ဓါတ်ပုံ

အစိုးရ ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ

အစိုးရ ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ
ဒုတိယအကြိမ်မြောက် ကျင်းပခြင်း
၂၇ /၂၈ ၊ နိုဝင်ဘာလ ၊ ၂၀၁၉
ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်မြို့

အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကို သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့က ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့မှာ ဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်နေပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲကို ၂၇ /၂၈ ရက်များမှာ နှစ်ရက်တာ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

Public-Private Partnership အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ခံ တိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အစိုးရအရာရှိများတက်ရောက်ကြပါ သည်။

သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့အနေဖြင့် အစိုးရပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောက်ရွက်မှုကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင် သာသော ဘဏ္ဍာရေးသုံးစွဲမှုအခြေအနေ၊ တာဝန်ယူမှု တာဝန်ခံမှုမြင့်မား၍ ပီပီပီဆိုင်ရာ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ ပိုမိုအသက်ဝင်လှုပ်ရှားလာစေ ရေးတို့အတွက် ရည်ရွယ်လုပ်ဆောင်နေပါသည်။ ထို့အပြင် မြန်မာပြည်၏ အကြီးမားဆုံးလိုအပ်ချက်တစ်ခုဖြစ် သော အခြေခံအဆောက်အအုံဆိုင်ရာဖွံ့ဖြိုးမှုစီမံကိန်းများ အရည်အသွေးမြင့်မားစွာ ပေါ်ထွက်လာစေရန်လည်း ဦးတည်လုပ်ဆောင်နေပါသည်။

ဤအလုပ်ရုံဆွေးနွေးပွဲကို တက်ကြွစွာပါဝင်သည့် လူကြီးမင်းများကို ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ်၊ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးမှ အမှာစကားပြောကြားပေးသည့်အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားလို ပါသည်။

Sandhi Governance Insitute
ဧရာဝတီတိုင်းဒေသကြီး။
ပုသိမ်မြို့ ၊ ပုသိမ်ဟိုတယ်။
၂၇ ၊ နိုဝင်ဘာ ၊ ၂၀၁၉။

Public-Private Partnership Workshop

အစိုးရ ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ (ထားဝယ်မြို့)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ၊ ထားဝယ်ဟိုတယ်မှာ ကျင်းပနေသည့် Public – Private Partnership Workshop ၏ မှတ်တမ်း ဓာတ်ပုံများဖြစ်ပါသည်။

သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့အနေဖြင့် ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှာ အစိုးရဌာဆိုင်ရာအရာရှိများ နှင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားပြီး အစိုးရပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ရှိရေး၊ တာဝန်ယူမှု တာဝန်ခံမှု မြင့်မားလာစေရေးနှင့် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင် အကောင်အထည်ဖော်ကြစေရေးအတွက် အထောက်အကူပြုနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနေပါသည်။

ယခုလည်း ၂၀၁၉ ၊ အောက်တိုဘာ ၊ ၂၉ – ၃၀ ရက်များ၌ ထားဝယ်မြို့မှာ ကျင်းပပြုလုပ်နေပါသည်။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌ အပါအဝင် သက်ဆိုင်ရာ မြို့နယ်များမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ရှိသော PPP ကဏ္ဍနှင့်ပတ်သက်ဆက်နွှယ်နေသော အစိုးရဌာဆိုင်ရာ ညွှန်ကြားရေးမှူးများ၊ အတွင်းရေးမှူးများ၊ အရာရှိများ၊ တာဝန်ခံများ၊ အထွေထွေမန်နေဂျာများ တက်ရောက်ပြီး အစိုးရ – ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ တက်ကြွစွာ ပါဝင်ဆွေးနွေးကြပါသည်။

ကျွန်တော်တို့ သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့အနေဖြင့် PPP ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ PPP ဆိုင်ရာ ပွင့်လင်းမြင်သာမှု စောင့်ကြည့်လေ့လာချက်များနှင့် PPP ဆိုင်ရာ သုတေသနလုပ်ငန်းစဉ်များကို လုပ်ဆောင်နေပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းအရာရှိကြီးများကို အထူးကျေးဇူးတင်ရှိကြောင်း…. မှတ်တမ်းတင်လိုက်ရပါသည်။

၂၉ – ၃၀ ၊ အောက်တိုဘာ ၊ ၂၀၁၉ ။

ထားဝယ်ဟိုတယ်။

ထားဝယ်မြို့ ။

တနင်္သာရီတိုင်းဒေသကြီး ။

အစိုးရ - ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ (ထားဝယ်မြို့)

မိမိကိုယ်ကိုစောင့်ရှောက်မှုနှင့် စိတ်ဖိစီးမှုများစီမံခန့်ခွဲမှု

ပထမအကြိမ် နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP မှ ဆရာ ဦးထင်အောင်နှင့် ဆရာမ သန်းသန်းဌေး သင်ကြားနေစဉ် ( ဖေဖော်ဝါရီ ၂၈မှ မတ်လ ၁ ရက် ၂၀၁၉)

Self-care and Stress Management

မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူတွေ့ဆုံ

မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ, မော်လမြိုင်နှင့်ချောင်းဆုံ၏ကိုယ်စားလှယ်များမွန်ပြည်နယ်မှာအများပြည်သူဝယ်ယူရေးသုတေသနအတွက်စီမံကိန်းနှင့်ဘဏ္ဍာရေးဌာန၏ဘတ်ဂျက်ဌာနနှင့်ဒါရိုက်တာ၏ဒါရိုက်တာနှင့်အတူအစည်းအဝေး။

Meeting with Deputy Speaker of Mon State Hluttaw

ပဲခူးတိုင်းဒေသကြီးလွှတ်တော်နာယကနှင့်အတူတွေ့ဆုံ

သုတေသနအတွက်ပဲခူးတိုင်းဒေသကြီးလွှတ်တော်နာယကနှင့်အတူအစည်းအဝေး။
ဒီဇင်ဘာလ 13, 2018 ။

Meeting with Speaker of Bago Region Hluttaw