Entries by Sandhi Myanamr

▄ အထူးစီးပွားရေးဇုန်များနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု

▄ Facebook Live Stream သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့အနေဖြင့်၊ “အထူးစီးပွားရေးဇုန်များနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု” (Special Economic Zones and Economic Development) ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးမှုတစ်ခုကို Sandhi Facebook Page တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ၊ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှု ဗီဒီယိုမှတ်တမ်းဖိုင်ကို ပြန်လည် ကြည့်ရှုနိုင်ပါသည်။ ◾️ အဆိုပါဆွေးနွေးမှုတွင် ပါဝင်ဆွေးနွေးမည့်သူများမှာ – • ဒေါက်တာမြင့်ဆန်း (ဒု-ဥက္ကဌ) ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ• ဦးရီဝင်း (အတွင်းရေးမှူး) ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ• ဒေါက်တာမောင်အောင် (ဒု-ဥက္ကဌ) မြန်မာနိုင်ငံဘောဂဗေဒအသင်း

▄ ကိုဗစ်-၁၉နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ

ကိုဗစ်-၁၉က ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမိုအထိနာစေသည်၊ ဆင်းရဲမှုကိုပိုမိုကြီးထွားလာစေနိုင်သည်ကို ပညာရှင်များ ကလေ့လာသုံးသပ်နေကြသည်။ ရောဂါပိုးကူးစက်ခံရသူအများဆုံးတွေ့ရှိရာ နိုင်ငံပေါင်း၃၀တွင် ၁၇နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြသည်။ ဤသည်မှာလည်း အထူးအဆန်းမဟုတ်။ သူဋ္ဌေးအိမ်နှင့်ဆင်းရဲသားအိမ်လိုပင် ဖြစ်သည်။ အဓိကကွာခြားချက်မှာတော့ ဖွံ့ဖြိုးပြီးချမ်းသာသည့်နိုင်ငံများ၏ စီးပွားရေးအဆောက်အအုံနှင့် ကိုဗစ်- ၁၉ကပ်ဘေးကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးနှင့် စီးပွားရေးသက်ရောက်မှုများကို ကုစားရာ၌ သုံးစွဲနိုင် သည့် လက်နက်ကိရိယာများသည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မတူညီခြင်းကြောင့်ဖြစ်သည်။ ◾️ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဓိက အားနည်းချက်များမှာတော့- ၁) ကိုဗစ်မတိုင်ခင်ကတည်းက ဆင်းရဲမှုနှုန်း မြင့်မားခြင်းနှင့် မညီမျှမှု (သို့) ဆင်းရဲချမ်းသာကွာဟမှုကြီးမားခြင်း၂) ကျဘန်းလုပ်သူများနှင့် အသေးစားလုပ်ငန်းများတွင်လုပ်ကိုင်သူများခြင်း (a large informal economy)၃) အိမ်မှအလုပ်လုပ်ကိုင်နိုင်သူဦးရေ နည်းပါးခြင်း (သို့) Work from Home လုပ်နိုင်သူဦးရေ နည်းပါးခြင်း၄) အချို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် […]

