ဆောင်းပါးများ

စီမံရေးရာလုပ်ငန်းများ – ၂

ပစ္စည်းစာရင်း စီမံခန့်ခွဲမှု (ယခင်အပတ်မှအဆက်)

အဖွဲ့ပိုင်ပစ္စည်းနှင့် ပစ္စည်းစာရင်း စီမံခန့်ခွဲမှု

အဖွဲ့၏ ပစ္စည်းများကို စီမံခန့်ခွဲရာတွင် ၎င်းတို့၏ တန်ဖိုး နှင့် သက်တမ်းကြာရှည်မှု အပေါ်မူတည်၍ အဓိက စနစ် သုံးမျိုးဖြင့် ခွဲခြားကိုင်တွယ်သည်။ ဤစနစ်များက ပစ္စည်းများ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် အလွဲသုံးစားမလုပ်နိုင်အောင် ထိန်းချုပ်ပေးသည်။

ပစ္စည်းအမျိုးအစား (Material Resource Type)အဓိပ္ပာယ်ဖွင့်ဆိုချက် (Definition)ဥပမာ (Examples)တာဝန်ရှိသူ (Responsible Personnel)ရေတွက်စစ်ဆေးမှု
အကြိမ်ရေ (Count Frequency)
အမြဲတမ်းပစ္စည်း (Fixed Assets)သက်တမ်းကြာ (၅ နှစ်အထက်) နှင့် ငွေကြေးတန်ဖိုးရှိ ($50 အထက်)။ပရိဘောဂ၊ ကွန်ပျူတာ၊ ယာဉ်များ။စီမံရေးရာတာဝန်ခံ၊ အမှုဆောင်ဒါရိုက်တာ၆ လတစ်ကြိမ် (Every 6 months)
ကြာရှည်သုံးနိုင်သည့် အသုံးအဆောင်ပစ္စည်းများ (Non-Expendable Supplies)သက်တမ်းရှည် (၅ နှစ်အထက်) သို့သော် သိသာသော ငွေကြေးတန်ဖိုးမရှိ ($50 အောက်)။အမှိုက်ပုံး၊ စတေပယ်လာ၊ လိုက်ကာများ။စီမံရေးရာတာဝန်ခံ၊ပစ္စည်း ထိန်း အမှုဆောင်ဒါရိုက်တာ၃ လတစ်ကြိမ် (Quarterly)
ကုန်လွယ်သော အသုံးအဆောင်ပစ္စည်းများ (Expendable Supplies)အသုံးပြုပြီးလျှင် စွန့်ပစ်ရသောပစ္စည်းများ (ငွေကြေးတန်ဖိုးမများလှသော)ဘောပင်၊ စာရွက်၊ တိပ်၊ မာကာများ။စီမံရေးရာတာဝန်ခံ၊ပစ္စည်း ထိန်းလစဉ် (Monthly – ဂိုဒေါင်ရှိပစ္စည်းများ)
What happens?အခြေအနေWhat records?မှတ်တမ်းWhere?နေရာWho?မည်သူWhen?အချိန်
ပစ္စည်းဝယ်ယူ/ရောက်ရှိလာခြင်း    
ပစ္စည်းမှာယူမှုနှင့် ရေတွက်ပြီး စာရင်းနှင့် ပစ္စည်းကိုက်မကိုက်စစ်ဆေးပါ။ လက်ခံမှတ်တမ်း အဖွဲ့ပိုင်ပစ္စည်း လက်ခံ အထောက်အထား၊စာရွက်စာတမ်းများ (for fixed assets only)ပစ္စည်းဝယ်ယူမှုဖိုင်စီမံရေးရာတာဝန်ခံပစ္စည်းရောက်လာချိန်
ပစ္စည်းကို သော့ခတ်ထား သည့်ဗီဒို သို့မဟုတ် စတိုခန်းတွင်ထားပါ။အဖွဲ့ပိုင်ပစ္စည်းမှတ်တမ်း (for fixed assets) ကြာရှည်သုံးနိုင်သည့် အသုံးအဆောင်ပစ္စည်းစာရင်းမှတ်တမ်း/ကုန်လွယ်သောအသုံး အဆောင်ပစ္စည်းများအတွက် (SCC – Supplies Control Card)အဖွဲ့ပိုင်ပစ္စည်းနှင့် ပစ္စည်းစာရင်းဖိုင်ပစ္စည်းထိန်းလက်ခံမှတ်တမ်း တွင်အချက်အလက် အားလုံး ပြည့်စုံသွားချိန်
ပစ္စည်းထုတ်လိုသည့်ဝန်ထမ်းပစ္စည်းတောင်းခံလွှာ SRFSupply Request FormSRFs ပုံစံအလွတ်များနှင့် ဖောင်ဖြည့်ထားသည့်ပုံစံ များဖိုင်ပစ္စည်းထုတ်လို သည့်ဝန်ထမ်းကုန်လွယ်သည့် ပစ္စည်းများကို ခွင့်ပြုနိုင်သည့် စီမံရေးရာတာဝန်ခံကြာရှည်သုံးနိုင်သည့် ပစ္စည်းများ ကို ခွင့်ပြုနိုင်သည့်အမှုဆောင်ညွှန်မှူးပစ္စည်းများ လိုအပ်လျှင်
ပစ္စည်းထိန်းအနေဖြင့်  SRF ကိုရရှိပြီး ပစ္စည်းထုတ်ပေးလျှင် ကြာရှည်သုံးနိုင်သည့် ပစ္စည်းအတွက်SCC ပစ္စည်းစာရင်းမှတ်တမ်းအဖွဲ့ပိုင်ပစ္စည်းများ အတွက် အဖွဲ့ပိုင်ပုံသေ ပစ္စည်းစာရင်းအဖွဲ့ပိုင်ပုံသေ ပစ္စည်းစာရင်း နှင့် ပစ္စည်း စာရင်းမှတ်တမ်း ပစ္စည်းထိန်းပစ္စည်းထိန်းအနေဖြင့် အတည်ပြုထားသည့် SRF ကိုရရှိလျှင် 
အဖွဲ့ပိုင်ပုံသေ ပစ္စည်း စာရင်းရေတွက်ခြင်း အဖွဲ့ပိုင်ပုံသေ ပစ္စည်းစာရင်းမှတ်တမ်းအဖွဲ့ပိုင်ပုံသေ ပစ္စည်းစာရင်း နှင့် ပစ္စည်း စာရင်းမှတ်တမ်းစီမံရေးရာတာဝန်ခံ၆ လတကြိမ် (ဇန်နဝါရီနှင့် ဇူလိုင်)​
ကြာရှည်သုံးနိုင်သည့် အသုံးအဆောင်ပစ္စည်း များရေတွက်ခြင်း -အသစ်နှင့် အသုံးပြုနေဆဲပစ္စည်းစာရင်းမှတ်တမ်းအဖွဲ့ပိုင်ပုံသေ ပစ္စည်းစာရင်း နှင့် ပစ္စည်း စာရင်း မှတ်တမ်းစီမံရေးရာတာဝန်ခံ၃ လတကြိမ်
အသုံးမခံသည့် အသုံး အဆောင်ပစ္စည်းများ ရေတွက်ခြင်း – အသုံး မပြုရသေးသည်များနှင့် စတိုထဲတွင်ရှိသည့်စာရင်းပစ္စည်းထိန်းသိမ်းမှုကတ်Supply Control Cardsအဖွဲ့ပိုင်ပုံသေ ပစ္စည်းစာရင်း နှင့် ပစ္စည်း စာရင်းမှတ်တမ်းစီမံရေးရာတာဝန်ခံလစဉ်

ပစ္စည်းစာရင်းပုံစံများ

  • ကြာရှည်အသုံးခံသည့် အသုံးအဆောင်ပစ္စည်း မှတ်ပုံတင်စာရင်း (Non-Expendable Supplies Register – NESR)– NESR ကို ပိုင်ဆိုင်မှုမှတ်ပုံတင်စာရင်း (Fixed Asset Register) ကဲ့သို့ လုပ်ဆောင်ပါသည်။ ၎င်းသည် အဖွဲ့အစည်းတွင် ရှိသော အသုံးခံသည့် ပစ္စည်းများ (ဖော်ပြချက်များ အပါအဝင်)၊ ပစ္စည်းတစ်ခုစီ၏ ထုတ်လုပ်မှုနှင့် မော်ဒယ်၊ မည်သည့်ဘတ်ဂျက်အမျိုးအစားအောက်မှ ဝယ်ယူထားသည်၊ ဝယ်ယူသည့် (သို့မဟုတ် လှူဒါန်းသည့်) ရက်စွဲနှင့် မည်သည့်နေရာတွင် (ရုံးခန်း သို့မဟုတ် စတို) ထားရှိသည်ကို ပြသ သည့် စာရင်းစာအုပ် (ledger) ဖြစ်သည်။ ပစ္စည်းများကို စွန့်ပစ်သည့်အခါ၊ NESR တွင် ပစ္စည်းကို စွန့်ပစ်ချိန်၌ မည်သည့်အခြေအနေရှိသည်၊ ရက်စွဲနှင့် မှတ်ချက်များ (မည်သူ့ အား ပေးလိုက်သည်) ကို ဖော်ပြပါသည်။ ထို့အပြင်၊ NESR တွင် လက်ရှိအခြေအနေဖြင့် ထိန်းသိမ်းထားကြောင်း သေချာစေရန်အတွက် နောက်ဆုံး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးရေတွက် သည့် ရက်စွဲနှင့် မှတ်ပုံတင်စာရင်း၏ ရက်စွဲကိုလည်း ထည့်သွင်းထားသည်။ အလုပ်ရုံ၊ ရုံးခန်း စသည်ဖြင့် အဖွဲ့အစည်းတွင် အသုံးခံပစ္စည်းများ ထားရှိသည့် မတူညီသော နေရာ တခုစီအတွက် သီးခြား NESR များကို ထားရှိရမည်။
    • မှတ်တမ်းတင်သူ- စီမံရေးရာတာဝန်ခံ
    • အတည်ပြုသူ- အမှုဆောင်ညွှန်ကြားရေးမှူး
  • ပစ္စည်းတောင်းခံလွှာ (Supply Request Form – SRF)– မည်သူမဆို စတိုမှ ပစ္စည်း တခုခု လိုအပ်သည့်အခါ SRF ကို ဖြည့်စွက်ရမည်။ SRF များကို ပိုင်ဆိုင်မှုနှင့် စာရင်းဖိုင် (Fixed Asset and Inventory file) တွင် သိမ်းဆည်းထားရမည်။ ပစ္စည်းတောင်းခံသူ၏ အမည်နှင့် ရက်စွဲကို ထည့်သွင်းရမည်ဖြစ်ပြီး၊ လိုအပ်သောပစ္စည်းနှင့် အရေအတွက်၊ မည်သည့်စီမံကိန်းအတွက် အသုံးပြုမည်ကို ဖော်ပြရမည်။ မှတ်ချက်ကော်လံသည် လိုအပ် သော အရွယ်အစား သို့မဟုတ် အရောင်အတိအကျ စသည့် သီးခြားညွှန်ကြားချက်များ ရှိပါက ဖော်ပြရန်ဖြစ်သည်။ ပစ္စည်းတောင်းခံသူသည် ပုံစံကို ဖြည့်စွက်ပြီး လက်မှတ်ထိုး ရမည်ဖြစ်ပြီး၊ အသုံးခံပစ္စည်းဖြစ်ပါက အမှုဆောင်ဒါရိုက်တာက အတည်ပြုသည်။ ကုန်လွယ်သည့်ပစ္စည်းဖြစ်ပါက စီမံရေးရာတာဝန်ခံက အတည်ပြုနိုင်သည်။ ပစ္စည်းထိန်း က ပစ္စည်းကို တောင်းခံသူအား ပေးပြီးနောက်၊ လက်ခံရရှိကြောင်း လက်ခံသူက လက်မှတ်ထိုး ရမည်။
    • တောင်းခံသူ- ပစ္စည်းလိုအပ်သူ
    • အတည်ပြုသူ- အမှုဆောင်ညွှန်ကြာရေးမှူး (ကြာရှည်ခံပစ္စည်းများအတွက်)  
    • အတည်ပြုသူ- စီမံရေးရာတာဝန်ခံ (ကုန်လွယ်သည့်ပစ္စည်းများအတွက်) 
    • လက်ခံရရှိသူ- ပစ္စည်းထိန်းထံမှ ပစ္စည်းကို လက်ခံရရှိသူ  
  • ပစ္စည်းထိန်းချုပ်ကတ်များ (Supply Control Cards – SCC)– ရုံးသို့ ရောက်ရှိလာသော ကုန်လွယ်သည့်ပစ္စည်းတိုင်းကို ပထမဆုံး ပစ္စည်းလက်ခံရရှိမှု အစီရင်ခံစာ (Receiving Report) တွင် မှတ်တမ်းတင်ပြီးနောက် ပစ္စည်းထိန်းချုပ်ကတ် (Supply Control Card) တွင် မှတ်တမ်းတင်ရမည်။ ပစ္စည်းတစ်ခုစီအတွက် SCC တစ်ခုကို ထားရှိပါသည်။ ၎င်းသည် စတိုတွင် ပစ္စည်းအမျိုးအမည်တခုစီအတွက် အရေအတွက်မည်မျှရှိသည်ကို မှတ်တမ်းတင်ရန် စာရင်းစာအုပ် (ledger) ကဲ့သို့ ထားရှိရမည်။ ကတ်၏ ထိပ်တွင် ပစ္စည်း၏အမည်နှင့် ဖော်ပြချက် (အရောင်၊ အရွယ်အစား၊ ထုတ်လုပ်မှု စသည်ဖြင့်) ကို မှတ်တမ်းတင်ထားရမည်။ ထို့နောက် ပစ္စည်းကို လက်ခံရရှိခြင်း သို့မဟုတ် ထုတ်ပေးခြင်း ပြုလုပ်သည့်အခါတိုင်း SCC ကို အပ်ဒိတ်လုပ်ရမည်။ ရက်စွဲ၊ ယူဆောင်သွားသူ (သို့မဟုတ် လက်ခံရရှိသည့် အကြောင်းရင်း)၊ ဝင်လာသော သို့မဟုတ် ထွက်သွားသော ပစ္စည်းအရေ အတွက်၊ ကျန်ရှိသော ပစ္စည်းလက်ကျန်နှင့် ပစ္စည်းထုတ်ပေးသူ၏ လက်မှတ်တို့ကို ဖြည့်စွက်ရမည်။ အဖွဲ့အစည်းတွင် ပစ္စည်းလက်ကျန် မည်မျှရှိသည်ကို အမြဲတမ်း မှတ်တမ်းတင်ထားလျှင် စီမံရေးရာတာဝန်ခံအနေဖြင့်   တိကျစွာသိရှိနိုင်သည်။  စီမံရေးရာတာဝန်ခံသည် ပစ္စည်းထိန်းချုပ်ကတ်ကို သိမ်းဆည်းထားရမည်။

ကြာရှည်အသုံးခံသည့် အသုံးအဆောင်ပစ္စည်းများ မှတ်တမ်း 

နောက်ဆုံး ပစ္စည်းရေတွက်သည့် ရက်စွဲ​  ________________________        နောက်ဆုံးမှတ်တမ်းရေးသွင်းသည့်ရက်စွဲ_______________________  

ပစ္စည်းအမျိုးအမည်ထုတ်လုပ်သည့်နိုင်ငံ/မိုဒယ်Budget Categoryဝယ်ယူသည့်တန်ဖိုးဝယ်ယူသည့်ရက်စွဲနှင့် ဘောက်ချာနေရာပစ္စည်းစွန့်ပစ်ခြင်း
အခြေအနေရက်စွဲမှတ်ချက်
         
         
         
         
         
         
         
         
         
         
         
         
         

လက်ခံသူ၏အမည်၊လက်မှတ်နှင့်ရာထူး                            အတည်ပြုသူ၏အမည်၊လက်မှတ်နှင့်ရာထူး           

အမည် ___________________________                                   အမည် ___________________________

လက်မှတ် ________________________                                   လက်မှတ် ________________________

ရာထူး _________________________                                      ရာထူး _________________________

ပစ္စည်းတောင်းခံလွှာ (SUPPLY REQUEST FORM)

ဝန်ထမ်းအမည်  ____________________________________________________________

ရက်စွဲ__________________________

ပစ္စည်းအမျိုးအမည်အရေအတွက်စီမံချက်အမည်မှတ်ချက်
    
    
    
    
    
    
    
    
    
    
    
    
    

တောင်းခံသူ၏အမည်၊လက်မှတ်နှင့်ရာထူး                         အတည်ပြုသူ၏အမည်၊လက်မှတ်နှင့်ရာထူး           

အမည် ___________________________                                   အမည် ___________________________

လက်မှတ် ________________________                                   လက်မှတ် ________________________

ရာထူး _________________________                                      ရာထူး _________________________

လက်ခံသူ၏အမည်၊လက်မှတ်နှင့်ရာထူး                            

အမည် ___________________________                                                           

လက်မှတ် ________________________                                                           

ရာထူး _________________________                                                             

ပစ္စည်းထိန်းချုပ်မှုကတ် (SUPPLY CONTROL CARD)

ပစ္စည်းအမျိုးအမည် –

နေ့စွဲဖော်ပြချက်အဝင် အရေအတွက်အဝင် အရေအတွက်လက်ကျန်Balanceထုတ်ပေးသူအမည်
      
      
      
      
      
      
      
      
      
      
      
      
      
      
      
      
      
      
      
      
      
      
      
      
      
      
      
      

၂.၃ – ယာဉ် စီမံခန့်ခွဲမှု 

အဖွဲ့အစည်းတခုတွင် ယာဉ်တစ်စီးသည် ဈေးအကြီးဆုံး ပိုင်ဆိုင်မှု (fixed asset) ဖြစ်နိုင်သည်။ ထို့ကြောင့် အထူးဂရုစိုက် စီမံခန့်ခွဲရပါမည်။ လုပ်ငန်းလိုအပ်ချက်အရ ဝန်ထမ်းအားလုံးကို အသုံး ပြုခွင့်ပေးနိုင်သော်လည်း တစ်ခါတစ်ရံ ဝန်ထမ်းများအနေဖြင့် အခြားရည်ရွယ်ချက်များအတွက် အသုံးပြုလိုကြခြင်းအတွက် စီမံခန့်ခွဲရန် လိုအပ်သည်။ အဖွဲ့အစည်းတိုင်းတွင် အဖွဲ့ပိုင်ယာဉ် (များ) ကို မတူညီသည့်နည်းလမ်းဖြင့် စီမံခန့်ခွဲတတ်ကြသော်လည်း အဓိကအရေးကြီးသည့်အချက်မှာ မည်သူက ယာဉ်ကို မောင်းနှင်မည်ကို ဆုံးဖြတ်သတ်မှတ်ပေးရန်ဖြစ်သည်။ ယာဉ်ကို  သေသေ ချာချာ ထိန်းသိမ်းထားရန်၊ ယာဉ်နှင့်ရင်းနှီးကျွမ်းဝင်သူတစ်ဦးမှ ဂရုတစိုက်နှင့် တာဝန်ယူရန် လိုအပ်သည်။

ယာဉ်မူဝါဒကို ချမှတ်ရာတွင် အဖွဲ့အစည်းတစ်ခုလုံးရှိ ဝန်ထမ်းများအားလုံး ပါဝင်သင့်သည်။ ယင်းမူဝါဒကို သဘောတူသူများလေလေ၊ နောက်ပိုင်းတွင် ပဋိပက္ခဖြစ်နိုင်ခြေ နည်းလေဖြစ်သည်။ အောက်ပါအချက်များသည် အဖွဲ့အစည်းအများစုအတွက် အခြေခံစံနှုန်းများ ဖြစ်သည်။

၁။ စီမံရေးရာတာဝန်ခံ သည် ယာဉ်အသုံးပြုမှုကို ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ယူသင့်သည်။ ယာဉ်ကို မည်သို့အသုံးပြုနေသည်ကို သိရှိနိုင်ရန် ယာဉ်မောင်း (Driver) နှင့်ပူးပေါင်း၍ ညှိနှိုင်း ဆောင်ရွက်သင့်သည်။

၂။ ယာဉ်ကို အသုံးပြုသည့်အခါ၊ ယာဉ်မောင်းသည် ယာဉ်အသုံးပြုမှတ်တမ်းစာအုပ် (Vehicle Logbook) ကို ထားရှိရမည်။ ယာဉ်မှတ်တမ်းစာအုပ်သည် ယာဉ်မည်သည့်နေရာသို့ သွားသည်၊ အချိန်မည်မျှကြာသည်၊ ခရီးအကွာအဝေးမည်မျှရှိသည်၊ နှင့် စက်သုံးဆီ မည်မျှဖြည့်သည်တို့ကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ အသုံးပြုသူသည် ခရီးစဉ်တစ်ခုစီပြီးဆုံးတိုင်း ယာဉ် မှတ်တမ်း စာအုပ်တွင် လက်မှတ်ထိုးရမည်။ ၎င်းတွင် ယာဉ်ကို ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုခြင်း ကိုပါ ထည့်သွင်းရမည်။​ 

၃။ ဝန်ထမ်းတဦးဦးက ယာဉ်ကို အသုံးပြုလိုသည့်အခါ၊ ကားကို လိုချင်သည့်အချိန်၊ မည်သည့်နေရာ သို့ သွားလိုသည်၊ နှင့် ခရီးစဉ်တွင် အချိန်မည်မျှကြာမည်ကို စီမံရေးရာတာဝန်ခံအား ပြောပြရမည်။ ဝန်ထမ်းများသည် ယာဉ်မောင်းအား တိုက်ရိုက် မောင်းပို့ပေးရန် မတောင်းဆိုသင့်ပါ။ စီမံရေးရာ တာဝန်ခံက ကားအသုံးပြုသည့် ဝန်ထမ်းနှင့်အတူ ယာဉ်မောင်းသည် စောင့်ဆိုင်းနေသင့်သည် သို့မဟုတ် ထိုသူကို ချထားပေးပြီး ပြန်လာခေါ်မည့်အချိန်ကြားတွင် ရုံးသို့ ပြန်သင့်သည်ကို အဆုံးအဖြတ်ပေးရမည်။

၄။ ယာဉ်မောင်းသည် ယာဉ်ထဲသို့ ဆီ သို့မဟုတ် အင်ဂျင်ဝိုင် ဖြည့်သည့်အချိန်တိုင်းနှင့် ပမာဏ ကို ယာဉ် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်ရမည်။

၅။ စီမံရေးရာတာဝန်ခံသည် အဆိုပါအချက်အလက်များကို ယာဉ် ထိန်းချုပ်မှတ်တမ်း (Vehicle Control Board) တွင် ရေးမှတ်ထားရမည်။ ယာဉ် ထိန်းချုပ်မှတ်တမ်းသည် ယာဉ်မည်သည့်နေရာတွင် ရှိသည်၊ ထိုနေရာတွင် အချိန်မည်မျှကြာမည်၊ နှင့် မည်သူများနှင့်အတူ ရှိသည်တို့ကို မှတ်တမ်း တင်ရန် အသုံးပြု သည်။ ၎င်းကို နေ့စဉ် မှတ်တမ်းအသစ်ဖွင့်ရန် လိုအပ်သည်။

၆။ စီမံရေးရာတာဝန်ခံသည် မှတ်တမ်းဖတ်ရှုမှုများ မှန်ကန်မှုရှိမရှိနှင့် ဆီအသုံးပြုမှုသည် ဆီတောင်းခံမှု များနှင့် ကိုက်ညီမှုရှိမရှိသိရှိရန်အတွက် ယာဉ်အသုံးပြုမှုမှတ်တမ်းစာအုပ် ကို အနည်း ဆုံး တစ်ပတ်လျှင် တစ်ကြိမ် စစ်ဆေးသင့်သည်။ ကိုက်ညီပါက စီမံရေးရာတာဝန်ခံသည် “ယာဉ် စစ်ဆေးပြီး” ကော်လံတွင် လက်မှတ်ရေးထိုးရမည်။

၇။ ယေဘုယျအားဖြင့်၊ ယာဉ်ကို မောင်းနှင်သူဦးရေ နည်းနိုင်သမျှအနည်းဆုံးဖြစ်အောင် ထားရှိ သင့်သည်။

ယာဉ်စီမံခန့်ခွဲမှုပုံစံများ

ယာဉ်အသုံးပြုမှုမှတ်တမ်းစာအုပ် (Vehicle Logbook)– ခရီးသည် သို့မဟုတ် ယာဉ်မောင်းသည် ရက်စွဲ၊ ဦးတည်ရာ၊ ဝင်သည့်အချိန်၊ ထွက်သည့်အချိန်နှင့် စတင်/အဆုံးသတ် မိုင်အကွာအဝေး (ခုနစ်လုံးပါသော ကိန်းဂဏန်း) တို့ကို ဖော်ပြကာ မှတ်တမ်းစာအုပ်ကို ဖြည့်စွက်ရသည်။ အသုံးပြုသူသည် ခရီးစဉ်ပြီးဆုံး ချိန်တွင် အချက်အလက် ပြည့်စုံကြောင်း လက်မှတ်ရေးထိုးပေးရမည်။ ယာဉ်မောင်းသည် ကားတွင် ဖြည့် သည့် စက်သုံးဆီနှင့် အင်ဂျင်ဝိုင် ပမာဏကိုလည်း မှတ်တမ်းတင် ရမည်။ မှတ်တမ်းစာအုပ်၏ စာမျက်နှာ တိုင်းတွင် လက်ရှိ လ၊ ခုနှစ်နှင့် ယာဉ်၏ သက်သေခံနံပါတ် (လိုင်စင်နံပါတ်ပြား) ပါရှိရမည်။ မှတ်တမ်း စာအုပ်သည် ပုံစံတစ်ခုဖြစ်ရန်မလိုဘဲ မှတ်စုစာအုပ် (notebook)လည်း ဖြစ်နိုင်သည်။  

  • ယာဉ်အသုံးပြုသူ(ဝန်ထမ်း)လက်မှတ်- ယာဉ်အသုံးပြုသူ(ဝန်ထမ်း)
  • ယာဉ်စစ်ဆေးသူ- စီမံရေးရာတာဝန်ခံ

ယာဉ်ထိန်းချုပ်မှတ်တမ်း (Vehicle Control Board – VCB)– စီမံရေးရာတာဝန်ခံသည် ယာဉ်၏ ဦးတည်ရာ၊ ထွက်သည့်အချိန်၊ ပြန်လာရန် မျှော်မှန်းထားသည့်အချိန်နှင့် ခရီးသည်၏အမည်(များ) ကို ယာဉ် ထိန်းချုပ်မှတ်တမ်းပေါ်တွင် ရေးမှတ်သည်။ ဝန်ထမ်းများအနေဖြင့် ကား မည်သည့်နေရာ တွင် ရှိသည်နှင့် မည်သည့်အတွက် အသုံးပြုနေသည်ကို သိရှိစေရန်အတွက် စီမံရေးရာဝာာဝန်ခံသည် စက်သုံးဆီဆိုင်သို့ သွားသည့် ခရီးစဉ်များအပါအဝင် အခြားခရီးတိုလေးများကိုပါ အမြဲတမ်း မှတ်တမ်းတင်သင့်သည်။ VCB သည် Blackboard/Whiteboard မျိုး ဖြစ်လျှင် အကောင်းဆုံးဖြစ်ပြီး နေ့စဉ်အလုပ်ချိန်အပြီးတွင် ပြန်ဖျက် ၍ နောက်တစ်နေ့တွင် ပြန်လည်ရေးသားအသုံးပြုနိုင်ပါသည်။

၃ – ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု 

အဖွဲ့အစည်းတခု စီမံခန့်ခွဲရန် အခက်ခဲဆုံးမှာ လူ့စွမ်းအားအရင်းအမြစ် သို့မဟုတ် ဝန်ထမ်းများ ဖြစ်သည်။ လူများနှင့် ဆက်ဆံရေး သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များနှင့် အောင်မြင်သော ဆက်ဆံရေးတည်ဆောက် နည်းကို မည်သည့်လက်စွဲစာအုပ်ကမှ သင်ကြားမပေးနိုင်ပါ။ ဤလက်စွဲတွင် အဖွဲ့ရှိဝန်ထမ်းများကို စီမံ ခန့်ခွဲရာတွင် အသုံးပြုသည့်ပုံစံများကို ပေးထားပြီး ယင်းမှတ်တမ်းများကို သေချာစွာထားရှိမှတ်တမ်းပြုလုပ် ထားခြင်းဖြင့် ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုတွင် အဆင်ပြေနိုင်ပါသည်။

ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုကို လစာပေးခြင်း (payroll) (ဝန်ထမ်းများအား လစာပေးခြင်း) နှင့် ဝန်ထမ်းရေးရာ (personnel) (ဝန်ထမ်းကိုယ်တိုင်နှင့် ပတ်သက်သော မှတ်တမ်းများ) ဟူ၍ အဓိက ၂ ပိုင်းခွဲခြားနိုင်သည်။

ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုအတွက် လိုအပ်သော ပုံစံများမှာ-

  • ဝန်ထမ်း၏ ကိုယ်ရေးရာဇဝင် – Employee CV
  • အလုပ်ခန့်ထားမှုစာချုပ်* (Employment Contract)
  • အလုပ်တက်/ဆင်းချိန်မှတ်တမ်း (Time Sheet)
  • ခွင့်ယူမှုတောင်းခံသည့်ပုံစံ (Leave Approval Form)
  • လစာပေးသည့် စာရင်းမှတ်တမ်း* (Payroll Register)
  • ဝန်ထမ်းရေးရာ ဆောင်ရွက်မှုပုံစံ (Personnel Action Form)
  • လုပ်ငန်းတာဝန် သတ်မှတ်ချက်* (Job Description)
  • လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်ပုံစံ (Performance Appraisal)
  • အကျိုးခံစားခွင့် ပုံစံ (Benefits Form)
  • (တာဝန် လွှဲပြောင်းစာ – Responsibility Turnover Letter)

လစာပေးခြင်း

၁။ ဝန်ထမ်းတစ်ဦးကို အလုပ်မခန့်မီ၊ သူ၏ ကိုယ်ရေးရာဇဝင် (CV သို့မဟုတ် Resume) ကို မိတ္တူတစ်စောင် ရှိထားရမည်ဖြစ်ပြီး ယခင်အလုပ်အတွေ့အကြုံနှင့် ပညာရေးနောက်ခံအားလုံးကို ပါရှိရမည်။ ဝန်ထမ်းတစ်ဦး ကို မည်သို့ခန့်အပ်ရမည်နှင့်ပတ်သက်သော အချက်အလက်များကို “ဝန်ထမ်းရေးရာမူဝါဒ ချမှတ်ရန် လမ်းညွှန်ချက်များ” အပိုင်းတွင် ဆက်လက်ဖတ်ရှုပါ။

၂။ ထိုသူကို အလုပ်ခန့်လိုက်သည်နှင့် တပြိုင်နက်၊ အဖွဲ့အစည်း နှင့် ဝန်ထမ်းအကြား သဘောတူစာချုပ် (contract) ကို လက်မှတ်ထိုးသင့်သည်။ ထိုသူသည် စေတနာ့ဝန်ထမ်းဖြစ်လျှင်ပင် စာချုပ်ချုပ်ဆိုထားသင့် သည်။ အမှုဆောင်ညွှန်ကြားရေးမှူး (Executive Director) သည် အဖွဲ့အစည်းကိုယ်စား လက်မှတ်ထိုးရမည်။

၃။ ဝန်ထမ်းတစ်ဦး အလုပ်တက်သည့် နေ့တိုင်း၊ အလုပ်တက်/ဆင်းအချိန်စာရင်း (Time Sheet) တွင် ရောက်ရှိကြောင်း အမှတ်အသားပြုရမည်။ လတလကုန်ဆုံးချိန်တွင် စီမံရေးရာတာဝန်ခံက မှတ်တမ်း တင်ထားသည်များ မှန်ကန်ကြောင်း ဝန်ထမ်းက ယင်းအချိန်စာရင်းတွင် လက်မှတ်ထိုးရမည်။ ဝန်ထမ်းသည် ၎င်း၏အလုပ်နှင့် သက်ဆိုင်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခုခု၊ အစည်းအဝေးတခုခုသို့ တက်ရောက်ရပါက၊ စီမံရေးရာတာဝန်ခံသည် ထိုအချက်ကို မှတ်သားထားသင့်သည်။ ထိုနည်းတူပင် ဝန်ထမ်းသည် ပျက်ကွက် ခြင်း၊ နာမကျန်းဖြစ်ခြင်း သို့မဟုတ် ခွင့်ယူခြင်းတို့ကိုလည်း မှတ်တမ်းတင်ရမည်။

၄။ ဝန်ထမ်းတဦးအနေဖြင့် ခွင့်ယူလိုပါက၊ ခွင့်ယူရန် တောင်းခံလွှာပုံစံ (Leave Approval Form) ကို ဖြည့် စွက်ရမည်။ ခွင့်အမျိုးအစား အမျိုးမျိုးရှိသောကြောင့်၊ ဝန်ထမ်းသည် မည်သည့်ခွင့်အမျိုးအစားကို လိုချင် သည်၊ မည်သည့်အချိန်တွင် စတင်မည်၊ မည်သည့်အချိန်တွင် ပြီးဆုံးမည်၊ နှင့် စုစုပေါင်း တောင်းဆိုထားသော ခွင့်ရက်များအားလုံးကို ဖော်ပြရမည်။ အရေးပေါ် ဖျားနာခွင့်မှလွဲ၍ ကျန်ခွင့်အားလုံးကို မယူမီ အတည်ပြု ချက် ရယူရန်လိုအပ်မည်။

၅။ အမှုဆောင်ဒါရိုက်တာသည် ခွင့်ကို အတည်မပြုမီ ဝန်ထမ်းတစ်ဦး၏ ကျန်ရှိသော ခွင့်ရက်မည်မျှ ရှိသည် ကို အမြဲတမ်း စစ်ဆေးရမည်။ စာရင်းကိုင် (Accountant) သည် လစာမပေးမီ ခွင့်မှတ်တမ်းများကို အချိန် စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးသင့်သည်။

၆။ ဝန်ထမ်းတဦးစီသည် သူ၏ ခွင့်မှတ်တမ်းမိတ္တူများကို ကိုယ်တိုင်လည်း သိမ်းထားသင့်သည်။

၇။ လကုန်လျှင် ဝန်ထမ်းများ၏ လစာပေးချေရန် ပြေစာ (invoice) ပြင်ဆင်နိုင်ရန်အတွက် စီမံရေးရာ တာဝန်ခံသည် အချိန်စာရင်းကို စာရင်းကိုင်ထံသို့ တင်ပြရမည်။

၈။ လကုန်ချိန်တွင် အချိန်စာရင်းကို လက်ခံရရှိပြီးနောက်၊ စာရင်းကိုင်သည် လစာပေးရန်စာရင်း (Payroll Register) ကို ပြင်ဆင်ရမည်။ လစာပေးရန်စာရင်းသည် လစာများ ပေးသည့်အခါ ဝန်ထမ်းတဦးစီ မည်မျှ ရမည်ကို ပြသသော ဇယားတစ်ခုဖြစ်သည်။ ဝန်ထမ်းအများစုသည် ၎င်းတို့၏ ပုံမှန်လစာကို ရရှိမည် ဖြစ် သော်လည်း၊ တခါတရံတွင် အချို့ဝန်ထမ်းများသည် လစာကြိုထုတ်ယူထားနိုင်သောကြောင့် လစာမပေးမီ ထိုငွေကို ဖြတ်တောက်ရမည်။

၉။ လစာများ ပေးသည့်အခါ ငွေကိုင် (Cashier) မှ တိုက်ရိုက် ပေးချေရမည်။ ဝန်ထမ်းများသည် ၎င်းတို့၏ လစာကို ရရှိသောအခါ၊ လစာပေးသည့်စာရင်းတွင် လက်မှတ်ထိုးရမည်။

၁၀။ လစာနှင့်ပတ်သက်၍ အပြောင်းအလဲများ (ဥပမာ- ရာထူးတိုးခြင်း သို့မဟုတ် အလုပ်မှ ထုတ်ပယ်ခြင်း) ပြုလုပ်ပါက၊ ၎င်းတို့ကို အခြားပုံစံတစ်ခုဖြင့် မှတ်တမ်းတင်ရမည်။ ၎င်းမှာ ဝန်ထမ်းရေးရာ ဆောင်ရွက်ချက် ပုံစံ (Personnel Action Form – PAF) ဖြစ်သည်။ PAF သည် ဝန်ထမ်းနှင့်ပတ်သက်သည့် အပြောင်းအလဲ များကို ဖော်ပြပြီး အမှုဆောင်ညွှန်ကြားရေးမှူး၏ လက်မှတ်လည်း ပါရှိရန်လိုအပ်သည်။

၁၁။ လစာပေးရန်စာရင်းကို ပြင်ဆင်သည့်အခါ၊ ၎င်းကို တလလုံးအတွက် ဝန်ထမ်းများ၏ အမှန်တက်ရောက် မှု မှတ်တမ်းများ၊ ခွင့်ယူခဲ့သော ဝန်ထမ်းတိုင်းအတွက် ခွင့်ပြုချက် ပုံစံများ၊ နှင့် မည်သည့်အကြောင်းကြောင့် မဆို လစာပြောင်းလဲသွားသော ဝန်ထမ်းတိုင်းအတွက် ဝန်ထမ်းရေးရာ ဆောင်ရွက်ချက် ပုံစံများဖြင့် ရှိရမည်။ ဤစာရွက်စာတမ်းများကို လစာမှတ်ပုံတင်စာရင်း၏ နောက်ကျောတွင် ပူးတွဲထားသင့်သည်။

ဝန်ထမ်းရေးရာ 

၁။ အဖွဲ့အစည်းတခုတွင် ဝန်ထမ်း သို့မဟုတ် စေတနာ့ဝန်ထမ်းတိုင်းအတွက် လုပ်ငန်းတာဝန် သတ်မှတ် ဖော်ပြချက် (Job Description) ရှိရန်လိုအပ်သည်။ လုပ်ငန်းတာဝန် သတ်မှတ် ဖော်ပြချက် (Job Description) ကို ရေးဆွဲရန်တာဝန်မှာ ဝန်ထမ်းကို ကြီးကြပ်အုပ်ချုပ်သူနှင့် စီမံအုပ်ချုပ်မှုအဖွဲ့ဝင်များ ဖြစ်သော်လည်း စီမံရေးရာတာဝန်ခံအနေဖြင့် လုပ်ငန်းတာဝန် သတ်မှတ်ဖော်ပြချက် မိတ္တူတစောင်ကို ဝန်ထမ်းဖိုင်တွင် သိမ်းဆည်းထားရမည်။ ဝန်ထမ်းတွင်လည်း မိတ္တူတစ်စောင် ရှိထားသင့်သည်။ လုပ်ငန်း တာဝန် သတ်မှတ်ဖော်ပြချက်မရှိဘဲ ဝန်ထမ်းများကို စီမံခန့်ခွဲရန်ခက်ခဲသည်။

၂။ အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် သက်ဆိုင်ရာကြီးကြပ်အုပ်ချုပ်သူများနှင့် ဝန်ထမ်းများ တဦးချင်း တွေ့ဆုံပြီး လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်ခြင်း(Performance Appraisals) ကို ပြုလုပ်သင့်သည်။ ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ဆောင်ချက်များနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ကြီးကြပ်အုပ်ချုပ်သူ၏ မျှော်လင့်ချက်များကိုက်ညီမှုအခြေအနေ၊ လိုအပ်နိုင်သည့် ပံ့ပိုးကူညီမှု၊ စွမ်းရည်နှင့် ဗဟုသုတများကို တွေ့ဆုံ ချိန်တွင် ဆွေးနွေးခွင့်ရရှိနိုင်ကြပြီး စိတ်အားတက်ကြွမှုကို ဖြစ်စေနိုင်သကဲ့သို့ အဖွဲ့အပေါ် ယုံကြည်သက်ဝင်မှု ကိုလည်း ပို၍ဖြစ်ထွန်းစေနိုင်သည်။

၃။ ဝန်ထမ်းတစ်ဦးသည် အဖွဲ့အစည်းမှ နှုတ်ထွက်လိုခြင်း သို့မဟုတ် အလုပ်မှ ထုတ်ပယ်ခြင်းခံရပါက၊ အကျိုးခံစားခွင့် တောင်းဆိုလွှာ ပုံစံ (Benefits Claim Form) ကို ဖြည့်စွက်ရမည်။ ဤပုံစံသည် အဖွဲ့အစည်းထံမှ ၎င်း၏ အကျိုးခံစားခွင့်များအားလုံးကို ရရှိပြီးဖြစ်ကြောင်း ဝန်ထမ်းထံမှရယူထားသည့် အထောက်အထားဖြစ်သည်။ ဝန်ထမ်း၏အကျိုးခံစားခွင့်များသည် ပဋိပက္ခဖြစ်စေတတ်သည့်အကြောင်းရင်း တရပ်ဖြစ်ပြီး အလုပ်ထွက်သွားသော ဝန်ထမ်းဟောင်းများသည် ၎င်းတို့၏ နောက်ဆုံးလစာ သို့မဟုတ် ၎င်းတို့  ရသင့်ရထိုက်သည်ဟု ယုံကြည်သည့် အခြားအကျိုးခံစားခွင့်များကို ပြန်လည်တောင်းခံတတ်သည့် အတွက်လည်းဖြစ်သည်။ ၄။ အဖွဲ့အစည်းမှ နှုတ်ထွက်မည့်ဝန်ထမ်းအား သူ၏နေရာတွင် တာဝန်ယူရမည့်သူအတွက် တာဝန် လွှဲပြောင်း စာ (Responsibility Turnover Letter) ကိုရေးသားစေသင့်သည်။ ယင်းစာတွင် လုပ်ဆောင်ခဲ့ ပြီးသော အလုပ်များနှင့် ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသော အလုပ်များ၊ ကူညီပေးနိုင်မည့် ဝန်ထမ်းများနှင့် ပတ်သက်ဆက်စပ်သည့်အဖွဲ့အစည်းများ၊ သူတို့ထံမှရနိုင်မည့်အကြံဉာဏ်များ နှင့် လိုက်နာရမည့် လုပ်ထုံး လုပ်နည်းများ ပါဝင်နိုင်သည်။ ဤစာရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ ယင်းနေရာတွင် တာဝန်ယူရမည့် ဝန်ထမ်းအသစ်တဦးအနေဖြင့် မိမိတို့လုပ်ဆောင်ရမည့်လုပ်ငန်းများနှင့် မည်သို့လုပ်ဆောင်ရမည်ကို လွယ်ကူ စွာသိရှိပြီး အဖွဲ့၏လုပ်ငန်းများအရှိန်မပျက်ဆက်လက်လုပ်ဆောင်သွားနိုင်စေရန်အတွက်ဖြစ်သည်။ ဝန်ထမ်း ဟောင်းနှင့် ဝန်ထမ်းအသစ် နှစ်ဦးစလုံးသည် တာဝန်လွှဲပြောင်းစာတွင် လက်မှတ်ထိုးရန်လိုအပ်မည်။

ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု ပုံစံများ 

လစာပေးခြင်း 

  • ဝန်ထမ်း ကိုယ်ရေးရာဇဝင် – ဝန်ထမ်းတိုင်း၏ ယခင်အလုပ်အကိုင်များ (စေတနာ့ ဝန်ထမ်း/လစာရသောအလုပ်များအပါအဝင်)၊ ၎င်း၏ ထမ်းဆောင်ဖူးသည့်တာဝန်များ၊ မည်သည့်အချိန်တွင်၊ မည်သည့်နေရာ၌ မည်သည့်အဖွဲ့အစည်းနှင့်လုပ်ကိုင်ခဲ့သည်၊ အလုပ်ရာထူး၊ တက်ရောက်ဖူးသော သင်တန်းများ၊ ပညာရေး(ရရှိသည့်ဘွဲ့လက်မှတ်များ) ဘာသာစကား၊ ကျွမ်းကျင်မှုတို့ပါဝင်သည့်မှတ်တမ်း
  • အလုပ်ခန့်စာချုပ် – ဤစာချုပ်သည် အဖွဲ့အစည်းမှ ဝန်ထမ်းအား လုပ်ငန်းတာဝန် သတ်မှတ် ချက်တွင် ဖော်ပြထားသည့် လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် အလုပ်ခန့်ထားရန်နှင့် လစာပေးရန် သဘောတူကြောင်း ဖော်ပြသည့် တရားဝင် စာရွက်စာတမ်းဖြစ်သည်။ စာချုပ် တွင် ဝန်ထမ်းကို အလုပ်ခန့်ထားသည့် ကာလ၊ လစာ၊ အလုပ်ချိန်နှင့် အလုပ်ရာထူးတို့ ထည့်သွင်းဖော်ပြသည်။ ဝန်ထမ်းရေးရာ မူဝါဒပါ အခြေအနေများနှင့် မတူညီသည့် လုပ်ငန်း သဘောသဘာဝများအတွက် ခန့်ထားရပါက ၎င်းတို့ကို စာချုပ်တွင် ဖော်ပြရမည်။
    • လက်မှတ်ထိုးသူ- ဝန်ထမ်းနှင့် အမှုဆောင်ဒါရိုက်တာ (အဖွဲ့အစည်းကိုယ်စား)
  • အလုပ်တက်/ဆင်းချိန်မှတ်တမ်း (Time Sheet)–  ဝန်ထမ်းများ၏ အမည်များနှင့် လ၏ နေ့ရက်တိုင်း ပါဝင်သည်။ လကုန်ဆုံးချိန်တွင်၊ ၎င်းတို့သည် အချိန်စာရင်းတွင် ရေးသားထား သည့်အတိုင်း အလုပ်တက်/ဆင်းခဲ့ကြောင်း ဝန်ထမ်းများက လက်မှတ်ထိုးရသည်။ ၎င်းကို စီမံရေးရာတာဝန်ခံမှ နေ့စဉ် စစ်ဆေးသိမ်းဆည်းပြီး လကုန်လျှင် အမှုဆောင်ဒါရိုက်တာမှ အတည်ပြုသည်။
    • ရေးဆွဲပြင်ဆင်သူ- စီမံရေးရာတာဝန်ခံ
    • အတည်ပြုသူ- အမှုဆောင်ဒါရိုက်တာ
  • ခွင့်ယူပုံစံ (Leave Approval Form)– ယင်းပုံစံကို ဝန်ထမ်းမှ ဖြည့်စွက်ရပြီး၊ ဝန်ထမ်း၏ အမည်နှင့် ဝန်ထမ်းရေးရာ မူဝါဒအရ ခွင့်ပြုထားသော ခွင့်အမျိုးအစားများ ပါဝင်သည်။ ခွင့်အမျိုးအစားတစ်ခုစီအောက်တွင် တစ်နှစ်လျှင် ခွင့်ပြုထားသော စုစုပေါင်း ခွင့်ရက် ပမာဏကို ရေးမှတ်ထားသည်။ ခွင့်အမျိုးအစားတစ်ခုစီအတွက်၊ တောင်းဆိုထားသော ခွင့်ရက်များ၊ အမှုဆောင်ဒါရိုက်တာမှ အတည်ပြုထားသော ရက်များနှင့် ကျန်ရှိသော ရက်များ ကို မှတ်တမ်းတင်ထားသည်။
    • ခွင့်ယူသော ရက်များ- ဝန်ထမ်းအနေဖြင့် ခွင့်ယူလိုသည့် ရက်များကို ဖြည့်သည်။
    • အတည်ပြုထားသော ရက်များ- အမှုဆောင်ဒါရိုက်တာသည် အတည်ပြုထားသော ရက်များကို အတည်ပြုလက်မှတ်ထိုးသည်။
    • ခွင့်ကျန်ရက်များ- အမှုဆောင်ဒါရိုက်တာက စီမံရေးရာတာဝန်ခံ ခွင့်အမျိုးအစား အလိုက် ကျန်သောရက်များကို တွက်ချက်သည်။
  • လစာစာရင်း – လစာစာရင်းတွင် လနှင့်နှစ်၊ ဝန်ထမ်းများ၏ အမည်များ၊ အလုပ်ရာထူးများ၊ လစဉ်လစာများ (ကြိုတင်ထုတ်ယူထားသော ငွေများ နုတ်ပြီး)၊ ပေးရန်ကျန်ငွေများ၊ နှင့် ဝန်ထမ်းတစ်ဦးစီ၏ လက်မှတ်များ ပါဝင်သည်။ ၎င်းကို စီမံရေးရာတာဝန်ခံမှ ပြင်ဆင်ပြီး အမှုဆောင်ဒါရိုက်တာမှ အတည်ပြုသည်။
    • ရေးဆွဲပြင်ဆင်သူ- စီမံရေးရာတာဝန်ခံ
    • အတည်ပြုသူ- အမှုဆောင်ဒါရိုက်တာ
  • ဝန်ထမ်းရေးရာ ဆောင်ရွက်ချက် ပုံစံ (Personnel Action Form – PAF)– ဝန်ထမ်းတစ်ဦး အလုပ်ပြောင်းသည့်အခါ ပြသရန် အသုံးပြုပြီး၊ PAF တွင် ဝန်ထမ်း၏အမည်၊ ရက်စွဲ၊ လက်ရှိနှင့် အလုပ်ရာထူးအသစ်၊ လက်ရှိနှင့် လစာအသစ်၊ နှင့် အပြောင်းအလဲအတွက် အကြောင်းရင်းတို့ကို ပြသသည်။ ဝန်ထမ်းသည် အလုပ်အသစ်ခန့်အပ်ခံရခြင်း၊ ရာထူးတိုးခြင်း သို့မဟုတ် အလုပ်ရပ်စဲခြင်း ရှိမရှိကို ပြသသည်။ ၎င်းကို စီမံအုပ်ချုပ်သူမှ ပြင်ဆင်ပြီး အမှုဆောင်ဒါရိုက်တာမှ အတည်ပြုသည်။
    • ရေးဆွဲပြင်ဆင်သူ- စီမံရေးရာတာဝန်ခံ
    • အတည်ပြုသူ- အမှုဆောင်ဒါရိုက်တာ

