Entries by sandhi-mm

စီမံကိန်းဘဏ်နှင့် ဆုံးရုံးသွားသည့် စီမံကိန်းများ

ရင်းနှီးမြှုပ်နှံမှုသည်အောင်မြင်သည့်နိုင်ငံများ၏ အခြေခံသော့ချက်ဖြစ်သည်။ Morgan Stanley Investment Management ၏ Chief Global Strategistဖြစ်သည့်Ruchir Sharma ကသူ၏ “Ten Rules for Successful Nations” စာအုပ်တွင်နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက်ရင်းနှီးမြှုပ်နှံမှုလိုအပ်သည်။ နှစ်စဉ်ဂျီဒီပီ၏ ၂၅%မှ၃၅% အတွင်းစက်မှုကဏ္ဍနှင့်လျှပ်စစ်၊လမ်းပန်းကဲ့သို့သောအခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်သည့်နိုင်ငံများသည်ဖွံ့ဖြိုးတိုးတက်လာသည်ကိုတွေ့ရသည်ဟုရေးသားထားသည်။ ဤနေရာတွင်ရင်းနှီးမြှုပ်နှံမှုများဆိုသည်မှာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုမည့်စီမံကိန်းများကိုဆိုလိုခြင်းဖြစ်သည်။ 

၂၀၂၀ အထွေတွေရွေးကောက်ပွဲတွင် ပါတီစုံဒီမိုကရေစီစနစ် အားကောင်းစေရေးအတွက် ပံ့ပိုးပေးနိုင်မည့်အခြေအနေများ

သုတေသနစာတမ်း သန္ဓိအုပ်ချုပ်စီမံမှုသင်တန်းကျောင်း၏ နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း (အပတ်စဉ် -၅) မှ သင်တန်းသား/သူများပြုလုပ်ခဲ့သည့်”၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီစုံဒီမိုကရေစီစနစ် အားကောင်းစေရေးအတွက် ပံ့ပိုးပေးနိုင်မည့် အခြေအနေများ” သုတေသနစာတမ်း။ ဇူလိုင်၊ ၂၀၁၉။

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူနိုင်မလဲ

မကြာခင်ရက်ပိုင်းအတွင်းက အမေရိကန်-တရုတ် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ရရှိရန် ဆွေးနွေးပွဲ၌ သဘောတူညီချက်မရရှိဘဲ သမ္မတ ထရန့်ဦးဆောင်သည့် အမေရိကန်အစိုးရသည် တရုတ်သွင်းကုန်များအပေါ် ထပ်မံတိုးချဲ့ အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံမည်ဟုကြေငြာလိုက်သဖြင့် တရုတ်ဘက်မှလည်း အမေရိ ကန်သွင်းကုန် ကန်ဒေါ်လာဘီလီယံ၆၀အပေါ် အခွန်နှုန်းတိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။ အပြန်အလှန် သွင်းကုန်များအပေါ် အခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံမည်ဟုကြေငြာလိုက်ခြင်းဖြင့် ၂နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများသည် ပြေလည်မသွားဘဲ အရှိန်အဟုန်မြင့်လာခဲ့ခြင်းဖြစ်သည်။ ကုန်သွယ် ရေးစစ်ပွဲ၊ စစ်အေးတိုက်ပွဲသစ်ဟုပင် အမည်ကင်ပွန်းတတ်လာကြသည်ကိုလည်း သတင်းမီဒီယာများမှတဆင့် ကြားသိနေရသည်။ သမ္မတထရန့်သည် ရွေးကောက်ပွဲကာလအတွင်းကပင် တရုတ်အပါအဝင် ကုန်သွယ်ဘက်နိုင်ငံများသည် အမေ ရိကန်နိုင်ငံနှင့်ကုန်သွယ်ရာတွင် တဘက်သတ် အခွင့်အရေးယူနေသဖြင့် အမေရိကန်ဘက်မှ နစ်နာနေရသည်။ ကုန်သွယ်မှု လိုငွေပြမှုများတိုးတက်များပြားလာသလို အမေရိကန်တို့၏ အလုပ်အကိုင် အခွင့်အလမ်းများလည်း ဆုံးရှုံးရပြီး အထူးသဖြင့် စက်မှုလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ တရုတ်နိုင်ငံသို့ပြောင်းရွှေ့သွားသဖြင့် အလုပ်သ မားများစွာ […]