▄ တရုတ်အစိုးရ မှားယွင်းခဲ့သလား

ယမန်နေ့က ကမ္ဘာစစ်၂ခုကြားကာလ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုများ ကျဆင်းသွားရ ခြင်းကို ရေးသားခဲ့သည်။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည့် ပေါင်းစည်းမှုယန္တရားကြီးသည် နိုင်ငံများကို စီးပွားရေး လူမှုရေး၊ယဉ်ကျေးမှုမှသည် နိုင်ငံရေးစနစ်များအထိ လစ်ဘရယ်အရင်းရှင်စနစ်အောက်တွင် ပေါင်းစည်းပေးနိုင် သည်ဟုဆိုသော်လည်း သမိုင်းကြောင်းပြန်ကြည့်သည့်အခါ ယင်းပေါင်းစည်းမှုကြောင့်ပင် တန်ပြန်ရေစီးကြောင်း များ၊ ဆန့်ကျင်မှုများမှသည် နောက်ဆုံး အာဏာရှင် ဖက်ဆစ်စနစ်၊ကွန်မြူနစ်စနစ်တို့ထိ ပေါ်ပေါက်ခဲ့ရသည်ကို မေ့ပစ်၍မရနိုင်။ အထူးသဖြင့်ကတော့ capital market liberalizationဟုခေါ်ဆိုသည့် နိုင်ငံများ၏ ဘဏ်များနှင့် ငွေရေးကြေးရေးဈေးကွက်ကို အချိန်မကျခင် စောလျင်စွာ အတားအဆီးမရှိ ဖွင့်လှစ်ပေးခဲ့ခြင်းက အတိတ်မှ သင်ခန်းစာယူနိုင်သလို မျက်မှောက်ခေတ် ၁၉၈၀-၉၀ခုနှစ်များမှသည် ၂၀၀၈ခုနှစ်နှင့် လက်ရှိအချိန်ထိ မှန်ကန် လျက်ရှိသည်။တချိန်တည်းမှာပင် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုကြောင့် အကျိုးဖြစ်ထွန်းသည့် အုပ်စုများ နိုင်ငံများလည်းရှိသည်။ ထိုအထဲတွင် အဆင့်မြင့်ပညာတတ်သူများနှင့် အရှေ့အာရှနိုင်ငံများက […]

▄ သမိုင်းတစ်ကျော့ပြန်ခြင်း

သမိုင်းတစ်ကျော့ပြန်တတ်သည်ဆိုသည့်အတိုင်း လက်ရှိအချိန် ကိုဗစ်-၁၉ကပ်ဘေး ခံစားနေရသည့် ကမ္ဘာကြီး သည်လည်း ပထမကမ္ဘာစစ်ပြီးနှင့် ဒုတိယကမ္ဘာစစ်မဖြစ်မီ ကြားကာလနှင့်တူသည်ဟု ပညာရှင်များက သုံးသပ် ကြသည်။ ယင်းတို့က လတ်တလော ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး၊ အလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးလိုလို ကြုံတွေ့နေရသည့် ဂလိုဘယ်လိုက်ဇေးရှင်းနှင့်သက်ဆိုင်သော အခြေအနေ(၃)ခုပေါ် မူတည်ပြီးသုံးသပ်ကြခြင်း ဖြစ်သည်။ လက်ရှိကာလနှင့် ထိုအတိတ်ကာလသည် ကပ်ဘေးဆိုက်ခဲ့ရခြင်းလည်း တူညီသည်။ ပထမကမ္ဘာစစ် ပြီးဆုံးသည့်နှစ် ၁၉၁၈ခုနှစ်၌ စပိန်တုတ်ကွေးဟုခေါ်သည့် ယခုကိုဗစ်-၁၉လို ကပ်ဘေးကြီး ကမ္ဘာပေါ်တွင် ကျ ရောက်ခဲ့သည်။ တူညီသည့် အချက်(၃)ချက်မှာတော့ ဘဏ်များနှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ အကျပ်အတည်းဖြင့် ကြုံတွေ့နေရပြီး ကြွေးမြီြ့ပသနာကြီးထွားနေခြင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံတကာကုန်သွယ်မှု၏ ဘေး ထွက်ဆိုးကျိုးများကို တုန့်ပြန်သည့်အင်အားများကြီးထွားလာခြင်း (ထိုအချိန်တွင် နာဇီပါတီဂျာမဏီတွင်အာဏာ ရခဲ့သလို အီတလီ၌လည်း မူဆိုလီနီ၏ ဖက်ဆစ်ပါတီ အာဏာရလာသည်)နှင့် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် […]

နိုင်ငံရေးခေါင်းဆောင်မှုနှင့် ပြည်သူ့သဘောထားအမြင်

သုတေသနစာတမ်း သန္ဓိအဖွဲ့မှ ဦးစီးပြုလုပ်သော နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၆) သင်တန်းသူ/သင်တန်းသားများမှ အချက်အလက်ကောက်ယူရေးသားပြုစုခဲ့သည့် ” နိုင်ငံရေးခေါင်းဆောင်မှုနှင့် ပြည်သူ့သဘောထားအမြင်” သုတေသနစာတမ်း ဖြစ်ပါသည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအခက်အခဲ နှင့် ကိုဗစ်ဂယက်