ဝန်ထမ်းရေးရာမှတ်တမ်းများ

  • လုပ်ငန်းတာဝန် ဖော်ပြချက် (Job Description)– လုပ်ငန်းတာဝန် ဖော်ပြချက်သည် ဝန်ထမ်းတဦး၏ အလုပ်တာဝန်ဝတ္တရားများ၊ အလုပ်ရာထူး၊ ဝန်ထမ်းက တာဝန်ခံရမည့် သူ/ကြီးကြပ်သူနှင့် အလုပ်ချိန်တို့ ပါဝင်သည်။ ဝန်ထမ်းအနေဖြင့်ကြီးကြပ်ရမည့်သူများ ရှိလျှင်လည်း ထည့်သွင်းဖော်ပြသည်။ လုပ်သက်ကြာသည့်ဝန်ထမ်းများအနေဖြင့် တာဝန်၊ လုပ်ငန်းအပြောင်းအလဲများရှိလာခဲ့လျှင့် လုပ်ငန်းတာဝန် ဖော်ပြချက်ကို ဝန်ထမ်းနှင့် ကြီးကြပ်သူတို့ပူးပေါင်း၍ ရေးဆွဲကြသည်။
  • လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်ခြင်း (Performance Appraisal/Staff Evaluation)– ဝန်ထမ်းအကဲဖြတ်ခြင်းကို တစ်နှစ်လျှင် တကြိမ် အနည်းဆုံး လုပ်ဆောင် သင့်သည်။ အဖွဲ့အစည်း၏ လုပ်ငန်းအရည်အသွေးကို မြှင့်တင်ရန်ရည်ရွယ်ပြီး ပုံမှန်အား ဖြင့်၊ ဝန်ထမ်းအကဲဖြတ်ရာတွင် ဝန်ထမ်းအနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှုအခြေအနေနှင့် ပတ်သက်၍ မေးခွန်းများကို မေးလေ့ ရှိပြီး၊ ဝန်ထမ်း၏ စွမ်းဆောင်ရည်၊ ကြီးကြပ်သူထံမှ ဝန်ထမ်းရရှိသည့် ပံ့ပိုးမှုနှင့် အခြား လိုအပ်သည့်ကိစ္စများကို ဆွေးနွေးချက်များလည်း ပါဝင်သည်။ ကြီးကြပ်သူသည် ဝန်ထမ်းနှင့် တွေ့ဆုံပြီးပါက အကဲဖြတ်ပုံစံတွင် ဆွေးနွေးချက်များကို မှတ်တမ်းတင်၍ လက်မှတ်ထိုးပြီး ရက်စွဲထည့်ရသည်။ ဝန်ထမ်းအနေဖြင့် ဖြည့်ထားသည့်ပုံစံကိုဖတ်ရှုပြီး ၎င်း၏ မှတ်ချက်များကို ဖြည့်စွက်လိုပါက ဖြည့်စွက်ခွင့်ရှိသည်။​ 
    • အကဲဖြတ်သူ- အမှုဆောင်ဒါရိုက်တာ သို့မဟုတ် ကြီးကြပ်သူ သို့မဟုတ် ဝန်ထမ်းအကဲဖြတ်ရန် တာဝန်ပေးအပ်ခံရသူ
    • ဝန်ထမ်းလက်မှတ်- ဝန်ထမ်းသည် အကဲဖြတ်ပုံစံကို သိရှိဖတ်ရှုပြီးကြောင်း လက်မှတ်ထိုးသည်။
  • အကျိုးခံစားခွင့် ပုံစံ (Benefits Form)– အလုပ်မှ နှုတ်ထွက်မည့် ဝန်ထမ်း၏အမည်၊ ရက်စွဲ၊ အလုပ်ထွက်ရသည့် အကြောင်းရင်း၊ မှတ်ချက်များ (လိုအပ်ပါက)၊ အဖွဲ့အစည်းထံမှ အကြွေးမကျန်ရှိတော့ကြောင်း ဝန်ထမ်းထံမှ သဘောတူညီချက်၊ နှင့် ဝန်ထမ်းနှင့် အလုပ်ရှင် (အမှုဆောင်ဒါရိုက်တာက ကိုယ်စားလှယ်လွှဲသူ) တို့၏ လက်မှတ်များ ပါဝင်သည်။
    • ဝန်ထမ်းလက်မှတ်- အဖွဲ့အစည်းမှ နှုတ်ထွက်မည့် ဝန်ထမ်း
    • အလုပ်ရှင်လက်မှတ်- အမှုဆောင်ဒါရိုက်တာ
  • တာဝန်လွှဲပြောင်းစာ – Responsibilities Turnover Letter– အဖွဲ့မှ နှုတ်ထွက်သော ဝန်ထမ်းမှ တာဝန်ယူမည့် ဝန်ထမ်းသို့ တာဝန်လွှဲပြောင်းသည့်စာဖြစ်သည်။​ ၎င်းတွင် ဝန်ထမ်းနှစ်ဦးစလုံး၏ လက်မှတ်များနှင့် တရားဝင် လွှဲပြောင်းသည့် ရက်စွဲ ပါရှိရမည်။

အဖွဲ့အစည်း၏ စီမံရေးရာစနစ်တည်ဆောက်ခြင်း

နိဒါန်း

မြန်မာဝေါဟာရတွင် Management ကို စီမံခန့်ခွဲမှုဟုမြန်မာပြန်ဆိုလေ့ရှိကြသည်။ ထို့ကြောင့် အဖွဲ့အစည်းတခု၏ နေ့စဉ်လုပ်ငန်း ဆောင်တာများ မှန်ကန်၊မြန်ဆန်စွာ လည်ပတ်နိုင်ရန် ပံ့ပိုးလုပ်ဆောင်ရသည့်အစိတ်အပိုင်း (Administration) ကို အစိုးရရုံးဌာန များတွင် အသုံးပြုတတ်သည့် “စီမံရေးရာ” ဆိုသည့်ဝေါဟာရကိုယူ၍ အသုံးပြုထားသည်။​စီမံရေးရာဝန်ထမ်း သို့မဟုတ် အဖွဲ့ သို့မဟုတ်ဌာန သည် အဖွဲ့အစည်းတစ်ခု၏ လုပ်ငန်း ဆောင်တာများနှင့် စီမံကိန်းများ အဆင်ပြေပြေလည်ပတ်နိုင်အောင် ပံ့ပိုးလုပ်ဆောင်ပေး ရသည့်အစိတ်အပိုင်းဖြစ်သည်။ အဖွဲ့အစည်းတခု၏ လုပ်ငန်းများကို လုပ်ဆောင်ရသော အဓိကအစိတ်အပိုင်းဖြစ်သည့် စီမံကိန်းများ/ လုပ်ငန်းများ ထိရောက်အဆင်ပြေစွာ လည်ပတ်နိုင်ရန် နောက်ကွယ်တွင် ကောင်းမွန်သော စီမံရေးရာအဖွဲ့/ဌာနတခု ရှိရန်လိုအပ်သည်။

စီမံရေးရာစနစ်တစ်ခုတွင် အဓိကအစိတ်အပိုင်း ၄ ခုပါဝင်သည်။​ 

၁) ဖိုင်များစနစ်တကျထားရှိခြင်း (filing)၊ 

၂) အဖွဲ့ပိုင်ပစ္စည်းများစီမံခန့်ခွဲမှု (material resource management)၊ 

၃) လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု (human resource management) နှင့် 

၄) လက်ခံတွေ့ဆုံခြင်း (reception) တို့ဖြစ်သည်။ 

ထို့အပြင် စီမံရေးရာစနစ်တခုလုံး မှန်ကန်စွာလည်ပတ်မှုရှိ/မရှိကို ဆန်းစစ်နေရန်လည်း လိုအပ်သည်။ မည်သူက၊ မည်သည့်အချိန်တွင်၊ မည်သည့်အဆင့်များကို ဆောင်ရွက်ရမည်ကို အတည်ပြုရန် စာဖြင့် ရေးသားထားသော မူဝါဒများ (written policies) ချမှတ်ထားရှိသင့်သည်။ မူဝါဒများနှင့်အတူ ပုံစံနမူနာများ (blank forms) နှင့် စီမံရေးရာမူဝါဒများ ရေးဆွဲရာတွင် လိုက်နာရမည့်လမ်းညွှန်ချက်များ (guidelines for making administrative policies) ကိုလည်းထည့်သွင်းဖော်ပြပေးပါမည်။

စီမံရေးရာအဖွဲ့/ဌာနအနေဖြင့် မိမိတို့၏လုပ်ငန်းများကို စာဖြင့်ရေးသားမှတ်တမ်းထားကျင့် ရှိရန်လိုအပ်ပြီး အဖွဲ့၏သက်တမ်းကြာလာသည်နှင့်အမျှ တာဝန်ပြောင်းလဲယူရသည့် ဝန်ထမ်းအသစ်များအတွက် ယင်းမှတ်တမ်းများမှတဆင့်သာ ယခင်ကဖြစ်ပျက်ခဲ့သည့်ကိစ္စရပ်များကို သိရှိနိုင်မည် ဖြစ်သည်။ 

အဖွဲ့အစည်းတခုတွင် စီမံရေးရာစနစ် သေချာချမှတ်လုပ်ဆောင်နိုင်ရန် ယင်းလုပ်ငန်းများကို အဓိက တာဝန်ယူလုပ်ဆောင်မည့်သူ အနည်းဆုံးတဦး လိုအပ်သည်။ အဖွဲ့ငယ်များတွင် ဘဏ္ဍာရေးပိုင်း နှင့် စီမံရေးရာလုပ်ငန်းများအတွက် တာဝန်ယူမည့်သူတဦးထား ၍ စတင်လေ့ရှိကြသည်။ ငွေကြေး၊စာရင်းပိုင်း ဆိုင်ရာကိစ္စရပ်များအပြင် စီမံရေးရာနှင့် ပတ်သက်သည့်အဓိကအစိတ်အပိုင်း – ၄ ခုကို တာဝန်ယူပေးရန်လိုအပ်သည့်အတွက် အဖွဲ့၏စီမံခန့်ခွဲရေး (management)အပိုင်းမှ ဝန်ထမ်းများက အချို့လုပ်ငန်းများကို ပူးတွဲကူညီပေးရတတ်သည်။ အထူးသဖြင့် ငွေကိုင် (cashier) ကဲ့သို့တာဝန်မျိုးကို တာဝန်ခွဲဝေယူပေးလေ့ရှိကြသည်။ အဖွဲ့ကြီးလာသည် နှင့်အမျှ စီမံရေးရာအရာရှိ (Administrative Officer)၊ ထို့နောက် ဝန်ထမ်းရေးရာမန်နေဂျာ/အရာရှိ (Human Resource Manager/ Officer)၊ ပစ္စည်းဝယ်ယူရေးနှင့်အခြားလိုအပ်သည်များ ပံ့ပိုးနိုင်ရန် ထောက်ပံ့ရေး အရာရှိ (Logistic Officer)ရာထူးတို့အတွက် လူများ ထပ်ခန့်ထားပြီး တာဝန်များ ခွဲဝေတတ်ကြသည်။ 

၁။ ဖိုင်များစနစ်တကျထားရှိခြင်း (filing)

စီမံရေးရာဌာန (The Administrative Department)၏အဓိကတာဝန်ဝတ္တရားများအနက်တခုမှာ ရုံးနှင့် စီမံကိန်းများဆိုင်ရာ မှတ်တမ်းများကို ထားရှိနိုင်ခြင်းဖြစ်သည်။

ဖိုင်ဖွင့်ခြင်းနှင့် မှတ်တမ်းများထိန်းသိမ်းခြင်း (FILING AND RECORDKEEPING)

အဖွဲ့အတွက် စီမံရေးရာစနစ် (administrative system) တစ်ခုကို စတင်တည်ဆောက်မည်ဆိုလျှင် ပထမဆုံးအဆင့်မှာ အဖွဲ့နှင့်ပတ်သက်သည့် ဖိုင်များကို စနစ်တကျထားရှိရန် ဖိုင်စနစ် (filing system) တစ်ခုရှိရမည်။ ​အဖွဲ့အစည်း၏ စာရွက်စာတမ်းအားလုံးကို ရှာရလွယ်ကူမည့် ပုံစံထားရှိခြင်းဖြင့် လုပ်ငန်းအစီရင်ခံစာတင်ပြရမည့်အချိန်တွင် အလွယ်တကူထုတ်ယူနိုင်သကဲ့သို့ အချက် အလက်များ လိုအပ်လာလျှင်လည်း အချိန်တိုအတွင်း ရှာဖွေနိုင်မည်။ 

ဖိုင်တွဲစနစ်တခုထားရှိရာတွင် အဖွဲ့၏ စီမံကိန်းများနှင့်သက်ဆိုင်သည့် မှတ်တမ်းများ နှင့် စီမံရေးရာ စာရွက်စာတမ်းများ (administrative documents) ကို သီးခြားစီ ခွဲထားသင့်သည်။ စာရွက်စာတမ်းမှတ်တမ်းများအဖြစ်ထားရှိလျှင် ဖိုင်များကိုအရောင်များ၊ အမှတ်အသားများ ပြုလုပ်မှတ်သားနိုင်သကဲ့သို့ ကွန်ပြူတာတွင်လည်း အမည်၊ ဖိုင်အမှတ်များဖြင့် မှတ်သားထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဝန်ထမ်းများကို ဖွင့်ကြည့်ခွင့်၊ ပြင်ဆင်ရေးသားခွင့်စသဖြင့် အဆင့်ဆင့်ခွင့်ပြုထားနိုင်သည်။ ထို့အပြင် မှတ်တမ်းဖိုင်များကို လျင်မြန်စွာ ရှာဖွေနိုင်ပြီး ပြန်ထားနိုင်ရန်အတွက် ဖိုင်အပြင်ဘက်တွင် နံပါတ်တစ်ခုကို တပ်ဆင်ထား သင့်သည်။ စီမံကိန်းများပြီး အဖွဲ့ကြီးခဲ့လျှင် ဖိုင်များကိုအလွယ်တကူရှာဖွေကြည့်နိုင်ရန် ဖိုင်တွဲ အညွှန်း (index) တစ်ခုလည်း ထားရှိသင့်သည်။

အောက်ဖော်ပြပါအခြေခံဖိုင်တွဲနည်းစနစ်သည် အဖွဲ့ငယ်များအသုံးပြုနိုင်သည့် ပုံစံနမူနာဖိုင်စနစ်တခုဖြစ် သည်။

အခြေခံဖိုင်တွဲနည်းစနစ်

၁၀၀ – စီမံရေးရာမှတ်တမ်းများ – ဤဖိုင်သည် ရုံးအတွက် စီမံရေးရာမှတ်တမ်းများကို ထားရှိသည့်ဖိုင်များအတွက် ဖြစ်သည်။​ယင်းဖိုင်များကို အပိုင်း – ၃ ပိုင်းခွဲထားနိုင်သည်။​ 

  • ၁၁၀ – အဖွဲ့အတွက် ပစ္စည်းများဝယ်ယူမှုမှတ်တမ်းနှင့်စာရင်းထားရှိမှု – အဖွဲ့တွင် မည်သည့်ပစ္စည်းများကို ဝယ်ယူထားပြီး မည်သို့ထိန်းသိမ်းထားရှိကြောင်းကို ပုံစံ (form) များနှင့်တကွ ဖိုင်တွဲထိန်းသိမ်းထားရှိရမည်။ ယင်းတို့ကိုလည်း ထောက်ပံ့ပစ္စည်းထိန်းသိမ်းမှုကဒ်များ (Supply Control Cards) နှင့် အဖွဲ့ပိုင်ပစ္စည်း စာရင်းမှတ်တမ်း (Fixed Asset Register) စသည့်ပုံစံဖြင့် ပြန်၍ခွဲထားနိုင်သည်။​
  • ၁၂၀ – ယာဉ်ပစ္စည်း – အဖွဲ့တွင် မော်တော်ဆိုင်ကယ်၊ကားကဲ့သို့ ယာဉ်များပိုင်ဆိုင်လျှင် ယင်းနှင့်သက်ဆိုင်သည့် မှတ်တမ်းများကို သိမ်းဆည်းထားရမည်။​
  • ၁၃၀ – လစာပေးခြင်းနှင့် ဝန်ထမ်းများ – ဤအပိုင်းတွင် အဖွဲ့၏ဝန်ထမ်းများအားလုံးနှင့်သက်ဆိုင်သည့် မှတ်တမ်းများကို ထားရှိရမည်။ ယင်းကိုလည်း ဝန်ထမ်းများ၏ ကိုယ်ရေးရာဇဝင် (CV)၊ အလုပ်စာချုပ်၊ အလုပ်တက်ရောက်မှု မှတ်တမ်း (time sheet) စသဖြင့် ဖိုင်များပြန်ခွဲထားနိုင်သည်။​

၂၀၀ – ဘဏ္ဍာရေး (Finance) – ဘဏ္ဍာရေးရာဖိုင်စနစ်တွင် အဖွဲ့နှင့်ပတ်သက်သည့်ငွေပေး၊ငွေယူအထောက်အထားများ အားလုံးကို ထားရှိရမည်။​ ယင်းဖိုင်များကို အခြားမသက်ဆိုင်သည့်ဝန်ထမ်းများထုတ်ယူခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းများမလုပ်နိုင်အောင် စာရွက်စာတမ်းများ၊ဘောက်ချာများကို သော့ခတ်သိမ်းဆည်းထားခြင်းနှင့် ကွန်ပြူတာ ဒေတာဖိုင်များအဖြစ် သိမ်းဆည်းထားလျှင်လည်း မပျောက်ပျက်ရန်နှင့် ပြောင်းလဲပြင်ဆင်မှုများမလုပ်နိုင်စေရန် စနစ်တကျ သေချာသိမ်းဆည်းထားရမည်။

  • ၂၁၀ – ဘတ်ဂျက် (Budget)
  • ၂၂၀ – ပစ္စည်းဝယ်ယူရေး (Procurement)
  • ၂၃၀ – ငွေသားစီမံခန့်ခွဲမှု (Cash Management)
  • ၂၄၀ – ငွေကြေးကြိုတင်ထုတ်ယူခြင်းများ (Cash Advances)
  • ၂၅၀ – အသေးသုံးငွေများ (Petty Cash)
  • ၂၆၀ – ဘဏ္ဍာရေးအစီရင်ခံစာများ (Financial Reports)
  • ၂၇၀ – ဘဏ်ငွေစာရင်းများ (Bank Accounts)
  • ၂၈၀ – စာရင်းစစ်ဆေးခြင်းများ (Financial Audits)
  • ၂၉၀ – ဘဏ္ဍာရေးရာ ကြီးကြပ်လုပ်ဆောင်မှု (Financial Monitoring)

၃၀၀ – စာပေးစာယူ (Correspondence) စီမံရေးရာလုပ်ငန်းများနှင့် သက်ဆိုင်သည့်စာအသွားအလာများအားလုံးကို မှတ်တမ်းတွင် ထိန်းသိမ်းထားရမည်။ အချို့အဖွဲ့အစည်းများတွင် စာအဝင်နှင့်စာအထွက်များကို ရက်စွဲနှင့် အဓိကပတ်သက်ဆက်စပ်သူများ (ဥပမာ – အစိုးရဌာနများ၊ ငွေကြေးပံ့ပိုးသူများ၊ မိတ်ဖက်အဖွဲ့များ၊ ပစ္စည်း/ဝန်ဆောင်မှု အတွက် စုံစမ်းသူများ) စသည်ဖြင့် ရက်စွဲများအလိုက်ထားရှိတတ်ကြသည်။

  • ၃၁၀ – ပြည်တွင်းစာပေးစာယူ – အစိုးရဌာနများ၊ ဒေသန္တရအုပ်ချုပ်ရေး၊ အခြားမိတ်ဖက်အဖွဲ့အစည်းများ စသည်ဖြင့် (အဖွဲ့အစည်းအမည်များကို အက္ခရာစဉ်အလိုက်၊ သို့မဟုတ် အုပ်စုအလိုက်) ထားရှိခြင်း
  • ၃၂၀ – နိုင်ငံတကာစာပေးစာယူ – နိုင်ငံတကာအဖွဲ့အစည်းများ၊ ငွေကြေးပံ့ပိုးကူညီသည့်အဖွဲ့များ၊ နိုင်ငံတကာ မှမိတ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်များစသည်ဖြင့် ခွဲထားခြင်း

၄၀၀ – အဖွဲ့အစည်းဆိုင်ရာ မှတ်တမ်းများ

  • ၄၁၀ – အစည်းအဝေးမှတ်တမ်းများ – အဖွဲ့အစည်းအနေဖြင့်ပြုလုပ်သည့် အစည်းအဝေးမှတ်တမ်းများကို ဤဖိုင်တွင် ထားရှိရန်ဖြစ်သည်။ ဒါရိုက်တာဘုတ်အဖွဲ့အစည်းအဝေးများ၊ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးများ/ အလုပ်အမှုဆောင်အဖွဲ့အစည်း အဝေးများ၊ ဝန်ထမ်းအားလုံးနှင့်ပြုလုပ်သည့်အစည်းအဝေးများစသဖြင့် ဖိုင် များကို ခွဲ၍ ရက်စွဲအလိုက် ထားရှိရမည်။
  • ၄၂၀ – အခြားမှတ်တမ်းများ – အဖွဲ့အတွက်အရေးကြီးသည့် စာရွက်စာတမ်းများ – အဖွဲ့အစည်းမှတ်ပုံတင် ၊ စာချုပ်များ၊ နားလည်မှု စာချွန်လွှာများ (MOU) ကိုစနစ်တကျထိန်းသိမ်းထားရန်လိုအပ်သည်။ အဖွဲ့အစည်းဖွဲ့စည်းပုံ (Organizational Structure)၊ အဖွဲ့အစည်းဖွဲ့စည်းမှုမှတ်တမ်း (Article of Association)၊ အဖွဲ့အစည်းနှင့် ပတ်သက်၍ အရေးကြီးသည့်မှတ်တမ်းဆောင်းပါးများ၊ သတင်းများစသည်တို့ကိုလည်း သီးခြားဖိုင်များ ထားရှိထိန်းသိမ်းထားသင့်သည်။

၅၀၀ – စီမံချက်/လုပ်ငန်းမှတ်တမ်းများ

  • ၅၁၀ – အဖွဲ့၏စီမံချက်အဆိုပြုလွှာများ/လုပ်ငန်းများ – အဖွဲ့၏စီမံချက်အဆိုပြုလွှာများ၊ အဆိုမူကြမ်းများ၊ ဘတ်ဂျက်များအားလုံး၊ စီမံချက်လုပ်ဆောင်ရန် လိုအပ်ချက်များကို ဆန်းစစ်သည့် သုတေသနစာတမ်းများ၊ သုံးသပ်ချက်များ ဖိုင်များခွဲ၍ သိမ်းထားသင့်သည်။ (အကောင်အထည်ဖော်ပြီးစီမံချက်များသာမက မအောင်မြင်ခဲ့သည့် စီမံချက်အဆိုပြုလွှာများကိုပါ ပြန်လည်ကြည့်ရှုနိုင်ရန် သိမ်းထားသင့်သည်။)
  • ၅၂၀ – ပြီးဆုံးသွားသည့်စီမံချက်များ/လုပ်ငန်းများ – ပြီးဆုံးသွားသည့်စီမံချက်များ/လုပ်ငန်းများနှင့် သက်ဆိုင်သည့် မှတ်တမ်းများအားလုံးကို စီမံချက်အမည် သို့မဟုတ် လုပ်ငန်းအမည်ဖြင့် ဖိုင်တဖိုင်ဖွင့်၍ အက္ခရာစဉ်အလိုက်၊ ရက်စွဲ/ နှစ်အလိုက် စုစည်းသိမ်းဆည်းထားသင့်သည်။​
  • ၅၃၀ – လုပ်ဆောင်နေဆဲစီမံချက်များ/လုပ်ငန်းများ – ပြီးဆုံးသွားသည့်စီမံချက်များ/လုပ်ငန်းများကဲ့သို့ပင် ဖိုင်ဖွင့်ပြီး လက်ရှိစီမံချက်များနှင့်သက်ဆိုင်သည့် ဖိုင်များကို သိမ်းဆည်းထားသင့်သည်။ စီမံချက်ပြီးဆုံးသွားလျှင် ၅၂၀ သို့ပြောင်း ၍ သိမ်းဆည်းထားသင့်သည်။ 
  • ၅၄၀ – မလုပ်ဆောင်ရသေးသည့်စီမံချက်များ – အဆိုပြုလွှာတင်ထားဆဲ/ဆွေးနွေးဆဲအဆိုပြုလွှာများ၊ ယင်းတို့နှင့် ဆက်စပ်သည့် စာပေးစာယူများ၊ သုတေသနစာတမ်းများစသည်တို့ကို ဤဖိုင်တွင်သိမ်းဆည်းထားသင့်သည်။ လုပ် ဆောင်ရန် စတင်သည်နှင့် ၅၃၀ သို့ရွှေ့ပြောင်းရမည်ဖြစ်ပြီး မလုပ်ဆောင်ဖြစ်ခဲ့ပါက ၅၁၀ သို့ရွှေ့ရပါမည်။

ဖိုင်စနစ်ကို တည်ဆောက်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပါ။

က) ဖိုင်များကို ထားရှိရာတွင် ကျိုးကြောင်းဆီလျော်မှုရှိပါစေ။​ ဥပမာ- သက်ဆိုင်သည့်ဖိုင်အားလုံးကို စင်တစ်ခုတည်း သို့မဟုတ် ဗီဒိုတစ်ခုတည်းတွင် ထားခြင်း သို့မဟုတ်  စီမံအုပ်ချုပ်ရေးဆိုင်ရာ မှတ်တမ်းအားလုံးကို အမှုဆောင် ညွှန်ကြားရေးမှူး၏ ရုံးခန်းတွင် ထားပြီး စီမံကိန်းဆိုင်ရာဖိုင်များကို စီမံကိန်းမန်နေဂျာများနှင့်အတူထားခြင်းမျိုး။ ကွန်ပြူတာဒေတာဖိုင်ကြီးတခုအတွင်း ဖိုင်များကို အမည်ပေးပြီး စနစ်တကျထားရှိပြီး သက်ဆိုင်ရာဝန်ထမ်းများကို ကြည့်ရှုနိုင်ရန် ပြုလုပ်ပေးထားခြင်းမျိုး

ခ) အချို့မှတ်တမ်းများ၊ဖိုင်များမှာ ဝန်ထမ်းအားလုံး ကြည့်ရှုလေ့လာနိုင်သည့် အရင်းအမြစ်၊မှတ်တမ်းများ (resources) ဖြစ်နိုင်သည်။ ဥပမာ- သတင်းစာများ၊ သင်တန်းလက်စွဲ၊မှတ်တမ်းများ (training materials) – ၎င်းတို့ကို အခြားဖိုင်များနှင့် သီးခြားခွဲထားပြီး လေ့လာစရာစင်တာ (resource center) တခု ပုံစံဖြင့် ဖိုင်များကို စုစည်းထားရှိပြီး ဝန်ထမ်းများအားလုံး ဖတ်ရှု၊အသုံးပြုခွင့်ပြုထားသင့်သည်။

ခ) ဖိုင်တွဲများ ပြည့်ကျပ်လာပါက ဖိုင်များကို ပြန်လည်ကြည့်ရှုပြီး မသက်ဆိုင်သည့်၊ ထပ်နေသည့် သို့မဟုတ် အရေးမပါသည့် စာရွက်များကို စွန့်ပစ်ရန်လိုအပ်လာပြီဖြစ်သည်။ ဖြေရှင်းနည်းနောက်တစ်ခုမှာ ဖိုင် အဟောင်းများကို လက်ရှိအသုံးပြုနေသည့်ဖိုင်များမှ သီးခြားခွဲထားခြင်းဖြစ်သည်။ နှစ်စဉ် ဇန်နဝါရီလတိုင်းတွင် ယခင်နှစ်မှဖိုင်များကို အဟောင်းဖိုင်များအဖြစ် သိမ်းဆည်း၍ ဖိုင်အသစ်များဖွင့်ပြီး ပြန်လည်စတင်ခြင်းဖြင့် အချက်အလက်အဟောင်းများကို ရှာဖွေနိုင်သော်လည်း နေ့စဉ်အသုံးပြုနေသည့် ဖိုင်များတွင် ပြည့်ကျပ်နေခြင်းမျိုး မဖြစ်တော့ပါ။

ဂ) ဖိုင်အမည်များက ဖိုင်ထဲတွင်ပါရှိသည့်အကြောင်းအရာကို အတိအကျ မဖော်ပြနိုင်ပါက ၎င်းတို့၏ ပါဝင်သည့်စာရွက်စာတမ်း များကို စစ်ဆေးပြီး ဖိုင်ကို အမည်ပြန်ပြောင်းခြင်း၊ အကြောင်းအရာမတူသည့် ဖိုင်များကို ရွှေ့ပြောင်းပြီး ဖိုင်အသစ်တစ်ခု ဖွင့်ခြင်း၊ သို့မဟုတ် အတွင်းထဲရှိ မှတ်တမ်းများကို ထည့်သင့်သည့်ဖိုင်များသို့ ပြန်လည်ထည့်ခြင်းတို့ကို ပြုလုပ်သင့်သည်။

ဃ) ဖိုင်များကို နံပါတ်တပ်ထားပြီး အညွှန်းစာရင်း (index) တစ်ခုကို ရုံးနံရံ သို့မဟုတ် ဖိုင်ဗီဒို တွင် ချိတ်ဆွဲထားခြင်း၊ ကွန်ပြူတာ ဒေတာများတွင် ဖိုင်အမည်များနှင့်ပါဝင်သည့်အညွှန်းများကို ဖိုင်များအားလုံး၏ ထိပ်တွင် အညွှန်းအဖြစ် စာရင်းပြုစုပေးထားခြင်းဖြင့် ဖိုင်များကို ပိုမိုမြန်ဆန်စွာ ရှာဖွေနိုင်ပါသည်။

  • အညွှန်းတွင် ဖိုင်ခွဲများ (sub-files) ထားရှိနိုင်သည်။ ဥပမာ- “အစိုးရနှင့် စာပေးစာယူဖိုင်” (Correspondence File for government) အောက်တွင် ဆက်စပ်လုပ်ဆောင်နေသည့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများအလိုက် ဖိုင်ခွဲများအဖြစ် စာရင်းပြုစုထားနိုင်သည်။

င) ဖိုင်စနစ်ကို ပြန်လည်သုံးသပ်ပြီး မှတ်တမ်းထိန်းသိမ်းသည့်စနစ်တွင် များပြားရှုပ်ထွေးသည့် မှတ်တမ်းများကို ထိန်းသိမ်းထားသင့်မသင့် ဆုံးဖြတ်ရန် လိုအပ်နိုင်သည်။

ဖိုင်စနစ်ကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်ရာတွင် ဝန်ထမ်းများအား အသုံးပြုရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အတွေ့အကြုံများကိုမေးမြန်း အကြံဉာဏ်တောင်းခံနိုင်သည်။

ဖိုင်စနစ်ကို စနစ်တကျ တည်ဆောက်ပြီးသည်နှင့် ဖိုင်အတွင်း ထည့်ထားသည့် မှတ်တမ်း၊စာရွက်စာတမ်း များကို လွယ်ကူစွာ ရှာဖွေနိုင်မည့်နည်းလမ်းများ စဉ်းစားရန် လိုအပ်သည်။ မှတ်တမ်းများကို သိမ်းဆည်းရာတွင် အဓိကနည်းလမ်း (၄) မျိုး ရှိပါသည်။

၁။ ရက်စွဲအလိုက် စီစဉ်ခြင်း (Filing by Date)

ရက်စွဲအလိုက် စီစဉ်ခြင်း ဆိုသည်မှာ စာရွက်စာတမ်းများကို ၎င်းတို့၏ရက်စွဲအလိုက် အစီအစဥ်တကျ ထားရှိခြင်းဖြစ်သည်။ ဥပမာ- ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ မှတ်တမ်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ မှတ်တမ်းရှေ့တွင် ရှိရမည်။ ၂၀၂၀ ခုနှစ်မှ စာရွက်စာတမ်းများက ၂၀၂၄ ခုနှစ်မှ စာရွက်များ၏ ရှေ့တွင် ရှိရမည်။ ရက်စွဲအလိုက် စီစဉ်သည့်အခါ ပထမဆုံးအနေဖြင့် စာရွက်နှစ်ခု၏ ခုနှစ်ကို နှိုင်းယှဉ်ပါ။ ခုနှစ်တူပါက ကို ကြည့်ပြီး စောသည့်လကို ရှေ့တွင်ထားပါ။ လနှင့်ခုနှစ် တူပါက ရက်စွဲများကို နှိုင်းယှဉ်ကာ ပိုမိုစောသည့် မှတ်တမ်းကို ရှေ့ကထားရပါမည်။

အချို့အဖွဲ့များက မှတ်တမ်းအဟောင်းဆုံးကို နောက်ဆုံးတွင် ထားပြီး အသစ်ဆုံးကို အရှေ့ဆုံးတွင် ထားရန် နှစ်သက်ကြသည်။ ဤနည်းသည်လည်း အသုံးဝင်ပြီး မှတ်တမ်းအသစ်များကို ရှာဖွေရန်အတွက်မှတ်တမ်း အဟောင်းများအားလုံးကို လှန်ကြည့်နေရန် မလိုသည့်အတွက် အချိန်ကုန်သက်သာစေသည်။ ဤနည်းကို ပြောင်းပြန်စီစဉ်ထားခြင်း (reverse chronological order) ဟုခေါ်သည်။

၂။ အကြောင်းအရာအလိုက် စီစဉ်ခြင်း (Filing by Topic)

အကြောင်းအရာအလိုက် (သို့မဟုတ် ကဏ္ဍအလိုက်) ထားခြင်းဆိုသည်မှာ မှတ်တမ်းများကို ပါဝင်သည့် အကြောင်းအရာအလိုက် စုစည်းထားရှိခြင်းဖြစ်သည်။ ဥပမာ- စာပေးစာယူမှတ်တမ်းများ အားလုံးကိုဖိုင်တစ်ခုတည်းတွင် ထားရှိပြီး ငွေကြေးဖြတ်ပိုင်းများ (financial receipts) ကို အခြားဖိုင်တစ်ခုတွင် ထားရှိခြင်းမျိုး။ ဖိုင်အတွင်းရှိ အကြောင်းအရာများကိုလည်း အခြားသော စနစ်ဖြင့် ထပ်မံစီစဉ်ထားရှိနိုင်သည်။ ဥပမာ- စာပေးစာယူမှတ်တမ်းများကို ရက်စွဲအလိုက် အစီအစဉ်ချထားနိုင်ပြီး ဖြတ်ပိုင်းများကို နံပါတ်အလိုက် စီစဉ်ထားနိုင်သည်။

၃။ အက္ခရာအလိုက် စီစဉ်ခြင်း (Filing in Alphabetical Order)

အက္ခရာအလိုက် စီစဉ်ခြင်းဆိုသည်မှာ အကြောင်းအရာများကို ၎င်းတို့၏ အမည် ၏ ပထမဆုံး အက္ခရာ အလိုက် အစီအစဉ်ချခြင်းဖြစ်သည်။ မြန်မာဘာသာဖြင့် စီစဉ်လျှင် ကဖြင့်စပြီး အင်္ဂလိပ်ဘာသာဖြင့် စီစဉ်လျှင် A ဖြင့်စသည့် မှတ်တမ်းများကို ပထမ၊ ထို့နောက် ခ သို့မဟုတ် B ဖြင့်စသည့်မှတ်တမ်းများ၊ ထိုမှတစ်ဆင့် Z အထိ စသည်ဖြင့် စီစဉ်သွားရမည်။ ဖိုင်များကို အက္ခရာအလိုက်စီစဉ်ရာတွင် မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာတခုခုဖြင့် သတ်သတ်မှတ်မှတ် ထားရှိသင့်သည်။ နှစ်မျိုးစလုံးအသုံးပြုရန် စီစဉ်လျှင် ရော၍မထားရန်လိုအပ်သည်။

မှတ်တမ်းနှစ်ခုသည် အက္ခရာတူဖြင့် စတင်ပါက ဒုတိယအက္ခရာကို ကြည့်ပါ။ ဥပမာ procurement နှင့် policies တို့တွင် ပထမအက္ခရာ (နှစ်ခုလုံး p) ကို နှိုင်းယှဉ်ပြီး ဒုတိယအက္ခရာ (r သို့မဟုတ် o) ကို ကြည့်ရမည်။ o က rထက် စောသောကြောင့် policies ကို procurement ရှေ့တွင် ထားရမည်။ ဒုတိယအက္ခရာတူပါက တတိယအက္ခရာများကို နှိုင်းယှဉ်သွားရမည်။

၄။ နံပါတ်အလိုက် စီစဉ်ခြင်း (Filing by Number)

နံပါတ်အလိုက် စီစဉ်ခြင်းဆိုသည်မှာ မှတ်တမ်းများ သို့မဟုတ် ဖိုင်တွဲများကို ၎င်းတို့၏ နံပါတ်အလိုက် စီစဉ်ခြင်းဖြစ်သည်။ နံပါတ်ငယ်များကို နံပါတ်ကြီးများ၏ ရှေ့တွင် ထားရမည်။ ဤနံပါတ်များမှာ စာရွက်စာတမ်းများ/မှတ်တမ်းများပေါ်ရှိ ရည်ညွှန်းနံပါတ်များ (reference numbers) သို့မဟုတ် ဖိုင်တွဲ၏ နံပါတ်များ ဖြစ်နိုင်သည်။

နံပါတ်တစ်ခုတွင်ပါရှိသည့် ဂဏန်းအားလုံးကို သေချာကြည့်ရှုရန် လိုအပ်သည်။ ၄ သည် ၈ ထက် စောသည် ကို သိရန် လွယ်ကူသော်လည်း ၁၂.၀၈ နှင့် ၁၂.၁ တို့ကို အစီအစဉ်ချသည့်အခါ သတိထားရမည်ဖြစ်သည်။ 

သတိပြုရန် 

ဖိုင်စနစ်ထားသိုပုံစနစ်အမျိုးမျိုးရှိပါသည်။ ဥပမာ- ဖိုင်တွဲများကို အကြောင်းအရာအလိုက် (စာပေးစာယူ၊ စီမံကိန်းများ၊ အုပ်ချုပ်ရေး စသည်ဖြင့်) ခွဲခြားထားနိုင်ပြီး ဖိုင်အတွင်းရှိ မှတ်တမ်းများကိုသိမ်းဆည်းရာတွင် ရက်စွဲအလိုက် (ငွေကြေးဆိုင်ရာ မှတ်တမ်းအသစ်များကို အဟောင်းများ၏ နောက်တွင် ပြောင်းပြန် အချိန် အစဉ်အလိုက်) ထားရှိနိုင်သည်။

ဖိုင်တွဲများကို မည်သို့ အစီအစဉ်ချမည်၊ မည်သည့်စနစ်ကိုအသုံးပြုမည်ကို မဆုံးဖြတ်မီ အဖွဲ့ရှိ မှတ်တမ်းများနှင့်ပတ်သက်၍ လိုအပ်ချက်များကို သေချာဆန်းစစ်ရန်လိုအပ်သည်။​ မှတ်တမ်းများ သိမ်းဆည်းရန် အချိန်ယူရသော်လည်း ကောင်းမွန်သည့် စနစ်တစ်ခုရှိပြီးပါက အချိန်ကုန်သက်သာနိုင်သည်။​ မှတ်တမ်းများစွာကို စနစ်တကျ စီမံခန့်ခွဲသိမ်းဆည်းနိုင်လျှင် အချိန်ကုန် သက်သာနိုင်သည်။

၂။ အဖွဲ့အစည်းနှင့်သက်ဆိုင်သည့် ပစ္စည်းအရင်းအမြစ်များ စီမံခန့်ခွဲခြင်း

အဖွဲ့အစည်းတိုင်းတွင် အဖွဲ့၏လုပ်ငန်းများနှင့်ပတ်သက်ဆက်စပ်ပြီး လိုအပ်သည့် ပစ္စည်းများ၊ ရုံးလုပ်ငန်းများ လည်ပတ်လုပ်ဆောင်ရန် လိုအပ်သည့်ပစ္စည်းများ ရှိကြသည်။ စီမံရေးရာလုပ်ငန်းအတွက် တာဝန်ယူထားရသူများအနေဖြင့် ယင်းပစ္စည်းများ ပျက်စီးခြင်း၊ ခိုးယူခံရခြင်း သို့မဟုတ် အလွဲသုံးစားလုပ်ခံရခြင်း မဖြစ်စေရန် စီမံခန့်ခွဲရသည်။ သို့သော် ပစ္စည်းအားလုံး၏ အသုံးပြုနိုင်ပုံ၊တာရှည်ခံနိုင်မှု၊ ပစ္စည်းတန်ဖိုးများမှာ ကွဲပြားခြားနားကြသည့်အတွက် စီမံခန့်ခွဲရာတွင် အားလုံးကို တပုံစံတည်း သတ်မှတ်လုပ်ဆောင်၍ မရချေ။ အဖွဲ့အစည်းရှိ ပစ္စည်းများကို အဓိကအားဖြင့် ပုံစံသုံးမျိုးခွဲ၍ စီမံခန့်ခွဲနိုင်သည်။

အဖွဲ့ပိုင်ပစ္စည်းများကို ခွဲခြားသတ်မှတ်ပုံ

၁) သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်သည့် ပစ္စည်းများ – အဖွဲ့ပိုင်တန်ဖိုးကြီးပစ္စည်းများ (Fixed assets)

သက်တမ်းကြာရှည်စွာအသုံးပြုနိုင်ခြင်း (၅ နှစ်ထက်ပိုအသုံးပြုနိုင်ခြင်း) နှင့် ငွေကြေးအနေဖြင့် တန်ဖိုးကြီးသော (ဒေါ်လာ ၅၀ ထက် ပို၍တန်ဖိုးရှိသော) ပစ္စည်းများဖြစ်သည်။ ဥပမာ- ပရိဘောဂ၊ ကွန်ပျူတာနှင့် ယာဉ်များ။

၂) ကြာရှည်စွာအသုံးပြုနိုင်သော အသုံးအဆောင်ပစ္စည်းများ (Non-expendable supplies)– သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ခြင်း (၅ နှစ်ထက်ပိုသုံးနိုင်ခြင်း) ငွေကြေးတန်ဖိုးအရ မများလှသော(ဒေါ်လာ ၅၀ ထက် တန်ဖိုးနည်းသော) ပစ္စည်းများဖြစ်သည်။ ဥပမာ- အမှိုက်ပုံး၊ စာရွက်ဖောက်စက် သို့မဟုတ် လိုက်ကာများ။

၃) ကြာရှည်အသုံးမပြုနိုင်သော အသုံးအဆောင်ပစ္စည်းများ (Expendable supplies) အသုံးပြုပြီးနောက် စွန့်ပစ်ရသော ပစ္စည်းများဖြစ်သည်။ ဥပမာ- တိပ်၊ ဘောပင်၊ စာရွက် သို့မဟုတ် marker များ။ ၎င်းတို့သည် ကြာကြာမသုံးနိုင်သကဲ့သို့ ငွေကြေးတန်ဖိုးအရလည်း မများလှပါ

မှတ်ချက်။ ကြာရှည်စွာသုံးနိုင်သော အသုံးအဆောင်ပစ္စည်းများနှင့် ကြာရှည်စွာမသုံးနိုင်သော အသုံးအဆောင်ပစ္စည်းများကို စုပေါင်း၍ ပစ္စည်းစာရင်း (inventory) တွင်ထည့်သွင်းရသည်။

အဖွဲ့အစည်းရှိ ပစ္စည်းများကို စီမံခန့်ခွဲရာတွင် –

  • ဝယ်ယူရေး (Procurement) – အဖွဲ့အတွက် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူခြင်း
  • ဝယ်ယူပြီးပစ္စည်းများကို သိမ်းဆည်းခြင်း (Storekeeping) – ပစ္စည်းများကို သော့ခတ် ထားသော ဗီရိုထဲတွင် သိမ်းဆည်းခြင်း၊ ကြာရှည်အသုံးပြုနိုင်သည့်ပစ္စည်းများကို စာရင်းပြုစု၍ မှတ်ပုံတင်ခြင်း (register) နှင့် ပစ္စည်းအသုံးပြုသူများစာရင်းကို ထိန်းသိမ်းခြင်း နှင့် သုံးစွဲရန်ပစ္စည်းများ ထုတ်ပေးခြင်း
  • စီမံခြင်း (Administration) – ပစ္စည်းများ လက်ခံရရှိသည့်အခါ လက်ခံရရှိမှု မှတ်တမ်း(Receiving Report) တွင် ဖြည့်သွင်းခြင်း၊ ကုန်လွယ်သော အသုံးအဆောင်ပစ္စည်းများ တောင်းခံလာလျှင် အတည် ပြုပေးခြင်း နှင့် ပစ္စည်းစာရင်း (inventory) များကို လစဉ်၊ ကြာရှည်အသုံးပြုနိုင်သောပစ္စည်းများကို သုံးလ တစ်ကြိမ်၊ အမြဲတမ်းအသုံးပြုနိုင်သည့်ပစ္စည်းများကို ခြောက်လတစ်ကြိမ်တိုင်း စစ်ဆေးရေတွက်ခြင်း 
  • ကြီးကြပ်အတည်ပြုခြင်း – ကြာရှည်စွာအသုံးပြုနိုင်သည့် အသုံးအဆောင်ပစ္စည်းများ တောင်းခံမှုများကို အတည်ပြုပေးခြင်းတို့ကို လုပ်ဆောင်ရသည်။

ပစ္စည်းများ စီမံခန့်ခွဲရာတွင် အသုံးပြုသည့်ပုံစံများ

  1. လက်ခံရရှိမှု မှတ်တမ်း(Receiving Report)*
  2. (အဖွဲ့ပိုင်ပစ္စည်း ဝယ်ယူမှု အထောက်အထားနှင့် သက်ဆိုင်သည့်စာရွက်စာတမ်းများ) (Fixed Asset Acquisition Supporting Documentation)
  3. အဖွဲ့ပိုင်ပစ္စည်း မှတ်ပုံတင်စာရင်း (Fixed Asset Register)*
  4. ပစ္စည်းအသုံးပြုမှု စီမံခန့်ခွဲရေးကတ် (Supply Control Card)
  5. အသေးစား ကြာရှည်အသုံးပြုနိုင်သော ပစ္စည်းများ မှတ်ပုံတင်စာရင်း (Small Non-Expendable Supplies Register)
  6. ပစ္စည်း တောင်းခံလွှာ (Supplies Request Form)
  7. ယာဉ်မှတ်တမ်းစာအုပ် (Vehicle Logbook)* (အဖွဲ့ပိုင်ယာဉ် (ဆိုင်ကယ်၊ကားစသည်တို့ရှိပါက))
  8. ယာဉ်ထိန်းချုပ်ဘုတ် (Vehicle Control Board)

* ကြယ်ပွင့်ပြထားသည့်မှတ်တမ်းနှင့်စာရင်းများသည် မည်သည့်အရွယ်အစားရှိသည့် အဖွဲ့တိုင်းအတွက် လိုအပ်နိုင်သကဲ့သို့ အဖွဲ့ငယ်များတွင်လည်း ရှိရန်လိုအပ်သည်။ ယာဉ်မှတ်တမ်းကို ကြယ်ပွင့်ပြထားခြင်းမှာ အချို့အဖွဲ့အစည်းငယ်များတွင် လိုအပ်ချက်အရ ဝယ်ယူထားသည့်ယာဉ်များ ရှိတတ်ကြသည်။

၂.၁- အဖွဲ့ပိုင်ပစ္စည်းများ စီမံခန့်ခွဲခြင်း (Fixed Assets Management)

အဖွဲ့ပိုင်တန်ဖိုးကြီးပစ္စည်းများသည် အဖွဲ့အစည်းအတွက် တန်ဖိုးအရှိဆုံး အရင်းအမြစ်များဖြစ်သည့်အတွက် ၎င်းတို့ကို ဂရုတစိုက် စီမံခန့်ခွဲရန်လိုအပ်သည်။ အောက်ဖော်ပြပါအချက်များသည် အဖွဲ့ပိုင်ပစ္စည်းများကို စီမံခန့်ခွဲရန်အတွက် အခြေခံလုပ်ထုံးလုပ်နည်းများဖြစ်သော်လည်း အဖွဲ့တွင် ဗီဒီယို/ကင်မရာကဲ့သို့ပစ္စည်းများ ဝယ်ယူရန်လိုအပ်ပါက သီးခြားလမ်းညွှန်ချက်များလိုအပ်မည်။

အဖွဲ့ပိုင်ပစ္စည်း လက်ခံရယူခြင်း (RECEIVING A FIXED ASSET)

၁။ စီမံရေးရာတာဝန်ခံသည် အဖွဲ့ပိုင်ပစ္စည်း ဝယ်ယူရာတွင် လိုက်နာရန်ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာလုပ်ဆောင်ရမည်။  

၂။ စီမံရေးရာတာဝန်ခံသည် ဝယ်ယူ/လက်ခံရရှိသည့်ပစ္စည်းကို လက်ခံရရှိမှုမှတ်တမ်း (Receiving Report) တွင် ဖြည့်သွင်းပြီး အမှုဆောင်ညွှန်ကြားရေးမှူး သို့မဟုတ် အဖွဲ့အကြီးအကဲ/ခေါင်းဆောင်က အတည်ပြုရမည်။

၃။ စီမံရေးရာတာဝန်ခံသည် ပစ္စည်းနှင့်အတူ ပါလာသော စာရွက်စာတမ်းအားလုံး(ပစ္စည်း ဝယ်ယူမှု အထောက်အထား စာရွက်စာတမ်းများ) ကို ပစ္စည်းမှတ်တမ်းဖိုင်တွဲတွင် ထည့်သွင်း သိမ်းဆည်းရမည်။ ဝယ်ယူမှု (Acquisition) ဆိုရာတွင် လက်ခံရရှိခြင်း သို့မဟုတ် ရယူခြင်းကို ဆိုလိုသည်။

၄။ စီမံရေးရာတာဝန်ခံသည် ပစ္စည်းတွင်ပါရှိသည့် စက်ရုံမှပေးထားသော နံပါတ်စဉ် (serial number)ကို ကုမ္ပဏီမှ ထုတ်လုပ်သော ဤပစ္စည်းတစ်ခုတည်းတွင်သာ ရှိသည့် နံပါတ်ဖြစ်သောကြောင့် ၎င်းကို သတ်မှတ်နံပါတ်အဖြစ် အသုံးပြုသည်။ နံပါတ်စဉ်မပါရှိပါက စီမံရေးရာတာဝန်ခံက အဖွဲ့အစည်း၏ နံပါတ်စဉ်ကို ပေးရမည်။ ထိုနံပါတ်ကို မပျက်သော မှင်ဘောပင်ဖြင့် ပစ္စည်းပေါ်တွင် (အများအားဖြင့် နောက်ဘက် သို့မဟုတ် အောက်ခြေတွင်) ရေးမှတ်ထားသင့်သည်။

