နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၅)မှ သင်တန်းသား/သင်တန်းသူများ ပြည်သူ့လွှတ်တော်သို့လေ့လာ
သန္ဓိအုပ်ချုပ်စီမံမှုသင်တန်းကျောင်း(Sandhi Governance Institute) မှ ကြီးမှူးကျင်းပသည့် နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၅)မှ သင်တန်းသား/သင်တန်းသူများသည် ၃.၆.၂၀၁၉ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး သို့ လေ့လာရေးသွားရောက်ခဲ့ပြီး လွှတ်တော်အစည်းအဝေးများပြီးဆုံးချိန်တွင် အမျိုးသားလွှတ်တော်ရှိ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၊ ပြည်သူ့လွှတ်တော်ရှိ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီများသို့ လေ့လာရေးသွားရောက်ခဲ့ရာ ကော်မတီဝင်လွှတ်တော်ကိုယ်စားလှယ်များမှ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောပြပြီး သင်တန်းသား/သင်တန်းသူများမှ သိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သင်တန်းသား/သင်တန်းသူများသည် ရင်းနှီးစွာ ညစာသုံးဆောင်ခဲ့ကြပါသည်။