✦ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး မြန်မာ့ကုန်သွယ်ရေးတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်သည့် နယ်စပ်ကုန်သွယ်ရေးအနေဖြင့် ကိုဗစ်ကာလအတွင်းအခြေအနေ နှင့် အခက်အခဲများမှာ နိုင်ငံ၏စီးပွားရေးအတွက်အရေးပါသောအခြေအနေတွင်‌ ရှိနေပါသည်။ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ပြုလုပ်သော နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် တို့ဖြစ်ပါသည်။ ထိုနိုင်ငံများထဲမှာမှ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးသည် ကုန်စည်စီးဆင်းမှုအများဆုံး ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခုအနက်မှတရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှု ပမာဏများသောကြောင့် အထူးလေ့လာစောင့်ကြည့်ရန်လိုအပ်ပါသည်။ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်များထဲမှ မူဆယ်ဂိတ်တစ်ခုထဲမှပင် နေ့စဉ် အမေရိကန်ဒေါ်လာ ၁၀ သန်းမှ ၁၅ သန်းထိ ငွေကြေးလည်ပတ်မှုရှိနေပါသည်။ မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များမှာ ဆန်၊ ပြောင်း၊ သကြား၊ စိုက်ပျိုးထုတ်ကုန်များနှင့် ရေထွက်ကုန်စည်များဖြစ်ပါသည်။ အဓိကသွင်းကုန်များသည် ဆောက်လုပ်ရေးပစ္စည်း၊ စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ နှင့်အခြားသော ကုန်ကြမ်းများဖြစ်ကြပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် […]

မြန်မာနိုင်ငံ၏ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များ

✦ အကျဉ်းချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် Coronavirus Disease – 2019 (Covid-19) ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါကူးစက်မှုများ ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် ကူးစက်ပြန့်ပွားလျှက်ရှိပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၏ Global Situation Report-147 အရ ကမ္ဘာ့အနှံ့အပြားတွင် Coronavirus Disease – 2019 (Covid-19) ရောဂါကူးစက်ခံရသူ စုစုပေါင်း လူဦးရေ ၇,၈၂၃,၂၈၉ ဦး ကူးစက်ခံနေရပြီး သေဆုံးသူ ဦးရေ ၄၃၁,၅၄၁ ဦး ရှိနေပြီ ဖြစ်ပါသည်။1 ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)မှ ကူးစက်မြန်ကပ်ရောဂါဟု ၁၃.၃.၂၀၂၀ ရက်နေ့က ကြေညာခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ […]

COVID 19 အချိန်ကာလနှင့် အိမ်တွင်းအကြမ်းဖက်မှု

✦ နိဒါန်း ၂၀၁၉ ဒီဇင်ဘာလ၊ တရုတ်ပြည် (ဝူဟန်မြို့) မှ စတင်ဖြစ်ပေါ်လာခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ်သည် ယခုအချိန်ထိ ကူးစက်ပြန့်ပွားလျှက်ရှိပါသည်။ ယနေ့အချိန်ထိ ကူးစက်ခံရသူစုစုပေါင်း လူဦးရေ ၇၈၂၃၂၈၉ ဦး ကူးစက်ခံနေရပြီး သေဆုံးသူဦးရေ ၄၃၁၅၄၁ ဦးရှိနေပြီးဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှ ကူးစက်မြန်ကပ်ရောဂါ အဖြစ် ၁၃.၃.၂၀၂၀ တွင် ကြေငြာခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း မတ်လ(၂၃) ရက် ၂၀၂၀ တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါစတင်ပျံ့ပွားမှုကို စတင်တွေ့ရှိခဲ့ပြီး ယခုလက်ရှိအချိန်တွင် သေဆုံးသူ (၆) ဦး ထိရှိနေပြီဖြစ်ပါသည်။ယခုအချိန်တွင် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံနှံ့ရောက်ရှိခဲ့ပြီ ကူးစက်မြန်ပြီး သေဆုံးနိုင်သည်အထိပါဖြစ်နိုင်သည့် အတွက်ကြောင့် လူတိုင်းအထူးဂရုစိုက်နေထိုင်ကြရပါသည်။ ကိုရိုနာဗိုင်းရပ်စ် ကို ကာကွယ်နိုင်မည့် ဆေးဝါးလည်း ယခုအချိန်ထိ မရှိသေးပေ။ […]

မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန်စီမံကိန်း

အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ ဤအစီရင်ခံစာသည် ၊ သန္ဓိအုပ်ချုပ်စီမံမှုက ထုတ်ဝေသော ပီပီပီ လေ့လာစောင့်ကြည့်ရေး ဒုတိယအကြိမ်မြောက် အစီရင်ခံစာဖြစ်ပါသည်။ ဤအစီရင်ခံစာ၌ မြစ်ကြီးနားစီးပွားရေးဖွွံ့ဖြိုးတိုးတက်မှုဇုန် စီမံကိန်း အကြောင်း လေ့လာသုံးသပ်ထားပါတယ်။ တရုတ် – မြန်မာအကြား ရင်းနှီးမြုပ်နှံမှုစီမံကိန်းများတွင် သတိထားစောင့်ကြည့်ရမယ့် ၊ တရုတ်ရင်းနှီးမြုပ်နှံမှုများ ရှိပါသည်။ မြို့သစ်စီမံကိန်းများ၊ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ရထားလမ်းစီမံကိန်းများ၊ စီးပွားရေးဖွံ့ဖြိုးမှုဇုန်စီမံကိန်းများသည် တရုတ် – မြန်မာ စီးပွားရေးစင်္ကြန် တွင် အဓိက ပါဝင်နေပါသည်။ ဤအစီရင်ခံစာက ပွင့်လင်းမြင်သာ၍ မျှတသော အကျိုးစီးပွားပူးပေါင်းမှုများကို မြှင့်တင်ပေးနိုင်မည်ဟု ယူဆပါသည်။ အစီရင်ခံစာ အပြည့်အစုံကို မြန်မာဘာသာဖြင့် အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။

☗ လိုငွေပြမှုနှင့် ကြွေးမြီများတိုင်း စိုးရိမ်စရာလား-၂

ယမန်နေ့က ရေးခဲ့သည့်ဆောင်းပါးတွင် အစိုးရများအနေဖြင့် ဘတ်ဂျက်လိုငွေပြသည့်အခါ ကြွေးယူသုံးစွဲခြင်း သည် ချမ်းသာသည့် အမေရိကန်လိုနိုင်ငံအတွက် ပြသနာမဟုတ်ဟုဆိုခဲ့သည်။ သို့သော် မည်သည့်အတွက် ကြောင့် လိုငွေပြရသနည်း၊ ဘတ်ဂျက်လိုငွေ (budget deficit)အတွက် ကြွေးမြီယူရာတွင် မည်သည့်ဘတ်ဂျက် ခေါင်းစဉ်များအတွက် သုံးစွဲသနည်းဆိုသည်မှာတော့ နိုင်ငံရေးဖြင့် သက်ဆိုင်လေသည်။ ဘတ်ဂျက်လိုငွေပြနေ ခြင်းအတွက် ကြွေးရှင်နိုင်ငံများမှ အတင်းအကျပ် လိုငွေလျှော့ချခိုင်းခြင်းသည်လည်း နိုင်ငံရေးပင်ဖြစ်သည်။ နိုင်ငံ များကြွေးတင်အောင် ချေးငွေအလုံးအရင်း ထုတ်ပေးခြင်းသည်လည်း နိုင်ငံရေး (သို့) နိုင်ငံရေးဘောဂဗေဒဟုဆို ရမည်။ ✦ အမေရိကန်လိုငွေပြမှုနှင့် အစိုးရဝင်ငွေကျဆင်းရခြင်း ကိုဗစ်-၁၉ကပ်ဘေးကို တုန့်ပြန်ရန် အစိုးရမှ ငွေအလုံးအရင်းသုံးစွဲခြင်းကြောင့် လိုငွေပြပြီး ကြွေးတင်ခြင်းသည် အမေရိကန်အစိုးရအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခြင်းဖြစ်ပြီး ဟားဗတ်တက္ကသိုလ်မှ Jason Furman နှင့်အမေရိကန်ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးဟောင်း Larry Summers […]