၅။ စီမံရေးရာတာဝန်ခံသည် ဤပစ္စည်းကို အဖွဲ့ပိုင်ပစ္စည်း မှတ်ပုံတင်စာရင်း (Fixed Asset Register) တွင် ထည့်သွင်းသည်။ အဖွဲ့ပိုင်ပစ္စည်း မှတ်ပုံတင်စာရင်းတွင် လက်ရှိ ရေတွက်စစ်ဆေးခဲ့သည့်အချိန်နှင့် စာရင်းကို မည်သည့်အချိန်တွင် တင်သွင်းခဲ့သည်ကို ဖော်ပြရမည်။ ထို့နောက် ၎င်းတွင် အဖွဲ့ပိုင်ပစ္စည်းအမျိုးအစား/အရောင်စသည့်ဖော်ပြချက်၊ ထုတ်လုပ်သည့် ကုမ္ပဏီ၊ မော်ဒယ်၊ နံပါတ်စဉ်၊ ဘတ်ဂျက်၊ ဝယ်ယူသည့်စျေးနှုန်း၊ ဝယ်ယူသည့် သို့မဟုတ် လက်ခံရရှိသည့်ရက်စွဲ၊ လက်ခံသည့်နေရာ (ဥပမာ- စီမံရေးရာတာဝန်ခံရုံး) တို့ကို မှတ်တမ်းတင်ထားသည်။ အဖွဲ့ပိုင်ပစ္စည်း မှတ်ပုံတင်စာရင်းကို အဖွဲ့ပိုင်ပစ္စည်းနှင့် ပစ္စည်းစာရင်းဖိုင်၏ အဖွဲ့ပိုင်ပစ္စည်း ဖိုင်ခွဲတွင် ထားရှိသည်။

၆။ စီမံရေးရာတာဝန်ခံသည် ယင်းအဖွဲ့ပိုင်ပစ္စည်းကို အသုံးပြုရန် တာဝန်ယူမည့်သူအား ပေးအပ်သည်။

အဖွဲ့ပိုင်ပစ္စည်းများ ထိန်းသိမ်းခြင်း(MAINTAINING FIXED ASSETS)

၁။ အဖွဲ့ပိုင်ပစ္စည်းများသည် တန်ဖိုးရှိသည့်အတွက် ဂရုတစိုက် အသုံးပြုရမည်။ အချို့ အဖွဲ့ အစည်းများသည် ၎င်းတို့၏ အဖွဲ့ပိုင်ပစ္စည်းအချို့အတွက် မည်သူက၊ မည်သည့်အချိန်တွင်၊ မည်မျှကြာကြာ အသုံးပြုနိုင်သည်နှင့် ထိုသို့အသုံးပြုခြင်းအတွက် အခ ကြေးငွေ ရရှိမှု ရှိ၊မရှိကို ဖော်ပြသည့် သီးခြားမူဝါဒများကို ရေးဆွဲလေ့ရှိသည်။ ဥပမာ – အဖွဲ့ပိုင် ဘာသာပြန်စက်ရှိသည့် အဖွဲ့အနေ ဖြင့် ငှားရမ်းခကို မည်သို့သတ်မှတ်သည်၊ ငှားရမ်းစဉ်က ယူသွားသည့်အတိုင်း မဟုတ်ပဲ ပျက်စီးခဲ့လျှင်၊ ပျောက်ပျက်ခဲ့လျှင် မည်သို့ လျော်ကြေးတောင်းခံမည်တို့ကို သီးခြားမူဝါဒချမှတ်လုပ်ဆောင်ခြင်း၊ ငှားရမ်းသူများထံမှ လက်မှတ်တောင်းခံခြင်းမျိုး

၂။ စီမံရေးရာတာဝန်ခံသည် အဖွဲ့ပိုင်ပစ္စည်းအားလုံးကို ခြောက်လတကြိမ် ရေတွက်စစ်ဆေးပြီး အဖွဲ့ပိုင်ပစ္စည်း မှတ်ပုံတင်စာရင်းကို နောက်ဆုံးအခြေအနေအထိ မှတ်တမ်းထားရှိပြီးဖြစ်ရမည်။ တစ်ခါတစ်ရံတွင် အဖွဲ့ပိုင်ပစ္စည်းများသည် နေရာတနေရာမှ တနေရာသို့ ပြောင်းရွှေ့ခြင်း သို့မဟုတ် ၎င်းတို့၏ အခြေအနေ ပြောင်းလဲခြင်းများရှိနိုင်သည်။ စီမံရေးရာတာဝန်ခံသည် ထိုအချက်အားလုံးကို ပစ္စည်းမှတ်တမ်းတွင် မှတ်တမ်းတင်ထားရမည်။

အဖွဲ့ပိုင်ပစ္စည်းများ ပယ်ဖျက်ခြင်း/စွန့်ပစ်ခြင်း (DISPOSING OF FIXED ASSETS)

၁။ ရံဖန်ရံခါတွင် အဖွဲ့ပိုင်ပစ္စည်းတစ်ခုသည် သုံးစွဲမရတော့အောင် ပျက်စီးသွားသည့် အခြေအနေမျိုး ရှိနိုင်သည်။ သို့မဟုတ် ပစ္စည်းများသည် ခေတ်နောက်ကျနေသောကြောင့် အခြားအဖွဲ့အစည်း သို့မဟုတ် အခြားသူတစ်ဦးဦးအား လှူဒါန်းပြီး အစားထိုးလဲလှယ် ဝယ်ယူလိုခြင်းမျိုးရှိတတ်သည်​။ မည်သည့်အဖွဲ့ပိုင်ပစ္စည်းကို ပယ်ဖျက်လိုသောအခါ (စွန့်ပစ်လိုသောအခါ) စီမံရေးရာတာဝန်ခံသည် ၎င်းကို အဖွဲ့ပိုင်ပစ္စည်း မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ရန်လိုအပ်သည်။

၂။ စီမံရေးရာတာဝန်ခံသည် ပယ်ဖျက်/စွန့်ပစ်သည့်ရက်စွဲနှင့် စွန့်ပစ်ချိန်တွင် အဖွဲ့ပိုင်ပစ္စည်း၏ အခြေအနေကို ဖော်ပြရမည်။  

၃။ ထို့နောက် စီမံရေးရာတာဝန်ခံသည် ထိုပစ္စည်းနှင့် သက်ဆိုင်သော ဝယ်ယူမှု အထောက်အထားများ စာရွက်စာတမ်းအားလုံးကို ဖိုင်မှ ဖယ်ရှားနိုင်သည်။

အဖွဲ့ပိုင်ပစ္စည်းနံပါတ်စဉ်များ ပြုလုပ်ခြင်း

၁။ ပစ္စည်းအတွက် စာလုံးတစ်လုံးကို ရွေးချယ်ပါ။ ဥပမာ- ကုလားထိုင်များအတွက် ‘A’၊ စားပွဲများအတွက် ‘B’ စသည်ဖြင့်။

၂။ စာလုံးနောက်တွင် မတူညီသော နံပါတ်တစ်ခုစီ ထည့်သွင်း၍ ပစ္စည်းတစ်ခုစီကို နံပါတ်ပေးပါ။ ဥပမာ- ကုလားထိုင် ၁၀ လုံးရှိပါက ၎င်းတို့သည် A1၊ A2၊ A3၊ … A10 ဖြစ်လာမည်။ စားပွဲများသည် B1၊ B2၊ B3 စသည်ဖြင့် ဖြစ်လာမည်။

၃။ နံပါတ်စဉ်ကို မပျက်သော မှင်ဘောပင်ဖြင့် ပစ္စည်းပေါ်တွင် ရေးမှတ်ပါ။ နံပါတ်စဉ်များကို အဖွဲ့ပိုင်ပစ္စည်း မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ထားပါ။

အဖွဲ့ပိုင်ပစ္စည်း ပုံစံများ 

  • လက်ခံရရှိမှု မှတ်တမ်း(Receiving Report)* – လက်ခံမှုမှတ်တမ်းသည် မည်သည့် ပစ္စည်းများ (အဖွဲ့ပိုင်ပစ္စည်းများ၊ ကြာရှည်သုံးနိုင်သော သို့မဟုတ် ကုန်လွယ်သော အသုံးအဆောင်ပစ္စည်းများ) အဖွဲ့သို့ရောက်ရှိလာမှုကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပစ္စည်းတစ်ခုခုကို ဝယ်ယူပြီး သို့မဟုတ် ပစ္စည်းလှူဒါန်းမှုကို လက်ခံရရှိပြီးသည်နှင့် လက်ခံရရှိမှု မှတ်တမ်းတွင် ဖြည့်သွင်းရမည်။ လှူဒါန်းရရှိသည့်ပစ္စည်းများကိုလည်း ဝယ်ယူသော ပစ္စည်းများကဲ့သို့ပင် လုပ်ဆောင်ရမည်။ ဝယ်ယူသူနှင့် လက်ခံရယူသူတစ်ဦးဦးက လက်ခံရရှိမှုမှတ်တမ်း ကို ဖြည့်သွင်းသင့်သည်။ ထိပ်ဆုံးတွင် ရောင်းချသူ (သို့မဟုတ် လှူဒါန်းသူ) နှင့် ရက်စွဲကို မှတ်တမ်းတင်သည်။ ထို့နောက် လက်ခံရရှိသည့် ပစ္စည်းတစ်ခုစီအတွက် မည်သည့်ပစ္စည်း၊ အရေအတွက် မည်မျှ၊ ယူနစ်စျေးနှုန်းမည်မျှ၊ စုစုပေါင်းစျေးနှုန်းမည်မျှနှင့် မှတ်ချက်များကို ရေးသွင်းရသည်။
    • လက်ခံရရှိသူ (Received by): ဝယ်ယူသူ သို့မဟုတ် လက်ခံရယူသူ မည်သူမဆို
    • အတည်ပြုသူ (Approved by): အမှုဆောင်ညွှန်ကြားရေးမှူး/အဖွဲ့၏အကြီးအကဲ
  • (ပစ္စည်း ဝယ်ယူမှု အထောက်အထားနှင့် စာရွက်စာတမ်းများ) (Fixed Asset Acquisition Supporting Documentation) – အဖွဲ့ပိုင်ပစ္စည်းတစ်ခုကို လက်ခံရရှိတိုင်း (ဝယ်ယူတိုင်း) အထောက်အထား၊ စာရွက်စာတမ်းများ ပါရှိတတ်သည်။ ဘောက်ချာများ၊ လှူဒါန်းမှုအတည်ပြုသည့် လှူဒါန်းသူများထံမှ စာများ၊ အာမခံ (warranty or guarantee) နှင့် အခြားပတ်သက်သည့် အချက်အလက်များ ပါဝင်နိုင်သည်။ ထိုစာရွက်စာတမ်းများသည် အရေးကြီးပြီး အဖွဲ့ပိုင်ပစ္စည်းဖိုင်တွင် တစုတစည်းတည်း ထားရှိရမည်။ (မှတ်ချက်- အဖွဲ့ပိုင်ပစ္စည်း ဝယ်ယူမှု အထောက်အထား၊ စာရွက်စာတမ်းများသည် ပုံစံ (form) တခုမဟုတ်ဘဲ၊ ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီကပေးသော စာရွက်စာတမ်းများသာဖြစ်သည်။)
  • အဖွဲ့ပိုင်ပစ္စည်း မှတ်ပုံတင်စာရင်း (Fixed Assets Register – FAR)* – FAR သည် အဖွဲ့အစည်းတွင်ရှိသော အဖွဲ့ပိုင်ပစ္စည်းအားလုံးကို စာရင်းပြုစုထားသည့်မှတ်တမ်းဖြစ်သည်။ မှတ်ပုံတင်စာရင်းတွင် ပစ္စည်းတစ်ခုစီ၏ သီးခြားဖော်ပြချက် (၎င်းတွင် အရောင်၊ အရွယ်အစား နှင့် မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားကြောင်း ပါဝင်သင့်သည်၊ ဥပမာ- သစ်သားစားပွဲငယ်)၊ ထုတ်လုပ်သည့် ကုမ္ပဏီနှင့် မော်ဒယ်၊ နံပါတ်စဉ် (ပစ္စည်းတွင် မပါပါက စီမံရေးရာတာဝန်ခံ က ရေးသားရမည်)၊ ဝယ်ယူသည့် ဘတ်ဂျက်ခေါင်းစဉ်၊ ကုန်ကျစရိတ်၊ လက်ခံရရှိသည့် သို့မဟုတ် ဝယ်ယူသည့်ရက်စွဲ၊ နှင့် လက်ခံသည့်နေရာတို့ ပါဝင်သည်။ ပစ္စည်းကို စွန့်ပစ်လိုက်သောအခါ စွန့်ပစ်ချိန်တွင် ပစ္စည်း၏ အခြေအနေ၊ စွန့်ပစ်သည့်ရက်စွဲနှင့် မှတ်ချက်များ (မည်သူ့အား ပေးခဲ့သည် သို့မဟုတ် စွန့်ပစ်လိုက်သည်) ကို နောက်ဆုံးအပိုင်းတွင် ဖြည့်သွင်းရမည်။ နောက်ဆုံး ရေတွက်စစ်ဆေးခဲ့သည့်ရက်စွဲနှင့် မှတ်ပုံတင်စာရင်း၏ ရက်စွဲကို လည်း မှတ်တမ်းတင်ရသည်။ စီမံရေးရာတာဝန်ခံသည် အဖွဲ့အစည်းတွင် အဖွဲ့ပိုင် ပစ္စည်းများ ရှိသော နေရာနှင့် ရုံးခွဲ/အလုပ်ရုံကဲ့သို့သော နေရာတစ်ခုစီအတွက် အဖွဲ့ပိုင်ပစ္စည်း မှတ်ပုံတင်စာရင်းတခုစီ ထားရှိသင့်သည်။
    • ရေးသွင်းသူ (Prepared by): စီမံရေးရာတာဝန်ခံ
    • အတည်ပြုသူ (Approved by): အမှုဆောင်ဒါရိုက်တာ

လက်ခံမှတ်တမ်း

ရောင်းချသူ (သို့မဟုတ်) လှူဒါန်းသူအမည်____________________________________________

ရက်စွဲ______________________________________________________________________

ပစ္စည်းအမျိုးအမည်အရေအတွက်ယူနစ်တန်ဖိုးစုစုပေါင်းကျသင့်ငွေမှတ်ချက်
     
     
     
     
     
     
     
     
     
     

ဘောက်ချာ (Bill) ကို ဝယ်ယူရန်အမှာစာ (Purchase Order) နှင့် လက်ခံရရှိမှုမှတ်တမ်း (Receiving Report) တို့နှင့် တိုက်ဆိုင် စစ်ဆေးပြီးပြီလား။    

   စစ်ဆေးပြီး

   မစစ်ဆေးရသေး

လက်ခံသူ၏အမည်၊လက်မှတ်နှင့်ရာထူး                            အတည်ပြုသူ၏အမည်၊လက်မှတ်နှင့်ရာထူး           

အမည် ___________________________                                   အမည် ___________________________

လက်မှတ် ________________________                                   လက်မှတ် ________________________

ရာထူး _________________________                                      ရာထူး _________________________

အဖွဲ့ပိုင် (ပုံသေ)ပစ္စည်းမှတ်ပုံတင်စာရင်း (FIXED ASSET REGISTER)

နောက်ဆုံး ပစ္စည်းရေတွက်သည့် ရက်စွဲ​  _______________နောက်ဆုံးမှတ်တမ်းရေးသွင်းသည့်ရက်စွဲ  _______________

ပစ္စည်းအမျိုးအမည်ဖော်ပြချက် ထုတ်လုပ်သည့်နိုင်ငံ/မော်ဒယ်Serial No.Budget Categoryဝယ်ယူသည့်ဈေးနှုန်းဝယ်သည့်ရက်စွဲ/ဘောက်ချာနေရာပစ္စည်းစွန့်ပစ်ခြင်း
အခြေအနေနေ့စွဲမှတ်ချက်
          
          
          
          
          
          
          
          
          
          
          
          
          

လက်ခံသူ၏အမည်၊လက်မှတ်နှင့်ရာထူး                            အတည်ပြုသူ၏အမည်၊လက်မှတ်နှင့်ရာထူး           

အမည် ___________________________                                   အမည် ___________________________

လက်မှတ် ________________________                                   လက်မှတ် ________________________

ရာထူး _________________________                                      ရာထူး _________________________

၂.၂- ပစ္စည်းစာရင်း စီမံခန့်ခွဲမှု

ပစ္စည်းစာရင်း (Inventory) တွင် ကြာရှည်သုံးနိုင်သော အသုံးအဆောင်ပစ္စည်းများ နှင့် ကုန်လွယ်သော အသုံးအဆောင်ပစ္စည်းများ နှစ်မျိုးလုံး ပါဝင်သော်လည်း စီမံခန့်ခွဲသည့် လုပ်ထုံးလုပ်နည်းမှာမူ ကွဲပြားသည်။ ပစ္စည်းများသည် မမျှော်လင့်ဘဲ ကုန်သွားခြင်း၊ ပျက်စီး၊ပျောက်ဆုံးခြင်းများလည်း ဖြစ်နိုင်သောကြောင့် ပစ္စည်းစာရင်းစနစ် သေချာစွာထားရှိရန် အရေးကြီးသည်။ အဖွဲ့အစည်းများ ၏ ပစ္စည်းစာရင်းများကို သေချာစွာမှတ်တမ်းတင်ရသည့် အဓိကအကြောင်းရင်း သုံးခုမှာ – 

၁) မည်သည့်အချိန်တွင်မဆို ပစ္စည်းအားလုံးကို ရေတွက်စရာမလိုဘဲ မိမိတွင် မည်မျှအတိအကျရှိသည်ကို သိရှိနိုင်ရန်၊ 

၂) ပစ္စည်းများကို ပြန်လည်မှာယူရန် အချိန်ကို ကြိုတင်ခန့်မှန်းသိရှိရန် နှင့် 

၃) မတူညီသည့်အသုံးအဆောင်ပစ္စည်းများကို မည်သို့အသုံးပြုနေကြောင်း အလွယ်တကူ စစ်ဆေးနိုင်ရန်အတွက်ဖြစ်သည်။

သက်တမ်းကြာရှည်စွာအသုံးပြုနိုင်သော အသုံးအဆောင်ပစ္စည်းများ

(NON-EXPENDABLE SUPPLIES)

ကြာရှည်စွာသုံးနိုင်သော အသုံးအဆောင်ပစ္စည်းများ လက်ခံရယူခြင်း

၁။ စီမံရေးရာတာဝန်ခံသည် ကြာရှည်သုံးနိုင်သော အသုံးအဆောင်ပစ္စည်း ဝယ်ယူရေးအတွက် ဝယ်ယူရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများအတိုင်း ဝယ်ယူသည်။ 

၂။ စီမံရေးရာတာဝန်ခံသည် ဝယ်ယူသည့်ပစ္စည်းလက်ခံရရှိလျှင် လက်ခံရရှိမှုမှတ်တမ်း (Receiving Report) တွင် ဖြည့်သွင်းပြီး အမှုဆောင်ညွှန်ကြားရေးမှူးက အတည်ပြုသည်။

၃။ ထို့နောက် စီမံရေးရာတာဝန်ခံသည် ဤပစ္စည်းကို ကြာရှည်စွာသုံးနိုင်သော ပစ္စည်းများ မှတ်ပုံတင်စာရင်း (Non-Expendable Supplies Register) တွင် ထည့်သွင်းသည်။ ကြာရှည်သုံးနိုင်သော ပစ္စည်းများ မှတ်ပုံတင်စာရင်းတွင် ထုတ်လုပ်သည့်ကုမ္ပဏီ၊ မော်ဒယ်၊ တည်နေရာ၊ လက်ခံရရှိသည့်ရက်စွဲ၊ အရေအတွက်နှင့် ပစ္စည်းကို မည်သို့/မည်သည့်အချိန်တွင် စွန့်ပစ်ခဲ့သည်ကို မှတ်တမ်းတင်ထားသည်။ ကြာရှည်သုံးနိုင်သော ပစ္စည်းများ မှတ်ပုံတင်စာရင်းကို အဖွဲ့ပိုင် (ပုံသေ) ပစ္စည်းနှင့် ပစ္စည်းစာရင်းဖိုင် (inventory) ၏ ပစ္စည်းစာရင်း ဖိုင်ခွဲတွင် ထားရှိသည်။

၄။ စီမံရေးရာတာဝန်ခံသည် ပစ္စည်းများကို ပစ္စည်းထိန်း(ရှိလျှင်) သို့မဟုတ် ထိုတာဝန်အပ်နှင်းခံရသူအား ပေးအပ်ပြီး ပစ္စည်းထိန်းက ၎င်းတို့ကို ရုံး၏စတို/ဗီဒိုတွင် ထည့်သွင်းသည်။ ပစ္စည်းထိန်းသည် စီမံရေးရာတာဝန်ခံမဖြစ်ရပါ။ ရုံး၏ ပစ္စည်းထားသိုရာနေရာသည် ခိုင်ခံ့သော/သော့ခတ်ထားသည့် လုံခြုံသောနေရာ ဖြစ်ရမည်။ ပစ္စည်းထိန်းသည် စတို သို့မဟုတ် ပစ္စည်းထားသိုရာနေရာ၏ တစ်ခုတည်းသောသော့ကို ကိုင်ဆောင်ရမည်။

ကြာရှည်သုံးနိုင်သော အသုံးအဆောင်ပစ္စည်းများ ထိန်းသိမ်းခြင်း

၁။ စီမံရေးရာတာဝန်ခံသည် စတိုနှင့် ရုံးရှိ ကြာရှည်သုံးနိုင်သော အသုံးအဆောင်ပစ္စည်းများကို သုံးလတစ်ကြိမ် ရေတွက်စစ်ဆေးပြီး ၎င်းတို့သည် ကြာရှည်သုံးနိုင်သော ပစ္စည်းများ မှတ်ပုံတင်စာရင်းပါ မှတ်တမ်းများနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးရမည်။

၂။ ဝန်ထမ်းတဦးဦးသည် စတိုထဲတွင်ရှိသော ကြာရှည်သုံးနိုင်သော အသုံးအဆောင်ပစ္စည်းတစ်ခုကို အသုံးပြုရန် လိုအပ်သောအခါ၊ အသုံးအဆောင်ပစ္စည်း တောင်းခံလွှာ (Supply Request Form – SRF) ကို ဖြည့်သွင်းတောင်းခံရမည်။ အသုံးအဆောင်ပစ္စည်း တောင်းခံလွှာတွင် မည်သူက မည်သည့်ပစ္စည်းကို လိုချင်သည်ကို ဖော်ပြသည်။

၃။ ပစ္စည်းတောင်းခံသူသည် ၎င်းတို့၏ လုပ်ငန်းအတွက် လိုအပ်ပါက နှင့် အဆိုပါပစ္စည်းသည် ၎င်းတို့၏ စီမံကိန်း၏ အစိတ်အပိုင်းဖြစ်ပါက အမှုဆောင်ညွှန်ကြားရေးမှူးက အသုံးအဆောင်ပစ္စည်းတောင်းခံလွှာကို အတည်ပြုသည်။ အဆိုပါပစ္စည်းကို တောင်းခံသူ၏ စီမံကိန်း၏ဘတ်ဂျက်တွင်မပါရှိလျှင် အမှုဆောင်ညွှန်ကြားရေးမှူးသည် အထူးအခြေအနေများတွင်သာ တောင်းခံလွှာကို အတည်ပြုသင့်သည်။

၄။ ပစ္စည်းလိုအပ်သူသည် အတည်ပြုထားသော အသုံးအဆောင်ပစ္စည်း တောင်းခံလွှာကို ပစ္စည်းထိန်းအားပေးအပ်ရမည်။ ပစ္စည်းထိန်းသိမ်းသူကအတည်ပြုထားသော အသုံးအဆောင်ပစ္စည်း တောင်းခံလွှာတွင်ပါရှိသူများကိုသာ ပစ္စည်းထုတ်ပေးနိုင်သည်။ ပစ္စည်းထိန်း က ပစ္စည်းတောင်းခံသူအား ပစ္စည်းပေးပြီးနောက် လက်ခံရရှိသူက အသုံးအဆောင်ပစ္စည်း တောင်းခံလွှာတွင် လက်မှတ်ရေးထိုးရမည်။

၅။ ပစ္စည်းထိန်းသည် ဖြည့်သွင်းထားပြီးသည့် အသုံးအဆောင်ပစ္စည်း တောင်းခံလွှာကို စီမံရေးရာတာဝန်ခံအား ပေးပို့ရမည်။

၆။ စီမံရေးရာတာဝန်ခံသည် ကြာရှည်အသုံးပြုနိုင်သော ပစ္စည်းများ မှတ်ပုံတင်စာရင်းကို အပ်ဒိတ်လုပ်ပြီး SRF ကို စာရင်းပစ္စည်းဖိုင်တွင် ထည့်သွင်းသိမ်းဆည်းရမည်။

ကြာရှည်စွာအသုံးပြုနိုင်သော အသုံးအဆောင်ပစ္စည်းများ ဖယ်ရှား/စွန့်ပစ်ခြင်း

(DISPOSING OF NON-EXPENDABLE SUPPLIES)

၁။ ရံဖန်ရံခါတွင် ကြာရှည်သုံးနိုင်သော အသုံးအဆောင်ပစ္စည်းတစ်ခုသည် ပျက်စီးသွားပြီး အသုံးမပြုနိုင်တော့သည်အခြေအနေမျိုး သို့မဟုတ်၊ အချို့ကြာရှည်သုံးနိုင်သော အသုံးအဆောင်ပစ္စည်းများသည် ခေတ်မမီတော့သောကြောင့် အဖွဲ့အစည်းအနေဖြင့် ၎င်းတို့ကို အခြားသူတစ်ဦးဦးအား လှူဒါန်းလိုခြင်းမျိုးလည်း ရှိနိုင်သည်။ မည်သည့်ကြာရှည်သုံးနိုင်သော အသုံးအဆောင်ပစ္စည်း ကိုမဆို ရုံးမှ ဖယ်ရှားလိုသောအခါ (စွန့်ပစ်လိုသောအခါ) စီမံရေးရာတာဝန်ခံသည် ၎င်းကို ကြာရှည်သုံးနိုင်သော ပစ္စည်းများ မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ရမည်။

၂။ စီမံရေးရာတာဝန်ခံသည် စွန့်ပစ်သည့်ရက်စွဲနှင့် စွန့်ပစ်ချိန်တွင် ကြာရှည်သုံးနိုင်သော အသုံးအဆောင်ပစ္စည်း၏ အခြေအနေကို ဖော်ပြရမည်။

၃။ စီမံရေးရာတာဝန်ခံသည် ကြာရှည်သုံးနိုင်သော အသုံးအဆောင်ပစ္စည်းကို စွန့်ပစ်ရန် လို/မလိုကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

ကုန်လွယ်သော အသုံးအဆောင်ပစ္စည်းများ(EXPENDABLE SUPPLIES)

ကုန်လွယ်သော အသုံးအဆောင်ပစ္စည်းများ လက်ခံရယူခြင်း

(RECEIVING EXPENDABLE SUPPLIES)

၁။ စီမံရေးရာတာဝန်ခံသည် ကုန်လွယ်သော အသုံးအဆောင်ပစ္စည်း ဝယ်ယူရေးအတွက် ဝယ်ယူရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဝယ်ယူသည်။ 

၂။ စီမံရေးရာတာဝန်ခံသည် ဝယ်ယူသည့်ပစ္စည်းများ လက်ခံရရှိလျှင် လက်ခံရရှိမှုမှတ်တမ်း (Receiving Report) တွင် ဖြည့်သွင်းပြီး အမှုဆောင်ညွှန်ကြားရေးမှူးက အတည်ပြုသည်။

၃။ ထို့နောက် စီမံရေးရာတာဝန်ခံသည် ဤပစ္စည်းကို အသုံးအဆောင်ပစ္စည်းထိန်းချုပ်ကတ် (Supply Control Card – SCC) တွင် ထည့်သွင်းသည်။ ယင်းကတ်သည် ပစ္စည်းတစ်ခုစီအတွက် မှတ်ပုံတင်စာရင်းကဲ့သို့ပင် ဖြစ်သည်။ ၎င်းတွင် ပစ္စည်းအမည်နှင့် မည်သည့်အချိန်တွင် လက်ခံရရှိပြီး ထုတ်ပေးခဲ့သည်ကို မှတ်တမ်းတင်ထားသည်။ ယင်းကတ်များကို အဖွဲ့ပစ္စည်းနှင့် ပစ္စည်းစာရင်း ဖိုင်၏ ပစ္စည်းစာရင်း (inventory) ဖိုင်ခွဲတွင်ထားရှိသည်။ SCC တွင် မှတ်တမ်းတင်ထားသော ပမာဏသည် ဂိုဒေါင်ထဲတွင် ရှိသည်များနှင့် အမြဲတမ်း ကိုက်ညီနေရမည်။

၄။ စီမံရေးရာတာဝန်ခံသည် ပစ္စည်းများကို ပစ္စည်းထိန်းအားပေးအပ်ပြီး ပစ္စည်းထိန်းက ၎င်းတို့ကို ရုံး၏ စတို/ဗီဒို ထဲတွင် ထည့်သွင်းသည်။

ကုန်လွယ်သော အသုံးအဆောင်ပစ္စည်းများ ထိန်းသိမ်းခြင်း

(MAINTAINING EXPENDABLE SUPPLIES)

၁။ စီမံရေးရာတာဝန်ခံသည် စတို/ဗီဒိုထဲတွင်ရှိသော (ရုံးတွင် လက်ရှိသုံးနေပြီးသော ပစ္စည်းများမပါဝင်) ကုန်လွယ်သည့် အသုံး အဆောင်ပစ္စည်းများကို လစဉ်ရေတွက်စစ်ဆေးပြီး ၎င်းတို့သည် ထောက်ပံ့ရေး ထိန်းချုပ်ကတ်ပါ မှတ်တမ်းများနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးရမည်။

၂။ ဝန်ထမ်းတဦးဦးသည် စတို/ဗီဒိုထဲတွင်ရှိသော ကုန်လွယ်သည့် အသုံးအဆောင်ပစ္စည်းတစ်ခုကို အသုံးပြုရန် လိုအပ်သောအခါ၊ ၎င်းတို့သည် အသုံးအဆောင်ပစ္စည်း တောင်းခံလွှာ (Supply Request Form) ကို ဖြည့်သွင်းရမည်။

၃။ အဆိုပါပစ္စည်းသည် ၎င်းတို့၏ လုပ်ငန်းအတွက် လိုအပ်ပါက နှင့် အဆိုပါပစ္စည်းသည် ၎င်းတို့၏ စီမံကိန်း၏ အစိတ်အပိုင်းဖြစ်ပါက စီမံရေးရာတာဝန်ခံက အသုံးအဆောင်ပစ္စည်း တောင်းခံလွှာကို အတည်ပြုသည်။ ကုန်လွယ်သော ပစ္စည်းများသည် တန်ဖိုးနည်းခြင်းကြောင့် စီမံရေးရာတာဝန်ခံ(အမှုဆောင်ညွှန်ကြားရေးမှူးကိုယ်စား) က ၎င်းတို့အတွက် တောင်းခံမှုများကို အတည်ပြုနိုင်သည်။

၄။ ပစ္စည်းလိုအပ်သူသည် အတည်ပြုထားသော အသုံးအဆောင်ပစ္စည်း တောင်းခံလွှာကို ပစ္စည်းထိန်းအား ပေးပြီး ပစ္စည်းထိန်း သည် ဖြည့်သွင်းပြီး/အတည်ပြုထားသော အသုံးအဆောင်ပစ္စည်း တောင်းခံလွှာပါရှိသူများကို ပစ္စည်းထုတ်ပေးနိုင်သည်။ ပစ္စည်းထိန်းက ပစ္စည်းတောင်းခံသူအား ပစ္စည်းပေးပြီးနောက် လက်ခံရရှိသူက အသုံးအဆောင်ပစ္စည်း တောင်းခံလွှာတွင် လက်မှတ်ရေးထိုးရမည်။

၅။ ပစ္စည်းထိန်းသည် ဖြည့်သွင်းပြီးသော အသုံးအဆောင်ပစ္စည်း တောင်းခံလွှာကို စီမံရေးရာတာဝန်ခံအား ပေးသည်။

၆။ စီမံရေးရာတာဝန်ခံသည် ထောက်ပံ့ရေး ထိန်းချုပ်ကတ်ကို ပုံမှန်လက်ကျန်စာရင်းပြုစုရမည်။

ကုန်လွယ်သော အသုံးအဆောင်ပစ္စည်းများ စွန့်ပစ်ခြင်း

(DISPOSING OF EXPENDABLE SUPPLIES)

ကုန်လွယ်သော အသုံးအဆောင်ပစ္စည်းများသည် အသုံးပြုပြီးနောက် လွှင့်ပစ်ရန်ဖြစ်သောကြောင့်၊ ပစ္စည်းရရှိသူသည် အမြဲတမ်းပစ္စည်းများ သို့မဟုတ် မကုန်ခန်းနိုင်သော ပစ္စည်းများကဲ့သို့ မှတ်တမ်းတင်စရာမလိုဘဲ မည်သည့်အချိန်တွင်မဆို ၎င်းကို စွန့်ပစ်နိုင်ပါသည်။

လာမည့်စနေနေ့တွင် ၂.၂ တွင် ကျန်ရှိသည့်အပိုင်းများနှင့် ပုံစံများကို ဆက်လက်တင်ပြပေးပါမည်။

အဖွဲ့အစည်း၏ငွေကြေးအရင်းအမြစ်များ စီမံခန့်ခွဲမှု

အဖွဲ့အစည်းတခု၏လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှု (Operational Management) တွင် အရေးပါသည့်  ငွေကြေးအရင်းအမြစ်များ စီမံခန့်ခွဲမှုအပိုင်းကို ဆက်လက်တင်ပြဆွေးနွေးပါမည်။ ငွေကြေးအရင်းအမြစ်များ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အခြေခံငွေစာရင်းပိုင်းဆိုင်ရာစွမ်းရည်များကို ယခင် IRC တွင်လုပ်ကိုင်ခဲ့စဉ်က လုပ်ဖော်ကိုင်ဖက် ဘဏ္ဍာရေးပိုင်းဆိုင်ရာညှိနှိုင်းရေးမှူးရေးသားခဲ့သည့် အခြေခံငွေစာရင်းဆိုင်ရာစွမ်းရည်များ သင်တန်းလက်စွဲမှ အချက်များအပေါ် အခြေခံ၍ ပြန်လည်ရေးသားတင်ပြပေးထားခြင်းဖြစ်ပါသည်။ သူရေးသား ထားသည့် အင်္ဂလိပ်ဘာသာဖြင့် မူရင်းကိုလည်း လေ့လာကြည့်ရှုနိုင်ရန် ဝေမျှပေးထားပါသည်။

၁၊ စာရင်းအင်း (Account) ဆိုသည်မှာ 

အဖွဲ့အစည်းတခု ဖွဲ့စည်းလုပ်ဆောင်လည်ပတ်ရာတွင် ငွေကြေးအသုံးပြုမှုများပါဝင်လာသည်နှင့်တပြိုင်နက်တည်း စာရင်းအင်းရေးဆွဲခြင်းသည် မဖြစ်မနေပါဝင်လာပြီဖြစ်သည်။

ငွေစာရင်းဆိုသည်မှာ – `ငွေကြေးဆိုင်ရာအရောင်းအဝယ် မှတ်တမ်းတစ်ခုဖြစ်ပြီး သတ်မှတ်ထားသောစာအုပ်ထဲတွင် ရေးသွင်း၍ဖြစ်စေ ကွန်ပျူတာထဲတွင် မှတ်တမ်းရေးသွင်း၍ဖြစ်စေ မှတ်တမ်းတင်ဖော်ပြတတ်သည်။´

                                                                        Mango (Management Accounting for NGOs)

 ငွေစာရင်းဆိုသည်မှာ ရင်းနှီးထားသောတန်ဖိုး၊ ပစ္စည်း၊ ပိုင်ရှင်၏ရှယ်ယာတန်ဖိုး၊ အခွန် သို့မဟုတ် သုံးစွဲငွေတို့ကို အသေးစိတ်မှတ်တမ်းတင်ထားသည့် မှတ်တမ်း ဖြစ်ပါသည်။ ငွေစာရင်းသည် စာရင်းအင်းစနစ်၏အစိတ်အပိုင်းတစ်ခု လည်းဖြစ်သည်။ တနည်းအားဖြင့် ငွေကြေးအပေး/အယူ မှတ်တမ်းဖြစ်ပြီး ငွေပေးခြင်း၊ငွေယူခြင်းစတင်ပြုလုပ်ခြင်း၊ ထိုသို့လုပ်ဆောင်သည်ကို အသိအမှတ်ပြုခြင်း၊ လုပ်ဆောင်မှုအဆင့်ဆင့်နှင့် အကျဉ်းချုပ်များကို ဖော်ပြခြင်းတို့ ပါဝင်သည်။  

စာရင်းအင်းအစီရင်ခံစာရေးသားရာတွင် အဆင့်ဆင့်မှတ်တမ်းတင်ပုံအဆင့်ဆင့်မှာ – 

၁) ငွေပေးငွေယူများကို မှတ်တမ်းတင်ခြင်း

၂) အမျိုးအစားခွဲခြားခြင်း

၃) ဝင်ငွေထွက်ငွေစာရင်းညှိခြင်း

၄) အနှစ်ချုပ်ရှင်းတမ်းပြုစုခြင်း

၅) ငွေကြေးရှင်းတမ်းတင်ပြခြင်း

၂၊ ရသုံးမှန်းခြေငွေစာရင်း (Budget)

ရသုံးမှန်းခြေငွေစာရင်းဆိုသည်မှာ အဖွဲ့အစည်းတစ်ခုသည် ဝင်ငွေမည်မျှရနိုင်ပြီး မည်မျှ ပြန်လည်သုံးစွဲရမည်ကို ပြသသည့် စာရင်းတခုပင်ဖြစ်သည်။ ရသုံးမှန်းခြေငွေစာရင်းတွင် အဖွဲ့အစည်းအနေဖြင့် မိမိတို့အဖွဲ့အတွက် ဝန်ထမ်းလစာ၊ အထွေထွေ အသုံးစရိတ်၊ လုပ်ငန်းလည်ပတ်ရန်ကုန်ကျမည့်ငွေနှင့် အခြားအဖွဲ့အနေဖြင့်ကုန်ကျနိုင်မည့်ငွေများ အားလုံးကို တင်ကြိုခန့် မှန်းထားပြီး အဖွဲ့အနေဖြင့် ရနိုင်မည့်ဝင်ငွေနှင့် သုံးစွဲမည့်ငွေများအားလုံးကို ထည့်သွင်းတွက်ချက်ကြသည်။ ရသုံးမှန်းခြေငွေ စာရင်းတွင် – 

  • ရှေ့နှစ်အတွက် အစီအစဉ်  
  • လုပ်ဆောင်မည့် လုပ်ငန်းများ၏ကုန်ကျစရိတ်ကို ပြသထားသော ဘဏ္ဍာရေးမှတ်တမ်း  ငွေကြေး လိုအပ် သလောက်မရှိသည့် သို့မဟုတ် အားနည်းနေသော အခြေအနေများကိုကြိုတင်တွက်ချက်ခြင်း 
  • ဝင်ငွေကို စစ်ဆေးကြီးကြပ်ရန်အတွက် စီမံခန့်ခွဲမှုနည်းလမ်း 
  • ငွေကြေးအထောက်အပံ့ရရှိရေးအတွက် လုပ်ကိုင်ရန် သို့မဟုတ် အရောင်းအားမြှင့်တင်ရန် ကုန်ကျမည့်ငွေကြေး များပါဝင်နိုင်သည်။

အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းတိုင်းသည် အဖွဲ့၏စီမံချက်များနှင့် အကောင်အထည် ဖော်မည့်လုပ်ငန်းများအတွက် ရသုံးမှန်းခြေငွေစာရင်းကို သိရှိထားရန်လိုအပ်ပါသည်။ ရသုံးမှန်းခြေငွေစာရင်းနှင့်ပတ်သက်၍ အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းအသီးသီးနှင့်သက်ဆိုင်သည့်လုပ်ငန်းများတွင် ဆက်လက်၍ဖော်ပြပေးထားပါသည်။

•     ဘဏ္ဍာရေးအဖွဲ့- ရသုံးမှန်းခြေငွေစာရင်းတစ်ခုလုံးကို တရားဝင်အတည်ပြုပြီး သုံးစွဲမှုများ ကို စစ်ဆေးကြီးကြပ်သွားရန် လိုအပ်ပါသည်။ 

•     ညွှန်ကြားရေးမှူး – အဖွဲ့အစည်းတစ်ခုလုံးနှင့် ဘဏ္ဍာရေးအခြေအနေဖြစ်ပေါ်တိုးတက်မှုများကို သိရှိနေရပါမည်။ 

•     စီမံကိန်းမန်နေဂျာများ- စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်မှုကို ကြီးကြပ်ဆောင်ရွက်ရပါမည်။  

•     ငွေကြေးအကူအညီရှာဖွေသူများ (fundraisers) – NGOs များတွင် ငွေကြေးအထောက်အပံ့လျှောက်ထားခြင်းများ အတွက် ရသုံးမှန်းခြေငွေစာရင်းလိုအပ်သကဲ့သို့ အဖွဲ့၏ကုန်ပစ္စည်းများ သို့မဟုတ် လုပ်ငန်းများကို အရောင်းမြှင့်တင် ရန်လုပ်ဆောင်ရသူများသည်လည်း အဖွဲ့၏ ဘတ်ဂျက်နှင့် အရောင်းမြှင့်တင်ရန်ရည်မှန်းချက် (target) အတွက် သိရှိရပါမည်။ 

•     ဘဏ္ဍာရေးဌာနဝန်ထမ်းများ/စာရင်းကိုင် – သုံးစွဲငွေအတွက် လုံလောက်သောငွေကြေး ဘဏ်တွင်ရှိမရှိ သေချာ အောင် ဆောင်ရွက်ရပါမည်။ 

•     ငွေကြေးပံ့ပိုးမည့်အဖွဲ့အစည်းများ/အစုရှယ်ယာရှင်များ/ရင်းနှီးမြှုပ်နှံသူများ          – အဖွဲ့အစည်းတစ်ခုသည် ၎င်းတို့ ထောက်ပံ့ထားသောငွေကြေးကို မည်သို့ သုံးစွဲရန် ရည်ရွယ်ထားကြောင်း ကြည့်ရှုနိုင်ပါသည်။ 

ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်းဆိုင်ရာ ချည်းကပ်နည်းများ

ရသုံးမှန်းခြေငွေစာရင်းရေးဆွဲနည်း အမျိုးမျိုးရှိပါသည်။ 

ရသုံးမှန်းခြေငွေစာရင်းဆိုသည်မှ အဖွဲ့အစည်းကလုပ်ဆောင်မည့်လုပ်ငန်းများလုပ်ဆောင်ရန် ကုန်ကျမည့်ငွေကြေး များကို တွက်ချက်ရေးဆွဲခြင်းပင်ဖြစ်သည်။ အဖွဲ့တခုတွင် လုပ်ငန်းများကိုအကောင်အထည်ဖော်ရန် တာဝန်ရှိသောသူများသည် ရသုံးမှန်းခြေ ငွေစာရင်းရေးဆွဲရာတွင် ပါဝင်ရန် အရေးကြီးပါသည်။  ထိုကဲ့သို့ပါဝင်ခြင်းမရှိပါက ရသုံးမှန်းခြေငွေစာရင်း သည် တိကျမှုမရှိနိုင်ပါ။ ဝန်ထမ်းများ စီစဉ်ထားသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ရသုံးမှန်းခြေငွေစာရင်း နှင့် ကိုက်ညီအောင်သုံးစွဲနိုင်ရန်မှာ ခက်ခဲပါလိမ့်မည်။  

စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်သည့် ဝန်ထမ်းများသည် သူတို့၏ ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်းတွင် ပါဝင်လျှင်`အောက်မှအထက်သို့´ ရသုံးမှန်းခြေငွေစာရင်းရေးဆွဲနည်းဖြင့် ဖော်ပြကြသည်။ ၎င်းနှင့်ဆန့်ကျင်ဖက်မှာ အထက် ကမန်နေဂျာများ ရေးဆွဲသည့် `အထက်မှအောက်´ ရေးဆွဲခြင်းမျိုးဖြစ်ပါသည်။ အဖွဲ့အစည်းအများအပြားသည် ထိုနည်း လမ်း နှစ်မျိုးစလုံးကို ရောနှောကျင့်သုံးကြပါသည်။   

ရသုံးမှန်းခြေငွေစာရင်းရေးဆွဲနည်း အမျိုးမျိုးရှိပါသည်။ သင်တန်းသားများသည် မိမိတို့အတွက် အကောင်းဆုံးဖြစ်မည့် နည်းကို အသုံးပြုသင့်သည်။

က(ဂxဃxစ)
ငွေစာရင်း အမှတ်ငွေစာရင်းအကြောင်းအရာအမျိုးအမည်ကုန်ကျငွေ(လ/ရက်/ အမျိုးအစား)ပစ္စည်းတစ်ခုချင်း အရေ အတွက်ပစ္စည်းတစ်ခုချင်းကုန်ကျစရိတ်စုစုပေါင်းပစ္စည်းအားလုံးကုန်ကျ စရိတ်စုစု ပေါင်း 
ငွေစာရင်းနှင့်ပတ်သက်ပြီးဆွေးနွေး သည့်အခါ၊ စာရင်း ခေါင်း စဉ်တစ်ခုကိုသာကြည့်လိုသည့်အခါမျိုးတွင်အသုံးဝင် သည်။  ငွေစာရင်းထဲတွင် အတိုချုပ် ဖော်ပြချက်။ အသုံးစရိတ်များ ကိုစုပေါင်းဖော်ပြမည့်အစား ခေါင်းစဉ်အလိုက်ဖော်ပြရန် လိုအပ်ပါသည်။ပစ္စည်းအမျိုးမျိုးဖြစ်နေလျှင် ဤ ဇယားကွက် သည် အသုံး ဝင်သည်။ပစ္စည်း အမျိုး အစား တစ်ခုစီ၏၏ကုန်ကျ စရိတ်ကို ဖော်ပြ သည်။ဤ ဇယား ကွက်သည် ကုန်ကျစရိတ်နှင့်တွက် ချက်မှု၏ အခြေခံဖြစ်ပါသည်။ Unit သည် ငွေစာ ရင်း အမျိုးအစားအရ အမျိုးမျိုးရှိပါလိမ့်မည်။စီမံကိန်းအတွက်လို အပ်သော အရေ အတွက် ကို အတိအကျဖော်ပြပေးပါသည်။တစ်ခုချင်းတန်ဖိုးနှင့် ပစ္စည်း အရေ အတွက်ကို မြှောက်၍ တွက်ချက်ထားသည်။ပစ္စည်းတစ်ခု ချင်းစီ၏ကုန်ကျ စရိတ်များအားလုံးကို စုပေါင်းထား ခြင်းဖြစ်သည်။

တိကျရှင်းလင်းသည့် ရသုံးမှန်းခြေငွေစာရင်းတစ်ခုဖြစ်ရန် –

•          စာရင်းကိုတင်ပြရာတွင် အလွယ်တကူနားလည်နိုင်အောင် ရေးဆွဲရမည်။                                            

•          တွက်ချက်မှုများသည် ရှင်းလင်းရန်လိုအပ်သည်။                 

•          ကုန်ကျစရိတ်၊ ရှင်းလင်းချက်နှင့် တိကျမှု အပြည့်အဝရှိရမည်။

•          ရှင်းလင်းချက်မှတ်စုများ ပေးရမည်။

•          ပါဝင်သင့်သည့် အချက်အလက်များပါဝင်ရမည်။

ဥပမာ – သင်တန်း (၃) ရက်အတွက် ကုန်ကျငွေ –

သင်တန်းခန်းမ ငှားရမ်းစရိတ်       – ၅၀၀,၀၀၀ ကျပ် (တစ်ရက်စာ)   

သင်တန်းနည်းပြစရိတ်                – ၅၀၀,၀၀၀ ကျပ် (တစ်ရက်စာ)  

သင်တန်းနည်းပြတည်းခိုစရိတ်     – ၁၅၀,၀၀၀ ကျပ် (တစ်ည)         

နေ့လည်စာနှင့် လက်ဖက်ရည်သောက်စရိတ် (သင်တန်းသား ၂၈ + သင်တန်းနည်းပြ ၃ = ကိုယ်စားလှယ် ၃၁) ၅၀,၀၀၀ ကျပ် (လူတစ်ဦး) 

သင်တန်းလက်စွဲစာအုပ် ၃၁ အုပ်   – ၃၀,၀၀၀ ကျပ် (တစ်အုပ်)          

 ဖိုင် ၂၈ ခု                                               – ၅,၀၀၀ ကျပ် (ဖိုင်တစ်ခု) 

က(ဂxဃxစ)
ငွေစာရင်း အမှတ်ငွေစာရင်းအကြောင်းအရာအမျိုးအမည် အရေ အတွက်ကုန်ကျငွေ (မြန်မာကျပ်)(လ/ရက်/ အမျိုးအစား)ပစ္စည်းတစ်ခု ချင်း အရေ အတွက်ပစ္စည်း  တစ်ခုချင်း ကုန်ကျစရိတ် စုစုပေါင်းငွေစာရင်း အမှတ်
စာရင်းကိုင်သင်တန်း      
၁.၁သင်တန်းအတွက် အခန်းငှားခ နေ့  
၁.၂သင်တန်းနည်းပြစရိတ် နေ့  
၁.၃သင်တန်းနည်းပြတည်းခိုစရိတ် နေ့  
၁.၄နေလည်စာနှင့် လက်ဖက်ရည် သောက်စရိတ် ကိုယ်စားလှယ်၃၁  
၁.၅သင်တန်းလက်စွဲစာအုပ် ကိုယ်စားလှယ်၃၁  
၁.၆ဖိုင် သင်တန်းသား၂၈  
 စုစုပေါင်း      

၃၊ ငွေစာရင်းအသုံးပြုမှု ဇယား (Chart of Account)
 
ငွေစာရင်းအသုံးပြုမှုဇယားတွင် ငွေစာရင်းစာအုပ်အမည်များနှင့် ၎င်းနှင့်ဆက်စပ်သောနံပါတ်များ စာရင်းကို အစဉ် အတိုင်းပြုလုပ်ထားပါ။ ငွေကြေးဆိုင်ရာ ဖော်ပြချက်များတွင် ထိုအမည်နှင့်နံပါတ်များသည် ပုံမှန်အားဖြင့် ဖော်ပြ လေ့ရှိပါသည်။ ၎င်းအစီအစဉ်များမှာ   
•          ပိုင်ဆိုင်သော အရင်းအနှီး Assets 
•          ပေးရန်ရှိသော ငွေ Liabilities
•          ဝင်ငွေ Revenue
•          သုံးစွဲငွေ Expenses
 