သင်တန်းသားများ ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်လေ့လာ

နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၅)မှ သင်တန်းသား/သင်တန်းသူများသည် ၄.၆.၂၀၁၉ ရက်နေ့ နံနက်(၁၁း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အထွေထွေရွေးကောက်ပွဲကော်မရှင်သို့ လေ့လာရေးသွားရောက်ခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လေ့လာရေးလာရောက်ကြသူများအား အခမ်းအနား အစီအစဉ် (၇)ရပ်ဖြင့် လက်ခံတွေ့ဆုံပါသည်။ ရှေးဦးစွာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌမှ လေ့လာရေးလာရောက်ကြသူများအား အဖွင့်အမှာစကားပြောကြားပြီး သန္ဓိအုပ်ချုပ်စီမံမှုသင်တန်းကျောင်းမှ ဦးအောင်မျိုးသက်မှ မိတ်ဆက်ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားရေးမှူးချုပ်မှ ကော်မရှင်၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူးမှ ဌာန၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ရွေးကောက်ပွဲခုံရုံးဌာန ညွှန်ကြားရေးမှူးမှ ဌာန၏ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ သုတေသနနှင့်မှတ်တမ်းဌာန ညွှန်ကြားရေးမှူးမှ ဌာ၏ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ပြင်ပဆက်ဆံရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် သင်တန်းသား/သင်တန်းသူများမှ […]

နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၅)မှ သင်တန်းသား/သင်တန်းသူများ ပြည်သူ့လွှတ်တော်သို့လေ့လာ

သန္ဓိအုပ်ချုပ်စီမံမှုသင်တန်းကျောင်း(Sandhi Governance Institute) မှ ကြီးမှူးကျင်းပသည့် နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၅)မှ သင်တန်းသား/သင်တန်းသူများသည် ၃.၆.၂၀၁၉ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး သို့ လေ့လာရေးသွားရောက်ခဲ့ပြီး လွှတ်တော်အစည်းအဝေးများပြီးဆုံးချိန်တွင် အမျိုးသားလွှတ်တော်ရှိ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၊ ပြည်သူ့လွှတ်တော်ရှိ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီများသို့ လေ့လာရေးသွားရောက်ခဲ့ရာ ကော်မတီဝင်လွှတ်တော်ကိုယ်စားလှယ်များမှ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောပြပြီး သင်တန်းသား/သင်တန်းသူများမှ သိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သင်တန်းသား/သင်တန်းသူများသည် ရင်းနှီးစွာ ညစာသုံးဆောင်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်များနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာ တွေ့ဆုံဆွေးနွေး

မတ်လ ၂၄၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ အဖွဲ့အစည်းအသီးသီးက လူငယ်များနှင့်တွေ့ဆုံ၍ လူငယ်ရေးရာမူဝါဒဆိုင်ရာ ကိစ္စများကို ယမန့်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီအဖွဲ့များ၊ အဖွဲ့အစည်း အသီးသီးက လူငယ်များနှင့်တွေ့ဆုံရာ၌ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတွက် လိုအပ်သော မူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များ ချမှတ်ရပါကြောင်း၊ လူငယ်များ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် လူငယ်ရေးရာမူဝါဒ မရှိသေးသည့် […]

တိုင်းဒေသကြီးလွှတ်တော်များ အတွေ့အကြုံဖလှယ်ခြင်း

အလုပ်ရုံဆွေးနွေးပွဲ- ဒုတိယနေ့ ဒီနေ့မှာလည်း မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီးလွှတ်တော်များနှင့် ကျနော်တို့ ယုံကြည်ရာတို့ ပူးပေါင်းပြီး ” တိုင်းဒေသကြီးလွှတ်တော်များ အတွေ့အကြုံဖလှယ်ခြင်း ”ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ကျင်းပခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ဥက္ကဋ္ဌကြီး ၊ ဒုတိယဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်နှင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း (၃၇) ဦး ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲက ၉ မတ် ၂၀၁၉ မှ ၁၁ မတ် ၂၀၁၉ထိ စုစုပေါင်း ( ၃ )ရက်တာ ကြာမြင့်မှာပဲ ဖြစ်ပါတယ်။ ဒီနေ့ အလုပ်ရုံဆွေးနွေးပွဲရဲ့ ဒုတိယနေ့ မှာ […]

မိမိကိုယ်ကိုစောင့်ရှောက်မှုနှင့် စိတ်ဖိစီးမှုများစီမံခန့်ခွဲမှု

ပထမအကြိမ် နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP မှ ဆရာ ဦးထင်အောင်နှင့် ဆရာမ သန်းသန်းဌေး သင်ကြားနေစဉ် ( ဖေဖော်ဝါရီ ၂၈မှ မတ်လ ၁ ရက် ၂၀၁၉)

မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူတွေ့ဆုံ

မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ, မော်လမြိုင်နှင့်ချောင်းဆုံ၏ကိုယ်စားလှယ်များမွန်ပြည်နယ်မှာအများပြည်သူဝယ်ယူရေးသုတေသနအတွက်စီမံကိန်းနှင့်ဘဏ္ဍာရေးဌာန၏ဘတ်ဂျက်ဌာနနှင့်ဒါရိုက်တာ၏ဒါရိုက်တာနှင့်အတူအစည်းအဝေး။