ပထမအကြိမ် အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ – မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကိမ်းစီမံကိန်း
သန္ဒိစွမ်းရည်မြှင့်တင်ရေးအဖွဲ့မှနေ၍ မြန်မာနိုင်ငံအတွင်းရှိ အစိုးရ-ပုဂ္ဂလိက အကျိုုးတူပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သတ်၍ စောင့်ကြည့်လေ့လာရေးအစီရင်ခံစာများပြုစုရေးသားလျက်ရှိပါသည်။ ပထမအကြိမ်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင်မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကိမ်းစီမံကိန်း တို့ကို လေ့လာသုံးသပ်မှုများပြုလုပ်ထားပါသည်။ ဤအစီရင်ခံစာတွင် စီမံကိန်းများနှင့်ပတ်သတ်၍ ပါဝင်ပတ်သတ်သူများမှ ကြုံတွေ့နိုင်မည့် ဆုံးရှုံးနစ်နာနိုင်မှုအန္တရာယ်များကို အခန်းကဏ္ဍများဖြင့် ပေါ်ပြသုံးသပ်ထားပါသည်။ မြန်မာနိုင်ငံအတွင်းရှိ အစိုးရ-ပုဂ္ဂလိက အကျိုုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်အကျိုးရှိစေရေးနှင့် အများပြည်သူမှ စီမံကိန်းနှင့်ပတ်သတ်၍ သိရှိနားလည်စေရေးအတွက် လိုအပ်သော အကြံပြုချက်များကို ထည့်သွင်းရေးသားပြုစု တင်ပြထားပါသည်။