ငွေစာရင်းဇယားကွက်သည် ငွေစာရင်းအစီရင်ခံစာများရေးသားပေးပို့ခြင်းအတွက် အရေးကြီးသောနည်းစနစ်တစ်ခု ဖြစ်ပါသည်။  အဖွဲ့အစည်းတစ်ခုတွင် ငွေကြေးဆိုင်ရာဆောင်ရွက်မှုပုံစံ အမျိုးမျိုးရှိတတ်ကြသည်။ ထိုအဖွဲ့အစည်းသည် အဖွဲ့၏ရည်ရွယ်ချက်များအောင်မြင်ရေးအတွက် အထောက်အကူဖြစ်စေမည် ပစ္စည်းပစ္စယများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲကြရပါသည်။ ရုံးခန်းငှားရခြင်းမှသည် သင်တန်းများအတွက် ပစ္စည်းများဝယ်ယူရခြင်းအထိ ဖြစ်ပါသည်။ ထို့အတွက် အန်န်ဂျီအိုအဖွဲ့များသည် လှူဒါန်းငွေနှင့် ထောက်ပံ့ငွေများကဲ့သို့ ဝင်ငွေအမျိုးမျိုးကိုလည်း လက်ခံရရှိသည်။  
၎င်းသည် ငွေကြေးဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းနားလည်စေရန် ဝင်ငွေနှင့် ထွက်ငွေအမျိုးအစားများကို ကြိုတင်၍ ဆုံး ဖြတ်ထားသော အမျိုးအစားများအလိုက် သို့မဟုတ် ငွေစာရင်းများဖြင့် ခွဲထုတ်ရာတွင် အထောက်အကူဖြစ်စေပါသည်။  ထိုငွေစာရင်းများကို ငွေစာရင်းဇယားကွက်တွင် စာရင်းပြုလုပ်သွင်းထားပြီး ဝင်ငွေ၊ ထွက်ငွေ၊အရင်းနှင့်ပေးရန်ရှိငွေ ဟု၍ ငွေစာရင်း၏ပုံသေအစီအစဉ်အတိုင်း ရေးသွင်းရန်ဖြစ်ပါသည်။  
 
ထိုနောက် ငွေပေးငွေယူပြုလုပ်သည့်အခါ စာရင်းစာအုပ်ထဲတွင်ရေးသွင်းထားပြီး ငွေစာရင်းဇယားကွက်တွင်လမ်းညွှန်ထား သည့်အတိုင်း အမျိုးအစားခွဲရသည်။ အဖွဲ့၏ဘဏ္ဍာရေးနှင့်ငွေကြေးဆိုင်ရာအစီရင်ခံစာများတွင်လည်း အမျိုးအစား ခွဲခြားမှုသည် ထပ်တူထပ်မျှဖြစ်ရပါမည်။ သို့မှသာ ပွင့်လင်းမြင်သာပြီးအပြောင်းအလဲမရှိသော ငွေစာရင်းတစ်ခု ဖြစ်ပါလိမ့်မည်။
 
ငွေစာရင်းဇယားကွက်များသည် အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ကွဲပြားခြားနားမှု ရှိပါသည်။ အများစုသုံးလေ့ရှိသောပုံစံမှာ ငွေစာရင်းခေါင်းစဉ်၊ ရည်ညွန်းအမှတ်နှင့် ငွေကြေးသုံးစွဲသည့်အကြောင်းအရာတို့ ဖြစ်ပါသည်။ 
 
၁) ဝင်ငွေ                       : အဖွဲ့အစည်းက ရရှိသော ငွေကြေး (မတူညီသည့်ငွေကြေးရရှိသည့်နေရာများအပေါ်အခြေခံ၍  စသည်ဖြင့် ခွဲခြားမှတ်သားခြင်းမျိုး) ဝင်ငွေအားလုံး၏ ခေါင်းစီးကို ၁xxx ဟု သတ်မှတ်ပြီး နောက်မှ ဝင်ငွေရသည့် အမျိုးအမည်အလိုက် ၁၀၀၁၊ ၁၀၀၂ စသည်ဖြင့်သတ်မှတ်ခြင်း
၂) သုံးစွဲငွေ         : အဖွဲ့အစည်းက သုံးစွဲသော ငွေကြေးများ(ဝန်ထမ်းလခ၊ ရုံးခန်းငှားခ၊ စသည်ဖြင့်)
သုံးစွဲငွေများတွင် အဖွဲ့အစည်းလုပ်ငန်းများလည်ပတ်ရန်အတွက် ကုန်ကျစရိတ်များဖြစ်သည့် ဝန်ထမ်းလစာများ၊ အကြံပေးပုဂ္ဂိုလ်ငှားရမ်းခများ၊ အဖွဲ့ဝန်ထမ်းများ၏ခရီးစရိတ်များ၊ရုံးခန်းငှားခများကို ၂xxx မှစ၍ ၂၀၀၁၊ ၂၀၀၂ စသည်ဖြင့် သတ်မှတ်ခြင်း
 
၄၊ ငွေကြေးစီမံခန့်ခွဲမှု
 
အန်န်ဂျီအိုအဖွဲ့တဖွဲ့သည် ငွေကြေးပံ့ပိုးသည့်အဖွဲ့တဖွဲ့ထံမှငွေကြေးကို အဖွဲ့အစည်းထံသို့ လွှဲပြောင်းခြင်း သို့မဟုတ် သယ်ဆောင်လာခြင်း ပြုလုပ်မည်၊ သို့မဟုတ် ငွေကိုင်သည် ငွေကြေးပံ့ပိုးသည့်အဖွဲ့၏ရုံးခန်းသို့သွားရောက်ရမည်။ သို့မဟုတ် ငွေကြေးပံ့ပိုးသည့်အဖွဲ့မှ ဘဏ်မှတဆင့်လွှဲပြောင်းပေးကြောင်း အကြောင်းကြားမည်။
•    ငွေကိုင်သည် ဘဏ်စာရင်းစာအုပ်ကို စစ်ဆေးရန်လိုအပ်ပါသည်။ သို့မဟုတ် ငွေကြေးကို သွားရောက် ယူဆောင်ခြင်းနှင့် ရေတွက်ခြင်းပြုရပါမည်။ 
•    `ရရှိကြောင်းဖြတ်ပိုင်း သို့မဟုတ် ငွေလက်ခံဖြတ်ပိုင်း´ ကို ငွေကိုင်မှ ပြင်ဆင်ရမည်။ ၎င်းကို ဘဏ္ဍာရေးဌာန ဝန်ထမ်းမှ စစ်ဆေးပြီး ဒါရိုက်တာ/ညှိနှိုင်းရေးမှူး တို့မှ လက်ခံရရှိကြောင်းအတည်ပြုပေးရမည်။  
•    ငွေကိုင်သည် မိတ္တူတစ်စောင်ကို ငွေကြေးပံ့ပိုးသည့်အဖွဲ့ထံပေးပို့ပြီး မူရင်းကို ငွေစာရင်းစာအုပ်ထဲတွင် သိမ်းဆည်းထားရပါမည်။ 
•    ငွေကြေး သို့မဟုတ် ဘဏ်စာအုပ်ကို လုံခြုံသောနေရာတွင် သိမ်းဆည်းထားရပါမည်။ 
•    ငွေကိုင်သည် ငွေစာရင်းစာအုပ်အပြောင်းအလဲလုပ်ငန်းများကို စစ်ဆေးရပါမည်။
 
ငွေကြေးသိမ်းဆည်းခြင်း
ငွေများကို ဘဏ်ငွေစာရင်း သို့မဟုတ် လုံခြုံသောနေရာတွင် သိမ်းဆည်းရမည်။ ငွေကြေး၊ ချက်စာအုပ်၊ အထောက် အထားစာရွက်စာတမ်းများထားရှိရန် လုံခြုံစိတ်ချရသည့်နေရာရှိရန်လိုအပ်သည်။ အဖွဲ့အစည်းအနေဖြင့် အဖွဲ့၏ရုံးတွင် အလွန်များပြား သော ငွေကြေးကို သိမ်းဆည်းရမည်ဆိုပါက လုံခြုံ စိတ်ချရ သည့်နေရာတွင် ရှိရန်လိုအပ်ပါသည်။​ မီးခံသေတ္တာမထားလိုပါကဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်ရသည့်လုပ်ငန်းကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်သင့်သည်။ ငွေကိုင်တစ်ဦးတည်းသာ မီးခံသေတ္တာသော့ကို ကိုင်ထားသင့်ပါသည်။ အကယ်၍ မီးခံသေတ္တာသော့နှစ်ချောင်းရှိလျင် ငွေကိုင်နှင့် ငွေကိုင်မဟုတ်သူ သို့မဟုတ် အမှုဆောင်ဒါရိုက်တာမှ အခြားသော့တစ်ချောင်းကို သိမ်းဆည်းထားရပါသည်။ 
 
(၁)        ဝင်ငွေနှင့်ထွက်ငွေကို ခွဲခြားထားရန်လိုအပ်သည်။
လက်ခံရရှိလာသောငွေကို အခြားအသုံးပြုရန်ငွေများနှင့် အတူထည့်ထားခြင်းမျိုး မည်သည့်အခါမှမပြုလုပ်ပါနှင့်။ ထိုသို့ ပြုလုပ်ခြင်းသည် ငွေစာရင်းမှတ်တမ်းတွင် မှားယွင်းမှုများနှင့် ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေပါသည်။  အဖွဲ့အစည်းက ရရှိ လာသောငွေကြေးအားလုံးကို ဘဏ်တွင် အမြန်ဆုံးအပ်နှံခြင်း သို့မဟုတ် သီးခြားစာရင်းမှတ်သိမ်းဆည်းခြင်းများပြုလုပ် ရပါမည်။ ထိုငွေကို မသုံးစွဲမီ ငွေစာရင်းစာအုပ်တွင် ရေးသွင်း ရပါမည်။ ထိုကဲ့သို့ လုပ်ဆောင်ရန် ပျက်ကွက်ပါက ငွေကြေး ဆိုင်ရာအချက်အလက်များကို ဖော်ပြချက် လွဲမှားသွားပါလိမ့်မည်။  
 
(၂)        လက်ခံရရှိသောငွေကြေးများအတွက် အဖွဲ့အစည်းအနေဖြင့် ငွေလက်ခံဖြတ်ပိုင်းများကို အမြဲပေးရမည်။ 
ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် ငွေလက်ခံသူကို ကာကွယ်နိုင်သကဲ့သို့ ငွေကိုင်သည် ငွေစာရင်း ကို စနစ်တကျ၊ မှန်မှန်ကန်ကန်စွာရေးသွင်းဖြစ်စေသည် ။ ငွေလက်ခံဖြတ်ပိုင်းများကို မှင်နှင့် ရေးသားရပါမည်။ ခဲတံဖြင့် မသုံးရပါ။အမှတ်စဉ်ပါသောလက်ခံဖြတ်ပိုင်းစာအုပ်တွင် ရေးသားခြင်းသည် ပို၍ကောင်းပါသည်။  
 
(၃)       သုံးစွဲခဲ့သောငွေကြေးအတွက် ငွေလက်ခံဖြတ်ပိုင်းပါ အမြဲတမ်းရှိရပါမည်။  
ငွေလက်ခံဖြတ်ပိုင်းတောင်းခံ၍ အမြဲတမ်း မရနိုင်သည့်အခြေအနေမျိုးနှင့် ကြုံရနိုင်ပါသည်။ ဥပမာ ဈေးမှ ပစ္စည်း ဝယ်သည့်အခါမျိုးတွင်ဖြစ်ပါသည်။ ထိုကဲ့သို့ကြုံတွေ့ရပါက ဝယ်ယူသည့်ပစ္စည်းတစ်ခုချင်းစီ၏ကုန်ကျငွေကို ချက်ချင်း ရေးမှတ်ခြင်းဖြင့် မမေ့လျော့သွားစေပါ။ ထို့နောက် ကုန်ကျစရိတ်ကို အသေးသုံးငွေစာရင်းစာရွက်တွင် ပြောင်းလဲ ရေးသွင်းကာ a line manager ၏ ခွင့်ပြုချက် လိုအပ်ပါသည်။ ငွေလက်ခံဖြတ်ပိုင်းမရှိခြင်းသည် ဝယ်ယူခဲ့သော ပစ္စည်းအတွက် အထောက်အထားမရှိခြင်းပင် ဖြစ်သည်ကို မမေ့ပါနှင့်။  
 
(၄)       ပိုငွေကို ဘဏ်ထဲပြန်သွင်းပါ။  
ရုံးခန်းထဲတွင် ငွေများထားရှိခြင်းသည် သူခိုးကို ဆွဲဆောင်ခြင်းတမျိုးပင်ဖြစ်ပါသည်။ တတ်နိုင်သမျှ ဘဏ်တွင် ထားနိုင်ရန် စီစဉ်ခြင်းက ပို၍ကောင်းသည်။ လက်ထဲတွင် ငွေပိုများရှိနေခြင်းသည် လှည့်သုံးရန်အခြေအနေမျိုးကို တွန်းပို့စေ တတ် သည်။ ငွေကြေးလိမ်လည်မှုဇာတ်လမ်းအများစုသည် ထိုသို့လှည့်သုံးဖြစ်ခြင်းမှ စတင်တတ်သည်။ ငွေကို ဘဏ်သို့ ပြန်သွင်းခြင်း သို့မဟုတ် စနစ်တကျစာရင်းပြန်သွင်းခြင်းကို တတ်နိုင်သမျှနေ့စဉ်လုပ်ဆောင်သင့်သည်။ အနည်းဆုံး လက်ခံရရှိပြီး (၃) ရက်အတွင်း ပြန်သွင်း/စာရင်းရှင်းပြီးဖြစ်သင့်ပါသည်။  
 
(၅)       ငွေလက်ခံခြင်းအတွက် သင့်လျော်သောလုပ်ငန်းစဉ်အဆင့်များကို ချမှတ်ဆောင်ရွက်ပါ။  
ငွေကြေးထိန်းသိမ်းရသူများကို အကာအကွယ်ဖြစ်စေရန် ငွေထည့်ထားသောသေတ္တာကိုဖွင့်သည့်အခါ လူနှစ်ဦးအမြဲရှိ သင့်ပါသည်။ နှစ်ဦးစလုံးသည် ငွေကိုရေတွက်ပြီး လက်မှတ်ရေးထိုးရပါမည်။  
 
(၆)       အသေးသုံးငွေထားရှိရာနှင့် မီးခံသေတ္တာဆီ မဝင်ရောက်နိုင်ရန် ကန့်သတ်ထားရပါမည်။ အသေးသုံးငွေထားသည့်သေတ္တာသော့နှင့် မီးခံသေတ္တာသော့တို့ကို တာဝန်ရှိသူလက်ထဲတွင် လုံခြုံစွာ သိမ်းဆည်း ထားသင့်သည်။ ထိုသို့ပေးအပ်ထားခြင်းကို အဖွဲ့အစည်းမှကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသော တာဝန်ရှိသူက စာရင်း မှတ်တမ်းတွင် မှတ်တမ်းတင်ထားရမည်။  
 
(၇)       ငွေကြေးအပေးအယူများကို အနည်းဆုံးဖြစ်အောင် စီစဉ်ထားရှိရပါမည်။ 
အခြားနည်းလမ်းများဖြင့် ငွေကြေးသိမ်းဆည်းရန် အဆင်မပြေပါက လစာပေးခြင်းကို အသေးသုံးငွေဖြင့်သာ အသုံးပြုသင့်သည်။ ဖြစ်နိုင်မည်ဆိုပါက ပစ္စည်းများဝယ်ယူသူ/ငွေပေးချေရမည့် လုပ်ငန်းရှင်များ ၏ဘဏ်ငွေစာရင်းသို့ တိုက်ရိုက်ပေးချေခြင်း သို့မဟုတ် ချက်လက်မှတ်ဖြင့် ငွေပေးချေသင့်သည်။ တတ်နိုင်သမျှ ငွေပေးရမည့်သူမည်သူမဆို၏ ဘဏ်ငွေစာရင်းထံသို့ တိုက်ရိုက်ငွေပေးချေသင့်သည်။ ငွေပေးငွေယူများကို ဘဏ်စာရင်း သို့မဟုတ် ချက်လက်မှတ်ဖြင့် ပေးချေခြင်း၏ အကျိုးကျေးဇူး မှာ ဘဏ်ငွေစာရင်းနှစ်ခုစလုံးကို ယှဉ်ပြီးကြည့်နိုင်သည်။ ထို့အပြင် တာဝန်ရှိသောသူ သာလျှင် ငွေပေးချေမှုကိုပြုလုပ်နိုင်ပြီး မသမာသူများ၏ခိုးယူနိုင်သည့်အလားအလာလည်း လျော့နည်းစေနိုင်သည်။ 
 
၄၊         ငွေထုတ်ယူခွင့်ကို အတည်ပြု ခြင်း (လက်မှတ်ထိုးခွင့်)
 
ငွေထုတ်ယူခွင့်ကို လက်မှတ်ထိုးပေးနိုင်သူများ၏ စာရင်းနှင့် သတ်မှတ်ပမာဏကို ဝန်ထမ်းအားလုံးကို အသိပေးထားရမည်။
မှတ်ချက် – ငွေထုတ်ယူရန်ု အတည်ပြုနိုင်သူ (လက်မှတ်ထိုးနိုင်သူ)စာရင်းသည် အဖွဲ့အစည်းတွင် ငွေထုတ်ပေးမှုကို အတည်ပြုပေးနိုင်သူများ စာရင်းဖြစ်သည်။ ဆုံးဖြတ်သည့်ပုဂ္ဂိုလ်သည် အဖွဲ့အစည်း၏ဘုတ်အဖွဲ့ သို့မဟုတ် အုပ်ချုပ်မှု ကော်မတီ မှ ငွေထုတ်ယူခွင့်အတည်ပြုချက်စာရင်းကို အတည်ပြုပေးလေ့ရှိသည်။ ထိုပုဂ္ဂိုလ်၏အမည်၊ ခွင့်ပြုပေးနိုင်သော ငွေပမာဏနှင့် ခွင့်ပြုချက်အကျိုးသက်ရောက်မည့်ကာလတို့ကို ထည့်သွင်းဖော်ပြလေ့ရှိသည်။ 
ငွေထုတ်ယူခွင့်ကို အတည်ပြုနိုင်သူစာရင်းနမူနာ
                        အမှုဆောင်ညွှန်ကြားမှူး                ငွေကျပ် သိန်း ၁၀၀ အထက်
                        စီမံကိန်းအစီအစဉ် ညှိနှိုင်းရေးမှူး   ငွေကျပ် သိန်း ၅၀ အထက် မှ သိန်း ၁၀၀ အထိ- 
                        စီမံကိန်း ညှိနှိုင်းရေးမှူး                  ငွေကျပ် သိန်း ၂၀ အထက်မှ သိန်း ၅၀ အထိ
                        မန်နေဂျာ                                               ငွေကျပ် သိန်း ၂၀ အထိ
 
 
            
ပုဂ္ဂိုလ်ရေးအရအကျိုးအမြတ်ရှိစေမည့် ငွေပေးငွေယူမှုကို မည်သူမျှလုပ်ပိုင်ခွင့်မရှိပါ။  ထိုကဲ့သို့လုပ်ဆောင်သူကို အခွင့်အာဏာကိုအလွဲသုံးစားလုပ်သူအဖြစ် စွပ်စွဲခံရနိုင်သည်။ လက်အောက်ဝန်ထမ်းများသည် မန်နေဂျာများကို ငွေပေးချေမှုအတွက် လုပ်ပိုင်ခွင့်ပေးခြင်းမျိုး မပြုလုပ်ရပါ။ လက်အောက်ဝန်ထမ်းများသည် စီမံခန့်ခွဲမှုတွင် အထက် အဆင့်ဝါရင့်ဝန်ထမ်းတစ်ဦးဦးထံ တဆင့်ချင်းပေးရမည်။ 
 
၅။ ငွေကြေးကို တိုက်ဆိုင်စစ်ဆေးခြင်း
 
           ငွေများကို လစဉ် တွက်ချက်စစ်ဆေးရပါမည်။ 
•          ငွေစစ်ဆေးတွက်ချက်မည့်အချိန်ကို ကြိုတင်စီစဉ်ထားခြင်းမပြုလုပ်သင့်ပါ။ 
•          ငွေကိုစစ်ဆေးတွက်ချက်သူသည် စာရင်းကိုင်၊ ငွေကိုင် သို့မဟုတ် အမှုဆောင်ညွှန်ကြားရေးမှူး မဖြစ်ရပါ။ ဘဏ္ဍာရေးမှူးက သင့်လျော်သောဝန်ထမ်းတဦးဦးကို ရွေးချယ်၍ စစ်ဆေးခွင့်ပေးနိုင်သည်။ 
 
မှတ်ချက် – ငွေကြေးစစ်ဆေးတွက်ချက်သည်ပုံစံတွင် အဖွဲ့အစည်းက ၎င်း၏ငွေစာရင်းမှတ်တမ်းများအတိုင်း အမှန် တကယ် ရှိနေသည့်ပမာဏဖြစ်ရမည်။ မီးခံသေတ္တာထဲတွင်ငွေ မည်မျှရှိသည်၊ ထိုသို့ရှိသည့်ငွေကို ငွေစာရင်းတွင် ဖော်ပြထား မှတ်တမ်းတင်ပါသည်။ ငွေစစ်ဆေးတွက်ချက်သူသည် ရေတွက်သည့်ရက်စွဲ၊ ငွေကြေးအမျိုးအစား (မြန်မာကျပ်၊ ဒေါ်လာ စသဖြင့်) နှင့် စာရင်ကိုင်း၏ ငွေစာရင်းစာအုပ်တွင်ရှိသော လက်ကျန်ငွေတို့ကို ထည့်သွင်းရပါမည်။ ထို့နောက် ငွေရေတွက် ရာတွင် ငွေစက္ကူတန်ဖိုးအလိုက်ရေတွက်ရပါမည်။ စုစုပေါင်းငွေနှင့် ငွေစာရင်းနှင့် လက်ကျန်ငွေအကြားခြားနားချက်ကို တွက်ချက်ရန်လည်း လိုအပ်ပါသည်။ အကယ်၍ခြားနားချက်ရှိပါက ထိုကဲ့သို့ခြားနားရသည့်အကြောင်းရင်းကို မှတ်တမ်း ပြုရပါမည်။ (ရံဖန်ရံခါတွင် တင်ကြိုထုတ်ပေးထားသည့်ငွေများကို ပြန်လည်မရှင်းလင်းသည့်အခြေအနေမျိုးဖြစ်နိုင်သည်။ 
 
ငွေစစ်ဆေးတွက်ချက်သည့်ပုံစံနမူနာ
အောက်ပါ ငွေစစ်ဆေးတွက်ချက်သည့်ပုံစံနမူနာသည် အဖွဲ့အစည်းတစ်ခု၏ ငွေစာရင်းစာအုပ်တွင် လက်ကျန်ငွေ ၆၅၅,၀၀၀ ကျပ်ရှိကြောင်းနှင့် မီးခံသေတ္တာထဲတွင်လည်း ၆၅၅,၀၀၀ ကျပ်ရှိကြောင်း နမူနာတွက်ချက်မှုပုံစံဖြစ်ပါသည်။ ငွေကိုင်သည် ထိုပုံစံကို ဖြည့်သွင်းရပါသည်။   

နေ့စွဲ – ၁၀/၁၀/၂၀၂၅ 
ငွေစက္ကူအရေအတွက်စုစုပေါင်းတန်ဖိုး
၅၀၀၁,၀၀၀
၁၀၀၀၄,၀၀၀
၅၀၀၀၀၀၅၀၀,၀၀၀
၁၀၀၀၀၁၅၁၅၀,၀၀၀
စုစုပေါင်း၆၅၅,၀၀၀
ရေတွက်သူ: …………………….. အတည်ပြုသူ: ………………………. 

ကြိုတင်ထုတ်ယူငွေ

ကြိုတင်ငွေဆိုသည်မှာ လုပ်ငန်းများမလုပ်ဆောင်ရသေးမီ အသုံးပြုနိုင်ရန် ကြိုတင်ထုတ်ပေးသောငွေကို ဆိုလိုသည်။ ဥပမာ လုပ်ငန်းမလုပ်ဆောင်ရသေးမီ၊ ပေးရမည်ထက်စောပြီးပေးသောငွေ သို့မဟုတ် ဆောက်လုပ်ရေးစီမံကိန်းတစ်ခု အဆင့် တစ်ခုမပြီးစီးမီ ပေးသောငွေ၊ ကြိုတင်လစာ၊ ကြိုတင်ခရီးစရိတ် စသည်တို့ဖြစ်ပါသည်။   

မှတ်ချက် – ကြိုတင်ငွေဆိုသည်မှာ အထောက်အထားစာရွက်စာတမ်းမရှိဘဲ ထုတ်ပေးသောငွေကို ဆိုလိုပါသည်။  

ကြိုတင်လစာ – လမကုန်ခင် လစာငွေကို ထုတ်ယူခြင်း

ကြိုတင်ခရီးစရိတ် – သတ်မှတ်ထားသောခရီးအတွက် ကုန်ကျမည်စရိတ်ကို ထုတ်ယူခြင်း 

စီမံကိန်းအတွက်ကြိုတင်ငွေ – စီမံကိန်းအသုံးစရိတ်များအတွက် ငွေထုတ်ယူခြင်း၊ ဥပမာ ပရိဘောဂပစ္စည်းများ ပြုလုပ်၍မပြီးစီးမီ လက်သမားခပေးခြင်း

အခြားကြိုတင်ငွေ – အခြားအသုံးစရိတ်များအတွက် ငွေထုတ်ယူခြင်း၊ ဥပမာ မမျှော်လင့်ဘဲရောက်ရှိလာသော ဧည့်သည်အတွက် ဧည့်ခံစရိတ် သို့မဟုတ် အရေးပေါ်လိုအပ်သောပစ္စည်းများဝယ်ယူခြင်းအတွက် ကုန်ကျစရိတ်

ကြိုတင်ထုတ်ယူငွေထုတ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့် 

(၁) ငွေတောင်းခံသူသည် ကြိုတင်ထုတ်ပေးငွေတောင်းခံသည့်ပုံစံကိုဖြည့်ပြီး တာဝန်ရှိသူ(ကြီးကြပ် အုပ်ချုပ်သူ) ထံမှ ခွင့်ပြုချက် ရယူရမည်။

(၂)  တာဝန်ရှိသူ ကြိုတင်ထုတ်ပေးငွေတောင်းခံလွှာကို စစ်ဆေးပြီး ခွင့်ပြုမည်။

•    ကြိုတင်ထုတ်ပေးငွေတောင်းခံသည့်ပုံစံ ကို ပြည့်စုံမှန်ကန်စွာဖြည့်စွက်ရမည်။ 

•    ကြိုတင်ငွေထုတ်ပေးသည့်မူဝါဒအရ လက်ခံနိုင်သောငွေပမာဏ ဖြစ်ရမည်။

•    ဝယ်ယူမည့်ပစ္စည်းအတွက် လက်ခံနိုင်သော ငွေပမာဏဖြစ်ရမည်။ 

•    ဝယ်ယူမည့်ပစ္စည်းအမျိုးအစားသည် ငွေကြေးပံ့ပိုးသည့်အဖွဲ့မှခွင့်ပြုထားပြီးဖြစ်သော ရသုံး မှန်းခြေငွေစာရင်းထဲတွင် ခွင့်ပြုထားပြီးသော ပစ္စည်းဖြစ်ရမည်။ 

(၃) ငွေကိုင်သည် တောင်းခံလာသူကို ကြိုတင်ငွေ ထုတ်ပေးရမည်။

(၄) ငွေကိုင်သည် ကြိုတင်ငွေထုတ်ပေးသည့် စာရင်းစာအုပ်တွင် ထုတ်ပေးငွေကို ရေးသွင်းရမည်။ 

ကြိုတင်ထုတ်ပေးငွေ စာရင်းရှင်းခြင်း

ကြိုတင်ထုတ်ပေးထားသောငွေကို စည်းမျဉ်းအရသတ်မှတ်ထားသောအချိန်အတွင်း အသုံးပြုခဲ့သည့် ပစ္စည်း၊ ကိစ္စနှင့်ဆက်စပ်သည့် အထောက်အထားစာတမ်းများနှင့်တကွ စာရင်းပြန်၍ရှင်းရမည်။​

ငွေစာရင်းအင်းမှတ်တမ်းများ

အဖွဲ့အစည်းတိုင်းသည် အဖွဲ့၏ငွေကြေးဆိုင်ရာအခြေအနေများနှင့်စပ်လျဉ်းသော သတင်းအချက်အလက်များကို သိရှိနိုင်ရန်အတွက် အဖွဲ့၏ငွေပေးငွေယူမှတ်တမ်းများကို သိမ်းဆည်းထားရှိရန် လိုအပ်ပါသည်။ ၎င်းမှတ်တမ်းများထဲတွင် အောက်ပါတို့ ပါဝင်သည်။  

အကောင်အထည်ဖော်သောလုပ်ငန်းအားလုံး၏ရလဒ် – ပိုငွေ သို့မဟုတ် လိုငွေ၊ အသားတင်ဝင်ငွေ သို့မဟုတ် အသားတင် သုံးစွဲငွေ

ငွေပေးငွေယူအနည်းအကျဉ်းသာရှိသော သေးငယ်သည့်အဖွဲ့အစည်းတစ်ခုအတွက် ရိုးရှင်းသည့် စာရင်းအင်းစနစ်တစ်ခုသာ လိုအပ်သည်။ စီမံကိန်းလုပ်ငန်းအတော်များများကို တာဝန်ယူထားသော ထောက်ပံ့ငွေများကို အရင်းအမြစ်အမျိုးမျိုးမှ ရရှိထားသော အဖွဲ့အစည်းကြီးများအနေဖြင့် အဖွဲ့၏အစီရင်ခံစာပေးပို့ရခြင်းနှင့် ငွေကြေး ဆိုင်ရာစနစ်များသည် ပို၍ ရှုပ်ထွေးလာသည်။  

ငွေစာရင်းအင်းမှတ်တမ်းများသည် အဓိကအမျိုးအစား နှစ်မျိုးသာရှိပါသည်။

၁) အထောက်အထားစာရွက်စာတမ်းများ

၂) ငွေစာရင်းအင်းစာအုပ်များ

မှတ်တမ်းများမှာ – 

•          လက်ခံရရှိသောငွေကြေးအတွက် ငွေလက်ခံဖြတ်ပိုင်း  

•          ထုတ်ပေးသောငွေအတွက် ငွေလက်ခံဖြတ်ပိုင်း 

•          ငွေတောင်းခံလွှာ – ထောက်ခံခြင်းနှင့် ပေးပြီးကြောင်းတံဆိပ်တုံးထုထားခြင်း  

•          ပေးပို့သည့်မှတ်တမ်း/ ပစ္စည်းလက်ခံရရှိသည့် မှတ်တမ်း

•          ဘဏ်စာရွက်စာတမ်း/ ဘဏ်ငွေလက်ခံဖြတ်ပိုင်း 

•          ဝယ်ယူရန်မှာကြားသည့် အော်ဒါ 

မှတ်ချက် – အဖွဲ့အစည်းတိုင်းသည် မိမိတို့ဆောင်ရွက်ခဲသော ငွေပေးငွေယူမှုတိုင်းကို အထောက်အထားဖြစ်စေရန်အတွက် အောက်ပါမူရင်းအထောက်အထားစာရွက်စာတမ်းများကို ဖိုင်တွဲထားသင့်ပါသည်။  

လက်ခံရရှိမှု ရှင်းလင်းချက်

ငွေလက်ခံဖြတ်ပိုင်းများ၏ အသေးစိတ်အချက်အလက်များကို ရှင်းလင်းစွာဖော်ပြထားရန် လိုအပ်ပါသည်။ 

အချိန် – ဘယ်အချိန်မှာ ပစ္စည်းကို ဝယ်ယူခဲ့သနည်း။ 

တန်ဖိုး – ဝယ်ယူသည့်ပစ္စည်းစာရင်းအတွက် ကုန်ကျစရိတ်အသေးစိတ်ကို ဖော်ပြရန် 

ပစ္စည်း – မည်သည့်ပစ္စည်းကို ဝယ်ယူခဲ့သနည်း။

ရောင်းသူ – မည်သူ့ထံမှဝယ်ယူသနည်း။ ဝယ်ယူစဉ်ကပေးငွေကို မည်သူလက်ခံသနည်း။ 

ဝယ်ယူသည့်အကြောင်း – ပစ္စည်းဝယ်ယူရသည့်အကြောင်းရင်းကို ဖော်ပြရန်။ 

ငွေကြေးဆိုင်ရာအပေးအယူအားလုံးအတွက် ငွေလက်ခံဖြတ်ပိုင်းပုံစံဖြင့် အထောက်အထားစာရွက်စာတမ်းများကို ထိန်း သိမ်းထားရန် အလွန်အရေးကြီးသည်။ ငွေစာရင်းသွင်းထားသည့် စာရင်းစာအုပ်၊ နေ့စွဲနှင့်အမှတ်စဉ်ကိုပါ ရည်ညွှန်း ဖော်ပြ ပေးထားပြီး ဖိုင်တွဲမည်ဆိုလျင် ပို၍ကောင်းသည်။ ၎င်းသည် ပြင်ပစာရင်းစစ်များ စစ်ဆေးသည့်အခါ အတည်ပြု ပြီးမှသာ ငွေလက်ခံဖြတ်ပိုင်းများကို စစ်ဆေးရလွယ်ကူသည့်အပြင် ငွေကြေးကိုကိုင်တွယ်ဆောင်ရွက်နေရသူများကို အကာအကွယ် ပေးနိုင်ရန်အတွက်လည်း လိုအပ်သည်။  

အဖွဲ့အစည်းတွင် ဝင်ငွေနှင့်ထွက်ငွေများ၏ ငွေလက်ခံဖြတ်ပိုင်းများကို ဖိုင်ဖြင့် သီးသန့်စီခွဲခြား သိမ်းဆည်းထားရပါမည်။ မသမာသောသူက ငွေတောင်းခံလွှာများကို နောက်တစ်ကြိမ်ထပ်မံအသုံးမပြုနိုင်စေရန် ငွေတောင်းခံလွှာပေါ်တွင် `ရှင်းပြီး´ ဆိုသည့် တံဆိပ်ဖြင့် အမှတ်အသားပြုလုပ်ပြီး နေ့စွဲနှင့် ဘောက်ချာနံပါတ်ပါ ရေးထားရပါမည်။  

မပြည်စုံသော မှတ်တမ်းသည် ငွေကြေးအလွဲသုံးစားပြုလုပ်သည်ဟု သံသယအဖြစ်ခံရနိုင်ပါသည်။ ကောင်းစွာထိန်းသိမ်း ထားသောမှတ်တမ်းဖိုင်များသည် ပစ္စည်းဈေးနှုန်းအတက်အကျ၊ ဝယ်ယူထားသောပစ္စည်းများ၏အသေးစိတ်အချက် အလက်များ၊ ယခင်ကဈေးနှုန်းချသတင်းများ စသည့်တန်ဖိုးရှိသော သတင်းအချက်အလက်များ ပါဝင်ပါသည်။  

၁။        လက်ခံဖြတ်ပိုင်း/ လက်ခံရရှိကြောင်းအတည်ပြုဖြတ်ပိုင်း – တစ်ဦးတစ်ယောက်ဆီမှ ငွေလက်ခံသည့်အခါတွင် အသုံးပြုသည်။ 

၂။         ငွေလက်ခံဖြတ်ပိုင်း – ပစ္စည်းများဝယ်ယူခြင်း သို့မဟုတ် ဝန်ဆောင်မှုများအတွက် ငွေပေးချေသည့်အခါ ငွေလက်ခံဖြတ်ပိုင်း ပေးလိမ့်မည်။ ပေးရန်လည်း တောင်းခံရန်လိုအပ်သည်။ထိုငွေလက်ခံဖြတ်ပိုင်း အထောက်အထားကို ငွေကြေးဆိုင်ရာအစီရင်ခံစာတင်ရန် အတွက် သိမ်းဆည်း ထားရန် လိုအပ်ပါသည်။ 

၃။        ငွေပေးချေသည့်ဖြတ်ပိုင်း – ထိုလက်ခံဖြတ်ပိုင်းသည် မိမိအဖွဲ့အစည်း၏ငွေလက်ခံဖြတ်ပိုင်းဖြစ်ပြီး ငွေလက်ခံ ဖြတ်ပိုင်း ပေးလေ့မရှိသောဈေးသည်များ၊ ဆိုက်ကား/တက္ကစီကဲ့သို့သောယာဉ်များကို အသုံးပြုသည့်အခါ အထောက် အထားအဖြစ် အသုံးပြုသူ/ဝယ်ယူသူက ဝယ်ယူသည့်ပစ္စည်းအမျိုးအမည်၊ဆိုက်ကား/တက္ကစီဆိုပါက ကားနံပါတ်နှင့် ယာဉ်မောင်းကို လက်မှတ်ထိုးခိုင်း၍ရနိုင်လျှင် လက်မှတ်ထိုးခိုင်းခြင်း၊ ဝယ်ယူသည့်နေရာ/သွားရောက်သည့်နေရာစသည်တို့ ကို ထည့်သွင်းဖော်ပြရန် လိုအပ်သည်။

၄။        ငွေလက်ခံဖြတ်ပိုင်းအချုပ် – ငွေထုတ်ပေးရန် တာဝန်ရှိသူက အတည်ပြုလက်မှတ်ရေးထိုးနိုင်ရန် ဝန်ထမ်းများ သည် ၎င်းတို့ဝယ်ယူထားသောပစ္စည်းများ/အသုံးပြုသောလုပ်ငန်းများ၏ကုန်ကျစရိတ်ကို စာရင်းချုပ်၍ ငွေလက်ခံဖြတ်ပိုင်း ရေးသားရန်လိုအပ်သည်။  

ငွေစာရင်းစာအုပ်များ

စာအုပ်များသည် ငွေပေးချေခြင်းနှင့်လက်ခံခြင်းလုပ်ငန်းများအားလုံးကို မှတ်တမ်းတင်ထားသော   မှတ်တမ်း စာအုပ်များဖြစ်ကြသည်။  

ဘဏ်(ငွေစာရင်း) စာအုပ်

ငွေလွှဲပြောင်းခြင်း၊ ငွေအပ်နှံခြင်း၊ ငွေထုတ်ခြင်း၊ ငွေပေးချေခြင်း၊ အတိုးနှုန်း စသဖြင့်

ငွေစာရင်း စာအုပ် 

ဘဏ်မှထုတ်ယူလာသောငွေစာရင်း၊ ငွေပေးချေမှု

ကြိုတင်ထုတ်ပေးသည့် ငွေစာရင်းစာအုပ်

ကြိုတင်ပေးငွေ နှင့် ကြိုတင်ငွေရှင်းလင်းခြင်း

ငွေစာရင်းအဝင်အထွက်မှတ်တမ်းဇယား

အောက်ဖော်ပြပါဇယားကွက်သည် အဖွဲ့အစည်းတစ်ခု၏စနစ်အတွက် ငွေကြေးလည်ပတ် စီးဆင်းပုံ သဘောတရားကို ရှင်းပြထားခြင်းဖြစ်သည်။

ဘဏ်ငွေစာရင်း စာအုပ်ငွေစာရင်း စာအုပ်အသေးသုံးငွေ/ ကြိုတင်ထုတ် ငွေစာရင်းစာအုပ်
အလှူရှင်မှလွဲငွေ    ၅၀,၀၀၀,၀၀၀     ထုတ်ယူငွေ         ၃၀,၀၀၀,၀၀၀ကြိုတင်ထုတ်ယူငွေမှတ်တမ်း ၁၀,၀၀၀,၀၀၀
ထုတ်ယူငွေ   (၃၀,၀၀၀,၀၀၀)                  ကြိုတင်ထုတ်ငွေ  (၁၀,၀၀၀,၀၀၀) 
လက်ကျန်ငွေ  ၂၀,၀၀၀,၀၀၀                လက်ကျန်ငွေ       ၂၀,၀၀၀,၀၀၀ 

စုစုပေါင်းလက်ကျန်     =  ဘဏ်စာအုပ်   + ငွေစာရင်းစာအုပ်  + ကြိုတင်ထုတ်ငွေစာရင်းစာအုပ်

                                    =  ၂၀,၀၀၀,၀၀၀  + ၂၀,၀၀၀,၀၀၀             + ၁၀,၀၀၀,၀၀၀

                                    =   ၅၀,၀၀၀,၀၀၀

ငွေစာရင်းစာအုပ်များထဲတွင် မည်သို့မှတ်တမ်းရေးသွင်းမည်နည်း

ဘဏ်စာအုပ်                                        ငွေစာရင်းစာအုပ်             ကြိုတင်ထုတ်ငွေစာရင်းစာအုပ်

အလှူရှင်ထံမှလွှဲငွေ    ၅၀,၀၀၀,၀၀၀                 ထုတ်ယူငွေ     ၃၀,၀၀၀,၀၀၀            ကြိုတင်ထုတ်ပေးငွေ    (၁၀,၀၀၀,၀၀၀)

ထုတ်ယူငွေ           (၃၀,၀၀၀,၀၀၀)                   

လက်ကျန်ငွေ          ၂၀,၀၀၀,၀၀၀                    

စုစုပေါင်းလက်ကျန်ငွေ    =  ဘဏ်    + မီးခံသေတ္တာထဲရှိငွေ      + ကြိုတင်ထုတ်ပေးငွေ

                              =  ၂၀,၀၀၀,၀၀၀ + (၃၀,၀၀၀,၀၀၀ – (၁၀,၀၀၀,၀၀၀)) + ၁၀,၀၀၀,၀၀၀

                              =  ၅၀,၀၀၀,၀၀၀

မှတ်ချက် – မီးခံသေတ္တာထဲရှိငွေကို ငွေစာရင်းစာအုပ်နှင့် ကြိုတင်ထုတ်ပေးသောငွေစာရင်းစာအုပ် နှစ်အုပ်စလုံးတွင် ထည့်သွင်းတွက်ချက်ရန် အရေးကြီးပါသည်။  

ငွေစာရင်းစာအုပ်များအတွက် မှတ်တမ်းများကို စာအုပ်များထဲတွင် သိမ်းဆည်းထားရန်လိုအပ်ပါသည်။   

လက်တွေ့လေ့ကျင့်ရန် နမူနာ

•    ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက် – ငွေကြေးပံ့ပိုးပေးသည့်အဖွဲ့မှ သင်တို့အဖွဲ့အစည်းထံသို့ မြန်မာကျပ်ငွေ (၅၀,၀၀၀, ၀၀၀) လွှဲပေးခဲ့သည်။ ဘဏ်မှ ငွေလွှဲခအတွက် ကျပ်ငွေ (၅၀,၀၀၀) ဝန်ဆောင်စရိတ်ယူပါသည်။ 

•    ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက် –  အဖွဲ့၏မီးခံသေတ္တာတွင်သိမ်းဆည်းထားရန် ကျပ်ငွေ (၂၀,၀၀၀,၀၀၀) ကို ဘဏ်မှ ထုတ်ယူခဲ့ပါသည်။ 

•    ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက် – အခြေခံစာရင်းကိုင်သင်တန်းအတွက် ဖိုင် (၅၀) ကို ကျပ်ငွေ (၁၅၀,၀၀၀)ဖြင့် ဝယ်ယူခဲ့ပါသည်။ 

•    ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက် – ကိုရဲကို မန္တလေးမြို့တွင်ပြုလုပ်သော အဖွဲ့အစည်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုတက်ရောက်ရန် ခရီးစရိတ်ကျပ်ငွေ (၁,၀၀၀,၀၀၀) ကြိုတင်ထုတ်ပေးခဲ့ပါသည်။

•    ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၅ ရက် – ကိုရဲသည် ကြိုတင်ထုတ်ပေးငွေထဲမှ အသုံးပြုငွေ (၈၀၀,၀၀၀) ကို စာရင်း ပြန်လည်ရှင်းလင်းခဲ့ပြီး ပိုငွေ (၂၀၀,၀၀၀) ကို ကြိုတင်ထုတ်ပေးငွေစာရင်းစာအုပ်ထဲသို့ ပြန်သွင်းခဲ့ပါသည်။

ဘဏ်ငွေစာရင်းစာအုပ်

၂၀၂၅ ဇွန်လ ၁ ရက်   donor မှလွှဲငွေ                                         ၅၀,၀၀၀,၀၀၀ ကျပ်

      ဇွန်လ ၁ ရက်     ဘဏ်ဝန်ဆောင်ခ                                        (၅၀,၀၀၀)

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက် –  အဖွဲ့၏မီးခံသေတ္တာတွင်သိမ်းဆည်းထားရန် ကျပ်ငွေ (၂၀,၀၀၀,၀၀၀) ကို ဘဏ်မှ ထုတ်ယူခဲ့ပါသည်။ 

ဘဏ်ငွေစာရင်းစာအုပ်                                                          

ဇွန်လ ၂ ရက်            ထုတ်ယူငွေ                                                                                 (၂၀,၀၀၀,၀၀၀)

ငွေစာရင်းစာအုပ်

ဇွန်လ ၂ ရက်            ထုတ်ယူသည့်ငွေ                                                                        ၂၀,၀၀၀,၀၀၀

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက် – အခြေခံစာရင်းကိုင်သင်တန်းအတွက် ဖိုင် (၅၀) ကို ကျပ်ငွေ (၁၅၀,၀၀၀)ဖြင့် ဝယ်ယူခဲ့ပါသည်။ 

ငွေစာရင်းစာအုပ် 

ဇွန်လ ၁၅ ရက်         အခြေခံစာရင်းကိုင်သင်တန်းအတွက် ဖိုင် (၅၀)       (၁၅၀,၀၀၀)

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက် – ကိုရဲ ကို မန္တလေးမြို့တွင်ပြုလုပ်သော အစည်းအဝေးကိုတက်ရောက်ရန် ခရီးစရိတ်ကျပ် ငွေ (၁,၀၀၀,၀၀၀) ကြိုတင်ထုတ်ပေးခဲ့ပါသည်။

ကြိုတင်ထုတ်ငွေစာရင်းစာအုပ်

ဇွန်လ ၂၀ ရက်          ကိုရဲကို ကြိုတင်ထုတ်ပေးငွေ                               (၁,၀၀၀,၀၀၀)

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက် – ကိုရဲသည် ကြိုတင်ထုတ်ပေးငွေမှ အသုံးပြုငွေ (၈၀၀,၀၀၀)ကျပ်အတွက် စာရင်း ပြန်ရှင်းလင်းခဲ့ ပြီး ပိုငွေ (၂၀၀,၀၀၀) ကို ကြိုတင်ထုတ်ပေးငွေစာရင်းစာအုပ်ထဲ ပြန်သွင်းခဲ့ပါသည်။

ကြိုတင်ထုတ်ငွေစာရင်းစာအုပ်

ဇွန်လ ၂၅ ရက်          ကိုရဲ၏ကြိုတင်ထုတ်ပေးငွေရှင်းလင်းခြင်း               ၁,၀၀၀,၀၀၀

                  (တင်ပြသည့်ငွေစာရင်း ၈၀၀,၀၀၀ + ငွေသား ၂၀၀,၀၀၀)

ငွေစာရင်းစာအုပ် 

ဇွန်လ ၂၅ ရက် မန္တလေးမြို့တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

တက်ရောက်သည့် ခရီးစရိတ် ကျပ်ငွေ (၈၀၀,၀၀၀)

စာရင်းစာအုပ်အားလုံး စာရင်းကိုက်သွားလျင် လက်ထဲရှိငွေများကိုရေတွက်ပြီး ငွေစာရင်းပုံစံထဲတွင်ဖြည့်သွင်းရမည်။ ငွေစာရင်းပုံစံထဲမှ  ငွေသားစုစုပေါင်းသည် ငွေစာရင်းစာအုပ်ထဲရှိ စာရင်းပိတ်လက်ကျန်ငွေစာရင်းနှင့် ကိုက်ညီမှု ရှိရပါမည်။  

ပြန်လည်စာရင်းကိုက်/ညှိနှိုင်းသည့်လုပ်ငန်းစဉ် 

ပြန်လည်စာရင်းကိုက်/ညှိနှိုင်းခြင်းသဘောတရားဆိုသည်မှာ –  

 စာရင်းဖွင့်လက်ကျန်ငွေ

ညှိနှိုင်းခြင်း – ဘဏ္ဍာနှစ်တနှစ်/သုံးစွဲရန်ခွင့်ပြုသည့်ကာလအတွင်း လွှဲပြောင်းပေးသော / ဝင်ရောက်လာသောငွေကြေး

လျော့ချခြင်း – အသုံးစရိတ်များ

စာရင်းပိတ်လက်ကျန်ငွေတို့ကို ပြန်လည်၍ စာရင်းကိုက်ညီမှုရှိမရှိစစ်ဆေးသည့်လုပ်ငန်းစဉ်ပင်ဖြစ်သည်။

ဘဏ်ငွေစာရင်းစာအုပ်နှင့် ငွေစာရင်းစာအုပ်များမှ ငွေပေးငွေယူများကို စာရင်းပေါင်းချုပ်ရပါမည်။ ထိုသို့စာရင်း ပေါင်းချုပ်ထားသော ငွေစာရင်းအချက်အလက်များအတွက် ကွန်ပျူတာ EXCEL ဖြင့် အမျိုးအစားခွဲခြင်း၊ အလှူရှင် အဖွဲ့အစည်းကို အစီရင်ခံစာတင်ပြရန်အတွက် သတင်းအချက်အလက်များရရှိရန် “filter” များထည့်သွင်းခြင်း၊ သုံးစွဲခဲ့သည့်ငွေစာရင်းကို စစ်ဆေး ခြင်းတို့ပြုလုပ်နိုင်ပါသည်။  

ယင်းသတင်းအချက်အလက်များကို ကူးယူပြီး လယ်ဂျာစာရွက်ပေါ်တွင် ရေးသွင်းပြီး ငွေစာရင်း အမှတ်များနှင့် နေ့စွဲများကို အစီအစဉ်ပြုလုပ်ရန်အတွက် “filter” များကို အသုံးပြုရသည်။ ငွေစာရင်းအမှတ်များကို ပြန်လည်စုစည်းစီစဉ်ခြင်းဖြင့် ငွေပေးငွေယူအားလုံးကို ရေးသွင်းရသည်။ 

•          ရသုံးမှန်းခြေငွေစာရင်းတွင် ငွေမည်မျှရှိသနည်း။

•          ဘဏ္ဍရေးကာလအတွင်း ငွေကြေးမည်မျှသုံးစွဲခဲ့သနည်း။

•          နောက်နှစ်ဘဏ္ဍာရေးကာလအတွင်း သုံးစွဲရန် ဘဏ္ဍာငွေမည်မျှ ကျန်ရှိမည်နည်း။ 

•          စုစုပေါင်းဘဏ္ဍာငွေ၏ ရာခိုင်နှုန်းမည်မျှကို သုံးစွဲခဲ့ပါသနည်း 

ရသုံးမှန်ခြေငွေစာရင်းနှင့် သုံးစွဲငွေတို့၏အခြေအနေကိုသိရှိရန် ငွေစာရင်းဌာနမှဝန်ထမ်းများသည် ငွေစာရင်းကို လစဉ် သို့မဟုတ် (၃) လတစ်ကြိမ် စာရင်းအင်းပြုစုရမည်။ ထိုငွေစာရင်းဆိုင်ရာသတင်းအချက်အလက်များသည် စီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော်သော ဝန်ထမ်းအားလုံးအတွက် အလွန်အရေးကြီးပါသည်။  

==============================================================================

မဟာဗျူဟာအတွက် အဆင်သင့်ဖြစ်ပါပြီ။

အထက်တွင်လေ့လာဆန်းစစ်ချက်များအပေါ်အခြေခံပြီး အဓိကမဟာဗျူဟာများ၊ လုပ်ငန်းလည်ပတ်ရန် အဓိက ပြင်ဆင်လုပ်ဆောင်ချက်များကို ဇယားများတွင် ထည့်သွင်းရန် အဆင်သင့်ဖြစ်ပြီဖြစ်သည်။  မဟာဗျူဟာအသစ်အတွက် အပြောင်းအလဲများကို စီမံခန့်ခွဲသည့်လုပ်ငန်းစဉ် များနှင့် မဟာဗျူဟာကို ပုံမှန်အကဲဖြတ် သုံးသပ် စစ်ဆေး ခြင်း (Monitoring & Evaluation တို့နှင့်ပတ်သက်၍ယခုအပိုင်းတွင် ဆက်လက်ဆွေးနွေးပေးသွားပါမည်။

က။ အဓိကမဟာဗျူဟာများ Core Future Strategies

 အကြံပြုလိုသည့် မဟာဗျူဟာ
Proposed strategy 
ယူဆချက်များ၊ အချက်အလက်၊
တန်ဖိုးထားမှုများ 
Assumptions, facts, and values that support this proposed strategy  
 တွေ့ရနိုင်သည့် အခက်အခဲ စိန်ခေါ်မှုများ
What possible obstacles do we face in implementing this strategy?
ယင်းတို့ကိုရင်ဆိုင်ကျော်ဖြတ်ရတွင် အသုံးပြုမည့် မဟာဗျူဟာများ
strategies to overcome obstacles  
 ယင်းဗျူဟာများကို ပြန်လည် သုံးသပ်ရန် လိုအပ် နိုင်သည့်အခြေအနေများ
What triggers might encourage us to reevaluate this strategy?
     
