတ်၏ အမှားများကို သင်ခန်းစာရယူလျက် အတွေးသစ်၊ အမြင်သစ်များဖြင့် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် အနာဂတ်လူငယ်များအတွက် အမွေကောင်းများ လက်ဆင့်ကမ်း ပေးနိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် လူငယ်များသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရကြောင်း၊ လူငယ်များ၏ စွမ်းဆောင်ရည်များကို လမ်းဖွင့် မြှင့်တင်ပေးရန်လိုပါကြောင်း၊ လူငယ်များသည် တီထွင်ကြံဆလိုစိတ် ရှိကြပါကြောင်း၊ ထို့အတွက် ရန်ကုန်မြို့တွင် Innovation Center တစ်ခု ဖွင့်လှစ်ပေးထားပါကြောင်း၊ လူငယ်မူဝါဒကိုအခြေခံ၍ မဟာဗျူဟာ၊ လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ရာတွင် လူငယ်များက အဓိကစွမ်းဆောင်ကြရမှာဖြစ်ပြီး ဆောင်ရွက် လိုသည့် လူငယ်အကျိုးပြုလုပ်ငန်းများကို သက်ဆိုင်ရာပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်း များနှင့် အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း၊ မိမိအနေဖြင့် လူငယ့်ရေးရာ ကော်မတီဝင်များ၊ ရန်ကုန်တိုင်းအတွင်းရှိ လူငယ်များနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို အသေးစိတ်ညှိနှိုင်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးက လူငယ်များ၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များက လူငယ်များ၏ အလုပ်အကိုင်များ ဖော်ဆောင်ပေးနိုင်ရေး ကိစ္စရပ်များ၊ လူငယ်နှင့် စီးပွားရေးကဏ္ဍများ၊ ကလေးအလုပ်သမား ကိစ္စရပ်များ၊ စိန်ခေါ်မှုများ၊ မဟာဗျူဟာရေးဆွဲရာတွင် ပါဝင်ဆွေးနွေးနိုင်ရန် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များနှင့် ဆက်သွယ်ဆွေးနွေးရမည့်ကိစ္စရပ်များနှင့် လူငယ်မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာကြသော လူငယ်များနှင့် စုပေါင်း မှတ်တမ်း ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

တိုင်းဒေသကြီးလွှတ်တော်များ အတွေ့အကြုံဖလှယ်ခြင်း

အလုပ်ရုံဆွေးနွေးပွဲ- ဒုတိယနေ့

ဒီနေ့မှာလည်း မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီးလွှတ်တော်များနှင့် ကျနော်တို့ ယုံကြည်ရာတို့ ပူးပေါင်းပြီး ” တိုင်းဒေသကြီးလွှတ်တော်များ အတွေ့အကြုံဖလှယ်ခြင်း ”ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ကျင်းပခဲ့ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ဥက္ကဋ္ဌကြီး ၊ ဒုတိယဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်နှင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း (၃၇) ဦး ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲက ၉ မတ် ၂၀၁၉ မှ ၁၁ မတ် ၂၀၁၉ထိ စုစုပေါင်း ( ၃ )ရက်တာ ကြာမြင့်မှာပဲ ဖြစ်ပါတယ်။

ဒီနေ့ အလုပ်ရုံဆွေးနွေးပွဲရဲ့ ဒုတိယနေ့ မှာ ” Private Public Partnership (PPP)အကြောင်း ၊ PPP ဆောင်ရွက်သင့်သည့် အခြေအနေများ ၊ ဆောင်ရွက်ပါက ထားရှိသင့်သည့် စံနှုန်းသတ်မှတ်ချက်များ ”စသည့် အကြောင်းအရာများကို ဆရာဦးခိုင်ဝင်း(Sandhi Governance Institute)က ဦးဆောင်ဆွေးနွေး၍ တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးခဲ့ကြပါတယ် ။

တိုင်းဒေသကြီးလွှတ်တော်များ အချင်းချင်း တွေ့ဆုံ၍ အတွေ့အကြုံများ ဖလှယ်ခြင်း ၊ အကြံပြုဆွေးနွေးခြင်းများက တိုင်းဒေသကြီးလွှတ်တော်များကို ပိုမို အားကောင်းစေနိုင်ပါတယ် ။

ကျနော်တို့ ယုံကြည်ရာအနေနဲ့လည်း ကျနော်တို့ရဲ့ ဦးတည်ဒေသများဖြစ်ကြတဲ့ မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ လွှတ်တော်များ ဖွံ့ဖြိုး ခိုင်မာအားကောင်းလာစေရေးကို အဓိကထားကာ အခြား တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အသီးသီး အနေဖြင့်လည်း ပိုမို ခိုင်မာအားကောင်းလာစေရေး အတွက် ကြိုးပမ်း ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ် ။

၁၀ မတ် ၂၀၁၉
ညောင်ဦးမြို့ ၊ မန္တလေးတိုင်းဒေသကြီး

mfwrrmyanmar