     
     

ခ။ စီမံရေးရာ၊ဘဏ္ဍာငွေကြေးနှင့်အုပ်ချုပ်စီမံမှုပိုင်းဆိုင်ရာ ဦးစားပေးလုပ်ငန်းများ 

စီမံရေးရာလုပ်ငန်းများAdministrative Functionsပန်းတိုင်(များ)Goal(s)ရေရှည်ရည်မှန်းချက်များ/ဦးစားပေးများLong-Term Objectives/Priorities
ဝန်ထမ်းများနှင့် အကျိုးခံစားခွင့်များ 
Staffing and benefits
ယင်းအချက်များ သေချာစွာ ချမှတ်ပါရှိသည့်  
မူဝါဒ
 
လူထုဆက်ဆံရေး/ဆက်သွယ်ရေး  
အခြေခံအဆောက်အအုံ Infrastructure: information systems, technology, facilities, etc.  
စီစဉ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် အရည်အသွေးပိုင်းဆိုင်ရာ ထိန်းချုပ်မှု Planning, evaluation, quality control 
ဘဏ္ဍာရေးရာလုပ်ငန်းများFinancial Functionsပန်းတိုင်(များ)Goal(s)ရေရှည်ရည်မှန်းချက်များ/ဦးစားပေးများ
Long-Term Objectives/Priorities
ဘဏ္ဍာရေးရာစီမံခန့်ခွဲမှု  
အရင်းအမြစ်များစီမံခန့်ခွဲမှု  
အုပ်ချုပ်စီမံမှုရေးရာလုပ်ငန်းများ
Governance Functions
ပန်းတိုင်(များ)Goal(s)ရေရှည်ရည်မှန်းချက်များ/ဦးစားပေးများ
Long-Term Objectives/Priorities
ဒါရိုက်တာဘုတ်အဖွဲ့Board of directors  
ကွန်ရက်ချိတ်ဆက်ခြင်းနှင့် ပူးပေါင်း လုပ်ဆောင်မှု  Networking and collaboration  

ဂ။ စပ်ကူးမတ်ကူးကာလစီမံခန့်ခွဲမှု Manage the transition

မဟာဗျုဟာရေးဆွဲခြင်းလုပ်ငန်းစဉ်၏ဆုံးဖြတ်ချက်များအရ ပြုလုပ်ရမည့် အဓိကအပြောင်းအလဲများ၊ယင်း အပြောင်းအလဲများအောင်မြင်စေရန်အတွက် လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာပြောင်းလဲမှု၊ စနစ်၊ ဖွဲ့စည်းပုံများနှင့် အဖွဲ့အစည်း၏ အလေ့အကျင့် ပိုင်းဆိုင်ရာအပြောင်းအလဲများအတွက် လိုအပ်ချက်များကို စဉ်းစားသင့်သည်။

  • မဟာဗျူဟာအရ ပြောင်းလဲရန်၊ ပြောင်းလဲမည့်အဓိကအချက်များ
  • ဝန်ထမ်းများကို သက်ရောက်မှုရှိနိုင်သည့် အပြောင်းအလဲများ (နည်းပညာ၊ကျွမ်းကျင်မှုပိုင်းဆိုင်ရာ)
  • အပြောင်းအလဲများဖြစ်အောင် ပြင်ဆင်ညှိနှိုင်းရန်လိုအပ်မည့် ဖွဲ့စည်းပုံများနှင့် စနစ် ပြောင်းလဲမှုများ
  • အပြောင်းအလဲများဖြစ်အောင် ပြင်ဆင်ညှိနှိုင်းရန်လိုအပ်မည့် အဖွဲ့အစည်း၏ အလေ့အကျင့် (စိတ်သဘောထား)ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

ဥပမာ – မိသားစုပုံစံဆက်ဆံရေးမှ အထက်၊အောက်တာဝန်ယူမှုတာဝန်ခံမှုရှိစွာ လုပ်ဆောင်သည့် အလေ့အကျင့်သို့ ပြောင်းလဲခြင်းမျိုး

New skills that may be needed
လိုအပ်သည့်နည်းပညာကျွမ်းကျင်မှုအသစ်များ
Modified or new structures and systems that may be needed 
ပြင်ဆင်ရန်လိုအပ်မည့် ပုံစံနှင့်စနစ်များ
New culture/mindset that may be needed ပြောင်းလဲရန်လိုမည့် အလေ့အကျင့်/
စိတ်နေသဘောထား 

ဃ။ အကဲဖြတ်သုံးသပ်လေ့လာခြင်း (Monitoring and Evaluation) 

ချမှတ်ခဲ့သည့် မဟာဗျူဟာ၏ အောင်မြင်မှုကို တိုင်းတာသိရှိနိုင်မည့်နည်းလမ်းများကို   မဟာဗျူဟာလုပ်ငန်းစဉ် တွင်ထည့်သွင်းရေးဆွဲကြသည်။ ရှေးဦးစွာ ချမှတ်ထားသည့်မဟာဗျူဟာပန်းတိုင်များအတွက် တိုင်းတာရန် ညွှန်းကိန်း နှင့် မည်သို့တိုင်းတာမည်ဆိုသည်ကို ထည့်သွင်းကြသည်။ အများအားဖြင့် မဟာဗျူဟာပန်းတိုင်တခု အတွက် ညွှန်းကိန်း (indicator) များသည်  လုပ်ငန်းတခုလုပ်ဆောင်ပြီးနောက် အချိန်တခုအတွင်း တွေ့ရနိုင်သည့် အပြောင်းအလဲများဖြစ်တတ်သည်။ ဥပမာ – ကွန်ပြူတာသင်တန်းပေးပြီးနောက် တက်ရောက်ခဲ့သည့်သင်တန်း သားအရေအတွက်၊ ပေးခဲ့သည့်သင်တန်းအရေအတွက်တို့မှာ လုပ်ငန်းတခုလုပ်၍ချက်ချင်းမြင်ရနိုင်သည့် ရလဒ် (output)ညွှန်းကိန်းများဖြစ်သည်။ “လုပ်ငန်းတွင်ပို၍ထိရောက်စွာပံ့ပိုးကူညီနိုင် သည့် ဝန်ထမ်းအရေအတွက် များပြားလာ စေရန်” သို့မဟုတ် “ဝန်ထမ်းများ၏စွမ်းရည်မြှင့်တင်ရန်” ရည်ရွယ်ချက်၏ အစိတ်အပိုင်းတခုအဖြစ် ကွန်ပြူတာ သင်တန်းပေးခဲ့ခြင်းဖြစ်လျှင် ယင်းသင်တန်းတက်ရောက်ပြီးနောက် လုပ်ငန်းကို ပိုထိရောက်စွာ လုပ်ဆောင်လာနိုင်သည့် ဝန်ထမ်းအရေအတွက် များလာခြင်း (outcome) ညွှန်းကိန်းနှင့် တိုင်းတာနိုင်သည်။ ချက် ချင်းရလဒ်ညွှန်းကိန်းများမှာ တိုင်းတာရန်လွယ်ကူနိုင်သော်လည်း အကျိုးရလဒ်ညွှန်းကိန်းအဆင့်တွင်မည်သို့တိုင်း တာသိရှိနိုင်မည်ကို အနည်းငယ်စဉ်းစားဖော်ထုတ်ရန် လိုအပ်နိုင်သည်။ အထက်ဖော်ပြပါ နမူနာတွင် လုပ်ငန်းကို ပိုထိရောက်စွာလုပ်ဆောင်လာနိုင်သည့် ဝန်ထမ်းများလာသည်ကို မည်သို့တိုင်းတာကြည့်နိုင်မည်နည်း။ ဝန်ထမ်းများအား သင်တန်းတွင် သင်ကြားခဲ့သည့်နည်းလမ်းများကို အသုံးပြုနိုင်မှုနှင့် အသုံးပြုနေမှုအခြေအနေများကို ပြန်လည်မေးမြန်းခြင်း (follow-up)၊အထက် အရာရှိများ၏ အမြင်များ၊ ယခင်နှင့်ယခုအလုပ်ပြီးစီးနိုင်မှု အခြေ အနေစသည်တို့ဖြင့် တိုင်းတာ၍ရနိုင်သည်။ ညွှန်းကိန်းများသည် –

  • ကျင့်ဝတ်နှင့် ညီညွတ်သော (Ethical)
  • အသုံးပြုနိုင်သော Useful
  • စနစ်/နည်းလမ်းတကျရှိသော Scientifically Robust
  • ယုံကြည်စိတ်ချရသော Reliable
  • တိုင်းတာရနိုင်သော/လက်လှမ်းမီနိုင်သော Accessible နည်းလမ်းများဖြစ်ရပါမည်။

ယခုရေးဆွဲချမှတ်လိုက်သည့် မဟာဗျူဟာကို ပုံသေယူရန်မလိုအပ်ပဲ လိုအပ်လျှင် ပြန်လည်သုံးသပ်ပြင်ဆင် နိုင်သည်။  ထို့ကြောင့် အမြဲမပြတ်လေ့လာကြည့်ရှုအကဲဖြတ်၍ လိုအပ်သည့်ပြင်ဆင်မှုများလုပ်ဆောင်ရသည်။

  • ရေတိုလုပ်ဆောင်ပြီးစီးရမည့်လုပ်ငန်းများကို ပြီးလျှင်ချက်ချင်းပြန်လည်သုံးသပ်ပါ။
  • မလုပ်ဆောင်မီအခြေအနေနှင့် လုပ်ဆောင်ပြီးအခြေအနေတို့ကို နှိုင်းယှဉ်သုံးသပ်ပါ။
  • အပြောင်းအလဲကို အကဲဖြတ်နိုင်မည့် ညွှန်းကိန်း/မှတ်တိုင်(indicator/benchmark) များပြုလုပ်၍  ၃ လ တကြိမ်သုံးသပ်ခြင်းနှင့် နှစ်စဉ်သုံးသပ်ခြင်းတို့ ပြုလုပ်၍ နှစ်စဉ်အစီရင်ခံစာတွင် ထည့်သွင်းသင့်ပါ သည်။

အောက်ပါမေးခွန်းများကို မေး၍ တိုးတက်ပြောင်းလဲမှုများကိုစောင့်ကြည့်ပြီး ပြုပြင်စရာရှိလျှင်ပြင်ဆင်ပါ။

  • ဘာတွေလုပ်ဆောင်ပြီးစီးပြီလဲ။
  • ဘာတွေလုပ်ဖို့ကျန်နေသေးလဲ။
  • ချမှတ်ထားခဲ့တဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီလျော်သေးရဲ့လား။
  • ဘယ်လိုအပြောင်းအလဲကြီးကြီးမားမားမျိုးတွေက အဖွဲ့ရဲ့လုပ်ငန်းကို ထိခိုက်နေသလဲ။
  • မဟာဗျူဟာတခုလုံးကရော အဖွဲ့အတွက်ဆီလျော်သေးရဲ့လား။
  • ဘယ်လိုပြင်ဆင်တာမျိုး၊ ညှိနှိုင်းလုပ်ဆောင်တာမျိုး အပြောင်းအလဲတွေလုပ်ဖို့လိုမလဲ။

မဟာဗျူဟာတွင်ပါဝင်သည့်အစိတ်အပိုင်းများနှင့် အသေးစိတ်ဇယားများ

မဟာဗျူဟာတခုတွင် ပါရှိသည့်အစိတ်အပိုင်းများမှာ – 

၁) အနှစ်ချုပ်ဖော်ပြချက် (Executive summary) – ယင်းအပိုင်းကို မထည့်လိုလျှင်လည်း ရပါသည်။

၂) အဖွဲ့အစည်းသမိုင်းနှင့် အဖွဲ့အစည်းအကြောင်း (မိတ်ဆက်အနေဖြင့် မည်သို့ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်ကို ဖော်ပြလေ့ရှိကြသည်။​timeline ထည့်သွင်းခြင်းဖြင့် အားလုံးအတွက် အနှစ်ချုပ်လွယ်ကူမြင်သာစေသည်။) 

၃) မျှော်မှန်းအိပ်မက်/ရပ်တည်ခံယူချက် (Vision/Mission Statement)

၄) ပန်းတိုင်များနှင့် မဟာဗျူဟာရည်မှန်းချက်များ (Goals and objectives) – အချို့က ပန်းတိုင် ကို အဖွဲ့အစည်းတခုလုံးအတွက် ထားရှိသည့်ပန်းတိုင်သီးခြားထည့်သွင်း၍ မဟာဗျူဟာရည်မှန်းချက်များ ကို ခွဲခြားရေးတတ်ကြသည်။ ရည်မှန်းချက်ပန်းတိုင်ဟုလည်း သုံးစွဲပြီး မဟာဗျူဟာအတွက်သုံးတတ်ကြသည်။

၅) အသေးစိတ်လုပ်ငန်းစဉ်များ၊ (တာဝန်ခွဲဝေမှုနှင့် တာဝန်ခွဲများ၊ အချိန်အတိုင်းအတာများ ပါထည့်သွင်း တတ်သည်။​) 

၆) အကဲဖြတ်သုံးသပ်မည့်အစီအစဉ် (Monitoring and Evaluation plan)

၇) အခြားဆန်းစစ်လေ့လာသုံးသပ်ချက်မှတ်တမ်းများ (data gathered in the SWOT and internal/external environment,stakeholders management, managing transition analyses) အချို့အဖွဲ့အစည်းများက မဟာဗျူဟာတွင်တပါတည်းထည့်တတ်ကြပြီး အချို့ကပူးတွဲ (annex) အနေဖြင့် ထည့်သွင်းတတ်ကြသည်။

အောက်တွင် ဖော်ပြထားသည့် မာတိကာသည် အဖွဲ့တဖွဲ့၏မဟာဗျူဟာကို နမူနာအဖြစ်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။

မာတိကာ

၁) အဖွဲ့အစည်းစတင်ဖွဲ့စည်းမှုမှတ်တိုင်နှင့် အောင်မြင်မှုများ

အဖွဲ့အစည်း၏တိုးတက်ပြောင်းလဲမှုများ

၂)လက်ရှိအဖွဲ့၏အားသာချက်၊အားနည်းချက်၊အခွင့်အလမ်းနှင့်စိန်ခေါ်မှုများကို သုံးသပ်ချက် (SWOT ANALYSIS)

၃) မဟာဗျူဟာချမှတ်ရန် အဖွဲ့ကိုရိုက်ခတ်လာနိုင်သည့် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ နည်းပညာ၊ ဥပဒေ ရေးရာနှင့်သဘာဝပတ်ဝန်းကျင်အခြေအနေများကို ဆန်းစစ်ခြင်း (PESTLE ANALYSIS)

၄) လက်ရှိလုပ်ဆောင်နေသည့်လုပ်ငန်းများ

လုပ်ငန်းလည်ပတ်လုပ်ဆောင်နေပုံ

၅) ပတ်သက်ဆက်စပ်သူများအားဆန်းစစ်ခြင်း

၆) ————- ၏မဟာဗျူဟာ (၂၀၂၅ – ၂၀၂၈)

မျှော်မှန်းချက် (Vision)

ရပ်တည်ခံယူချက် (Mission Statement)

မဟာဗျူဟာရည်မှန်းချက်များ

အဖွဲ့အနေဖြင့် ချဉ်းကပ်လုပ်ဆောင်မည့်ဗျူဟာများ

၈) ———– အဖွဲ့၏ မဟာဗျူဟာလုပ်ငန်းစဉ် ဇွန် ၂၀၂၅ – မေ ၂၀၂၈

အဖွဲ့အစည်းပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအစီအစဉ်

မဟာဗျူဟာအသေးစိတ်လုပ်ငန်းစဉ်ဇယား

(၂၀၂၅ ခုနှစ် ဇန်နဝါရီ မှ ၂၀၂၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ)

မဟာဗျူဟာရည်မှန်းချက်ပန်းတိုင် – 

၁) 

မျှော်မှန်းရလဒ်များ – ၁.၁ (တိုင်းတာရန်နည်းလမ်း – ယခင် # အရေအတွက် လျော့နည်းလာခြင်း)၁.၂ ဖြည့်ဆည်းပေးရန် ((တိုင်းတာရန်နည်းလမ်း – # နှစ်စဉ် အရေအတွက်နှင့်ကိစ္စရပ်များ)
လုပ်ဆောင်မည့်လုပ်ငန်းများအချိန်ကာလအဓိကတာဝန်ယူမည့်သူများလုပ်ငန်းအောင်မြင်မှုကို တိုင်းတာဖော်ပြချက်လိုအပ်မည့်အရင်းအမြစ်များ
၁. ၁. 
၁.၁.၁ ongoing    
၁.၁.၂    
၁.၁.၃    
၁.၂
၁.၂.၁ongoing   
၁.၂.၂     

မဟာဗျူဟာရည်မှန်းချက်ပန်းတိုင် – 

၂)

မျှော်မှန်းရလဒ်များ – .၁ (တိုင်းတာရန်နည်းလမ်း – ယခင် # အရေအတွက် လျော့နည်းလာခြင်း).၂ ဖြည့်ဆည်းပေးရန် ((တိုင်းတာရန်နည်းလမ်း – # နှစ်စဉ် အရေအတွက်နှင့်ကိစ္စရပ်များ)
လုပ်ဆောင်မည့်လုပ်ငန်းများအချိန်ကာလအဓိကတာဝန်ယူမည့်သူများလုပ်ငန်းအောင်မြင်မှုကို တိုင်းတာဖော်ပြချက်လိုအပ်မည့်အရင်းအမြစ်များ
၂. ၁. 
၂.၁.၁ ongoing    
၂.၁.၂     
၂.၁.၃    
၂.၂
၂.၂.၁ongoing   
၂.၂.၂     

အဖွဲ့အစည်းပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအစီအစဉ်

အဖွဲ့အနေဖြင့်လုပ်ငန်းများ ထိရောက်အောင်မြင်အောင် လုပ်ဆောင်နိုင်စေရန် အဖွဲ့အစည်းကျစ်လစ်ခိုင်မာအောင်လုပ်ဆောင်ရန်

လုပ်ဆောင်ရန်လုပ်ငန်းများအချိန်ကာလအဓိကတာဝန်ယူလုပ်ဆောင်မည့်သူလိုအပ်သည့်အရင်းအမြစ်များ
၁.ချက်ချင်း  
၂.   
၃.   
၄.   
၅.   
၆.   

အသေးစိတ်လုပ်ငန်းစဉ်ရေးဆွဲခြင်း

၁.၁.၁ 
 လုပ်ဆောင်ချက်ကြိမ်ရေနေရာအဓိကလုပ်ဆောင်နေသူများ/ကုန်ကျစရိတ်စိန်ခေါ်မှု/မှတ်ချက်
၁.       
      
      
      
      
       

****************************************************************************************************

အန္တရာယ်ကျရောက်နိုင်ခြေများကို ဆန်းစစ်လေ့လာစီမံခန့်ခွဲခြင်း

“”The biggest risk is not taking any risk… In a world that is changing really quickly, the only strategy that is guaranteed to fail is not taking risks” (Mark Zuckerberg)

အကြီးမားဆုံး အန္တရာယ်က ဘယ်လိုစွန့်စားမှုမျိုးမှ မလုပ်တာပါပဲ။… အလွန် မြန်ဆန်စွာ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ဘယ်လိုစွန့်စားမှုမျိုးကိုမှ မလုပ်ခြင်းဟာ ကျဆုံးဖို့သေချာတဲ့ မဟာဗျူဟာပါပဲ။”

အဖွဲ့အစည်းတခု၏ မဟာဗျူဟာရေးဆွဲသည့်လုပ်ငန်းစဉ်တွင် အဖွဲ့အစည်းအနေဖြင့် ကြုံတွေ့ရနိုင်သော စိုးရိမ်မကင်းဖြစ်ရသည့် အခြေအနေအမျိုးမျိုး၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့်ကိစ္စအမျိုးမျိုးကိုလည်း ကြိုတင်မှန်းဆတွက်ချက်၍ မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲလေ့ရှိသည်။ ဘေးဘီဝဲယာကို ကြည့်ရှု (look around) သည့်လုပ်ငန်းစဉ်တွင် ပတ်သက်ဆက်စပ်သူများကို ဆန်းစစ်လေ့လာခြင်းသည် မဖြစ်မနေထည့်သွင်းလုပ်ဆောင်ကြသည့် လုပ်ငန်းစဉ်တခုဖြစ်သော်လည်း အန္တရာယ်ကျရောက်နိုင်ခြေကို ဆန်းစစ်လေ့လာစီမံခန့်ခွဲခြင်းမှာမူ မလိုအပ်ဟုထင်လျှင် မလုပ်၍ရသည်။ အချို့မှာ PESTLE analysis ဟုခေါ်သည့် (Political, Economic, Social, Techonological, Legal and Environmental Analysis) ကို အသုံးပြု၍ scenario planning လုပ်လျှင် ယင်းစိုးရိမ်စရာ ပြင်ပအခြေအနေများကိုပါ ထည့်သွင်းစဉ်းစားပြီးဖြစ်သည့်အတွက် သီးသန့်လုပ်နေစရာမလိုဟုလည်း ထင်မြင်ယူဆတတ်ကြသည်။ အချို့အဖွဲ့ အစည်းများမှာမူ မဟာဗျူဟာရည်မှန်းချက်များ ချမှတ်ပြီးမှတွေ့ရှိနိုင်သည့် ပြဿနာများ၊ စိုးရိမ်စရာများကို မဟာဗျူဟာတွင် ထည့်သွင်းနိုင်ရန် ဆန်းစစ်လေ့လာလိုကြသည်။

အန္တရာယ်ကျရောက်နိုင်ခြေကို ဆန်းစစ်လေ့လာစီမံခန့်ခွဲခြင်းလေ့ကျင့်ခန်း၏ အကျိုးကျေးဇူးများမှာ – 

  • အဖွဲ့အတွင်းရှိ ခေါင်းဆောင်များ၊ဦးဆောင်သူများသာမက အဖွဲ့ဝင်များ၊ဝန်ထမ်းများအားလုံး အနေဖြင့် အောက်ခြေမှစ၍ ဗဟိုအဆင့်ထိ ကြုံတွေ့နေရသည့်အခြေအနေများ၊ ဖြစ်လာနိုင်သည့် ပြဿနာများ ကို ဝိုင်းဝန်းဆွေးနွေးဖလှယ်ခွင့်ရရှိခြင်း။
  • ခေါင်းဆောင်များက ပြဿနာဟု မထင်ထားသည့် ကိစ္စအချို့သည် အဖွဲ့ဝင်များအတွက် ကြီးမားသည့် ပြဿနာများ ဖြစ်နေတတ်ခြင်း နှင့် မတူညီသည့်အမြင်များနှင့်အတွေ့အကြုံများကို တွေ့ရှိတတ်ကြခြင်း။
  • ယခင်က မစဉ်းစားမိသည့် စိုးရိမ်စရာများ၊ ပြဿနာများကို ထုတ်ဖော်နိုင်ခြင်း။ 
  • ဆွေးနွေးချက်များမှတဆင့်လည်း အားလုံး သဘောတူလက်ခံသည့်ဖြေရှင်းချက်များ၊ ပြင်ဆင်ချက်များကို စဉ်းစားနိုင်၊အဖြေထုတ်နိုင်စေနိုင်ခြင်း။ 
  • အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှု (team building) နှင့် ယုံကြည်မှုကို တည်ဆောက်ပေးခြင်း တို့ဖြစ်သည်။

မဟာဗျူဟာမရေးဆွဲမီ အဖွဲ့၏တာဝန်ရှိသူများနှင့် တင်ကြိုပြင်ဆင်ချိန်၌ ရရှိနိုင်သည့်အကျိုးရလဒ်များကို ရှင်းပြ၍ ညှိနှိုင်းဆုံးဖြတ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ အဖွဲ့အတွက် စိုးရိမ်စရာ/ကျရောက်နိုင်သည့် အန္တရာယ်/ပြဿနာများကို တနည်းမဟုတ်တနည်းဖော်ထုတ်ပြီး အနာဂတ်မဟာဗျူဟာများစဉ်းစားခြင်းဇယား တွင် ထည့်သွင်းဖော်ပြရန် လိုအပ်သည်။

အန္တရာယ်ကျရောက်နိုင်ခြေများကို ဆန်းစစ်လေ့လာ စီမံခန့်ခွဲပုံ လုပ်ငန်းစဉ်အဆင့်ဆင့်

အဆင့် – ၁ အဖွဲ့အစည်းကို ရိုက်ခတ်မှု ရှိနိုင်သည့် စိုးရိမ်စရာ/အန္တရာယ်များကို စဉ်းစားဖော်ထုတ်ခြင်း

အဖွဲ့အစည်းကိုရိုက်ခတ်မှုရှိနိုင်သည့် အန္တရာယ်များကို ဆန်းစစ်ဖော်ထုတ်ရာတွင် – 

က) အဖွဲ့အစည်းပြင်ပအခြေအနေများ –

အဖွဲ့အစည်းနှင့်ပတ်သက်ဆက်စပ်သူများကို ဆန်းစစ်လေ့လာချက်တွင် ဆွေးနွေးခဲ့သည့် အဖွဲ့အပေါ် ထိခိုက်မှုရှိလာနိုင်သည့်အခြေအနေများနှင့် SWOT တွင်စဉ်းစားခဲ့သည့် ပြင်ပမှ စိန်ခေါ်၊ခြိမ်းခြောက်မှုများအပေါ် အခြေခံပြီးလည်း စဉ်းစားနိုင်သည်။ အဖွဲ့အစည်းပြင်ပမှ စိုးရိမ်စရာများ/အန္တရာယ်များကို စဉ်းစားလျှင် – 

၁) ဥပဒေ/နည်းဥပဒေ/လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ

အဖွဲ့အစည်းအနေဖြင့် တည်ဆဲဥပဒေ၊ အသစ်ပြဌာန်းလိုက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာရန်လိုအပ်ချက်များအတိုင်း တိတိကျကျလိုက်နာရန် အခက်အခဲ၊ စိန်ခေါ်မှုများရှိတတ်ခြင်း 

၂) ပြိုင်ဘက်အဖွဲ့အစည်းများနှင့်ပတ်သက်၍ ကြုံတွေ့ရနိုင်သည့် စိုးရိမ်စရာများ

စီးပွားရေးလုပ်ငန်းများတွင် အခြားပြိုင်ဘက်အဖွဲ့အစည်းများ၏ ဈေးကွက်ရှာဖွေမှု၊ လုပ်ငန်းချဲ့ထွင် မှုများက မိမိတို့အဖွဲ့အစည်းအတွက် စိုးရိမ်စရာအခြေအနေများ။​  လုပ်ငန်းတူသူများ အနေဖြင့် လည်း မိမိတို့ဖောက်သည်များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ အဖွဲ့အတွက် စိုးရိမ်ပူပန်မှုမျာ။ လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်ကြသူ များပင်လျှင် ငွေကြေးပံ့ပိုးသူများထံသို့ ချဉ်းကပ်ရာတွင် အားပြိုင်မှုများ၊ ပြိုင်ဆိုင်ရမှုများ။

၃) စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ

ဘဏ်လုပ်ငန်းများ၏ပြောင်းလဲနေသည့် မူဝါဒများ၊ ငွေလွှဲနှုန်း၊ ငွေသွင်းငွေထုတ်ကိစ္စရပ်များ၊ ငွေကြေးမတည်ငြိမ်မှု၊ ဈေးနှုန်းမတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှုဆိုင်ရာ စိုးရိမ်မကင်းဖြစ်ရသည့် အခြေအနေများ

၄) နိုင်ငံရေးနှင့်ပတ်သက်၍ ကြုံတွေ့ရနိုင်သည့်အခြေအနေများ

နိုင်ငံရေးဆိုင်ရာအပြောင်းအလဲ၊အခြေအနေများကြောင့် အဖွဲ့အစည်းကိုရိုက်ခတ်လာနိုင်သည့် စိုးရိမ်စရာများတို့ဖြစ်သည်။

ခ) အဖွဲ့အစည်းအတွင်း အခြေအနေများ

အဖွဲ့၏အားနည်းချက်များနှင့် မိမိတို့ ရှေ့ဆက်လုပ်ဆောင်သွားရန် စဉ်းစားသည့် TOWS matrix တွင်စဉ်းစားခဲ့ကြသည့် မဟာဗျူဟာများကို လုပ်ဆောင်ရာတွင် ကိုင်တွယ်ဖြေရှင်းရမည့်အချက်များကို ထည့်သွင်းတွက်ချက်နိုင်သည်။ အဖွဲ့အစည်းတခု တွင် တွေ့ရတတ်သည့် မဟာဗျူဟာပိုင်းဆိုင်ရာ အန္တရာယ်များမှာ –

၁) အပြောင်းအလဲနှင့်ဆက်စပ်သည့် စိန်ခေါ်မှု – အပြောင်းအလဲများပြုလုပ်သည့်အတွက် တွေ့ရ နိုင်သည့် ကြန့်ကြာမှုများ၊ ရပ်တန့်သွားမှုများ၊ ဆက်လက်လုပ်ဆောင်ရန်ခက်ခဲသွားမှုနှင့် အခြား တွေ့ရနိုင်သည့် ပြဿနာများ

၂) အမည်/ဂုဏ်သတင်းထိခိုက်မှု – အဖွဲ့အစည်း/အဖွဲ့အစည်းလုပ်ဆောင်နေသည့်လုပ်ငန်းများ ၏အမည်/အမှတ်တံဆိပ်များ ထိခိုက်နိုင်မှု (နံမည်ပျက်ခြင်း)

၃) အုပ်ချုပ်စီမံမှုဆိုင်ရာ စိန်ခေါ်မှု (governance risk) – အဖွဲ့အစည်းအုပ်ချုပ်စီမံမှု (ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးအဖွဲ့၊ ဖွဲ့စည်းပုံ၊ မူဝါဒပိုင်းဆိုင်ရာများ) နှင့်ပတ်သက်၍ ကိုင်တွယ်ရန် လိုအပ်နိုင်သည့် ပြဿနာများ 

၄) ဘဏ္ဍာငွေကြေးဆိုင်ရာ စိန်ခေါ်မှု – အဖွဲ့အစည်းအတွင်း ဘဏ္ဍာရေး/ငွေကြေးပိုင်းဆိုင်ရာ မတည် ငြိမ်မှုကြောင့် တွေ့ရနိုင်သည့်ပြဿနာများ 

၅) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စိန်ခေါ်မှု – နေ့စဉ်လုပ်ငန်းများလုပ်ဆောင်ရာတွင် တွေ့ကြုံ ရနိုင်သည့် စိန်ခေါ်မှုများ (ဥပမာ – ဝန်ထမ်းမလုံလောက်ခြင်း၊ ဝန်ထမ်းများအလုပ်ခဏခဏထွက် ခြင်း၊ အလုပ်ချိန်များခြင်း၊ ရုံးပြောင်းခြင်းစသဖြင့်)ဖြစ်သည်။

မိမိတို့အဖွဲ့အစည်းတွင် တွေ့ရသည့် စိန်ခေါ်မှုများကို ခြုံငုံရေးခြင်းမျိုးမလုပ်ပဲ တိကျစွာ ရေးသားဖော်ပြ ရန်လိုအပ်သည်။ ဥပမာ အပြောင်းအလဲနှင့်ပတ်သက်၍ စိန်ခေါ်မှုဟုဆိုလျှင် မည်သို့သောအပြောင်း အလဲမျိုးကို အဖွဲ့အနေဖြင့်လုပ်ရန်ရှိပါသလဲ။ သို့မဟုတ် အခြေအနေအရ အပြောင်းအလဲရှိနိုင်ပါသလဲ။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲလား၊ လုပ်ထုံးလုပ်နည်းမူဝါဒများ တိကျစွာချမှတ်ပြီး အုပ်ချုပ်စီမံမည့် အပြောင်းအလဲလား၊ လုပ်ငန်းပြောင်းလဲခြင်း သို့မဟုတ် ပြင်ဆင်ဖွဲ့စည်းခြင်းကြောင့် ဖြစ်လာနိုင်သည့် အပြောင်းအလဲလားဆိုသည်ကို တိတိကျကျ၊ရှင်းရှင်းလင်းလင်း ရေးသားရမည်ဖြစ်သည်။

အဆင့် – ၂ ဖြစ်လာနိုင်ခြေ နှင့် ထိခိုက်နိုင်မှု အတိုင်းအတာကို ဆန်းစစ် တွက်ချက်ခြင်း

အဆင့် – ၁ တွင် အဖွဲ့အနေဖြင့် ဖော်ထုတ်တွေ့ရှိခဲ့သည့် ပြဿနာ/စိန်ခေါ်မှုများကို အောက်ပါဇယား တွင် ထည့်သွင်းပါ။ ဖြစ်လာနိုင်ခြေအနည်းအများ/အဖွဲ့အစည်းကို ထိခိုက်နိုင်မှုအတိုင်းအတာအပေါ် မူတည်၍ ကျိမ်းသေနီးပါးဖြစ်လာနိုင်လျှင်/အဖွဲ့အစည်းကို ကြီးကြီးမားမားထိခိုက်နိုင်လျှင် ၅ နှင့် ဖြစ် လာနိုင်ရန်/အထိအခိုက်ရှိရန် ၅၀% မျှသာရှိသည်ဟုခန့်မှန်းလျှင် အလယ်အလတ် – ၃ နှင့် ဖြစ်နိုင်ခြေ နည်းပါးလွန်းသည်၊ အဖွဲ့အတွက် ထိခိုက်နိုင်ခြေနည်းသည်ဟု ထင်မြင်လျှင် ၁ အထိ ပေးနိုင်သည်။ နောက်ဆုံးကော်လံမှာ အဖွဲ့အစည်းအတွက် အန္တရာယ်ရှိနိုင်မှုအတိုင်းအတာကို ပထမနှင့် ဒုတိယ ကော်လံနှစ်ခုကို မြှောက်ပြီး ရလဒ်အပေါ် အခြေခံတွက်ချက်ရခြင်းဖြစ်သည်။

ဖြစ်လာနိုင်ခြေနှင့် ထိခိုက်မှုအပေါ် အခြေခံ၍တွက်ချက်မှုဇယား

ပြဿနာ/စိန်ခေါ်မှုဖော်ပြချက်Probability of occurance
ဖြစ်နိုင်ခြေများ 
၁ မှ ၅ အတွင်း
Potential impact
ထိခိုက်နိုင်မှု အတိုင်းအတာ
Risk score( level of risk)
အန္တရာယ်ရှိနိုင်မှု အတိုင်းအတာ
ဥပမာ – Economic risk
၁။ငွေကြေးဖောင်းပွမှု
၁၆
Operational risk
၂။ သဘာဝဘေးအန္တရာယ်ကြောင့်လုပ်ငန်းနှောင့်နှေးမှု
Financial risk/Competitor risk 
၃။ငွေကြေးပိုင်းဆိုင်ရာ ပံ့ပိုးမှုတွင် အခြားအဖွဲ့အစည်း များနှင့် ပြိုင်ဆိုင်ရမှုပိုမြင့်မားလာမှု
၂၀
Operational risk 
၄။ ဝန်ထမ်းအပြောင်းအလဲ ပိုများလာနိုင်ခြင်း
၁၂
    
    
    
    

၅x၅ ဇယားကိုအသုံးပြု၍ အန္တရာယ်၏အတိမ်အနက်ကို စဉ်းစားခြင်း 5X5 matrix calculation

အထက်ဇယား၏ ကော်လံ ၁ နှင့် ၂ တွင်ပေးထားသည့် အမှတ်များကို ကြည့်၍ အောက်ပါဇယားတွင် ပြဿနာတခုချင်း၏နေရာကို ထည့်သွင်းနိုင်သည်။ ဇယား၏ ညာဖက်အစွန်ထိပ်ဖက်သို့ရောက်နေသည့် အန္တရာယ်များ/ပြဿနာများသည် မဖြစ်မနေ အလေးထားကိုင်တွယ်ရမည့်ကိစ္စများဖြစ်သည်။

အဆင့် – ၃ တဖွဲ့လုံးအတွက် အထိခိုက်နိုင်ဆုံးနှင့် ဖြစ်လာနိုင်ခြေ အများဆုံးကိစ္စများကို ရွေးချယ်ခြင်း

အထက်ဖော်ပြပါ ဇယားနှစ်ခုစလုံးကို ကြည့်၍ အဖွဲ့အတွက် စိုးရိမ်ရသည့်ကိစ္စရပ်များကို အစဉ်လိုက်ရွေးချယ်၍ ရနိုင်သည်။ အန္တရာယ်ရှိနိုင်မှုရလဒ် ကော်လံတွင် အမှတ်မြင့်လေ၊ ယင်းပြဿနာကိစ္စရပ်မှာ အဖွဲ့အတွက် ဂရုစိုက် လုပ်ဆောင်ရန် လိုအပ်လေဖြစ်သည်။ အလားတူပင် ၅x၅ ဇယားတွင် ဇယားကွက်၏ညာဖက် အမြင့်ဆုံးတက်လေလေ၊ သေချာကိုင်တွယ်ရန် လိုအပ်လေလေဖြစ်သည်။ ဆိုလိုသည်မှာ အမှတ် ၂၀ မှ ၂၅ မှတ်အထိရသည့် ကိစ္စများအတွက် အဖွဲ့အနေဖြင့်မဖြစ်မနေ ကိုင်တွယ်ရန်နည်းလမ်းများကို စဉ်းစားရန်လိုအပ်မည်။ ၁၅ မှတ်မှ အမှတ် ၂၀ အထိရသည့်ကိစ္စများကိုမူ အဖွဲ့အတွက် ထိခိုက်နိုင်သည့်အတိုင်းအတာအပေါ် အခြေခံ၍ ထိရောက်သည့်စီမံခန့်ခွဲမှုမျိုးကို စဉ်းစားရန်လိုအပ်ပါသည်။ 

အထက်ဖော်ပြပါဇယားနမူနာတွင် ပါရှိသည့် အန္တရာယ်/စိုးရိမ်စရာ – ၄ ခုကို ကြည့်မည်ဆိုလျှင် – 

နံပါတ် ၃။ငွေကြေးပိုင်းဆိုင်ရာ ပံ့ပိုးမှုတွင် အခြားအဖွဲ့အစည်းများနှင့် ပြိုင်ဆိုင်ရမှုပိုမြင့်မားလာမှုကို အမှတ် – ၂၀ ပေးထားသည်။ အလားတူပင် ၅x၅ ဇယားတွင်လည်း ညာဖက်တွင် အမြင့်ဆုံး၊ ညာဖက်အမြင့်ဆုံးဖြစ်နေသည်။ 

နံပါတ် ၁။ ငွေကြေးဖောင်းပွမှုသည် ၁၆ မှတ်ရပြီး အလားတူပင် ၅x၅ ဇယားတွင်လည်း ညာဖက်တွင် ဒုတိယအမြင့်ဆုံးအနေအထားရှိသည်။ 

နံပါတ် ၄။ ဝန်ထမ်းအပြောင်းအလဲပိုများလာနိုင်ခြင်းသည် ၁၂ မှတ်ဖြစ်ပြီး အမှတ်အများဆုံး နှစ်ခုကို မြှောက်သည့်အမှတ် ၂၅ မှတ်၏ ထက်ဝက်အောက်ရှိသည်။ ယင်းကိစ္စမှာ ကျန်သည့်ဆန်းစစ်ချက်များ၏တွေ့ရှိချက်များတွင် စိုးရိမ်ရသည့်အခြေအနေမရှိလျှင် မဟာဗျူဟာတွင် ကြီးကြီးမားမားထည့်သွင်းပြင်ဆင်ရန် မလိုအပ်လှချေ။ သို့သော် လုပ်ငန်းလည်ပတ်မှု 0perational အပိုင်း တွင် ကိုင်တွယ်ရမည့်ကိစ္စအသေးစိတ်ပေါ်လာနိုင်ပြီး အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများ administrative issues တွင်ပြန်တွေ့ရနိုင်သည်။

နံပါတ် ၂။ သဘာဝဘေးအန္တရာယ်များကြောင့် လုပ်ငန်းနှောင့်နှေးနိုင်မှုမှာမူ စုစုပေါင်းရမှတ် ၉ မှတ်ရှိသည့်အတွက် အခြားအန္တရာယ် များနှင့် နှိုင်းစာပါက အဖွဲ့အတွက် အလွန်အမင်း စိုးရိမ်စရာမရှိလှဟုသုံးသပ်နိုင်သည်။ 

အမှတ်ပေးခြင်းနှင့် အဖွဲ့အတွက် စိုးရိမ်စရာ/အန္တရာယ်ဖြစ်စရာအဖြစ် သတ်မှတ်ချက်များသည် တဦးချင်းနှင့် လုပ်ငန်းတည်နေရာအလိုက် အမြင်များကွဲပြားတတ်ပြီး အမှတ်ပေးသည့်ပုံစံများမှာလည်း ကွဲပြားနိုင်သည်။ ထို့ကြောင့် ဦးဆောင်ဆွေးနွေး ကြသူများအနေဖြင့် ပြန်လည်ညှိနှိုင်းပေးခြင်းနှင့် နောက်ဆုံးတဖွဲ့လုံးအတွက် ပေးမှတ်ကို သဘောတူညီရန် လိုအပ်ခြင်းတို့ကို သတိပြုရန် လိုအပ်သည်။

အဆင့် – ၄ အကောင်းဆုံး ရင်ဆိုင်၊ကျော်လွှားနိုင်မည့် နည်းလမ်းများကို စနစ်တကျ ရေးဆွဲချမှတ်ခြင်း

နောက်ဆုံးအဆင့်တွင် အဖွဲ့အနေဖြင့် ရေးဆွဲမည့်မဟာဗျူဟာတွင် ဖော်ထုတ်တွေ့ရှိရသည့် အန္တရာယ်များ၊ စိုးရိမ်စရာကိစ္စရပ်များကို အဖွဲ့အတွက် အန္တရာယ်လျော့နည်းနိုင်သမျှလျော့နည်း၊ လျှော့ချနိုင်မည့်နည်းလမ်း များကို စဉ်းစားအဖြေရှာ၍ ဆုံးရှုံးမှုနည်းပါးနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ရမည်။ 

ယင်းလုပ်ငန်းစဉ်တွင်  – 

  •  အဖွဲ့အစည်းအတွက်အန္တရာယ်အမြင့်မားဆုံးကိစ္စများကို ထိန်းချုပ်ကျော်လွှားနိုင်မည့် နည်းလမ်းများ
  • ဦးစားပေးကိုင်တွယ်ရမည့်စိုးရိမ်စရာကိစ္စများ/အန္တရာယ်များ၏ ဖြစ်လာနိုင်ခြေနှင့် အဖွဲ့အတွက် ထိခိုက်နိုင်မှုကို လျှော့ချပေးနိုင်မည့် အရေးယူလုပ်ဆောင်မှုအစီအစဉ်တခု
  • အဖွဲ့အစည်းတခုလုံးအတွက် အန္တရာယ်ကျရောက်နိုင်မည့်အခြေအနေများမှ ကျော်လွှားစေနိုင်မည့် ရေရှည်မဟာဗျူဟာတခုနှင့်
  •  အဆိုးဆုံးအခြေအနေမျိုးကြုံတွေ့ရလျှင် လတ်တလောဖြေရှင်းရန်အစီအစဉ်တခုတို့ပါဝင်သင့်သည်။

လာမည့်စနေတွင် ရှေ့ဖြစ်လာနိုင်သည့်အခြေအနေများကို စဉ်းစားပုံဖော်ကြည့်ခြင်း (Scenario Planning) ကိုဆက်လက်ရေးသားတင်ပြပေးပါမည်။

မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ် အဆင့် ၂ နှင့် ၃

အဆင့် – ၂ လက်ရှိအခြေအနေကို ဆန်းစစ်သုံးသပ်ခြင်း

ခ) လက်ရှိအခြေအနေကို ဆန်းစစ်သုံးသပ်ခြင်း 

အဖွဲ့အစည်း၏ အတိတ်သမိုင်းကြောင်းနှင့် ရေးဆွဲထားရှိပြီးသည့် မျှော်မှန်းအိပ်မက်၊ ရပ်တည်ခံယူချက်နှင့် လမ်းညွှန်မူဝါဒစံတန်ဖိုးများ၏ လက်ရှိအနေအထားနှင့် ဆီလျော်မှုရှိသေးခြင်းရှိမရှိကို ဆန်းစစ်ပြီးနောက် အဖွဲ့အစည်း၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ သေချာစွာဆန်းစစ်သုံးသပ်ကြရန်လိုအပ်ပါသည်။ ယင်းလုပ်ငန်းစဉ်သည် မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ်တခုလုံးတွင် အချိန်အယူရဆုံးလည်းဖြစ်သည်။ အဖွဲ့အစည်းတွင် တိုက်ရိုက်ပါဝင်ပတ်သက်သူများသာမက၊ အဖွဲ့အစည်းနှင့် ဆက်စပ်ပတ်သက်သည့် အရေးကြီးသူများအားလုံး၏ အဖွဲ့နှင့် အဖွဲ့၏လုပ်ငန်းများအပေါ် အမြင်များကို တတ်စွမ်းသမျှ စုဆောင်းရယူလုပ်ဆောင်သင့်သည့်လုပ်ငန်းစဉ်လည်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများတွင်မူ ဈေးကွက်သုတေသန၊ လက်ရှိလူကြိုက်များနေသည့်ပုံစံ၊ လူကြိုက်များသည့်ပစ္စည်းနှင့် မိမိတို့ဦးတည်အုပ်စုများ ၏ ရွေးချယ်မှုပုံစံများကို သိရှိအောင်လုပ်ဆောင်ရန် စစ်တမ်းများ၊ သုတေသနများပြုလုပ်ကြသကဲ့သို့ အစိုးရမဟုတ်သည့်အဖွဲ့ (Non-governmental Organization) များတွင်လည်း မိမိတို့၏အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ငွေကြေးပံ့ပိုးနေသူများနှင့် ဦးတည်အုပ်စုများ၏ အဖွဲ့နှင့် အဖွဲ့၏စီမံကိန်း၊စီမံချက်၊အကျိုးရလဒ်များအပေါ် အမြင်များကို မေးမြန်းစုစည်း ထည့်သွင်းစဉ်းစားလေ့ရှိကြသည်။

၁။ လက်ရှိအဖွဲ့အစည်း၏လုပ်ငန်းများကို စုစည်းသုံးသပ်ခြင်း

လက်ရှိအခြေအနေကို ဆန်းစစ်သုံးသပ်ချက်အတွက် ပထမဦးဆုံးပြုလုပ်သင့်သည့်လေ့ကျင့်ခန်းမှာ မိမိတို့အဖွဲ့၏ လက်ရှိလုပ်ငန်းတခုချင်းကို ပြန်လည်သုံးသပ်ခြင်းဖြစ်သည်။ အဖွဲ့အစည်းတခုလုံး၏ စီမံကိန်းများ၊ လုပ်ငန်းများအားလုံးကို စုစည်းကြည့်ပြီး အမျိုးအစားတူညီသည့် ပုံစံ အလိုက် ပြန်လည်ခွဲခြားကြည့်နိုင်သည်။​ မိမိတို့အဖွဲ့အစည်း၏လုပ်ဆောင်မှုပုံစံအလိုက် အောက်ပါဇယားတွင် မပါဝင်သည့် စီမံကိန်း/လုပ်ငန်းအမျိုးအစားများရှိပါကလည်း ထပ်မံထည့်သွင်းနိုင်ပါသည်။

စီမံကိန်း/စီမံချက်/လုပ်ငန်းအမျိုးအစားအသေးစိတ်လုပ်ငန်းအမည်ဖော်ပြချက်
၁)အဖွဲ့အစည်း၏အဓိကပင်မလုပ်ငန်း/စီမံကိန်းများ
က) ငွေကြေးပံ့ပိုးသူ/အလှူရှင်ထံမှ ငွေကြေးများ ယူ၍ လုပ်ဆောင်နေသည့်လုပ်ငန်းများ 
ခ) အဖွဲ့အတွက် ငွေကြေးရရှိနေသည့် လုပ်ငန်းများ  
ဂ) အခြား (ထပ်မံထည့်သွင်းရန်ရှိလျှင်) 
  
၂) စေတနာ့ဝန်ထမ်းစီမံကိန်းများ (အဖွဲ့ကိုယ်ပိုင်ငွေဖြင့် လည်ပတ်နေသည့်လုပ်ငန်းများ)
က) အဖွဲ့ဝင်များ၏ရန်ပုံငွေဖြင့်လည်ပတ်နေသည့်လုပ်ငန်း 
ခ) လုပ်အားစိုက်ထုတ်ကူညီပေးနေသည့်စီမံကိန်း/လုပ်ငန်း 
၃) အခြားအဖွဲ့အစည်း/ရပ်ရွာအသိုင်းအဝိုင်းများနှင့် ကွန်ရက်ဖွဲ့ လုပ်ဆောင်နေမှုများ – Networking
က) အစည်းအဝေးများ 
ခ) လုပ်ငန်းများ 
ဂ) စီမံကိန်းများ 
၄) အဖွဲ့အစည်းနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက်လုပ်ဆောင်ချက်များအဖွဲ့အစည်းပုံစံ/မူဝါဒရေးဆွဲခြင်း၊ ပရိဘောဂအသစ်ဝယ်ခြင်းစသဖြင့်
  
  
  
  
၅) မိတ်ဖက်လုပ်ဆောင်မှုများ (နိုင်ငံတကာအဖွဲ့အစည်းများ/ပြည်တွင်းအဖွဲ့များ/ဒေသခံလုပ်ငန်းတူအဖွဲ့များနှင့် မဟာမိတ်ပြုလုပ်ဆက်ဆံမှုများ) Partnerships
  
  
  
၆) သင်တန်းများ – အဖွဲ့/အဖွဲ့ဝင်များ အခြားပြင်ပအဖွဲ့အစည်းမှ ရရှိသည့် သင်တန်းများ ကွန်ပြူတာ/စာရင်းကိုင်သင်တန်း၊
  
  

အဖွဲ့အစည်း၏စီမံကိန်း/လုပ်ငန်းဌာနများအလိုက် အောက်ပါပုံစံဖြင့် စာရင်းပြုစုကြသည်။

စီမံကိန်း/လုပ်ငန်းဌာနအမည် (Name of program/department)  စီမံကိန်း/လုပ်ငန်းဌာန၏ ရည်ရွယ်ချက် လုပ်ငန်းစဉ် (Program/department purpose) လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းနယ်ပယ်နှင့် လုပ်ငန်းအတိုင်းအတာ (Description of current scope and scale of activities)



စီမံကိန်း/လုပ်ငန်းဌာနအမည် Name of program/department:  စီမံကိန်း/လုပ်ငန်းဌာန၏ ရည်ရွယ်ချက် လုပ်ငန်းစဉ် (Program/department purpose) လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းနယ်ပယ်နှင့် လုပ်ငန်းအတိုင်းအတာ (Description of current scope and scale of activities)  



စီမံကိန်း/လုပ်ငန်းဌာနအမည် Name of program/department:  စီမံကိန်း/လုပ်ငန်းဌာန၏ ရည်ရွယ်ချက် လုပ်ငန်းစဉ် (Program/department purpose) လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းနယ်ပယ်နှင့် လုပ်ငန်းအတိုင်းအတာ (Description of current scope and scale of activities) 




အဖွဲ့အစည်း၏ လုပ်ငန်းလည်ပတ်မှု

ဝန်ထမ်းအရေအတွက်နှင့် ဘုတ်အဖွဲ့ဝင်အရေအတွက် (Number of staff and board)
ဘုတ်အဖွဲ့ဝင်အရေအတွက် –
စီမံကိန်းဝန်ထမ်းအရေအတွက် စုစုပေါင်း –
လုပ်ငန်းလည်ပတ်ရန်ပံ့ပိုးပေးနေသည့်ဝန်ထမ်း (Operations staff) အရေအတွက် – 
အဖွဲ့ဝင် (ရှိလျှင်) – စေတနာ့ဝန်ထမ်း/အလုပ်သင် စသဖြင့် ရှိလျှင် –  
ငွေကြေးပိုင်းဆိုင်ရာ အချက်အလက်များ Financial data: (sources of revenue, budget, etc.)အဖွဲ့အစည်းလည်ပတ်ရန် ငွေကြေးရရှိနေသည့်နေရာများ (အရင်းအမြစ်များ) ဘတ်ဂျက်အခြေအနေ (ဝင်ငွေ၊ ထွက်ငွေ အကျဉ်းဖော်ပြချက်များ) 



၂။ အားသာချက်၊အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဆန်းစစ်ချက် (SWOT analysis) များကို အခြေခံ၍ TOWS matrix ကိုအသုံးပြုပြီး မဟာဗျူဟာများစဉ်းစားခြင်း

မဟာဗျူဟာတခုရေးဆွဲရာတွင် မဖြစ်မနေထည့်သွင်းဆန်းစစ်သည့် ဆန်းစစ်ချက်တခုဟုဆိုရမည့် SWOT analysis ကို စတင်မိတ်ဆက်ပေးလိုပါသည်။ SWOT analysis သည် အဖွဲ့အစည်းတခုအတွက်သာမက လူတဦးချင်းစီအတွက် တိုးတက်ရေးမဟာဗျူဟာချမှတ်ရာတွင် အသုံးပြုသည့်နည်းလမ်းတခုလည်းဖြစ်ပါသည်။ SWOT analysis သည် အဖွဲ့အစည်းများအတွက်သာမက လူပုဂ္ဂိုလ်တယောက်ချင်းစီအတွက်လည်း အသုံးပြုနိုင်၊ ဆန်းစစ်နိုင်ပြီး မိမိလုပ်ဆောင်လိုသည့် ပန်းတိုင်သို့ရောက်ရှိအောင် မဟာဗျူဟာများ ချမှတ်ရန် အထောက်အကူဖြစ်စေသည်။

လူတဦးဖြစ်စေ၊ အဖွဲ့တခုဖြစ်စေ မိမိကိုယ်ကိုနားလည်ခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေကို မှန်ကန်စွာ ဆန်းစစ်သုံးသပ်နိုင်ခြင်းသည် အောင်မြင်မှု၏သော့ချက်ပင်ဖြစ်သည်။

Know Thyself (ကိုယ့်ကိုယ်ကို နားလည်နိုင်အောင်ကြိုးစားပါ။)

ဤဆန်းစစ်ချက်မှရရှိမည့် ရလဒ်များ၊       ၊

၁) အဖွဲ့အစည်း၏ လက်ရှိ အားသာချက်၊အားနည်းချက်၊ အခွင့် အလမ်း နှင့် စိန်ခေါ်မှုအခြေအနေများကို အဖွဲ့တွင်ပါဝင်သည့် ဝန်ထမ်းများ၊ ပတ်သက်ဆက်စပ်သူများ အားလုံး၏ အမြင်ကို သိရှိနားလည်ခွင့်ရရှိခြင်း၊

၂) အဖွဲ့အပေါ် ထင်မြင်ယူဆချက်များကို ဆွေးနွေးဖလှယ်ခွင့်ရရှိခြင်းဖြင့် အဖွဲ့၏စည်းလုံးညီညွတ်မှုပိုမိုရရှိနိုင် ခြင်း၊

၂) အဖွဲ့၏လက်ရှိ အားသာချက်၊အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာ၍ မဟာဗျူဟာများ စဉ်းစားချမှတ်နိုင်ခြင်း 

ကြိုတင်ပြင်ဆင်ရန်လိုအပ်ချက်များ – 

  • ဆန်းစစ်လေ့လာချက်ကို ဦးဆောင်ပြုလုပ်ပေးမည့်သူအနည်းဆုံး တဦးနှင့် အချက်အလက်များကို စုစည်းမှတ်တမ်းတင်ပေးမည့်သူ အနည်းဆုံး တဦးလိုအပ်သည်။ ဦးဆောင်ဆွေးနွေးသူအနေဖြင့် SWOT analysis နှင့် TWOS matrix အသုံးပြုပုံကို တင်ကြိုလေ့လာပြီး ပြင်ဆင်ထားရန်လိုအပ်ပါသည်။ 
  • စစ်တမ်းပြုလုပ်မည်ဆိုလျှင် စစ်တမ်းအတွက်မေးခွန်းများကို google forms တွင် တင်ကြိုပြင်ဆင်၍ မိမိတို့ ဖြေကြားစေလိုသူများအား ဖြန့်ဝေဖြေကြားခိုင်းရပါမည်။ မဟာဗျူဟာရေးဆွဲရန် တာဝန်ယူထား သူ ၂ ဦးခန့်ရှိရန်လိုအပ်ပြီး ဖြေဆိုထားသည့်အဖြေများကို ရေးဆွဲ ရန်တွေ့ဆုံချိန်တွင် စုစည်းတင်ပြရန် ဖြစ်သည်။ 
  • မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ်ကို လူကိုယ်တိုင်တွေ့ဆုံလုပ်ဆောင်ကြမည်ဆိုလျှင် flipchart, marker pens များပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်သည်။ အွန်လိုင်းမှသာလုပ်ဆောင်ကြမည်ဆိုလျှင် အဖွဲ့လိုက် computer တွင်မှတ်တမ်းတင်စေရန် သို့မဟုတ် zoom တွင်ပါရှိသည့် whiteboard သို့မဟုတ် သီးခြား ဆွေးနွေး၍ရသည့် အက်ပ်လီကေးရှင်းများဖြစ်သည့် Miro တို့ကိုအသုံးပြုခြင်းနှင့် အလွယ်ကူဆုံးမှာ တင်ပြနေသည့် ပါဝါပွိုင့်တွင် အားလုံးမြင်အောင်ပြသပြီး လူကိုယ်တိုင်အသုံးပြုသည့် whiteboard ကဲ့သို့ ရေးသားဆွေးနွေးနိုင်သည်။  အားလုံးကိုပြန်လည်စုစည်းတင်ပြပေးနိုင်ရန်လည်း လိုအပ်ပါမည်။ 
  • ထို့အပြင် အဖွဲ့အသီးသီးမှသူများ ရေးသားသည့် တူညီသည့်အချက်များကို တခုတည်း အတည်ပြု မှတ်တမ်းတင်ခြင်းနှင့် အားသာချက်နေရာတွင် ထည့်သွင်းထားတတ်သည့် စိန်ခေါ်မှုများ၊စိန်ခေါ်မှုနေရာ သို့ရောက်နေတတ်သည့် အားသာချက်များစသည်ဖြင့်တို့ကို ပြင်ဆင်ထည့်သွင်းပေးရန်လိုအပ်မည်။ 

ဦးဆောင်ဆွေးနွေးသူများအတွက် မှတ်စု

အဖွဲ့အစည်းအတွင်းရှိ အားသာချက်နှင့် အားနည်းချက်များဆိုသည်မှာ အဖွဲ့အတွင်းချက်ချင်း အသုံးချနိုင်ပြီး အဖွဲ့အနေဖြင့် စီမံခန့်ခွဲ၊ ကိုင်တွယ်ဖြေရှင်းနိုင်သည့်အချက်များကိုဆိုလိုသည်။ အခွင့်အလမ်းနှင့်စိန်ခေါ်မှု (ခြိမ်းခြောက်မှု) ဆိုသည်မှာမူ ပြင်ပမှ မိမိတို့အနေဖြင့် ထိန်းချုပ်ပိုင်ခွင့်မရှိသည့်အရာများဖြစ်သည်။ အချို့ အချက်များသည် ဖော်ပြချက်အပေါ်မူတည်၍ အားသာချက် သို့မဟုတ် အခွင့်အလမ်းဖြစ်နိုင်သည်။ 

ဥပမာ – အဖွဲ့အစည်းခေါင်းဆောင်သည် လူသိများသည် (leader of the organization is popular) ဆိုလျှင် အဖွဲ့ အစည်း၏ အားသာချက်ဖြစ်နိုင်သော်လည်း ခေါင်းဆောင်ကြောင့် အဖွဲ့အစည်းကို လူများစွာက ယုံကြည် ကြခြင်း (gained trust from many people due to the leader) ဆိုလျှင် အခွင့်အလမ်းအဖြစ်သို့ ပြောင်းလဲ သွားနိုင်သည်။ လူသိများသည့်ခေါင်းဆောင်သည် အဖွဲ့အစည်းပိုင်ဖြစ်သော်လည်း သူ့ကြောင့် လူအများ၏ ယုံကြည်မှု ရရှိခြင်းကမူ အဖွဲ့အစည်းအတွက် အခွင့်အလမ်းသာဖြစ်မည်။ 

လုပ်ဆောင်ပုံအဆင့်ဆင့်၊ 

၁၊ စစ်တမ်းပုံစံမေးခွန်းများပြုလုပ်၍ google forms ကို အသုံးပြုပြီး အဖွဲ့၏ဝန်ထမ်းများ၊ ဘုတ်အဖွဲ့၊ အဖွဲ့ဝင် များ နှင့် အဖွဲ့နှင့် ဆက်စပ်ပတ်သက်သူများထဲမှ မိမိတို့အဖွဲ့အကြောင်းသေချာစွာသိရှိသူများအား အဖွဲ့၏ အားသာချက်၊အားနည်းချက်၊အခွင့်အလမ်းနှင့်စိန်ခေါ်မှုများကို တဦးချင်း၏အမြင်များကို ဖြေကြားပေးရန် တင်ကြိုဖြန့်ဝေထားနိုင်သည်။ စစ်တမ်းတွင် အဖွင့်မေးခွန်းပုံစံဖြင့် ရေးသားစေခြင်းက ပို၍အဆင်ပြေနိုင်သည်။ မိုဘိုင်းဖုံးကိုသာအသုံးပြုပြီး ကွန်ပြူတာမရှိသူများအား သူတို့ရေးလိုသည့်အကြောင်းအရာကို စာရွက်ပေါ်တွင် ရေးသားစေ၍ ဓာတ်ပုံရိုက်ပြီး ဖြေကြားနိုင်ရန် စီစဉ်၍လည်း အဆင်ပြေပါသည်။ 

သို့မဟုတ် 

အဖွဲ့၏ဝန်ထမ်းများအား စီမံကိန်းအလိုက်၊ ဌာနအလိုက်အဖွဲ့လိုက် တင်ကြိုတွေ့ဆုံစေ၍ စီမံကိန်း/ဌာနများ အလိုက် SWOT များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားနိုင်ကြသည်။ ၂၊ အဖွဲ့အားလုံးတွေ့ဆုံသည့် မဟာဗျူဟာရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် အောက်ဖော်ပြပါ ဇယားကို ပြ၍ အဖွဲ့၏အားသာချက်၊အားနည်းချက်၊အခွင့်အလမ်းနှင့်စိန်ခေါ်မှုများကို စုစည်းတင်ပြပေးပါ။

 ၃။ အားလုံးစုစည်းပြီးနောက် အားသာချက်နှင့် အခွင့်အလမ်း၊ အားသာချက်နှင့်စိန်ခေါ်မှု/ခြိမ်းခြောက်မှု၊ အားနည်းချက်နှင့် အခွင့်အလမ်း၊ အားနည်းချက်နှင့်ခြိမ်းခြောက်မှုများကို ပေါင်းစပ်၍ အဖွဲ့အစည်းအနေဖြင့် အသုံးချနိုင်သည့် လက်တွေ့မဟာဗျူဟာအဖြစ် ရေးဆွဲရန် TOWS matrix တွင်ထည့်သွင်းစဉ်းစားကြသည်။

ရင်းနှီးမြုပ်နှံရန် Maximize the profits (Strengths + Opportunities)
အားသာချက်များနှင့်အခွင့်အလမ်းများ ကို အကောင်းဆုံးပေါင်းစပ်နိုင်လျှင်  အပြန်အလှန်အကျိုးပြု၍  အကျိုးအမြတ် အများဆုံးရစေနိုင်သည်။
ကာကွယ်ရန် (Defend) (Strengths + Threats)
မိမိကိုယ်ပိုင်အားသာချက်များကိုအသုံးပြု၍ ပြင်ပမှစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုများကို တဦး တည်း၊တဖွဲ့တည်းဖြစ်စေ၊ အခြားသူ/အဖွဲ့များ နှင့်ဖြစ်စေ ပူးပေါင်းရင်ဆိုင်၊ကာကွယ်နိုင်သည်။
ဆုံးဖြတ်ရန် (Decide) (Weaknesses + Opportunities)
ကိုယ်ပိုင်အားနည်းချက်များကို ပြင်ပ အခွင့် အလမ်းများနှင့် ချိန်ထိုးကြည့်ပြီး ဆုံးဖြတ် ချက်ချရန်လိုအပ်သည်။ ရင်းနှီး မြုပ်နှံမလား၊ ဦးတည်ချက် ပြောင်းမလား၊ ပူးပေါင်းလုပ်ဆောင်မလား။
ဆုံးရှုံးမှုကိုထိန်းချုပ်ရန်နှင့် လမ်းကြောင်းပြောင်းလုပ်ဆောင်ရန် minimize the loss (Weaknesses + Threats)
ခြိမ်းခြောက်/စိန်ခေါ်မှုများရှိနေပြီး ကိုယ်တိုင် လည်း အားနည်းချက်များရှိနေပါက အတတ် နိုင်ဆုံး/အနည်းဆုံး ဆုံးရှုံးမည့်နည်းလမ်း၊ ဗျူဟာကို ရွေးချယ်ဆုံးဖြတ်ကြရသည်။ 

လူပုဂ္ဂိုလ်တဦးချင်းတွင်ဖြစ်စေ၊ အဖွဲ့အစည်းတခုတွင်ဖြစ်စေ မိမိကိုယ်ကိုသိရှိနားလည်ပြီး မိမိ၏အားသာချက်၊ အားနည်းချက်များကို သိရှိပြီး ပြင်ပမှရနိုင်သည့်အခွင့်အလမ်းများနှင့် ရင်ဆိုင်ရနိုင်သည့် ခြိမ်းခြောက်မှု၊ စိန်ခေါ်မှု များကို သေချာစွာတွက်ချက်နိုင်ခြင်းနှင့် ယင်းအပေါ် အခြေခံ၍ မဟာဗျူဟာရေးဆွဲလုပ်ဆောင်ခြင်းသည် အောင် မြင်မှုအတွက် အရေးပါသည့်သော့ချက်ပင်ဖြစ်သည်။ 

လုပ်ငန်းအတူတူ လုပ်ဆောင်နေကြသည့်သူချင်းတူသော်လည်း အချို့လုပ်ငန်းများမှာ ပို၍အောင်မြင်သည်ကို တွေ့ဖူးကြမည်ဖြစ်သည်။ မိမိတို့၏အားသာချက်၊အားနည်းချက်များကို ကိုယ်တိုင်သိ၍ဖြစ်စေ၊ သိသူ၊နားလည် သူပေးသည့် အကြံဉာဏ်ကို နားထောင်၍ဖြစ်စေ အချို့လုပ်ငန်းများမှာ ပို၍အောင်မြင်ကြသည်။

ဥပမာအဖြစ်ပေးရန် ဖွဲ့စည်းထားသည့် မကွေးတိုင်းအခြေစိုက် သစ်ပင်ချစ်သူများအဖွဲ့ (LOT) ကို SWOT analysis နှင့် TOWS matrix လုပ်ကြည့်ရအောင် –

အားသာချက်များ
မကွေးတိုင်းအတွင်းရှိ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများ၊ သစ်ပင်စိုက်ပျိုးရန် စိတ်ဝင်စားသူများ၊ ပညာရှင်များနှင့် ဖွဲ့စည်း ထားခြင်း
ရပ်ကျေးခေါင်းဆောင်များပါဝင်ခြင်း၊ ကူညီခြင်း 
အဖွဲ့ဝင်များက ရန်ပုံငွေထည့်ဝင်လုပ်ဆောင်နေကြခြင်း
မြို့နယ်များရှိ ပျိုးဥယျာဉ်လုပ်ငန်းရှင်အချို့ အဖွဲ့ဝင်အဖြစ်ရှိနေပြီး ပျိုးပင်များ ပံ့ပိုးပေးခြင်း
အခွင့်အလမ်းများ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ သစ်ပင်များများရှိရန် လိုအပ်သည်ကို မကွေးတိုင်းအတွင်းရှိ ရပ်ရွာပြည်သူလူထုအားလုံး နားလည် လက်ခံမှုပူးပေါင်းပါဝင်၊လက်တွဲဆောင်ရွက်လိုသည့် အဖွဲ့အစည်း၊ စေတနာ့ဝန်ထမ်းများရှိနေမှု
မကွေးတိုင်းအတွင်း ဒေသခံရပ်မိရပ်ဖများ၏ အားပေးထောက်ခံမှု မြို့နယ်များရှိ
ပျိုးဥယျာဉ်လုပ်ငန်းရှင်များက ပါဝင်ရန် စိတ်ဝင်စားမှုရှိခြင်း
အားနည်းချက်များ
အဖွဲ့ကို တာဝန်ယူ၊တာဝန်ခံသည့် ကွန်ဂရက် အဖွဲ့အစည်းပုံစံ လည်ပတ်နိုင်ရန် အချိန်ပိုပေးရန် လိုအပ်နေသေးခြင်း
စတင်ဖွဲ့စည်းစဉ်က တာဝန်ခံပေးခဲ့သည့် ခေါင်းဆောင်အချို့ ရွှေ့ပြောင်းသွားခြင်း
အမှုဆောင်ညွှန်ကြားရေးမှူး အလုပ်ထွက်သွားခြင်း
အဖွဲ့တွင် အမြဲတမ်းဝန်ထမ်းမထားနိုင်တော့ခြင်း 
အဖွဲ့ဝင်များ၏ရန်ပုံငွေအပေါ် မှီခိုနေကြရပြီး စေတနာ့ဝန်ထမ်းများအဖြစ်သာ လက်ရှိရပ်တည်နေကြရခြင်း 
စိုက်ပျိုးပင်များရှင်သန်ကြီးထွားရေးအတွက် ကြပ်မတ်ကွပ်ကဲရန် ရပ်ရွာပြည်သူလူထုအား စည်းရုံးလှုံ့ဆော်နိုင်မှု၊ ပညာပေးနိုင်မှု အားနည်းနေသေးခြင်း
ခြိမ်းခြောက်/စိန်ခေါ်မှုများ
အသင်းအဖွဲ့ဖွဲ့စည်းခြင်း ဥပဒေအသစ်အရ အသင်းမှတ်ပုံတင်မပြုလုပ်ပဲ လုပ်ငန်းလည်ပတ် ရန် မဖြစ်နိုင်တော့ခြင်း
ပြောင်းလဲနေသည့် အခြေအနေအမျိုးမျိုးတွင် ရပ်ကျေးခေါင်းဆောင်အသစ်များနှင့် ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲလာခြင်း
စီးပွားရေးအခြေအနေများကြောင့် ပျိုးဥယျာဉ် လုပ်ငန်းများ သိသိသာသာကျဆင်းလာခြင်း
ရပ်ရွာပြည်သူလူထုအား စည်းရုံးလှုံ့ဆော်ပညာပေးနိုင်ရန်အတွက် စုစည်း၍မရနိုင်ခြင်း
ရပ်ရွာ ပြည်သူလူထုအနေဖြင့် စိုက်ပျိုးပင်များ ရှင်သန်ကြီးထွားရေးအတွက် ကြပ်မတ်ကွပ်ကဲရန် အသိပညာများရှိမနေခြင်း

အထက်ဖော်ပြပါ SWOT ကိုအခြေခံပြီး LOT အနေဖြင့် TOWS matrix ဖြင့် ရှေ့လာမည့် ၃ နှစ်အတွက် မဟာဗျူဟာများ ဆက်လက်စဉ်းစားကြည့်မည်ဆိုလျှင် – 

ရင်းနှီးမြုပ်နှံရန် Maximize the profits
အဖွဲ့ဝင် ပျိုးဥယျာဉ်ပိုင်ရှင်များနှင့် တိုင်ပင် ဆွေးနွေးပြီး မြို့နယ်အလိုက် သစ်ပင်စိုက်ပျိုးလိုသည့် ရပ်ကျေးခေါင်းဆောင်များ၊ ပြည်သူ လူထုများအား ပျိုးပင်များ ပံ့ပိုးကူညီနိုင် ကြောင်း အသိပေးပြီး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် 
ကာကွယ်ရန် (Defend)
အဖွဲ့အနေဖြင့် မှတ်ပုံတင်မရှိသည့်အခြေအနေ တွင် အဖွဲ့ပုံစံဖြင့် ဆက်လက်ရပ်တည်မည့်အစား မြို့နယ်အလိုက် အဖွဲ့ဝင်ပျိုးဥယျာဉ် ပိုင်ရှင်များနှင့်တိုင်ပင်၍ တနိုင်တပိုင် သစ်ပင် စိုက်ပျိုးလိုသည့်သူများကို ပံ့ပိုးကူညီရန်နှင့် လိုအပ်လျှင် ပညာရှင်များအား ဖုံးဆက်၍ အကူအညီတောင်းခံနိုင်သည့်စနစ်ထားပေးရန်
ဆုံးဖြတ်ရန် (Decide)
အဖွဲ့တွင် ခေါင်းဆောင်မှု အပြောင်းအလဲနှင့် အမြဲတမ်းဝန်ထမ်းမရှိနေခြင်းနှင့် အဖွဲ့၏ လုပ်ငန်းများကို အဖွဲ့အနေဖြင့် မဟုတ်ပဲ တဦးချင်း စေတနာ့ဝန်ထမ်းပုံစံဖြင့် လုပ် ဆောင်နိုင်သည့်သူများရှိနေခြင်းနှင့် ရပ်မိရပ်ဖများ၏ လက်ခံယုံကြည်မှုရှိခြင်း တို့အပေါ် အခြေခံ၍ ပုံစံပြောင်းလဲလုပ် ဆောင်သင့်၊ မသင့်  AGM တွင် ဆုံးဖြတ် အတည်ပြုပြောင်းလဲရန် 
ဆုံးရှုံးမှုကိုထိန်းချုပ်ရန်နှင့် လမ်းကြောင်းပြောင်းလုပ်ဆောင်ရန် minimize the loss
သက်တမ်းနုနယ်သေးသည့်အဖွဲ့ဖြစ်သော်လည်း မကွေးတိုင်းအတွင်း မရှိမဖြစ်လိုအပ်ချက်ကို အခြေခံဖွဲ့စည်းနိုင်ခဲ့ပြီး အချိန်တိုအတွင်း ရပ်ရွာပြည်သူလူထု၏ လက်ခံယုံကြည်မှု လျင်မြန်စွာရရှိသည့်အပေါ်အခြေခံ၍ အသင်း အဖွဲ့ အဖြစ် မှတ်ပုံတင်ရန် အခက်အခဲများကို ထည့်သွင်းစဉ်းစားပြီး တနိုင်တပိုင် စေတနာ့ ဝန်ထမ်း(ပျိုးဥယျာဉ်ပိုင်ရှင်)များ၏ လုပ်ငန်းကို တတ်စွမ်းသမျှ ကျန်သည့်ပညာရှင်များက ပံ့ပိုး လုပ်ဆောင်သည့်ပုံစံဖြင့် အဖွဲ့၏ ရပ်တည်လုပ် ဆောင်ချက်ကို ပြောင်းလဲလုပ်ဆောင်ရေး စဉ်းစားဆွေးနွေးကြရန် 

ဖော်ပြပါ နမူနာစဉ်းစားချက်များသည် အဖွဲ့အစည်းတခုအနေဖြင့် ရှေ့ဆက်မည့်လုပ်ငန်းများကို စဉ်းစားဆုံးဖြတ် ရာတွင် လက်ရှိအဖွဲ့အစည်း၏အားသာချက်၊အားနည်းချက်များ၊ အခွင့်အလမ်း၊ စိန်ခေါ်မှုများကို မဟာဗျူဟာ အဖြစ်ပြောင်းလဲစဉ်းစားပုံဖြစ်သည်။​မိမိတို့အဖွဲ့အစည်းအတွက်ဖြစ်စေ၊ တဦးချင်းအတွက်ဖြစ်စေလည်း ယင်းကဲ့ သို့ အဆင့်ဆင့်ဆွေးနွေးလုပ်ဆောင်နိုင်ပါသည်။

အဆင့် – ၃ အဖွဲ့အစည်းနှင့်ဆက်စပ်ပတ်သက်သည့် အခြေအနေများကို ဆန်းစစ်သုံးသပ်ခြင်း

ဂ) အဖွဲ့အစည်း၏ ဘေးဘီဝဲယာအခြေအနေကို ဆန်းစစ်ခြင်း 

အဖွဲ့အစည်းဖြစ်စေ၊ လူတဦးချင်းဖြစ်စေ လူမှုအသိုင်းအဝိုင်းအတွင်း နေထိုင်ကျင်လည်ကြရာတွင် တဦးတည်း၊ တဖွဲ့တည်း ထီးထီးရပ်တည်၍မရကြသည့်အတွက် အဖွဲ့အစည်းလုပ်ကိုင်ရသည့်ပတ်ဝန်းကျင်ရှိ ပတ်သက် ဆက်စပ်သူများကို ဆန်းစစ်လေ့လာရန် လိုအပ်သကဲ့သို့ အဖွဲ့အစည်းအနေဖြင့် လက်ရှိအခြေအနေတွင် ကြုံတွေ့နိုင်ရသည့် အန္တရာယ်များကိုလည်း ဆန်းစစ်နိုင်ပါသည်။ ပတ်သက်ဆက်စပ်သူများကို ဆန်းစစ် လေ့လာခြင်းနှင့် စီမံခန့်ခွဲမှုသည် မဟာဗျူဟာရေးဆွဲရာတွင် မဖြစ်မနေထည့်သွင်းစဉ်းစားရန် လိုအပ်သော်လည်း 

အန္တရာယ်ကျရောက်နိုင်သည့်အခြေအနေကို ဆန်းစစ်လေ့လာခြင်းကိုမူ လိုအပ်မည်ထင်လျှင် လုပ်ဆောင်နိုင် သည်။ ယခုကာလကဲ့သို့ မရေရာ၊မသေချာသည့်အခြေအနေများစွာနှင့် ရင်ဆိုင်နေကြရသည့်ကာလမျိုးတွင်မူ ထည့်သွင်းလုပ်ဆောင်လေ့ရှိကြသည်။ 

၁။ ပတ်သက်ဆက်စပ်သူများကို ဆန်းစစ်လေ့လာခြင်း (Stakeholders Analysis) 

ဤဆန်းစစ်ချက်မှရရှိမည့် ရလဒ်များ၊ 

၁) အဖွဲ့အစည်း၏ မြေပြင်မှစပြီး ဗဟိုအဆင့်အထိ လုပ်ငန်းအဆင့်ဆင့်တွင် ပါဝင်ပတ်သက်နေသူများကို ထုတ်ဖော်ခွင့်ရရှိခြင်း

၂) အဖွဲ့အစည်းအနေဖြင့် ဆက်စပ်ပတ်သက်လုပ်ကိုင်ဆောင်ရွက်နေရသူများအပြင် အဖွဲ့အစည်းအနေဖြင့် မဖြစ်မနေ ထည့်သွင်းစဉ်းစားထားရန် လိုအပ်သည့်လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများကို အကောင်းဆုံး၊ အထိရောက်ဆုံး ဆက်သွယ်၊ ဆက်ဆံနိုင်မည့် မဟာဗျူဟာများကို စဉ်းစားနိုင်ခြင်း။ 

၃) အဖွဲ့အစည်းတခုလုံး၏ ဆက်ဆံရေး၊ ဆက်သွယ်ရေးမဟာဗျူဟာနှင့် မဟာမိတ်ပြုလုပ်ရေး လမ်းညွှန် သို့မဟုတ် မူဝါဒများ(partnership guidelines or principles)အတွက် အရေးပါသည့်ဆက်စပ်ပတ်သက်သူများ ကို စဉ်းစားဖော်ထုတ်နိုင်ခြင်း 

ကြိုတင်ပြင်ဆင်ရန်လိုအပ်ချက်များ – 

  • အထက်ပါလေ့ကျင့်ခန်းကဲ့သို့ပင် ဆန်းစစ်လေ့လာချက်ကို ဦးဆောင်ပြုလုပ်ပေးမည့်သူအနည်းဆုံး တဦးနှင့် အချက်အလက်များကို စုစည်းမှတ်တမ်းတင်ပေးမည့်သူ အနည်းဆုံး တဦးလိုအပ်သည်။ ဦးဆောင်ဆွေးနွေးသူအနေဖြင့် Stakeholders analysis နှင့် Stakeholders management ဇယားကို တင်ကြိုလေ့လာပြီး ပြင်ဆင်ထားရန်လိုအပ်ပါသည်။ 
  • စစ်တမ်းမေးခွန်းများတွင်လည်း ထည့်သွင်းမေးမြန်း၍ တဦးချင်း၏ အမြင်များကိုလည်း multiple choice များပေးပြီး မေးမြန်းထား၍ရပါသည်။ ထိုသို့ပြုလုပ်မည်ဆိုလျှင် ဖြေဆိုထားသည့်အဖြေများကို ရေးဆွဲရန်တွေ့ဆုံချိန်တွင် စုစည်းတင်ပြရန် ပြင်ဆင်ရပါမည်။ 
  • မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ်ကို လူကိုယ်တိုင်တွေ့ဆုံလုပ်ဆောင်ကြမည်ဆိုလျှင် ဇယားများကို A 4 size paper ဖြင့် တဖွဲ့အတွက် ၃ ရွက်ခန့် သို့မဟုတ် အယောက်စီအတွက် ထုတ်ထားပြီး အဖွဲ့လိုက် ဆွေးနွေးကြရာတွင် အသုံးပြုရန် flipchart, marker pens များပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်သည်။ အွန်လိုင်းမှသာလုပ်ဆောင်ကြမည်ဆိုလျှင် အဖွဲ့လိုက် computer တွင်မှတ်တမ်းတင်နိုင်ရန် သို့မဟုတ် zoom တွင်ပါရှိသည့် whiteboard သို့မဟုတ် သီးခြား ဆွေးနွေး၍ရသည့် အက်ပ်လီကေးရှင်းများ ဖြစ်သည့် Miro တို့ကိုအသုံးပြုနိုင်ရန် ဇယားများကို chatbox မှပို့ပေးရန်လိုအပ်မည်။​ အလွယ်ကူဆုံးမှာ အဖွဲ့လိုက် ပါဝါပွိုင့်တွင် အားလုံးမြင်အောင်ဇယားကို တဦးကပြသပေးပြီး လူကိုယ်တိုင်အသုံးပြုသည့် whiteboard ကဲ့သို့ ရေးသားဆွေးနွေးနိုင်သည်။  အားလုံးကိုပြန်လည်စုစည်းတင်ပြပေးနိုင်ရန်လည်း လိုအပ်ပါမည်။ 
  • ထို့အပြင် အဖွဲ့အသီးသီးမှသူများ ရေးသားသည့် တူညီသည့်အချက်များကို တခုတည်း အတည်ပြု မှတ်တမ်းတင်ခြင်းနှင့် သဘောထားခြင်းမတူပါက ပြန်လည်ဆွေးနွေး သဘောတူညီချက်ရယူရန် လိုအပ် မည်။ 

လုပ်ဆောင်ပုံအဆင့်ဆင့်၊ 

၁၊  စစ်တမ်းပုံစံမေးခွန်းများပြုလုပ်၍ google forms ကို အသုံးပြုပြီး အဖွဲ့၏ဝန်ထမ်းများ၊ ဘုတ်အဖွဲ့၊ အဖွဲ့ဝင် များ နှင့် အဖွဲ့နှင့် ဆက်စပ်ပတ်သက်သူများထဲမှ မိမိတို့အဖွဲ့အကြောင်းသေချာစွာသိရှိသူများအား အဖွဲ့နှင့် ဆက်စပ်ပတ်သက်သူများနှင့်ပတ်သက်၍ အထက်ဖော်ပြပါ ပုံတွင် ရေးသားထားသည့်အချက်များအား  တဦးချင်း၏အမြင်များကို ဖြေကြားပေးရန် တင်ကြိုဖြန့်ဝေထားနိုင်သည်။ စစ်တမ်းတွင် မေးခွန်းပုံစံဖြင့်မေးမြန်း လျှင် မဟာဗျူဟာရေးဆွဲရာတွင် တာဝန်ခံအဖြစ်လုပ်ဆောင်မည့် ဝန်ထမ်း(များ)နှင့် ပြင်ပမှကူညီမည့်သူပါလျှင် သူနှင့်ပါပူးပေါင်း၍ စဉ်းစား၍ရသမျှစာရင်းချရေးပြီး စာရင်းတွင်မပါသည့်သူများ/အဖွဲ့များကိုလည်း “အခြား”ဆို သည့်ဖြေဆိုရန်အကွက်တခုပေး၍ ရေးသားစေခြင်းက ပို၍အဆင်ပြေနိုင်သည်။ မိုဘိုင်းဖုံးကိုသာအသုံးပြုပြီး ကွန်ပြူတာမရှိသူများကို ဖြေဆိုခိုင်းရန်လိုအပ်လျှင် သူတို့ရေးလိုသည့်အချက်ကို စာရွက်ပေါ်တွင် ရေးသားစေ၍ ဓာတ်ပုံရိုက်ပြီး ဖြေကြားနိုင်ရန် စီစဉ်ပေး၍လည်း အဆင်ပြေပါသည်။ 

သို့မဟုတ်

အဖွဲ့၏ဝန်ထမ်းများအား စီမံကိန်းအလိုက်၊ ဌာနအလိုက်အဖွဲ့လိုက် တင်ကြိုတွေ့ဆုံစေ၍ စီမံကိန်း/ဌာနများ အလိုက် မိမိတို့နှင့်ဆက်စပ်ပတ်သက်သူများကို ဆွေးနွေးထားနိုင်ကြသည်။ 

၂၊ အဖွဲ့အားလုံးတွေ့ဆုံသည့် မဟာဗျူဟာရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် အောက်ဖော်ပြပါ ဇယားကို ပြ၍ အဖွဲ့တဖွဲ့လုံး၏ အမှတ်ပေးပုံများ၊ စဉ်းစားကြပုံများ မတူညီသည်များရှိမည်ဖြစ်သည့်အတွက်  ပြန်လည် ဆွေးနွေးစေပြီး သဘောတူမှုရယူပါ။ ဆက်စပ်ပတ်သက်သူများ/ အဖွဲ့အစည်းများအား  စုစည်းတင်ပြပေးရာတွင် ထပ်မံဖြည့်စွက်လိုသည်များရှိလျှင်လည်း ဖြည့်စွက်ခိုင်းပါ။

၃၊ အထက်ပါဇယားကို တဖွဲ့လုံးအတွက် စုစည်းပြီးပြီဆိုပါက အောက်ဖော်ပြပါ ဇယားတွင် အဖွဲ့ အနေဖြင့် အဓိကပတ်သက်ဆက်စပ်သူများကို ရွေးချယ်စဉ်းစားရန် ဆက်လက်လုပ်ဆောင်ရပါမည်။ ယင်းတို့၏ အဖွဲ့နှင့် ဆက်စပ်ပတ်သက်သည့် အကျိုးစီးပွားများနှင့် သူတို့၏ ဩဇာအာဏာရှိမှုအပေါ် အခြေခံ၍ ထည့်သွင်းရမည်။ ကျန်သည့်အချက်များထဲမှ အဖွဲ့အတွက် အရေးပါသည့်သူများကို ဦးစားပေး အလိုက် ပြန်ကြည့်ပြီး သူတို့အသုံးပြုနိုင်သည့် အရင်းအမြစ်များနှင့် သဘောထားအမြင်များကို အခြေခံ၍  ဆက်သွယ်ရေး မဟာဗျူဟာချမှတ်ရာတွင် ထည့်သွင်းစဉ်းစားရန်လိုအပ်မည်။

အဓိကပတ်သက်ဆက်စပ်သူများကို ရွေးချယ်၍ စီမံခန့်ခွဲပုံဇယား

၄၊ အထက်ဖော်ပြပါဇယားတွင် မိမိတို့နှင့်ပတ်သက်ဆက်စပ်သူများကို ပေးထားသည့်အမှတ်များအပေါ် အခြေခံ၍ ထည့်သွင်းကြည့်ပါ။ ယင်းတို့အနက်မှ အထက်၊အောက်အစဉ်ကို စဉ်းစားရာတွင် ကျန်သည့် အချက် ၃ ချက်ထဲမှ အဖွဲ့၏ လုပ်ငန်းများအတွက် အရေးပါမှုအပေါ် အဓိကထားစဉ်းစားရပါမည်။​

အဖွဲ့အတွက် အရေးကြီးဆုံး ဆက်စပ်ပတ်သက်သူများနှင့် အဖွဲ့များအလိုက် မည်သို့ စီမံခန့်ခွဲမည်ကို စဉ်းစားရာတွင် – 

  • အနီးကပ်စီမံခန့်ခွဲရန်

၁) ဩဇာလွှမ်းမိုးနိုင်မှုမြင့်မားပြီး အကျိုးစီးပွား/စိတ်ဝင်စားမှုမြင့်မားသူများ/အဖွဲ့အစည်းများ 

  • ကျေနပ်အောင်ထားရန်

၂) ဩဇာလွှမ်းမိုးနိုင်မှုမြင့်မားပြီး အကျိုးစီးပွား/စိတ်ဝင်စားမှုအသင့်အတင့်ရှိသူများ/အဖွဲ့အစည်းများ

၃) ဩဇာလွှမ်းမိုးနိုင်မှုမြင့်မားပြီး အကျိုးစီးပွား/စိတ်ဝင်စားမှုနည်းသူများ/အဖွဲ့အစည်းများ

၄) ဩဇာလွှမ်းမိုးနိုင်မှုအသင့်အတင့်ရှိပြီးအကျိုးစီးပွား/စိတ်ဝင်စားမှုအသင့်အတင့်ရှိသူများ/အဖွဲ့အစည်းများ

  • အခြေအနေကို အမြဲအသိပေးရန် 

၅) ဩဇာလွှမ်းမိုးနိုင်မှုနည်းပါးပြီး အကျိုးစီးပွား/စိတ်ဝင်စားမှုမြင့်မားသူများ/အဖွဲ့အစည်းများ

၆) ဩဇာလွှမ်းမိုးနိုင်မှုနည်းပါးပြီး အကျိုးစီးပွား/စိတ်ဝင်စားမှုအလယ်အလတ်ရှိသူများ/အဖွဲ့အစည်းများ

  • စောင့်ကြည့်အကဲခတ်ရန်

၇) ဩဇာလွှမ်းမိုးနိုင်မှုနည်းပါးပြီး အကျိုးစီးပွား/စိတ်ဝင်စားမှုနည်းပါးသူများ/အဖွဲ့အစည်းများဟု စဉ်းစားနိုင်သည်။

နမူနာပေးထားခဲ့သည့် သစ်ပင်ချစ်သူများအဖွဲ့ (Love Our Trees – LOT) အတွက် ပတ်သက်ဆက်စပ်သူများ ကို ဆန်းစစ်ချက်နှင့် စီမံခန့်ခွဲရန် စဉ်းစားထည့်သွင်းပုံကို ထည့်သွင်းပြထားပါသည်။ အောက်ဖော်ပြပါ ဇယားကွက်များတွင် ဖော်ပြပါရှိသည့်အုပ်စုများမှာလည်း စိတ်ကူးဖြင့် နမူနာစဉ်းစားကြည့်နိုင်ရန်အတွက်သာ ဖြစ်ပြီး +++/— တို့မှာလည်း တဦးနှင့်တဦးအကြား၊ အုပ်စုဖွဲ့ဆွေးနွေး ကြလျှင်လည်း တဖွဲ့နှင့်တဖွဲ့အကြား အတွေ့အကြုံနှင့် အမြင်ကွဲပြားခြားနားတတ်သည့်အတွက် ပြန်လည်ညှိ နှိုင်း၍ သဘောတူသည်အထိ ဆွေးနွေးကြရလေ့ရှိပါသည်။ 

ပတ်သက်ဆက်စပ်သူများဇယားတွင် အဖွဲ့၏မဟာမိတ်ဖြစ်နိုင်သည့် အဖွဲ့အစည်းများမှာ အကျိုး စီးပွား/ အဖွဲ့၏လုပ်ငန်းများကို စိတ်ဝင်စားမှုအပြည့်ရှိသည်ဟုယူဆရသောသူများ/အဖွဲ့များကို အဝါရောင်အမှတ် အသား ပြုလုပ်ဖော်ပြထားပြီး အဖွဲ့၏လုပ်ငန်းများကြောင့် အကျိုးစီးပွားပျက်စီးနိုင်သူများ၊ အာဏာဩဇာ များအသုံးပြု၍ ပျက်စီးအောင်လုပ်နိုင်သူများ/အဖွဲ့အစည်းများကို အနီရောင်အမှတ်အသားပြုလုပ်ပြထား သည်။ အဖွဲ့အတွက်အရေးကြီးပြီး မိမိဖက်ပါလာအောင် လုပ်နိုင်သူများ/အဖွဲ့များအား စိမ်းပြာရောင် ဖြင့်ပြသထားသည်။အထက်ဖော်ပြပါဇယားမှ အကျိုးစီးပွားနှင့် တန်ခိုးဩဇာပိုင်းအကွက်ကို ကောက်နှုတ်၍ နမူနာပြရလျှင် –

  • အနီးကပ်စီမံခန့်ခွဲရန်

LOT အနေဖြင့် လုပ်ငန်းသဘောသဘာဝအရ ယင်းအဆင့်အထိရောက်ရှိနေသည့်သူများ/အဖွဲ့အစည်းများ များစွာကို မတွေ့ရှိရဟု သတ်မှတ်နိုင်သည်။ သို့ရာတွင် အကျိုးစီးပွားမြင့်မားပြီး အဖွဲ့အတွက် အကျိုးပြုနိုင် သူများ/အုပ်စုများကိုမူတွေ့ရမည်ဖြစ်သည်။​

  • ဒေသခံလူမှုရေးအဖွဲ့အစည်းများ
  • ပျိုးဥယျာဉ်စိုက်ပျိုးသူများ
  • သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများနှင့် အနီးကပ်ချိတ်ဆက်၍ လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်သည်။
  • ကျေနပ်အောင်ထားရန်

ယင်းအုပ်စုတွင် အဖွဲ့ ၂ ဖွဲ့ကို LOT အနေဖြင့် တွေ့ရမည်ဖြစ်သည်။

တိုင်း/မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် အဖွဲ့၏လုပ်ငန်းများကို စိတ်ဝင်စားမှု များစွာရှိမည်မဟုတ်သော်လည်း သူတို့နှင့်ဆက်ဆံရေးပြေလည်နေရန်လိုအပ်သည်။ သူတို့မကျေနပ်ပါက လုပ်ငန်းများကို တားမြစ်ပိတ်ပင်ခြင်းများပြုလုပ်နိုင်သည်။

ရပ်မိရပ်ဖများနှင့်သစ်ပင်စိုက်ပျိုးသည့်ဒေသများမှ ပြည်သူလူထုအနေဖြင့် အစပိုင်းတွင် အဖွဲ့၏လုပ်ငန်း များကို များစွာစိတ်ဝင်စားမှုမပြသော်လည်း စနစ်တကျဗျူဟာချ၍ စည်းရုံးနိုင်လျှင် အဖွဲ့အတွက်ပံ့ပိုးကူညီ နိုင်မည်ဖြစ်သည်။

  • အခြေအနေကို အမြဲအသိပေးရန် 

လုပ်ငန်းအတွက် ငွေကြေးပံ့ပိုးပေးနေသည့်အဖွဲ့အစည်းများအနေဖြင့် အဖွဲ့၏လုပ်ငန်းများကို စိတ်ဝင်စားမှု အပြည့်ရှိကြသည့်အတွက် သူတို့ကို အခြေအနေများအား အမြဲအသိပေးခြင်း၊ အစီရင်ခံစာများရေးသားပေး ပို့နေခြင်းတို့ပြုလုပ်ရန် လိုအပ်သည်။ 

အဖွဲ့၏လုပ်ငန်းများနှင့် အပြိုင်ကဲ့သို့ဖြစ်နေသည့် စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းများသည် အဖွဲ့ကို ဒုက္ခပေး နိုင်သည့် အာဏာမရှိကြသော် လည်း အဖွဲ့၏လုပ်ငန်းများကို စိတ်ဝင်စားကြသူများဖြစ်သဖြင့် သူတို့ကိုလည်း အခွင့်အရေးပေးနိုင်လျှင် အဖွဲ့အနေဖြင့် သူတို့နှင့်ပြိုင်ဖက်များမဟုတ်ကြောင်း အသိပေးထားရန်လိုအပ် သည်။ နမူနာအနေဖြင့် စဉ်းစားနိုင်ရန် ဆွေးနွေးချက်များသာဖြစ်သဖြင့် အငြင်းပွားဖွယ်ရာ၊မေးခွန်းထုတ်စရာများစွာ လည်းရှိနိုင်ပါသည်။ 

ဘေးဘီဝဲယာကြည့်ရှုခြင်း (Look around) အတွက် ကျန်ရှိသည့် အန္တရာယ်ကျရောက်နိုင်မှုများကို ဆန်းစစ် လေ့လာခြင်းကို လာမည့်စနေနေ့တွင် ဆက်လက်ဆွေးနွေးတင်ပြပေးသွားပါမည်။

မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ် – ၁

နောက်လှည့်ကြည့်ခြင်း

မဟာဗျူဟာတခုရေးဆွဲရာတွင် အဖွဲ့အစည်းတခုအနေဖြင့် လာခဲ့ရာလမ်းကို ပြန်လည်သုံးသပ်ရန် လိုအပ်သကဲ့သို့ လက်ရှိရောက်နေသည့်အဖွဲ့အစည်း၏အနေအထား၊ လုပ်ငန်းလုပ်ဆောင်ရသည့် အခြေအနေများနှင့် ယင်းအခြေအနေများအားလုံးအပေါ် မူတည်၍ ရှေ့ကြုံတွေ့နိုင်ရသည့်အနာဂတ်ကို မျှော်မှန်းတွက်ချက်ပြီး အဖွဲ့အတွက်အကောင်းဆုံးမဟာဗျူဟာများချမှတ်ကြရသည်။

မဟာဗျူဟာရေးဆွဲရာတွင် အသုံးပြုသည့် စကားလုံးများနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ

မျှော်မှန်းအိပ်မက် (Vision) – အဖွဲ့အစည်းတခု၏ အောင်မြင်မှုပုံရိပ်၊ အဖွဲ့အစည်း၏ လုပ်ငန်းများကို မည်သို့ သော အိပ်မက်(များ) အတွက် လုပ်ဆောင်နေသည်ဆိုသည်ကို အဖြေပေးနိုင်သည့် အောင်မြင်မှု လမ်းညွန်ပုံရိပ် 

ရပ်တည်(ခံယူ)ချက် (Mission Statement) – အခြားအဖွဲ့အစည်းနှင့် မတူညီကွဲပြားသည့် အဖွဲ့အစည်း ဖြစ်တည်လာမှုအကြောင်း၊လုပ်ဆောင်မည့်လုပ်ငန်းများနှင့် လုပ်ဆောင်မည့်ပုံစံများကိုဖော်ပြချက်

ပန်းတိုင် (Goal) – အဖွဲ့အနေဖြင့် မည်သည့်အရာများကို အောင်မြင်အောင်လုပ်ဆောင်မည်ဆိုသည်ကို ဖော်ပြ ချက် (အချို့အဖွဲ့အစည်းများသည် Vision အစား ပန်းတိုင်ကိုသာချမှတ်လုပ်ဆောင်ကြသည်များလည်း ရှိသည်။)

ရည်မှန်းချက်/ရည်ရွယ်ချက်(Objective) –  ပြောင်းလဲမှုများဖြစ်အောင် လုပ်ဆောင်မည့်လုပ်ငန်းများကို ကြိယာများ (verbs)ကို အသုံးပြု၍ ဖော်ပြချက် (ဥပမာ သေချာစေရန်၊ လျော့နည်းစေရန်၊ လျော့ကျရန်၊ တိုးပွားစေရန်၊ တိုးတက်ကောင်းမွန်စေရန်)

မဟာဗျူဟာ (Strategy) – ရည်မှန်းချက်/ရွယ်ချက်များအောင်မြင်ရရှိစေရန်အတွက် မိမိတို့တွင်ရှိသည့် အရင်းအမြစ်များကို အကောင်းဆုံးအသုံးချပြီး၊ အားနည်းချက်များကို ဆန်းစစ်ဖော်ထုတ်၍ အခွင့်အလမ်းများကို အသုံးချကာ စိန်ခေါ်မှု နှင့် ခြိမ်းခြောက်မည့်နည်းလမ်း 

လုပ်ငန်းများ (Activities) – မဟာဗျူဟာများကိုအကောင်အထည်ဖော်ရန် လုပ်ဆောင်ချက်များ

မျှော်မှန်းရလဒ် (Expected Result/Outcome) – မျှော်မှန်းထားသည့်ရလဒ် (ချမှတ်ထားသည့် မဟာဗျူဟာ ကို  အောင်မြင်အောင်လုပ်ဆောင်နိုင်လျှင် ရရှိမည်ဟုမျှော်မှန်းထားသည် အကျိုးဆက်)

က) အဖွဲ့အစည်း၏ဖြတ်သန်းမှုများကို ပြန်လည်သုံးသပ်ခြင်း

၁။ အဖွဲ့အစည်း၏နောက်ခံသမိုင်း

မဟာဗျူဟာရေးဆွဲသည့်လုပ်ငန်းစဉ်ကို အဖွဲ့အစည်းတခု စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့်သမိုင်း၊ အဖွဲ့ အစည်း၏ ဖြစ်စဉ်သမိုင်း (timeline) ရေးဆွဲခြင်းဖြင့် စတင်လေ့ရှိကြသည်။ အဖွဲ့စတင်တည်ထောင်သည့် သမိုင်းကို ပြန်လည်သုံးသပ်မှတ်တမ်းတင်သည့် လုပ်ငန်းစဉ်သည် အဖွဲ့အစည်းတွင်ပါဝင်ပတ်သက်သူများ အားလုံးအတွက် စိတ်ဝင်စားစရာ၊​ဂုဏ်ယူစရာကိစ္စတခုလည်းဖြစ်သကဲ့သို့ အဖွဲ့အစည်း၏လက်ရှိအဖွဲ့ဝင်များ အတွက်လည်း မိမိတို့ပါဝင်ပတ်သက်နေသည့် အဖွဲ့အကြောင်းကို သေချာစွာသိရှိရစေသည်။ ကလေးသူငယ်များ စောင့်ရှောက်ရေးရန်ပုံငွေအဖွဲ့ (Save the Children Fund – SCF) ကို  ၁၉၁၉ ခုနှစ်တွင် ပထမကမ္ဘာစစ်အပြီး စစ်ဘေးဒဏ်ကြောင့် ငတ်မွတ်မှုများခံစားခဲ့ရသည့်ကလေးများ အထူးသဖြင့် ဂျာမဏီနှင့် ဩစတြီးယား-ဟန်ဂေရီတို့အတွက် အရေးပေါ်ရန်ပုံငွေများ ပံ့ပိုးရန် ရည်ရွယ်ချက်ဖြင့် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် စတင်ဖွဲ့စည်းခဲ့ကြသည်။ ယင်းအဖွဲ့အတွက် ရန်ပုံငွေရရှိရန် အင်္ဂလန်နိုင်ငံတွင် ပင်စင်စား လူကြီးများက ဘတ်စ်ကားဂိတ်များ တွင် ငွေအလှူခံပုံးလေးများကိုင်၍ အလှူခံစုဆောင်းခဲ့သည်ဟု ယင်းအဖွဲ့တွင် လုပ်ကိုင်ခဲ့စဉ်က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးက ရှင်းပြခဲ့ဖူးသည်။ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ (International Rescue Committee – IRC) ဖြစ်လာသည့် International Relief Association ကိုလည်း အိုင်းစတိုင်းကသူကဲ့သို့ စစ်ဘေးဒုက္ခသည်များကို ကူညီပံ့ပိုးရန် ၁၉၃၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထို့အတူပင် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် မင်းကွန်းလူအိုရုံ​(ဘိုးဘွားရိပ်သာ) ကို ဒေါ်ဦးဇွန်းက ရန်ကုန်မြို့ရှိ ကန်တော်လေး ရှိ ခရစ်ယာန်ဘိုးဘွားရိပ်သာကို သွားရောက်ခဲ့ပြီးနောက် ၁၉၁၅ ခုနှစ်တွင် စတင်တည်ထောင်ရန်စိတ်ကူးရခဲ့သည်။ ထို့နောက် သထုံ၊ပေါင်းတည်၊ ရန်ကုန်မြို့ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ နှင့် ပခုက္ကူမြို့တွင်လည်း ဆက်လက် တည်ထောင်ခဲ့သည်။

အောက်တွင် နမူနာဆွဲပြထားသည့် Timeline သည် စိတ်ကူးယဉ်ဖွဲ့စည်းထားသည့် Love Our Trees အဖွဲ့ ၏ ထူးခြားဖြစ်စဉ်များကို ရေးဆွဲပြထားခြင်းဖြစ်သည်။

မိမိတို့အဖွဲ့အစည်းစတင်တည်ထောင်ခဲ့သည့်သမိုင်းနှင့် လက်ရှိအခြေအနေအကြား အပြောင်းအလဲများကိုလည်း မှတ်တမ်းတင်ထားရှိခြင်း တနည်းအားဖြင့် timeline ဆွဲထားခြင်းကလည်း အဖွဲ့တွင်နောက်မှပါဝင်လာခဲ့ရသူများ အနေဖြင့် အဖွဲ့၏အပြောင်းအလဲများ လုပ်ဆောင်ကြသည့်ဖြစ်စဉ်ကို သေချာစွာနားလည်သဘောပေါက်စေနိုင် သည်။​Save the Children ကို ၁၉၁၉ ခုနှစ် တွင် စတင်ခဲ့ပြီး ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး ကမ္ဘာလုံး ဆိုင်ရာလှုပ်ရှားမှုကို ဦးဆောင် လှုပ်ရှားနိုင်ခဲ့ကြသည်။​ စတင်တည်ထောင်ခဲ့သူ Eglantyne Jebb သည် ၁၉၂၃ ခုနှစ်တွင် ကလေးသူငယ် အခွင့် အရေး ကြေညာစာတမ်းကို ပြုစုရေးသားခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် အမေရိကန် နိုင်ငံတွင်လည်း Save the Children အဖွဲ့ကို တည်ထောင်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် နိုင်ငံအလိုက် Save the Children အဖွဲ့များစုစည်း၍ Save the Children Alliance ကိုစတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် Save the Children Alliance ကို စနစ်တကျ ပြန်လည်စုစည်း၊ ဖွဲ့စည်းခဲ့ကြသည်။ ၂၀၁၀ ခုနှစ်တွင် Save the Children International ဟုအမည်ပြောင်းလဲ ခေါ်ဆိုပြီး နိုင်ငံအလိုက်အဖွဲ့အားလုံးကို တစုတစည်းတည်းဖွဲ့စည်းခဲ့သည်။ ယင်းသမိုင်းကြောင်းသည် ၁၉၉၉ ခုနှစ် ဝန်းကျင်က SCF – UK အဖြစ်ရှိခဲ့စဉ်တွင် လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံ တွင် ထိုအချိန်က SCF – US နှင့် SCF – UK တို့ရှိခဲ့သည်ကို သိရှိသူတဦးအတွက် မိမိလုပ်ကိုင်ခဲ့ဖူးသည့် အဖွဲ့ အစည်းတခု၏ အပြောင်းအလဲကို အလွယ်တကူမြင်သာထင်သာဖြစ်စေသကဲ့သို့ ယခုလက်ရှိ Save the Children International တွင်လုပ်ကိုင်နေသူများအတွက်လည်း စိတ်ဝင်စားစရာ အရွေ့များကို သိရှိရစေသည်။ လေ့ကျင့်ခန်းအနေဖြင့် နမူနာဆွဲပြထားသည့် Love Our Trees အဖွဲ့ timeline ကို ကြည့်ပြီး Save the Children ၏ သမိုင်း ကို ဆွဲကြည့်နိုင်ပါသည်။

အဖွဲ့အစည်း သမိုင်းကြောင်း  ၁၉၁၉      ၁၉၂၃     ၁၉၃၂       ၁၉၇၂      ၁၉၉၇      ၂၀၁၀    ၂၀၁၆    ၂၀၂၅

အဖွဲ့အစည်း၏အဓိကအဖြစ်အပျက်များ၊ အပြောင်းအလဲများကို စာရင်းပြုစုဖော်ပြပါ။ (နှစ်အစဉ်အလိုက် စီစဉ်ဖော်ပြပေးပါ။)  


အဖွဲ့အစည်းအား သက်ရောက်မှုရှိစေသည့် ပြင်ပအဖြစ်အပျက်များကို နှစ်အစဉ်လိုက် စာရင်းပြုစု ဖော်ပြ ပေးပါ။ ဥပမာ – ကိုဗစ်ကပ်ရောဂါဖြစ်ပွားခြင်း၊ လုပ်ငန်းလုပ်ဆောင်သည့်ဒေသများတွင် ရေကြီးရေလျှံဖြစ်ပွားခြင်း 


ဖြတ်သန်းမှုမှ ရရှိသည့် သင်ခန်းစာများ – တည်ငြိမ်မှုနှင့် အဖွဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေသည့် အခရာကျသည့် အချက်များ   

ဖြတ်သန်းမှုမှ ရရှိသည့် သင်ခန်းစာများ – အဖွဲ့ကို မတည်မငြိမ်ဖြစ်စေသည့် ကိစ္စများ

အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုတွင် ဖြတ်သန်းခဲ့သည့်အတွေ့အကြုံများမှ သင်ခန်းစာယူခြင်းသည် အရေးကြီးသည့် အစိတ်အပိုင်းတခုဖြစ်သည်။ ဖြတ်သန်းခဲ့သည့်သမိုင်းတလျှောက် အဖွဲ့အစည်း၏လုပ်ငန်းများတိုးတက်အောင် မြင်မှု၊ အဖွဲ့အပေါ်အသိအမှတ်ပြုခံရမှု၊ တည်ငြိမ်သည့်အခြေအနေများဖြစ်အောင် ပံ့ပိုးကူညီပေးနိုင်သည့် အချက် များနှင့် ရံဖန်ရံခါတွင် အဖွဲ့အတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြဿနာများစွာနှင့် ရင်ဆိုင်ကြုံတွေ့ရသည်များ ကို ပြန်လည်စဉ်းစားသင်ခန်းစာယူနိုင်ပါသည်။ ဥပမာအနေဖြင့် Save the Children ကိုပင်နမူနာပေးရလျှင် စတင် တည်ထောင်ခဲ့သည့် Eglantyne Jebb သည် ပထမကမ္ဘာစစ်အပြီး ငတ်မွတ်ခေါင်းပါးနေသည့် ကလေးငယ်များ၏ ပုံများကို ကြည့်ရှုပြီး ဂရုဏာသက်ခဲ့ရာမှ အရေးပေါ်ငွေကြေးရန်ပုံငွေများရရှိနိုင်စေရန် ကြိုးပမ်းလှုံ့ဆော်ခဲ့သည်။ ထို့အပြင် သူ၏ကလေးများအား ဂရုဏာသက်မှုအခြေအနေ၊ အပြစ်မဲ့ကလေးများ စစ်မက်ဒဏ်ကြောင့် ခံစား ရသည့်အတိဒုက္ခများအား အခြားသူများအားလည်း ကူးစက်စေရန် ကြိုးပမ်းနိုင်မှု မှတဆင့် တကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအထိဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။ မိမိ၏စိတ်ခံစားချက်၊ သနားဂရုဏာကို ကူးစက်အောင် ပြုလုပ်နိုင်ခြင်းက အဖွဲ့၏လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေခဲ့သည့် အခရာကျသည့်အချက်တချက်ဖြစ်သည်။   ၂၀၂၀ ခုနှစ်တွင် အဖွဲ့အစည်းအတွင်း ဝန်ထမ်းဖွဲ့စည်းပုံနှင့် လစာများ အပြောင်းအလဲပြုလုပ်ခြင်းကြောင့် ခေါင်းဆောင်မှုအပိုင်းအပေါ် ဝန်ထမ်းများစွာမကျေမနပ်ဖြစ်ကြခြင်းကိုမူ အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်စေသည့်အချက်တချက်အနေဖြင့် ထည့်သွင်းစဉ်းစား၍ ရမည်ဖြစ်သည်။

မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ်တွင် သမိုင်းကြောင်းများရေးဆွဲခြင်းနှင့်အတူ အောက်ပါမေးခွန်းများကို ဖြေကြား၍ အဖွဲ့အစည်းတွင် ပါဝင်ပတ်သက်သူများ၏ အဖွဲ့အပေါ် အမြင်သုံးသပ်ချက်များကို ဆန်းစစ်သိရှိ နိုင်ပါသည်။

သင်ခန်းစာယူစရာအချက်များ

၁၊ စတင်ဖွဲ့စည်းခဲ့ချိန်မှ ယခုအထိ အဖွဲ့၏ ကြီးကြီးမားမား အောင်မြင်မှုများ

၂၊ စတင်ဖွဲ့စည်းခဲ့ချိန်မှ ယခုအထိ အဖွဲ့အနေဖြင့် ပြုလုပ်ခဲ့ဖူးသည့် ကြီးကြီးမားမားအမှားများ

၃၊ အဖွဲ့အနေဖြင့် ပြင်ဆင်လုပ်ဆောင်သင့်သည်ဟု ထင်မြင်သည့် ကိစ္စရပ်များ

၄၊ အဖွဲ့အနေဖြင့် စတင်ခဲ့ချိန်မှစ၍ သင်ခန်းစာယူစရာအချက်များ

၂။ အဖွဲ့အစည်း၏ မျှော်မှန်းအိပ်မက် (Vision) နှင့် ရပ်တည်ခံယူချက် (Mission Statement)  

မဟာဗျူဟာတခုရေးဆွဲရာတွင် အဖွဲ့အစည်းတခုလုံး၏ မျှော်မှန်းချက်ပန်းတိုင် ၊ ရပ်တည်ခံယူချက် များကို ပြန်လည်ဆန်းစစ်သုံးသပ်ကြရသည်။ မရှိသေးလျှင် ရေးဆွဲကြရသည်။ အဖွဲ့အစည်းတခုလုံးရလို၊ ရောက်လိုသည့် မျှော်မှန်းချက်များနှင့် ရပ်တည်ခံယူချက်များအပေါ် အခြေခံပြီးမှသာလျှင် နှစ်အပိုင်းအခြားတခု စာ မဟာဗျူဟာကို ဆက်လက်စဉ်းစားကြရသည်။ မျှော်မှန်းချက်အိပ်မက် (vision) သည် အဖွဲ့အစည်း၏ လမ်းပြ ကြယ်နှင့်တူသည်။ အဖွဲ့အစည်းတခုလုံးသည် ယင်းလမ်းပြကြယ်နောက်မှ စိုက်လိုက်မတ်တပ်လိုက်မှသာလျှင် မိမိတို့ လိုလားသည့် ပန်းတိုင်နှင့် နီးစပ်မည်ဖြစ်သည်။ မျှော်မှန်းအိပ်မက်ရေးဆွဲရာတွင် သတိပြုရန်မှာ – မိမိအဖွဲ့ တွင်ရှိသည့်အရင်းအမြစ်များ၊ အဖွဲ့အနေဖြင့် သို့မဟုတ် အဖွဲ့တွင်ပါဝင်သူများ၏ ယခင်ကလုပ်ငန်းအတွေ့အကြုံ များ၊ အဖွဲ့အစည်းလုပ်ငန်း လုပ်ဆောင်ရမည့်ပတ်ဝန်းကျင်အခြေအနေများနှင့် အဖွဲ့အနေဖြင့် ဆောင်ကြဉ်းပေးလို သည့်အပြောင်းအလဲများကို သေချာစွာစဉ်းစားပြီးမှ မျှော်မှန်းအိပ်မက်ကို မက်လျှင် လက်တွေ့ပို၍ ကျနိုင်မည်။ 

ဘောလုံးအသင်းတသင်းကို စတင်တည်ထောင်သည့်နမူနာပေးရလျှင် တည်ထောင်သူများအနေဖြင့် မြို့နယ်၊ တိုင်းအဆင့်မှ ဘောလုံးကန်ကောင်းသည့်သူများနှင့် ဖွဲ့စည်းထားနိုင်သည့်အသင်းတသင်း၏ မျှော်မှန်းအိပ်မက်မှာ နိုင်ငံအဆင့်ကို ကျော်လွန်၍ ကမ္ဘာ့ကျော် ဘောလုံးအသင်းတသင်းအဖြစ် မျှော်မှန်းအိပ်မက်မက်မည်ဆိုလျှင် အဖွဲ့ ၏ နည်းပြသည် ယခင်ကမ္ဘာကျော်လက်ရွေးစင်အသင်းများတွင် ပါဝင်ဖူးသူ သို့မဟုတ် ပါဝင်သူကို ငှားရမ်းနိုင် လျှင်သော်လည်းကောင်း၊ အဖွဲ့အနေဖြင့် အမှန်တကယ်ပင် နိုင်ငံ၏ ဘောလုံးလောကအတွက် အပြောင်းအလဲများ ကို ဆောင်ကြဉ်းနိုင်မည်ဟု ယုံကြည်ချက်ရှိ၊မရှိတို့ဖြင့် သေချာစွာဆန်းစစ်ရန် လိုအပ်သည်။ မျှော်မှန်းအိပ်မက် မက်မည်ဆိုလျှင် လက်တွေ့ကျပြီး ပါဝင်သည့်အသင်းသားများသာမက အားပေးပံ့ပိုးလိုသူများအနေဖြင့်ပါ ယုံကြည်သည့်မျှော်မှန်းချက်မျိုးဖြစ်ပါလိမ့်မည်။

အဖွဲ့အစည်း၏ ရပ်တည်ခံယူချက် (mission statement) မှာမူ ယင်းပန်းတိုင်ကို ရောက်ရှိစေရန်အတွက် အဖွဲ့အစည်းအနေဖြင့် လုပ်ဆောင်မည့်လုပ်ငန်း (Business) ရပ်တည်လုပ်ဆောင်မည့်ရည်ရွယ်ချက် (Purpose) နှင့် တန်ဖိုးထားမှုများ ( values) ကို ဖော်ပြသည်။ နောက်တနည်းမှာ အဖွဲ့အစည်းအကြောင်း (Who are you?)၊ မည်သည့်အတွက် ဖွဲ့စည်းလုပ်ဆောင်နေသည် (Why do you exist?)၊ မည်သည့်လုပ်ငန်းများကို လုပ်ဆောင်နေ သည် (What do you do?)၊ မည်သူများအတွက် လုပ်ဆောင်နေသည် (Whom do you serve?) တို့ကို ရှင်းပြ၍ ရေးသားကြသည်။ အောက်ဖော်ပြပါ နိုင်ငံတကာအစိုးရအဖွဲ့အစည်း နှစ်ဖွဲ့၏ ရပ်တည်ခံယူချက်များကို နမူနာအနေဖြင့် ကြည့်နိုင်ပါသည်။

အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး ကော်မတီ (IRC) သည် ပဋိပက္ခနှင့် ဘေးအန္တရာယ်များကြောင့် ဘဝနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးသွားသူများအား အသက်ကယ်ရန်၊ ပြန်လည် ထူထောင်နိုင်ရန်၊ ထို့အပြင် မိမိတို့၏ အနာဂတ်ကို မိမိတို့ကိုယ်တိုင်ထိန်းချုပ်နိုင်ရန် ကူညီပေးရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိသည်။https://www.rescue.org/what-we-do

Habitat for Humanity ၏ မစ်ရှင်မှာ အိမ်များ၊ ရပ်ရွာလူမှုအသိုင်းအဝိုင်းများနှင့် မျှော်လင့်ချက်များကို ပြန်လည်တည်ဆောက်ရန် နှင့် ကမ္ဘာအနှံ့တွင် အမိုးအကာလုံခြုံစွာဖြင့် နေထိုင်ရန် အရေးတကြီး လိုအပ်ချက်များ ကို ဖြေရှင်းနိုင်ရန် တတ်နိုင်ပြီး မျှတမှုရှိသည့် အိမ်ယာမူဝါဒများ ချမှတ်ရန်အတွက် လူများအားလုံးစုပေါင်း၍ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လက်တွေ့ပြသရန်ရည်ရွယ်သည်။ အဖွဲ့အစည်းသည် ခွန်အား၊ တည်ငြိမ်မှုနှင့် လွတ်လပ်စွာဘဝပိုင်ဆိုင်နိုင်မှုများ ဖြစ်ထွန်းစေရန် မိသားစုများအား တတ်နိုင်ပြီး ရေရှည်ပိုင်ဆိုင်နိုင်သည့် အိမ်ယာပိုင်ဆိုင်မှုများ ရရှိစေရန် ကူညီလုပ်ဆောင်နေသည်။

  

ရံဖန်ရံခါတွင် အဖွဲ့အစည်းများသည် မူလဖွဲ့စည်းတည်ထောင်စဉ်က လုပ်ဆောင်ရန် ချမှတ်ခဲ့သည့် ပန်းတိုင်၊ ခံယူရပ်တည်ချက်များကို အခြေအနေ၊ အချိန်အခါအရ ပြင်ဆင်ပြောင်းလဲခြင်း၊ ဖြည့်စွက်ရခြင်းတို့လည်း ရှိတတ်သည်။ ၂.၂ မျှော်မှန်းချက်အိပ်မက် (Vision Statement)နှင့် ၂.၃ ရပ်တည်ခံယူချက်ရေးသားနည်း (Mission Statement) များတွင် အသေးစိတ်ရှင်းလင်းပြီးဖြစ်သည့်အတွက် ရေးနည်းများကို ထပ်မံမဖော်ပြတော့ပါ။ လာမည့် သုံးနှစ်တာ ကာလအတွက် အဖွဲ့အနေဖြင့် ရောက်ရှိလိုသည့် မဟာဗျူဟာပန်းတိုင်များသည် မျှော်မှန်းချက် အိပ်မက်နှင့် လမ်းမလွဲရန် လိုအပ် သကဲ့သို့ ရပ်တည်ခံယူချက်ပါ ဦးတည်သူများ၊ လုပ်ငန်းများ ကို ဖော်ဆောင်ခြင်း မျိုးဖြစ်ရန် လိုအပ်မည်။ ဆိုလို သည်မှာ မိမိသွားမည့်နေရာသည် မြစ်ကြီးနားမြို့ဟုဆိုပြီး ရန်ကုန် မှစတင်ထွက်ခွာခဲ့လျှင် လမ်းကြောင်းသည် မြစ်ကြီးနားသို့ ဦးတည်သည့်လမ်းကြောင်းမျိုးဖြစ်ရန်လိုအပ်မည်။ ထိုသို့မဟုတ်ပဲ သွားမည့် နေရာမှာ မြစ်ကြီးနား ဟုဆို၍ ရန်ကုန်မှထွက်ခွာပြီး ပုသိမ်သို့ရောက်နေသည်ဆိုလျှင် မြစ်ကြီးနားမြို့သို့ သွားမည့် ခရီးစဉ်အတွက် မေးခွန်းထုတ်ခံရမည်ဖြစ်သည်။ 

၃။ အဖွဲ့အစည်း၏ စံတန်ဖိုးများ (values)၊ ယုံကြည်ချက်များ (Beliefs)၊ လမ်းညွှန်မူဝါဒများ (Guiding Principles) 

အဖွဲ့အစည်း၏ စံတန်ဖိုး၊ယုံကြည်ချက်နှင့် လမ်းညွှန်မူဝါဒများအားလုံးကို မဖြစ်မနေထည့်သွင်းရေးဆွဲရန် မလိုအပ်ပါ။ သို့သော် အဖွဲ့အနေဖြင့် မိမိတို့မျှော်မှန်းအိပ်မက်များ၊ ရပ်တည်ခံယူချက်များနှင့် အဖွဲ့၏လုပ်ငန်းများ ကို မည်သို့လုပ်ဆောင်မည်ဆိုသည့် လမ်းညွှန်မူဝါဒကိုလည်း ထည့်သွင်းစဉ်းစားလျှင် အဖွဲ့ဝင်များအနေဖြင့် အဖွဲ့အစည်းအပေါ် သက်ဝင်ယုံကြည်မှုပို၍ ဖြစ်ထွန်းစေနိုင်သကဲ့သို့ အဖွဲ့ဝင်များအားလုံးအကြား အသင်းအဖွဲ့ စိတ်ဓာတ်မျိုး ပို၍ဖြစ်ထွန်းစေနိုင်မည်။လမ်းညွှန်မူဝါဒများနှင့် ပတ်သက်၍ အပိုင်း – ၂  ၂.၃ တွင် အသေးစိတ် ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ပါသည်။

လမ်းညွှန်မူဝါဒများကဲ့သို့ပင် စံတန်ဖိုးများနှင့် ယုံကြည်ချက်များကလည်း အဖွဲ့၏ အခြားအဖွဲ့အစည်းများနှင့် မတူညီသည့်အချက်များကို နားလည်နိုင်စေပြီး မိမိတို့အဖွဲ့အပေါ် ဂုဏ်ယူစရာ၊ တိုင်းတာကြည့်စရာ ချိန်ထိုးကြည့် စရာ စံနှုန်းများလည်း ဖြစ်စေနိုင်ပါသည်။ သို့သော် လမ်းညွှန်မူဝါဒဖြစ်စေ၊ စံတန်ဖိုးလက်တွေ့ဖော်ဆောင်ရန် နေ့စဉ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် မည်သို့သောအပြုအမူများကို ပြုမူနေထိုင်ရမည်ဆိုသည့်အချက် များပါဝင်သင့်ပြီး တနည်းဆိုရလျှင် ယင်းအပြုအမူများကို လိုက်နာကျင့်သုံးနေထိုင်ကြခြင်းဖြင့် လမ်းညွှန်မူဝါဒ များကို လိုက်နာလုပ်ဆောင်နေပါသည်ဟု အာမခံချက်ပေးရာလည်း ရောက်စေပါသည်။ ဥပမာ – အဖွဲ့အနေဖြင့် ဘက်မလိုက်မှု (unbiased) မူဝါဒကို လမ်းညွှန်မူဝါဒတွင် ထည့်သွင်းထားလျှင် ဘက်မလိုက်မှုမူဝါဒကို လက်တွေ့လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ရာတွင် လိုက်နာကျင့်သုံးမည်ကို သေချာစွာစဉ်းစား၍ နေ့စဉ်လုပ်ငန်းများ၊ လုပ်ဆောင်ချက်များတွင် လုပ်ဆောင်ရမည်။​ လူ့အခွင့်အရေးမြှင့်တင် ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းတခု ဖြစ်လျှင် လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်သူမှာ အဖွဲ့အစည်းနှင့် ဆက်ဆံရေးကောင်းသည့်အဖွဲ့အစည်း တခုမှတဦးဦး သို့မဟုတ် နောက်ဆက်တွဲ အရေးယူမှုများအား ပြုလုပ်နိုင်သည့် အာဏာပိုင်အဖွဲ့အစည်းမှ တဦးဦး က ကျူးလွန်ခြင်းဖြစ်ပါက မည်သို့အရေးယူလုပ်ဆောင်မည်ကို လက်တွေ့ကျင့်သုံးမည့်နည်းလမ်းများကိုပါ ထည့်သွင်းစဉ်းစား၍ လုပ်ထုံးလုပ်နည်းများကိုပါ ထည့်သွင်းရေးဆွဲသင့်သည်။ စံတန်ဖိုးများ၊ ယုံကြည်ချက်များ ထည့်လျှင်လည်း အလားတူပင် အဖွဲ့အစည်း၏ နေ့စဉ်ဘဝတွင် မည်သို့လိုက်နာကျင့်သုံးမည်ဆိုသည်ကိုပါ ထည့်သွင်းသင့်သည်။

STRATEGIC PLANNING မဟာဗျူဟာရေးဆွဲခြင်း

၂.၇ အဖွဲ့အစည်းများနှင့် မဟာဗျူဟာရေးဆွဲခြင်း

ဗျူဟာ၊ ပရိယာယ် စသဖြင့် အင်္ဂလိပ်ဝေါဟာရ Strategy ကို မြန်မာဘာသာဖြင့်ပြန်ဆိုကြသည်။ မဟာဗျူဟာ (Strategic Plan) ရေးဆွဲခြင်းကို စစ်တိုက်ရာတွင် စတင်သုံးစွဲခဲ့ကြသည်။ ထို့နောက် စီးပွားရေးလုပ်ငန်းများက မိမိတို့၏ထုတ်ကုန်ပစ္စည်းများ၊ လုပ်ငန်းများအတွက် ရလိုသည့် အမြတ်အစွန်းများ၊ ရလဒ်များ၊ ဈေးကွက်များ၊ အောင်မြင်လိုသည့်ပန်းတိုင်များချမှတ်၍ နှစ်အပိုင်းအခြားအလိုက် မဟာဗျူဟာချမှတ်လုပ်ဆောင်လာကြသည်။  မိမိတို့လုပ်ငန်း၏အားသာချက်များ၊ လိုအပ်ချက်များ၊ အခွင့်အလမ်း၊ စိန်ခေါ်မှုများကို  ဖော်ထုတ်၍ မိမိတို့၏ အများနှင့်မတူ ခြားနားစွမ်းရည်များကို ထိမိစွာအသုံးချသည့် မဟာဗျူဟာများကို ရေးဆွဲလုပ်ဆောင်ကြသည်။ နောက်ပိုင်းတွင် အဖွဲ့အစည်းတိုင်းတွင် မဟာဗျူဟာရေးဆွဲခြင်းသည် အရေးပါလာပြီး အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ချက်တခုအဖြစ် သတ်မှတ်ရေးဆွဲလာကြသည်။ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းအမျိုးမျိုးတို့တွင်လည်း မဟာဗျူဟာရေးဆွဲလုပ်ဆောင်လာကြသည်။ မဟာဗျူဟာရေးဆွဲရာတွင် ချဉ်းကပ်သည့်နည်းလမ်းများသည် အဖွဲ့အစည်းများအတွက်သာမက လူပုဂ္ဂိုလ် တဦးချင်း၏ တိုးတက်ဖွံ့ဖြိုးမှုအစီအစဉ်ရေးဆွဲရာတွင်ပါ အသုံးချ၍ရသည့် နည်းလမ်းများလည်း ဖြစ်သည်။

အထက်ဖော်ပြပါ ကာတွန်းပုံသည် ကွယ်လွန်သွားပြီဖြစ်သည့် ကာတွန်းဆရာ ကိုဟန်လေး၏လက်ရာဖြစ်ပြီး မဟာဗျူဟာ၏ အဓိပ္ပါယ်ကို လွယ်ကူရှင်းလင်းစွာ မြင်သာနိုင်သည်။ သရက်ပင်မှ သရက်သီးခူးသည့်ကိစ္စမှာပင် တဦးနှင့်တဦး ရှိကြသည့်ပစ္စည်း၊ ကျွမ်းကျင်မှုများ မတူညီသည့်အပေါ် အခြေခံ၍ လိုချင်သည့်သရက်သီးကို ရအောင်ကြိုးစားကြပုံ ကွဲပြားသည်ကို တွေ့ရမည်ဖြစ်သည်။ မိဘထံမှ မိမိလိုချင်သည့်ပစ္စည်းတခုခုရရှိရန် ဖြစ်စေ၊ မုန့်ဖိုးတောင်းကြလျှင်ပင်ဖြစ်စေ မောင်နှမအချင်းချင်းပင် မတူညီသည့်ချဉ်းကပ်မှုနှင့် ရလဒ်များမတူကြသည်ကို သတိထားမိနိုင်သည်။ ပရိယာယ်ကြွယ်သည့် မိမိတွင်ရှိသည့်အားသာချက်များကို နားလည် သိရှိပြီး အားနည်း ချက်များ ကို အသိအမှတ်ပြု ကျော်လွှားနိုင်သူများ၊ ပတ်ဝန်းကျင်အခြေအနေနှင့် မိမိရလိုသည့် ရလဒ်အကြား ချိန်ညှိလုပ်ဆောင်နိုင်သူများသည် အောင်မြင်မှုပန်းတိုင်ကို ပိုင်နိုင်စွာဆွတ်ခူးနိုင်ကြသည်။

မဟာဗျူဟာဆိုတာဘာလဲ။ 

မဟာဗျူဟာဆိုသည်မှာ ရရှိလိုသည့်အကျိုးရလဒ်၊ မျှော်မှန်းချက်ပန်းတိုင်များအတိုင်း အောင်မြင်စွာ ရောက်ရှိ နိုင်စေရန် မိမိတွင်ရှိသည့်စွမ်းရည်၊အားသာချက်၊ရရှိနိုင်သည့်အရင်းအမြစ်များနှင့် အခွင့်အလမ်းများကို အကောင်းဆုံး အသုံးချပြီး မိမိ၏အားနည်းချက်များကို ဆန်းစစ်ဖော်ထုတ်၊ ကိုင်တွယ်ဖြေရှင်း၍ အခက်အခဲ စိန်ခေါ်ချက်များကိုလည်း ကြိုတင်ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်လုပ်ဆောင်မည့် နည်းလမ်းပင်ဖြစ်သည်။ 

 အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာရေးဆွဲရန် အဘယ်ကြောင့်အရေးကြီးသလဲ။

အဖွဲ့ဝင်အားလုံးသည်တူညီသောပန်းတိုင်အတွက် အတူတကွ ဦးတည်လုပ်ဆောင်နေပြီး ပြောင်းလဲနေသော အခြေအနေများနှင့်အညီ အဖွဲ့၏ဦးတည်ချက်နှင့် ဦးစားပေးလုပ်ဆောင်ရမည့်လုပ်ငန်းများကို  မျက်ခြေမပြတ် စေရန်၊ ထိရောက်စွာတုံ့ပြန်လုပ်ဆောင်နိုင်ရန်၊ မဟာဗျူဟာရေးဆွဲခြင်း လုပ်ငန်းစဉ်သည် အရေးကြီးပါသည်။  မဟာဗျူဟာရေးဆွဲခြင်း လုပ်ငန်းစဉ်သည် အဖွဲ့အစည်းတစ်ခု၏စွမ်းရည်များကို အကောင်းဆုံးအသုံးချ လုပ်ကိုင်နိုင်ရန် ပံ့ပိုးကူညီပေးသော စီမံခန့်ခွဲမှုနည်းလမ်းတခုပင်ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်မှတဆင့် အဖွဲ့ အစည်း၏အဖွဲ့ဝင်အားလုံးကို မျှော်မှန်းအိပ်မက်၊ ရပ်တည်ခံယူချက်များကို အသိပေးပြီးဖြစ်ရုံမျှမက၊ အဖွဲ့၏ လက်ရှိအခြေအနေ၊ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းများကိုလည်း ဝိုင်းဝန်းဆွေးနွေးဆန်းစစ် ဖော်ထုတ်ခွင့်ရစေသည်။ အဖွဲ့အစည်း၏ခေါင်းဆောင်များသည် မိမိအဖွဲ့၏ ဦးတည်ချက်နှင့် ရှေ့တွင် ကြုံတွေ့နိုင်သည့် စိန်ခေါ်ချက်များကို ဆန်းစစ်ဖော်ထုတ်၍ ဖြေရှင်းနိုင်မည့်နည်းလမ်းများကိုလည်း ဝိုင်းဝန်း စဉ်းစားပြီး အဖြေရှာနိုင်သည်။ ထို့အပြင် အဖွဲ့အစည်းနှင့် ပတ်သက်ဆက်စပ်သူများ၊ ယင်းတို့၏အကျိုးစီးပွား၊ ဩဇာ အာဏာလွှမ်းမိုးနိုင်မှုနှင့် အဖွဲ့အတွက်အရေးပါမှုများကို ဆွေးနွေးပြီး မည်သို့ပူးပေါင်းလုပ်ဆောင်မည်ကို စဉ်းစားအဖြေရှာနိုင်စေသည်။ အဖွဲ့အစည်း၏လုပ်ငန်းများလုပ်ဆောင်ရာတွင် ရင်ဆိုင်ကြုံတွေ့နိုင်သည့် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ ဥပဒေရေးရာ၊ နည်းပညာပိုင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို ကြိုတင်ခန့်မှန်းတွက်ချက်၍ အဖွဲ့အတွက် အရေးပါနိုင်သည့်ကိစ္စများအတွက် အစီအစဉ်များရေးဆွဲနိုင်သည်။ 

မဟာဗျူဟာရေးဆွဲရာတွင် အဖွဲ့ခေါင်းဆောင်များမှစ၍ ဝန်ထမ်းအားလုံး၊ အလုပ်သင်များ၊ စေတနာ့ ဝန်ထမ်းများ၊ ဦးတည် အုပ်စုများ၊ အကျိုးကျေးဇူးခံစားကြရသူများ၊ ရပ်ရွာပြည်သူလူထုပါမကျန် ပါဝင်ပတ်သက် သူများအားလုံး၏ အမြင်များကိုရယူခြင်း၊  ပါဝင်စေခြင်းဖြင့် အဖွဲ့နှင့် ဆက်စပ်ပတ်သက်သူများအကြား စည်းလုံးညီညွတ်မှု၊ တသားတည်းရှိမှု၊ အုပ်ချုပ်စီမံမှုနှင့် အဖွဲ့အစည်းစိတ်ဓာတ်ကို ခိုင်မာစေသည်။ ငွေကြေး ထည့်ဝင်ပံ့ပိုးသူများ/အဖွဲ့အစည်းများ၊ ဦးတည်အုပ်စုများအပါအဝင် ပြင်ပအဖွဲ့အစည်းများ၏ ယုံကြည်မှုကိုလည်း ရရှိစေသည်။ အဖွဲ့အစည်းနှင့်ပတ်သက်ဆက်စပ်သူများအနေဖြင့်လည်း မိမိတို့ပါဝင်သည့်အဖွဲ့၏ ခိုင်မာ အားကောင်းမှုအပေါ် ဂုဏ်ယူကြရပြီး အဖွဲ့အနေဖြင့်လည်း ဂုဏ်သိက္ခာရှိစွာရပ်တည်လုပ်ဆောင်နိုင်သည်။ အဖွဲ့တွင်ပါဝင်သူများ၊ ပတ်သက်ဆက်စပ်သူများထံမှ အမြင်များကိုပါ ဖော်ထုတ်သိရှိနိုင်သည့်အတွက် အဖွဲ့ အစည်း၏ လုပ်ငန်းများလည်ပတ်မှုအတွက်သာမက အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားပေး လုပ်ဆောင်ရမည့် လုပ်ငန်းများကို အလွယ်တကူ ဆန်းစစ်ဖော်ထုတ်နိုင်သည်။ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက် ရေးအတွက်ကိုလည်း မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲနိုင်သဖြင့်  လုပ်ငန်းအရည်အသွေး တိုးတက်ကောင်းမွန် စေရုံမျှမက လုပ်ငန်းများကိုလည်း အစီအစဉ်တကျအဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်သည်။ အဖွဲ့အတွက် အရေးပါသည့် ကျွမ်းကျင်သူများနှင့် အရည်အချင်း ရှိသူများကို အပြည့်အဝအသုံးချခွင့်ရနိုင်သည်။ အနာဂတ် အခွင့်အလမ်းကောင်းများကို ဖော်ထုတ်ပြီး အမိအရဆုပ်ကိုင်နိုင်သည်၊ ဖန်တီးနိုင်သည်။

အဖွဲ့များ၏ မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းကို သုံးနှစ်လျှင် တကြိမ်လုပ်ဆောင်လေ့ရှိတတ်ကြပြီး ရေရှည်လုပ်ဆောင်ရန်များ၊ သုံးနှစ်အတွင်းပြီးစီးရန်နှင့် ခြောက်လ၊တနှစ်ခွဲအတွင်း ပြီးမြောက်ရမည့် ပန်းတိုင်များ ချမှတ်ကြလေ့ရှိတတ်ကြသည်။ မဟာဗျူဟာရေးဆွဲရာတွင် အဖွဲ့၏အရွယ်အစားအပေါ်မူတည်၍ အချိန်ယူရ သည်။ ဌာနအလိုက်၊ အဖွဲ့ အလိုက်၊ နေရာအလိုက် တင်ကြိုဆွေးနွေးပြင်ဆင်ကြပြီး တဖွဲ့လုံးပြန်လည်တွေ့ဆုံ တင်ပြခြင်းနှင့် စုစည်း၍ အပြီးသတ်ရေးဆွဲခြင်းတို့ကိုပြုလုပ်တတ်ကြသည်။ အဖွဲ့ငယ်လျှင်မူ လိုအပ်သည့်ပြင်ဆင် မှုများပြုလုပ်ပြီး သုံးရက်ခန့် အချိန်ယူ၍ လုပ်ဆောင်နိုင်သည်။ ရေးဆွဲထားသည့် မဟာဗျူဟာလုပ်ငန်းစဉ်၏ ချမှတ်ထားသည့်ပန်းတိုင်များပြီးမြောက်မှု အခြေအနေကိုလည်း နှစ်စဉ်ပုံမှန် ပြန်လည်သုံးသပ်ခြင်းဖြင့် လိုအပ်ချက်များကို ဆန်းစစ်၍ အချိန်မီပြန်လည်ပြင်ဆင်လုပ်ဆောင်နိုင်ခြင်း၊ အောင်မြင်မှုများကို မှတ်တမ်း တင်နိုင်ခြင်းအတွက် ဝန်ထမ်းများ၊ အုပ်ချုပ်စီမံရေးအဖွဲ့နှင့် ပတ်သက်ဆက်စပ်သူများအကြား ကင်းကွာမှု မရှိတော့ပဲ အဖွဲ့အစည်း၏ တိုးတက်ရာတိုးတက်ကြောင်းကို ဆွေးနွေးအကြံဉာဏ်များ ရယူနိုင်သည်။

မဟာဗျူဟာရေးဆွဲရန် ပြင်ဆင်ခြင်း

မဟာဗျူဟာရေးဆွဲသည့် လုပ်ငန်းစဉ်အတွက် ပြင်ပပညာရှင်များ၊ အဖွဲ့အစည်းများကို ခေါ်ယူရေးဆွဲလေ့ ရှိကြသည်။ အဖွဲ့မှ လုပ်ငန်းစဉ်ရေးဆွဲရန် အဆင့်များတွင် ပါဝင်မည့်သူများကို ရွေးချယ်ရာတွင် အချိန်ပေးနိုင်ပြီး လုပ်ငန်းစဉ်အပေါ် စိတ်ဝင်စား၍ အဖွဲ့နှင့်ပြင်ပအဖွဲ့အစည်း/ပညာရှင်တို့အကြား ချိတ်ဆက်ပေးနိုင်သူများကို ရွေးချယ်တာဝန်ပေးလေ့ရှိကြသည်။ မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ်မှတဆင့် မည်သည့်ကိစ္စများကို အောင်မြင်ပြီးစီးအောင် လုပ်ဆောင်မည်ကို မဟာဗျူဟာမရေးဆွဲမီတွင် ရေးဆွဲသည့်လုပ်ငန်းစဉ်တွင် ဆွေးနွေးမည့်ကိစ္စများ၊ ကိုင်တွယ်မည့် အကြောင်း အရာများကို တင်ကြိုစီစဉ်ဖော်ထုတ်ရန် လိုအပ်သည်။ လုပ်ငန်းစဉ်ရေးဆွဲခြင်းအဆင့်များ ပြီးစီးသွားသည့်အခါ  မျှော်မှန်းချက်များ၊ အောင်မြင်ပြီးစီးအောင် လုပ်ဆောင်ရန် မျှော်လင့်ထားသည့်အချက်များ၊ ဖြေရှင်းရန် လိုအပ်သော ယေဘုယျ သို့မဟုတ် တိကျသော ပြဿနာများ၊ မေးခွန်းများနှင့် ရွေးချယ်မှုများကို တင်ကြို ပြင်ဆင်ထားရသည်။

မဟာဗျူဟာရေးဆွဲမည့်လုပ်ငန်းစဉ်တွင် အဖွဲ့အနေဖြင့် လုပ်ငန်းစဉ်ရေးဆွဲရန် အဆင်သင့်ဖြစ်၊ မဖြစ်ကို ပြန်လည်စစ်ဆေးရန်မှာလည်း အရေးကြီးလှသည်။ ခေါင်းဆောင်များ၊ အဖွဲ့၏ဌာနအချို့နှင့် စီမံကိန်းအချို့ မအားလပ်ခြင်း၊ အချိန်မပေးနိုင်ခြင်းသည့် အခြေအနေတွင် မလုပ်ဆောင်သင့်ပေ။  မဟာဗျူဟာ ရေးဆွဲခြင်း လုပ်ငန်းစဉ်အတွက် လိုအပ်သော သတင်းအချက်အလက်များကို တင်ကြိုပြင်ဆင်ထားရမည်။ မဟာဗျူဟာ ရေးဆွဲမည့် လုပ်ငန်းစဉ်ကို  သေချာစွာ တင်ကြိုပြင်ဆင်ထားရန် လိုအပ်သည်။

သေချာစွာ ကြိုတင်ပြင်ဆင်မှုမရှိလျှင် အဖွဲ့အတွက် ထိရောက်အကျိုးရှိသည့်မဟာဗျူဟာထွက်ပေါ်လာမည်ဟု မမျှော်လင့်ပါနဲ့။

ထိရောက်လက်တွေ့ကျသည့် မဟာဗျူဟာတခုရေးဆွဲသည့်လုပ်ငန်းစဉ်တွင် – 

  • အမှန်တကယ်လုပ်ဆောင်လိုသည့်စိတ်ဖြင့်ရေးဆွဲချမှတ်ခြင်း (စစ်မှန်သည့် သန္နိဋ္ဌာန်) – အချို့အဖွဲ့အစည်းများ သည် ငွေကြေးပံ့ပိုးသည့်အဖွဲ့များ၏ လိုအပ်ချက်ကြောင့်သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ပဲ မဟာဗျူဟာ ရေးဆွဲသည့် လုပ်ငန်းစဉ်အတွက် ပြင်ဆင်ခြင်း၊ ပံ့ပိုးပေးခြင်းနှင့် ထွက်ရှိလာသည့် မဟာဗျူဟာကို လက်တွေ့အကောင်အထည်ဖော်လိုစိတ်ဖြင့် လုပ်ဆောင်မှသာ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုး ရှိနိုင်မည်။
  • အကြီးအကဲပိုင်း၊ခေါင်းဆောင်ပိုင်း၏ အချိန်ပေးမှုနှင့် ခွန်အားစိုက်ထုတ်မှု – မဟာဗျူဟာရေးဆွဲရာတွင် အဖွဲ့ အစည်းတခု၏ အကြီးအကဲ၊ခေါင်းဆောင်ပိုင်း၏ အချိန်ပေးပြီး ခွန်အားစိုက်ထုတ်လုပ်ဆောင်ရန် လိုအပ် သည်။
  • ခေါင်းဆောင်များ၏ ပံ့ပိုးကူညီမှု – မဟာဗျူဟာရေးဆွဲသည့်လုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော်ရာတွင် ခေါင်းဆောင်များက လိုအပ်ချက်များကို ဖြည့်ဆည်းလုပ်ဆောင်ပေးမှသာ ထိရောက်အောင်မြင်နိုင်သည်။
  • အဖွဲ့အစည်းတခုလုံး၏ အစိတ်အပိုင်းအားလုံး ပါဝင်မှု – မဟာဗျူဟာရေးဆွဲခြင်းနှင့် အကောင် အထည်ဖော်ခြင်းတို့တွင် အဖွဲ့အစည်း၏ အစိတ်အပိုင်းတခုလုံး ပါဝင်မှုမှာ အထူးအရေးကြီးသည်။

လာမည့်အပတ်တွင် အောက်ဖော်ပြပါ ပုံတွင်ပါရှိသည့် အဆင့် – ၆ ဆင့်ရှိ မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ်ကို အဆင့်အလိုက်ဆက်လက်တင်ပြဆွေးနွေးပေးသွားပါမည်။

အပိုင်း – ၂

အဖွဲ့အစည်းဖွဲ့စည်းပုံနှင့် အုပ်ချုပ်စီမံမှု

အပိုင်း – ၂

အဖွဲ့အစည်းဖွဲ့စည်းပုံနှင့် အုပ်ချုပ်စီမံမှု

 ၂.၁ အဖွဲ့အစည်းဖွဲ့စည်းပုံနှင့် အုပ်ချုပ်စီမံမှုဆိုသည်မှာ –

အဖွဲ့တဖွဲ့လုံး၏ ရထားခေါင်းတွဲနှင့်တူသည့် အဖွဲ့ကိုစီမံခန့်ခွဲကြီးကြပ်မှု (oversight)များပြုလုပ်ရသည့် အပိုင်း ဖြစ်သည်။ အဖွဲ့ဖွဲ့စည်းပုံနှင့် အုပ်ချုပ်စီမံမှုဆိုရာတွင် – 

၁) ဖွဲ့စည်းသည့်အဖွဲ့အနေဖြင့် မည်သည့်မျှော်မှန်းချက်အိပ်မက် (Vision Statement) သို့မဟုတ် ရည်မှန်းချက် (အဖွဲ့၏ဦးတည်ချက်နှင့်လားရာကိုဖော်ပြချက်)

၂) အဖွဲ့အနေဖြင့် မိမိဦးတည်ရာပန်းတိုင်သို့ ရောက်ရှိရန်အတွက် လုပ်ငန်းများလုပ်ဆောင်ရာတွင် မည်သို့လုပ် ဆောင်မည်၊ မည်သူတို့အတွက်လုပ်ဆောင်မည်စသဖြင့် အဖွဲ့အကြောင်းဖော်ပြပါရှိသည့် အဖွဲ့ရပ်တည်ခံယူချက် (mission statement)

၃) အဖွဲ့ကို မည်သို့လုပ်ကိုင်လည်ပတ်မည်၊ မည်သူတို့အတွက်၊ မည်သည့်လုပ်ငန်းများကို လုပ်ကိုင်ပေးမည်ဆို သည်တို့ကို ဖော်ပြသည့် လုပ်ငန်းလည်ပတ်မည့်ပုံစံအတွက် အခြေခံမူများနှင့် လုပ်ထုံးလုပ်နည်းများ (Principles of Operation)

၄) အဖွဲ့၏လုပ်ငန်းများလည်ပတ်ရာတွင် မည်သူကမည်သည့်တာဝန်များကို လုပ်ကိုင်ဆောင်ရွက်ပြီး မည်သူ့ထံ တာဝန်ခံရမည်ဟု အဖွဲ့တွင် ပါဝင်လုပ်ဆောင်နေကြသူများ၏ တာဝန်ယူ၊တာဝန်ခံမှုနှင့် ရာထူးများကိုဖော်ပြပါ ရှိသည့် စီမံခန့်ခွဲမှုပြအဖွဲ့ဝင်/ဝန်ထမ်းဖွဲ့စည်းပုံ (organizational structure)

၅) တာဝန်ဝတ္တရားများ၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် အခွင့်အာဏာများ ရှင်းလင်းစွာပြဌာန်းထားသည့် စီမံခန့်ခွဲမှုနှင့် အဖွဲ့ကို ခေါင်းဆောင်မှု (Leadership/management)

၆) အဖွဲ့အစည်းဖွဲ့စည်းပုံနှင့် စံတန်ဖိုးများ (Constitution and organizational values)

၇) အဖွဲ့အစည်း၏မျှော်မှန်းချက်ပန်းတိုင်၊ ရပ်တည်ခံယူချက်၊စံတန်ဖိုး၊အဖွဲ့အစည်း မဟာဗျူဟာ၊ အဖွဲ့အစည်း၏ အဖွဲ့ဝင်/ဝန်ထမ်းများအပါအဝင် အရင်းအမြစ်များ၊ ဦးတည်အုပ်စုများ၏ လိုအပ်ချက်များကို သုံးသပ်ဖော်ထုတ် ၍ ရှေ့လာမည့် နှစ်များ (၃ နှစ် – ၅ နှစ်စာ)အတွက် အဖွဲ့မှ အဖွဲ့ဝင်/ဝန်ထမ်းများ၊ ပတ်သက်ဆက်စပ်သူများ အားလုံး ပါဝင်ဆွေးနွေး၊ရေးဆွဲချမှတ်ထားသည့် မဟာဗျူဟာ သို့မဟုတ် လုပ်ငန်းစဉ် (Strategic Plan or Actiivty Plan) တို့ပါရှိသည်။ 

၂.၂ မျှော်မှန်းအိပ်မက် (Vision Statement)

မျှော်မှန်းအိပ်မက်ဆိုသည်မှာ အောင်မြင်သည့်အခြေအနေတခုတွင် အဖွဲ့အစည်းအနေဖြင့် မည်သို့ ပုံစံရှိမည် ဆိုသည် ကို ပုံဖေါ်စိတ်ကူးယဉ်ကြည့်ပြီး ဖော်ပြချက်ပင် ဖြစ်သည်။

အဖွဲ့တဖွဲ့ကို ဖွဲ့စည်းတည်ထောင်ကြရာတွင် စတင်ဖွဲ့စည်းသည့်သူများတွင် အဖွဲ့ဖွဲ့စည်းလိုစေသည့် စေ့ဆော် ချက်များ၊ ရည်ရွယ်ချက်များ၊ ဆန္ဒများရှိတတ်ကြသည်။ တနည်းအားဖြင့် မိမိတို့၏အိပ်မက်များကို တဦးချင်း၊ တယောက်ချင်း လုပ်ဆောင်မည့်အစား အခြားသူများနှင့်ပူးပေါင်း၍ အဖွဲ့အစည်းပုံစံဖြင့် စနစ်တကျ လုပ်ဆောင် ရန် ရည်ရွယ်ကြခြင်းဖြစ်သည်။ လုပ်ဆောင်လိုသည့်စေတနာ၊ စေ့ဆော်မှုများဖြင့် စတင်လုပ်ဆောင်တတ်ကြ သော်လည်း စတင်ဖွဲ့စည်းချိန်တွင် စနစ်တကျဖွဲ့ဖြစ်သည့်အဖွဲ့များဖြစ်မနေတတ်ကြပေ။ သို့သော် အဖွဲ့တဖွဲ့တွင် မျှော်မှန်းအိပ်မက်၊ တနည်းအားဖြင့် အဖွဲ့၏ဦးတည်ချက်နှင့်လားရာကိုဖော်ပြချက် မဖြစ်မနေရှိသင့်သည်။

  • အဖွဲ့အစည်းတခု၏ မျှော်မှန်းအိပ်မက် (Vision Statement)ရှိခြင်းဖြင့် အဖွဲ့၏လားရာကို အဖွဲ့တွင် ပါဝင်ပတ်သက်သူများနှင့် စိတ်ဝင်စားသူများအားလုံးကို သိရှိနားလည်စေနိုင်ရုံမျှမက အဖွဲ့ဝင်များ၊ ဝန်ထမ်းများ အားလုံး အနေဖြင့် အဖွဲ့ဦးတည်ချက်နှင့်လားရာများကို နားလည်သဘောပေါက်၍ စိတ်အားထက်သန်မှုကို ဖြစ်စေသည်။
  • အဖွဲ့အစည်းတခု၏ မျှော်မှန်းအိပ်မက် (Vision Statement) ကိုရေးဆွဲရာတွင် အဖွဲ့ဝင်များနှင့် ဝန်ထမ်း များ အားလုံးနှင့် ဖြစ်နိုင်လျှင် မိမိလုပ်ကိုင်ဆောင်ရွက်ပေးနေသူများကိုပါ ပါဝင်စေခြင်းဖြင့် အားလုံးသဘော တူလက်ခံသည့် မျှော်မှန်းအိပ်မက်တခုကို ရရှိစေနိုင်သည်။ ပါဝင်ပတ်သက်သူများအားလုံး အနေဖြင့်လည်း မိမိတို့ရေးဆွဲချမှတ်ခဲ့သည့် ဦးတည်ချက်နှင့်လားရာအပေါ် ပို၍သက်ဝင်ယုံကြည်မှုရှိနိုင်သည်။

အဖွဲ့အစည်းတခု၏ မျှော်မှန်းအိပ်မက် (Vision Statement)ကို မည်သည့်အချိန်တွင် ရေးဆွဲသင့်သနည်းဟု မေးမြန်းတတ်ကြသည်။ စတင်တည်ထောင်စဉ်ကပင် ရေးဆွဲသင့်သည်။ သို့သော်အဖွဲ့အစည်းအများစုမှာ စတင် တည်ထောင်ခါစတွင် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် အဖွဲ့စတင်နိုင်ရန် လုပ်ငန်းများ အကောင်အထည်ဖော် လုပ် ဆောင်နိုင်ရန်ကိုသာ အားစိုက်ခဲ့တတ်ကြပြီး လုပ်ငန်းများစတင်လုပ်ဆောင်ပြီး လည်ပတ်ချိန်ရောက်မှသာ မျှော်မှန်းအိပ်မက်ကို ရေးဆွဲရန်သတိရတတ်ကြသည်။ တနည်းအားဖြင့် အဖွဲ့ စတင်လည်ပတ်ပြီး လုပ်ငန်းများ လုပ်ဆောင်နေသည့်အချိန်ရောက်မှသာ မိမိအဖွဲ့အနေဖြင့် မည်သည့်ဦးတည်ချက်၊ လားရာသို့သွားသင့်သည်ကို လည်း ရှင်းရှင်းလင်းလင်းသိရှိနားလည်တတ်ကြသည်။ 

အဖွဲ့အစည်းတခု၏ မျှော်မှန်းချက်အိပ်မက်ဆိုသည်မှာ – အဖွဲ့အစည်းအနေဖြင့်  မိမိတို့ဦးတည်လုပ်ဆောင်ပေး မည့် လူအုပ်စု သို့မဟုတ် ကဏ္ဍတခုအတွက် အနာဂတ်တွင် မိမိတို့မြင်တွေ့လိုသည့် အကောင်းမွန်ဆုံး သို့မဟုတ် အလိုလားဆုံးအခြေအနေမျိုးကို ဖော်ပြချက်ပင်ဖြစ်သည်။ အဖွဲ့အစည်းတခု၏ မျှော်မှန်းအိပ်မက်သည် အဖွဲ့၏ ဦးတည်ရာလမ်းကြောင်းအတွက် လမ်းပြကြယ်နှင့် အလားသဏ္ဍာန်တူသည်။ 

လမ်းပြကြယ်ဟုဆိုသည့်အတိုင်း အဖွဲ့တွင်ပါဝင်ပတ်သက်သူများအားလုံးအနေဖြင့် ယင်းကြယ်ရှိရာအရပ်သို့ ဗဟိုပြုသွားရမည်ဆိုသည့် ဦးတည်ချက်ကိုရှင်းလင်းသကဲ့သို့ ယင်းဦးတည်ရည်မှန်းချက်သည် မိမိရောက်နေ သည့်နေရာ၏အထက်တွင် အမြဲရှိနေပြီး လင်းလက်တောက်ပမှု၊ ပျော်ရွှင်စရာများနှင့်ပြည့်နှက်နေမှုများကိုလည်း စိတ်အာရုံတွင်မြင်ယောင်စေခြင်းမျိုးဖြစ်ရန် လိုအပ်သည်။  

အဖွဲ့အစည်းတခု၏ မျှော်မှန်းအိပ်မက်ကိုရေးသားရာတွင် – 

  • ရှင်းလင်းတိကျမှုရှိခြင်း – လွယ်ကူစွာနားလည်နိုင်ပြီး အဖွဲ့၏ ရည်ရွယ်ချက်ကို လွယ်ကူစွာ သိရှိနိုင်ခြင်း။

အဖွဲ့အစည်းအနေဖြင့် အနာဂတ်တွင် မြင်လိုသည့် အခြေအနေကို  “တိတိကျကျ” နှင့် “ရှင်းရှင်း လင်းလင်း” မှန်းဆပုံဖော်ကြည့်ရန် လိုအပ်သည်။ 

  • ပြင်းပြသည့်စိတ်ဆန္ဒကို မြင်ရပြီး ကိုယ်တိုင်ပါ စိတ်အားထက်သန်မှုကို ဖြစ်စေခြင်း – အဖွဲ့ဝင်များ/ ဝန်ထမ်းများသာမက အခြားဆက်စပ်ပတ်သက်သူများအနေဖြင့်ပါ ပို၍ကောင်းမွန်သည့်အနာဂတ် တခုသို့ ဦးတည်နေသည့်၊ ပြောင်းလဲပေးလိုသည့် ပြင်းပြသည့်စိတ်ဆန္ဒကို မြင်ရပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်လိုစိတ်နှင့် စိတ်လှုပ်ရှား၊​တက်ကြွမှုကို ဖြစ်ထွန်းစေခြင်း။ 

မျှော်မှန်းအိပ်မက်ကြောင့် ဖတ်ရှုရသူများအားလုံး စိတ်လှုပ်ရှားတက်ကြွစွာဖြင့် အဖွဲ့တွင်ပါဝင်လုပ် ဆောင်လိုစိတ်၊ ပံ့ပိုးကူညီမှုကို ဖြစ်စေရန် လိုအပ်သည်။

  • မျှော်မှန်းအိပ်မက်ကို ဦးတည်သည့် လုပ်ငန်းစဉ်များကို အဖွဲ့အနေဖြင့် လုပ်ဆောင်နေကြောင်း မြင် ရခြင်း – လမ်းပြကြယ် နှင့်အလားသဏ္ဍာန်တူသည့် မျှော်မှန်းအိပ်မက်သို့ ဦးတည်သည့် လုပ်ဆောင်ချက် များကို အဖွဲ့အနေဖြင့် လုပ်ကိုင်နေကြောင်းကို အရိပ်အမြွက်အနေဖြင့် ပြသရန်လိုအပ်သည်။
  • လူမှုဘဝ အပြောင်းအလဲများကို အာရုံစိုက်ခြင်း – အဖွဲ့၏ထိရောက်စွာလုပ်ဆောင်ပေးနိုင်မှုကြောင့် အကျိုးကျေးဇူး ခံစားရမည့်သူများ၏ လူမှုဘဝကို မည်သို့အကျိုးသက်ရောက်မှုနှင့် အပြောင်းအလဲကို ဖြစ်စေမည်ကို ဖော်ညွှန်းပြနိုင်ရမည်။

မျှော်မှန်းအိပ်မက်များရေးသားရာတွင် – 

၁) လာမည့် ၁၀နှစ် မှ နှစ် ၂၀ အတွင်း သင့်အဖွဲ့၏လုပ်ငန်းများကြောင့် မည်သည့်လူမှုအပြောင်းအလဲများကို မြင်ရအောင်လုပ်ဆောင်ပေးလိုပါသနည်း။

၂) လာမည့် ၁၀နှစ် မှ နှစ် ၂၀ အတွင်း ယင်းမျှော်မှန်းအိပ်မက်ကို ရောက်ရှိခဲ့လျှင် သင့်အဖွဲ့အနေဖြင့် မည်သည့် အခန်းကဏ္ဍတွင် ရှိနေမည်နည်း။ ဆိုသည်ကို စဉ်းစားပုံဖော်ကြည့်၍လည်း ရနိုင်ပါသည်။

မျှော်မှန်းအိပ်မက်များကို ဖတ်ရှုရသည့်အဖွဲ့ဝင်များ/ဝန်ထမ်းများအနေဖြင့် အလွယ်တကူ နားလည်ပြီး အဖွဲ့တွင် ပါဝင်ပြီး လုပ်ဆောင်လိုခြင်းရှိ၊မရှိကို စဉ်းစားဆုံးဖြတ်နိုင်စေရန် ရေးသားရန်လိုအပ်သည်။ 

သတိပြုစေလိုသည့်အချက်တချက်မှာ မျှော်မှန်းအိပ်မက်များကို ရေးသားရာတွင် လက်တွေ့မကျလှသည့်၊ အဖွဲ့အတွက် စိန်ခေါ်မှုများစွာရှိပြီး စွမ်းဆောင်နိုင်ရန်မရေရာသည့် ရည်မှန်းချက်မျိုး မဖြစ်ရန်လိုအပ်သကဲ့သို့ အလွန်အမင်း တိတိကျကျဖြစ်လွန်းလှသည်မျိုးလည်း မဖြစ်ရန်လိုအပ်သည်။ 

အောက်ဖော်ပြပါ မျှော်မှန်းအိပ်မက် (vision) များကို နမူနာအဖြစ် ကြည့်ရှုနိုင်ပါသည်။

Oxfam: A just world without poverty “ဆင်းရဲမွဲတေမှုကင်း၍ တရားမျှတသောကမ္ဘာတစ်ခု”

Save the Children: A world in which every child attains the right to survival, protection, development, and participation. ကလေးတိုင်း အသက်ရှင်နိုင်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုရရှိခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့် နှင့် ပါဝင်ခွင့်ရရှိစေနိုင်သောကမ္ဘာတစ်ခု

BBC: “To be the most creative organization in the world”

“ကမ္ဘာပေါ်တွင် အဖန်တီးနိုင်ဆုံးအဖွဲ့အစည်းတခုဖြစ်စေရန်”

Disney: “To make people happy.” လူတိုင်းပျော်ရွှင်အောင် လုပ်ဆောင်ပေးရန်

Google: “To provide access to the world’s information in one click” “ကလစ်တစ်ချက်နှိပ်ရုံမျှဖြင့် ကမ္ဘာကြီးရဲ့သတင်းအချက်အလက်များ ရရှိစေနိုင်ရန်”

Instagram: “Capture and share the world’s moments”

 “ကမ္ဘာကြီးရဲ့အမှတ်တရများကို ရယူ၊ မျှဝေရန်”

မျှော်မှန်းအိပ်မက်များရေးသားရာတွင် ဆောင်ရန်၊ရှောင်ရန်အချက်များနှင့်ဖော်ပြပါ နမူနာများကို ဖတ်ရှုပါ။ အောက်ပါ လမ်းပေါ်ကလေးများကို ကူညီပေးနေသည့် လူငယ်အဖွဲ့မှ အဖွဲ့ဝင်တဦးနေရာမှ သင်ကိုယ်တိုင် မျှော်မှန်း အိပ်မက်တခုကို ရေးကြည့် ပေးနိုင်ပါသည်။

လမ်းဆုံလမ်းခွများတွင် နေပူမိုးရွာမရှောင်၊ ဈေးရောင်းနေကြသည့် လမ်းပေါ်ကလေးများကို နေ့စဉ် ဖြတ်သွား ဖြတ်လာတိုင်းမြင်နေကြသည့် တက္ကသိုလ် ကျောင်းသား လူငယ်တစုက ယင်းကလေးများကို တခုခုလုပ်ပေးနိုင် လျှင် ကောင်းမည်ဟု စဉ်းစားမိကြသည်။​ သူတို့အနေဖြင့် ကလေးများကို စာသင်ပေးကြသည်၊ သူတို့၏မိဘများ၊ အလုပ်ရှင်များမငြိုငြင်ရအောင် စာသင်ပေးနေသည့်အချိန်တွင် လူငယ်တချို့က ဈေးကူရောင်းပေးကြသည်။ ကလေးများနှင့် လက်ပွန်းတတီးရှိလာချိန်တွင် ကလေးများ၏ဘဝအခြေအနေများနှင့် သူတို့နေထိုင်ကျင်လည်နေ ရသည့်အခြေအနေကို ပို၍သိရှိလာရသည်။ ပထမတွင် စာသင်ပေးမည်၊ သူတို့ကို တတ်နိုင်သမျှကူညီမည် ဆို သည့်အတွေးသက်သက်ဖြင့် လုပ်ကိုင်ခဲ့ကြရာမှ ကလေးများကို ထိထိရောက်ရောက်ကူညီပြီး သူတို့ဘဝအတွက် အပြောင်းအလဲများဖြစ်သွားအောင် ကူညီကြရန် ဆုံးဖြတ်၍ အဖွဲ့အစည်းတခု စနစ်တကျဖွဲ့စည်းလုပ်ဆောင်ကြ ရန် စဉ်းစားခဲ့ကြသည်။​

လမ်းပေါ်ကလေးများကို ကူညီသည့်အဖွဲ့အနေဖြင့် လမ်းပေါ်ကလေးများကို စာသင်ပေးခြင်း၊ အသက်မွေး ဝမ်းကျောင်းပညာများသင်ကြားပေးခြင်း၊ အလုပ်အကိုင်ရှာဖွေပေးခြင်းနှင့် သူတို့ကျင်လည်နေထိုင်သည့် ရပ်ရွာလူမှုအသိုင်းအဝန်း နှင့် သဟဇာတဖြစ်စေရေးအတွက် လိမ်မာရေးခြားရှိစေရန် အပြောအဆို၊ အနေအထိုင်များကို သင်ကြားပေးခြင်းနှင့် ရပ်ရေး၊ရွာရေးကိစ္စများတွင် ကူညီပေးလာအောင် စည်းရုံးခြင်းတို့ကို လုပ်ဆောင်ပေးခြင်းဖြင့် လတ်တလော ကြုံတွေ့နေရသည့် လမ်းသွားလမ်းလာများကို တောင်းရမ်းခြင်း၊ ပစ္စည်းများ အတင်းအဓမ္မရောင်းခြင်း၊ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ဆဲရေးတိုင်းထွာခြင်းနှင့် အချို့ လမ်းပေါ်ကလေးများ ကျူးလွန်တတ်သည့် ရာဇဝတ်မှုငယ်များကို သူတို့ကျင်လည်ရာဒေသများရှိ လူမှုအသိုင်း အဝိုင်းများ၏ စိတ်မချမ်းသာမှုနှင့် စိုးရိမ်ပူပန်မှုများကို ပပျောက်စေနိုင်သည်။ သူတို့ကျင်လည်ရာဒေသများရှိ လူမှုအသိုင်းအဝိုင်းများကိုလည်း ကလေးများ၏ဘဝအခြေအနေများကို နားလည်သိရှိပြီး လက်ခံလာအောင်၊ ကူညီလာအောင် စည်းရုံးပြောပြပေးခြင်း၊ ကလေးများအနေဖြင့်လည်း သဟဇာတဖြစ်အောင် နေထိုင်တတ် လာပြီး ပံ့ပိုးကူညီတတ်သော လမ်းပေါ်ကလေးများအဖြစ် ပြောင်းလဲလာခြင်းဖြင့် လူမှုအသိုင်းအဝန်းတခုလုံး အတွက် အကျိုးရလဒ်အနေဖြင့် အေးချမ်းသာယာသည့် ရပ်ရွာလူမှုအသိုင်းအဝန်းတခုကို ရရှိနိုင်မည်ဟု မျှော်မှန်းယုံကြည်ကြသည်။​ 

၂.၃ အဖွဲ့အစည်း၏ ရပ်တည်ခံယူချက် (mission statement)

အဖွဲ့အစည်းတခု၏ ရပ်တည်ခံယူချက်သည် အဖွဲ့အစည်းအနေဖြင့် မည်သူတို့ အတွက်၊ မည်သည့်လုပ်ငန်းများကို မည်သည့်ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်မည်၊ အဖွဲ့အစည်းမည်သို့ဖွဲ့စည်းပေါ်ပေါက်လာသည်တို့ကို အကျဉ်းချုပ် ဖော်ပြချက်ပင်ဖြစ်သည်။ 

အဖွဲ့အစည်းတခု၏ ရပ်တည်ခံယူချက်ရေးသားရာတွင် ချဉ်းကပ်ပုံ ၂ မျိုးဖြင့် ရေးသားလေ့ရှိသည်။

ပထမတမျိုးမှာ အောက်ပါမေးခွန်းများကို ဖြေဆို၍ ရေးသားခြင်းဖြစ်သည်။

  • ဘယ်လိုအဖွဲ့အစည်းမျိုးလဲ? (Who are you as an organization?)
  • ဘယ်လိုဖွဲ့စည်း ပေါ် ပေါက်လာသလဲ။ (Why did you exist?)
  • အဖွဲ့အစည်းက ဘာတွေလုပ်ဆောင်နေသလဲ။ (What do you do?)
  • ဘယ်သူတွေအတွက် ဖွဲ့စည်းထားသလဲ။ (Whom do you serve?)

နောက်တနည်းမှာ – 

  • အဖွဲ့၏ရည်ရွယ်ချက် (Purpose)
  • လုပ်ငန်း (Business) နှင့်
  • တန်ဖိုးထားမှုများ (values) တို့ကို ဖော်ပြရေးသားခြင်းဖြစ်သည်။ 

Oxfam’s Mission Statement 

to work towards a just world without poverty, where people can influence decisions that affect their lives, enjoy their rights, and assume their responsibilities as full citizens. 

လူတိုင်းသည် နိုင်ငံသားအခွင့်အရေးတာဝန်များကို အပြည့်အဝထမ်းဆောင်လျှက် မိမိတို့ဘဝကို သက်ရောက်လာနိုင်သော ဆုံးဖြတ်ချက်များကို လွှမ်းမိုးနိုင်ခွင့်ရှိပြီး မိမိအခွင့်အရေးများကိုခံစား နိုင်သည့် ဆင်းရဲမွဲတေမှုကင်းဝေးပြီး တရားမျှတသောကမ္ဘာတစ်ခုဖြစ်အောင် လုပ်ဆောင်သွားရန် 

“UNICEF promotes the rights and well-being of every child, in everything we do.”

ယူနီဆက်ဖ်သည် လုပ်ဆောင်သည့်လုပ်ငန်းတိုင်းတွင် ကလေးတိုင်း၏ အခွင့်အရေးများနှင့် သာယာဝပြောမှုတို့ကို မြှင့်တင်ပေးသည်။”

Duolingo: “We’re here to develop the best education in the world and make it universally available. Our global team works together to make language learning fun, free, and effective for anyone who wants to learn, wherever they are.”

 “ကမ္ဘာ့အကောင်းဆုံးပညာရေးကို ဖန်တီးပြီး လူတိုင်းအသုံးပြုနိုင်အောင် ကျွန်ုပ်တို့အနေဖြင့် ကြိုးပမ်း နေပါသည်။ ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာအဖွဲ့သည် မည်သည့်နေရာမှဖြစ်စေ ဘာသာစကား သင်ယူလို သူတိုင်းအတွက် အခမဲ့၊ ပျော်ရွှင်စရာနှင့် ထိရောက်စေရန် လုပ်ဆောင်ပေးလျက်ရှိသည်။

၂.၄ အဖွဲ့အစည်း၏အခြေခံမူများ (Principles of Operation)
အဖွဲ့အစည်း၏အခြေခံမူများနှင့်လုပ်ထုံးလုပ်နည်းများသည် အဖွဲ့အစည်းကိုမည်သို့လည်ပတ်လုပ်ဆောင်မည် ဆိုသည်ကို လမ်းညွှန်ပေးပြီး အဖွဲ့အစည်းတွင် ပါဝင်ပတ်သက်သူများလိုက်နာရန် အဖွဲ့အစည်းမှ ချမှတ် ထား သည့် စည်းမျဉ်းစည်းကမ်းများနှင့် အဖွဲ့၏ အခြေခံသဘောသဘာဝများကို ဖော်ပြပေးထားချက်များဖြစ်သည်။

ရှေးဦးစွာ အခြေခံမူဆိုသည့်အဓိပ္ပါယ်ကို ရှင်းပြလိုပါသည်။ အခြေခံမူဆိုသည်မှာ အဖွဲ့အစည်းအဖွဲ့ဝင်များ အားလုံးက ယုံကြည်လက်ခံရပ်တည်သည့် စည်းမျဉ်း စည်းကမ်း၊ ယုံကြည်မှုပင်ဖြစ်သည်။ အဖွဲ့အတွင်းရှိ တဦးနှင့်တဦးအကြား မည်သို့ဆက်ဆံကြမည်၊ လုပ်ငန်းများကို မည်သို့လုပ်ဆောင်မည်၊ အဖွဲ့ပြင်ပမှသူများကို မည်သို့ ဆက်ဆံမည်တို့ကို အဖွဲ့ဝင်များက သဘောတူလက်ခံ၊ ချမှတ်ထားသည့် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများလည်း ဖြစ်ကြသည်။


အဖွဲ့အစည်း၏အခြေခံမူများကို အဖွဲ့၏လုပ်ငန်းများ စတင်လုပ်ဆောင်၊ လည်ပတ်လာချိန်တွင် အဖွဲ့ဝင်များ၊ ဝန်ထမ်းများအားလုံး ဝိုင်းဝန်းဆွေးနွေးချမှတ်သင့်သည်။ အခြေခံမူများကို ချမှတ်ရာတွင် အဖွဲ့အစည်း၏ မျှော်မှန်း အိပ်မက်နှင့် ရပ်တည်ခံယူချက်၊ ဖွဲ့စည်းပုံ (constitution) များကို ပြန်လည်သုံးသပ်၍ ယင်းတို့နှင့် ဆက်စပ်၍ မည်သည့်အချက်များကို လုပ်ငန်းလည်ပတ်ရာတွင် အခြေခံမူများအဖြစ် ထည့်သွင်းရေးဆွဲမည် ဆိုသည်ကို သေချာစွာ ဝိုင်းဝန်းစဉ်းစား၊ဆွေးနွေး၍ အတည်ပြုချမှတ်သင့်သည်။ အခြေခံမူများအဖြစ် ထည့်သွင်းရန် စဉ်းစားရာ၌ နေ့စဉ်ဘဝတွင် မည်သို့ ကျင့်သုံးမည်ဆိုသည်ကိုလည်း တပါတည်းဆွေးနွေး စဉ်းစားမှသာလျှင် အဖွဲ့အတွက် လက်တွေ့ကျပြီးအမှန်တကယ် လိုက်နာနိုင်မည့်မူများဖြစ်နိုင်ပါမည်။
အဖွဲ့အစည်းအမျိုးမျိုးရှိကြသည့်အတွက် မိမိတို့အဖွဲ့အတွက် မဖြစ်မနေ ထည့်သွင်းရမည့်၊ အရေးပါ၍ တန်ဖိုးထားသည့် အခြေခံမူများကို စဉ်းစားသင့်သည်။ ဥပမာ – ကလေးသူငယ်များအတွက် လုပ်ငန်းဆောင်ရွက်နေသည့်အဖွဲ့များတွင် အဖွဲ့ဝင်များ၊ဝန်ထမ်းများနှင့် ပတ်သက်ဆက်စပ်သူအားလုံးကိုယ်တိုင် လုပ်ငန်းအတွက်သာ မက မိမိတို့၏ပုဂ္ဂလိကဘဝတွင်ပါ ကလေးသူငယ်များ ၏ အခွင့်အရေးအကာအကွယ်ပေးသည့်အခြေခံမူများကို လေးစားလိုက်နာ၍ ကလေးသူငယ်များ၏ အခွင့်အရေးကို ချိုးဖောက်သည့်မည်သည့်အပြုအမူမျိုးကို လုံံးဝ လက်မခံသည့်မူများချမှတ်ထားပြီး ချိုးဖောက်ပါက ထိရောက်စွာအရေးယူမည့် မူဝါဒမျိုးချမှတ်လေ့ရှိကြသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းလုပ်သည့်အဖွဲ့များသည်လည်း အဖွဲ့တွင် ပလပ်စတစ်အသုံးပြုမှုကို လျော့ချရေး သို့မဟုတ် အသုံးမပြုရေးမူမျိုးလည်း ချမှတ်တတ်ကြသည်။ အချို့အခြေခံမူများကို အခြေအနေ နှင့် အချိန်ကာလတခုတွင် လိုအပ်ချက်များအရ ထပ်မံဖြည့်စွက်ခြင်း၊ ပြင်ဆင်ချမှတ်ခြင်းမျိုးလည်းရှိသည်။

ယေဘုယျအားဖြင့် အဖွဲ့အစည်းများတွင် ဒီမိုကရေစီနည်းကျကျ အားလုံးပါဝင်သည့်ချဉ်းကပ်လုပ်ဆောင်မှု (Parcipatory approach) ကို ယုံကြည်လက်ခံသည့်အခြေခံမူမျိုးကို ကျင့်သုံးမည်ဟု ချမှတ်လေ့ရှိကြသည်။ ထိုသို့ထည့်သွင်းလျှင် လက်တွေ့တွင် ဆုံးဖြတ်ချက်ချခြင်း၊ အစီအစဉ်ရေးဆွဲခြင်းမှစ၍ လုပ်ငန်း အကောင် အထည်ဖော်မှု၊ ပြန်လည်သုံးသပ်မှုအထိ ပတ်သက်ဆက်စပ်သူများအားလုံးပါဝင်ခွင့်ရသည့်အခြေအနေ ဖြစ်အောင် ဖန်တီးပေးနိုင်သည့် အခြေအနေမျိုး လိုအပ်မည်။ အခြေခံမူအနေဖြင့် ထည့်သွင်းထားသော်လည်း လက်တွေ့ မည်သို့ကျင့်သုံးမည်ဆိုသည့်အချက်မပါလျှင် အဓိပ္ပါယ်မရှိလှပေ။

အခြေခံမူဝါဒ နမူနာများယင်းမူဝါဒများကို လက်တွေ့လိုက်နာကျင့်သုံးကြပုံနမူနာများ
၁) အားလုံးပါဝင်ခွင့်ရစေမည့် နည်းလမ်းကို ကျင့်သုံး မည်။ (Participatory Approach)ဆုံးဖြတ်ချက်ချခြင်း၊ အစီအစဉ်ရေးဆွဲခြင်း မှစ၍ လုပ်ငန်း အကောင်အထည်ဖော်မှု၊ ပြန်လည်သုံးသပ်မှုအထိ ပတ်သက်ဆက်စပ်သူများအားလုံးပါဝင်ခွင့်ရသည့် အခြေအနေ ဖြစ်အောင် ဖန်တီးမည်။
၂) ပွင့်လင်းမြင်သာပြီး တာဝန်ခံမူရှိခြင်း (Be transparent and accountable) ဘဏ္ဍာရေး၊အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ထုံး လုပ်နည်းများကို ရေးဆွဲ၊အတည်ပြု၍ အကောင်အထည် ဖော်ဆောင်မည်။ငွေစာရင်းရှင်းတမ်း၊ ဘဏ္ဍာရေးအစီရင်ခံစာ များကို  အလှူရှင် များနှင့် အကျိုးခံစားသူများအား မျှဝေမည်။အဖွဲ့အတွင်းသာမက၊ ပြင်ပစာရင်းစစ်များနှင့်ပါ ငွေစာရင်း စစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်မည်။
၃) မိတ်ဖက်ဆက်ဆံရေးများ တည်ဆောက်ခြင်း (Build partnerships)ပူးပေါင်းဆောင်ရွက်ပါ – အခြားသူများနှင့်အတူ လုပ်ဆောင်မည်။လူမှုအသိုင်းအဝိုင်းအတွက် အထောက်အကူ ဖြစ်အောင် လုပ်ဆောင်မည် –လူမှုအသိုင်းအဝိုင်း အတွက် အကျိုးကျေးဇူးရှိစေသည့်လုပ်ငန်းများကို လုပ်ဆောင်ပါက အဖွဲ့ကို ပိုမိုလေးစားလက်ခံလာမည် ပါဝင်လုပ်ဆောင်ခွင့်ပြုမည် – လူများသည် မိမိတို့ ပါဝင်ခဲ့သော သို့မဟုတ် ပါဝင်ခွင့်ရသော ကိစ္စရပ် များကို ပိုမိုလေးစားတန်ဖိုးထားလေ့ရှိသည်။ သူတို့ကူညီ ဖန်တီးခဲ့သောအရာများကို ရှုတ်ချခြင်း သို့မဟုတ် ဖျက်ဆီးရန်ကြိုးစားမည်မဟုတ်ပါ။အဖွဲ့အစည်းအတွင်းရှိ လူတိုင်း နှင့် ဌာနတိုင်းကို ပူးပေါင်း ဆောင် ရွက်စေသည့်စနစ်၊နည်းလမ်းများကို ထည့်သွင်းပြီး မိတ်ဖက် ဆက်ဆံရေး၏ သဘောတရားအယူအဆများနှင့် မိတ်ဆက်မည်။လုပ်ငန်းအတွက် အခရာကျသည့် သူများ၊ အဖွဲ့အစည်း များနှင့် ဆက်စပ်လုပ်ဆောင်နိုင် မည့် နည်းလမ်းများကို ရှာဖွေမည့်မူဝါဒကို ထည့်သွင်းရန် နှင့်  ထိုမူဝါဒနှင့် လျာထားချက် များကို အကောင် အထည်ဖော်ရန်နှင့် တိုးတက်မှုကိုစောင့်ကြည့်ရန် လမ်းညွှန်ချက်ပါ ထည့်သွင်း ရေးဆွဲမည်။အဖွဲ့၏ဦးတည်အုပ်စု (လူမှုအသိုင်းအဝိုင်း)ရှိ စနစ်တကျ ဖွဲ့ထားသည့် အဖွဲ့များသာမက အလွတ်သဘော စုစည်း သည့်အုပ်စုများ နှင့်ပါ ဆက်ဆံရေးခိုင်မာအောင် တည် ဆောက်ပြီး သူတို့နှင့်မည်သို့ ပူးပေါင်းလုပ်ဆောင်မည်ကို အစီအစဉ်ရေးဆွဲမည်။



၂.၅ အဖွဲ့အစည်း ဖွဲ့စည်းမှုဇယားရေးဆွဲခြင်း (Developing an organizational chart)

အဖွဲ့အစည်းတစ်ခုကို လည်ပတ်အောင် လုပ်ဆောင်ရခြင်းသည် ကြီးမားသော တာဝန်တစ်ခုဖြစ်သည်။ လူတစ်ဦး တည်းမှ အားလုံးကိုဆောင်ရွက်နိုင်မည်မဟုတ်ပါ။ အဖွဲ့အစည်းတစ်ခုအတွက် ဆောင်ရွက်လိုသည့် လုပ်ဆောင် ချက်များအားလုံးကို အဆင်ပြေပြေ၊အရည်အသွေးပြည့်မီ ပြီးမြောက်အောင်လုပ်ဆောင်နိုင်ရန်အတွက် ကဏ္ဍ အသီးသီးတွင် လုပ်ငန်းတာဝန်များ ခွဲဝေချမှတ်ခြင်း၊ လုပ်ငန်းပြီးစီးမှုအခြေအနေများကို ကြီးကြပ်ပေးသူနှင့် တာဝန်ခံ ပေးသူများ ထားရှိခြင်းတို့ပါရှိသည့် အဖွဲ့အစည်းဖွဲ့စည်းမှုဇယားကို စနစ်တကျရေးဆွဲထားရန် လိုအပ် သည်။


အဖွဲ့အစည်း ဖွဲ့စည်းပုံဇယား (Organizational Structural Chart) ဆိုတာဘာလဲ။

အဖွဲ့အစည်းဖွဲ့စည်းပုံဇယားဆိုသည်မှာ အဖွဲ့အစည်းတစ်ခု၏ ဖွဲ့စည်းပုံကို ကိုယ်စားပြုဖော်ပြသော ဒိုင်ယာဂရမ် တစ်ခုဖြစ်သည်။ ယင်းဇယားတွင် ဝန်ထမ်းများ၊ ဌာနများနှင့် ၎င်းတို့အချင်းချင်း၏ ဆက်နွယ်မှုများ၊ အဖွဲ့အစည်း ၏ စီမံကိန်းများစသည်တို့ကို ဖော်ပြသည်။ ဖွဲ့စည်းမှုဇယားထဲတွင် ပါဝင်သောအစိတ်အပိုင်းများကို “ကိုယ်အင်္ဂါ အစိတ်အပိုင်းများ” (လူ့ခန္ဓာကိုယ်အတွင်း နှလုံး၊ အသည်း စသောကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် တင်စား ခေါ် ဝေါ်ကြသည်။ အဖွဲ့အစည်းသည် မိမိ၏ကိုယ်အင်္ဂါ များအားလုံး ကျန်းမာပြီး တစ်ဦးကိုတစ်ဦး ကူညီကာ ပူးပေါင်း လုပ်ဆောင်နေမှသာ သန်မာကြံ့ခိုင်သော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လုပ်ဆောင်နိုင်သည်။


အဖွဲ့အစည်း ဖွဲ့စည်းပုံဇယားရေးဆွဲရန် ဘာကြောင့်လိုအပ်ပါသလဲ။


⚛️အဖွဲ့တွင် ပါဝင်သူများ/ဝန်ထမ်းများအတွက် ဌာနအလိုက် လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်ယူမှု၊တာဝန်ခံမှု အဆင့်ဆင့်ကို ရှင်းလင်းစွာ ဖော်ပြပေးနိုင်သည်။
⚛️လုပ်ငန်းတာဝန်များ မည်သို့ခွဲဝေထားသည်ကို ဖော်ပြနိုင်သည်။
⚛️မည်သည့်ဌာနများရှိပြီး တဌာနတွင် ဝန်ထမ်းဘယ်နှစ်ဦးရှိသည်၊ မည်သည့် စီမံကိန်းများ ရှိသည်တို့ကိုလည်း ရှင်းလင်းစွာသိရှိနိုင်သည်။
⚛️ဝန်ထမ်းများအနေဖြင့် မိမိတို့အမည်၊ မိမိတို့ဌာန၏ အဖွဲ့အစည်းအတွင်းပါဝင်မှုကို သိသာ ထင်ရှားစွာမြင်ရခြင်းအတွက် အဖွဲ့အစည်းအပေါ် ပို၍တန်ဖိုးထားလာစေသည်။
⚛️အဖွဲ့အစည်းအပြင်ဘက်ကလူများအနေဖြင့်လည်း အဖွဲ့၏ဖွဲ့စည်းပုံ၊ အဓိကလုပ်ငန်းခွင်များကို နားလည်စေသည်။
⚛️တာဝန်အပ်နှင်းမှုကို လွယ်ကူစွာ နားလည်စေနိုင်သည်။
⚛️စနစ်တကျ အဆင့်ဆင့်တာဝန်ပေးအပ်ခြင်းနှင့် ကြီးကြပ်လုပ်ဆောင်ခြင်းတို့ပါရှိသည့် ဖွဲ့စည်းပုံ ဇယားရှိသည့် အဖွဲ့အစည်းတခုသည် မိမိတို့အဖွဲ့၏ရည်မှန်းချက်များကို မျှော်မှန်း သည့်အတိုင်း အောင်မြင်အောင် လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ဖွဲ့စည်းပုံဇယားသည် အဖွဲ့ကို ပြင်ပမှသူများနားလည်ရန်အတွက်သာ မဟုတ်ဘဲ၊ မိမိအဖွဲ့အစည်း၏ စံတန်ဖိုးများ၊ အခြေခံမူများ၊မျှော်မှန်းအိပ်မက်နှင့် ရပ်တည်ခံယူချက်များအတိုင်း ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် လုပ်ငန်း တာဝန်ဝတ္တရားများကို အကောင်းဆုံးစီမံခန့်ခွဲပေးနိုင်သည့် ပုံစံမျိုးဖြစ်ရန် အရေးကြီးသည်။

ဖွဲ့စည်းပုံဇယားရေးဆွဲရာတွင် မည်သူများ ပါဝင်သင့်သလဲ။

အဖွဲ့အစည်း၏ ဖွဲ့စည်းပုံဇယားကို ရေးဆွဲရာတွင် တစ်ဦးတစ်ယောက် လူတစုက ရေးဆွဲခြင်းမျိုး မလုပ်သင့်ပဲ အဖွဲ့အစည်း တခုလုံး ပါဝင်သင့်သည်။ မည်သူသည် မည်သူနှင့်ပူးပေါင်းဆောင်ရွက်မည်၊ ဆုံးဖြတ်ချက်များကို မည်သို့ ချမှတ်မည်ဆိုသည်တို့ကို ညှိနှိုင်း၍ သဘောတူညီမှုရယူသင့်ပြီး နောက်ဆုံး အဆင့်တွင်မှ ဦးဆောင်အဖွဲ့က သုံးသပ်အတည်ပြုသင့်သည်။

မည်သည့်အချိန်တွင် ရေးဆွဲသင့်ပါသလဲ။

✍️အဖွဲ့အစည်းကို စတင်တည်ထောင်သည့်အချိန်တွင် ပထမဆုံးဖွဲ့စည်းမှုဇယားရေးဆွဲသင့်သည်။
✍️အဖွဲ့အစည်းစတင်လည်ပတ်ပြီး အဖွဲ့ဝင်/ဝန်ထမ်းများ များပြားလာချိန်တွင် ပြန်လည်သုံးသပ်၍ ပြင်ဆင်ဖွဲ့စည်း ရေးဆွဲနိုင်သည်။
✍️ဖွဲ့စည်းပုံအပြောင်းအလဲ (ဥပမာ– ဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ စီမံကိန်းအသစ်စတင်ခြင်း/ပြီးဆုံးခြင်း၊ ဝန်ထမ်းပြောင်းလဲခြင်း) ရှိသည့်အချိန်တိုင်း update ပြုလုပ်သင့်သည်။
✍️ဝန်ထမ်းအသစ်များသည် မိမိတို့၏အမည်များကို ဇယားအတွင်းတွင် တွေ့ရသည့်အခါတွင် မိမိအနေဖြင့် အဖွဲ့တွင်ပါဝင်သူတဦးအဖြစ် ပို၍ခံစားသက်ဝင်လာနိုင်မည်။

ကောင်းမွန်သောဖွဲ့စည်းပုံဇယားတခု၏ အင်္ဂါရပ်များ
👍လုပ်ငန်းတာဝန်များကို သတ်သတ်မှတ်မှတ် ပေးထားပြီး ရှင်းလင်းတိကျသည်။
👍တာဝန်ခံမှု၊ အစီရင်ခံမှုများနှင့် ကြီးကြပ်ကွပ်ကဲသူများကို မြင်သာစွာ ဖော်ပြထားသည်။
👍အကြံဉာဏ်ရယူနိုင်မည့်သူများ၊ ဆုံးဖြတ်ချက်ချမည့်သူများကို သီးခြားဖော်ပြထားပြီး ဆုံးဖြတ်ချက်များအကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေသည်။
မည်သို့ရေးဆွဲသင့်ပါသလဲ။
👍ဖွဲ့စည်းပုံဇယားရေးဆွဲ(ပြန်လည်သုံးသပ်/ပြင်ဆင်)ရာတွင် အဖွဲ့အစည်းရှိ အဖွဲ့ဝင်/ဝန်ထမ်းများ အားလုံး ပါဝင်သင့်သည်။
👍ရေးဆွဲရာတွင် စံတန်ဖိုးများ၊ အခြေခံမူများ၊မျှော်မှန်းအိပ်မက်နှင့် ရပ်တည်ခံယူချက်များကို ပြန်လည် ကိုးကားသင့်သည်။ ဥပမာအားဖြင့် အဖွဲ့အနေဖြင့် အောက်ခြေမှအဆင့်ဆင့်တက်သည့်နည်းလမ်း (bottom-up approach) ကို ယုံကြည်လက်ခံသည့် လူထုအခြေပြုဖွဲ့အစည်းတစ်ခုဖြစ်လျှင် အဆင့်ဆင့်ဖြင့်အုပ်ချုပ်သည့် စနစ် (hierarchy)ပုံစံမျိုးထက် တာဝန်ယူမှုနှင့် တာဝန်ခံမှုကို ခွဲဝေလုပ်ဆောင်ပုံကို အလေးထားပြီး အားလုံး စုစည်းခေါင်းဆောင်သည့် (collective leadership) ပုံစံဖြင့် ဖွဲ့စည်းမှုပုံစံမျိုး ရေးဆွဲသင့်သည်။
👍အဖွဲ့ဝင်များ/ဝန်ထမ်းများအားလုံးနှင့်အတူ လုပ်ပိုင်ခွင့်အာဏာများကို မည်သို့ခွဲဝေတာဝန်ယူမည်၊ ဆုံးဖြတ်ချက်များချမှတ်ရာတွင်လည်းကောင်း၊ ပြဿနာများကို ဖြေရှင်းရာတွင်လည်းကောင်း မည်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်လုပ်ဆောင်မည်ကို ဝိုင်းဝန်းစဉ်းစားသင့်သည်။

အဖွဲ့အစည်းတစ်ခု၏ ဖွဲ့စည်းပုံဇယားကို ရေးဆွဲရာတွင် အောက်ဖော်ပြပါအခန်းကဏ္ဍအသီးသီးတွင် တာဝန်ယူ မည့်သူများကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။
💟 အုပ်ချုပ်စီမံမှု (Governance) – အဖွဲ့အစည်းတခု၏ အမြင့်ဆုံးအစိတ်အပိုင်းဖြစ်ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ ကဲ့သို့ အဖွဲ့၏နေ့စဉ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိချေ။ သို့သော် အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့်အခန်းကဏ္ဍတွင် ရှိကြသည်။ အဖွဲ့၏ ရပ်တည်မှုအပေါ် ထင်ဟပ်သည့် မျှော်မှန်း အိပ်မက်ရှိကြသည့်သူများနှင့် ဖွဲ့စည်းထားသည့်အစိတ်အပိုင်းဖြစ်သည်။ အုပ်ချုပ်မှုအဖွဲ့ (Governing Body)၊ ဒါရိုက်တာဘုတ်အဖွဲ့ (Board of Directors)၊ အကြံပေးဘုတ်အဖွဲ့ (Board of Trustees, Advisory Board)စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိကြသည်။
တိုက်ရိုက်ပါဝင်ဆောင်ရွက်နေရန်မလိုအပ်သော်လည်း စံတန်ဖိုးများ၊ အခြေခံမူများ၊မျှော်မှန်း အိပ်မက်နှင့် ရပ်တည်ခံယူချက်များရေးဆွဲပြီး အဖွဲ့အစည်း၏လားရာလမ်းကြောင်းနှင့် မဟာဗျူဟာများ ချမှတ်ရာတွင် ဦးဆောင်မှုပေးရသူများဖြစ်သည်။ ၎င်းတို့သည် အဖွဲ့အစည်းချမှတ်ထားသည့် မဟာဗျူဟာများနှင့် လက်ရှိ လုပ်ငန်းများအကြား ကိုက်ညီမှုအခြေအနေကို ကြည့်ရှုသုံးသပ်ပေးပြီး လိုအပ်သည့် အကြံဉာဏ်များ၊ လမ်းညွှန်မှုများနှင့် ပံ့ပိုးကူညီမှုများကို ပေးသည့် ထိပ်ဆုံးပိုင်း အခန်းကဏ္ဍမှ ပါဝင်ကြသူများ ဖြစ်သည်။
အုပ်ချုပ်မှုအဖွဲ့တွင် တာဝန်ခွဲဝေမှုရှိတတ်သည်။ သို့ရာတွင် အချို့အုပ်ချုပ်မှုအဖွဲ့များသည် ဖွဲ့စည်းစဉ်ကပင် အမြဲတမ်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနေရာများကို ရွေးချယ်တတ်သော်လည်း အချို့မှာ အလှည့်ကျပုံစံဖြင့် လုပ်ဆောင် လေ့ရှိကြသည်။ အဖွဲ့အနေဖြင့် မဲခွဲဆုံးဖြတ်ရာတွင် လွယ်ကူစေရန်အတွက် ၃ ဦး၊ ၅ ဦး၊၇ ဦး စသဖြင့် မ – ဂဏန်းဖြင့် ဖွဲ့စည်းကြရသည်။ ယေဘုယျအားဖြင့် အဖွဲ့တွင် ဥက္ကဋ္ဌ(ဦးဆောင်အဖြစ်အစည်းအဝေးကျင်းပသူ) ဒုဥက္ကဋ္ဌ (ဥက္ကဋ္ဌမရှိသည့်အခါအစားထိုး), အတွင်းရေးမှူး (အစည်းအဝေးမှတ်တမ်းရေးခြင်းနှင့် အဖွဲ့မှ ထုတ် ပေးသောစာများရေးခြင်း), ဘဏ္ဍာရေးမှူး (အဖွဲ့၏ ငွေကြေးတာဝန်များကို ကြီးကြပ်သူ) စသည် ဖြင့် ဖြစ်ကြသည်။ အုပ်ချုပ်မှုအဖွဲ့မှခန့်ထားသည့် အမှုဆောင် ညွှန်ကြားရေးမှူးသည် အတွင်းရေးမှူး တာဝန် ကို ပေးအပ်ခံရလေ့ရှိပြီး အဖွဲ့၏အရွယ်အစားနှင့် ပါဝင်သူများ၏ ကျွမ်းကျင်မှုနှင့် အခြေအနေအပေါ် မူတည်၍ အဖွဲ့၏ ဘဏ္ဍာရေးမှူးကို အုပ်ချုပ်မှုအဖွဲ့တွင် ထည့်သွင်းပါဝင်စေသည်။ အဖွဲ့အစည်းသက်တမ်း သို့မဟုတ် အနေအထားပေါ် အခြေခံ၍ အချို့အဖွဲ့အစည်းများက နာယကနေရာတွင် မိမိတို့လေးစားယုံကြည်ရသူများ၊ ကျော်ကြားသည့်ခေါင်းဆောင်များ သို့မဟုတ် အသက်အရွယ်ကြီးရင့်သွားသည့် စတင်တည်ထောင်ခဲ့ကြသူ များ၊ ယခင်အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ထားတတ်သည့်အစဉ်အလာလည်းရှိကြသည်။
💟ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု (Leadership and Management) –အဖွဲ့အစည်းတခု၏ ဖြစ်တည်မှုအပေါ် အခြေခံ၍ အဖွဲ့အစည်းစတင်တည်ထောင်သူ/များ (အဖွဲ့ခေါင်းဆောင်/များ) က အုပ်ချုပ်မှုအဖွဲ့ကို မိမိတို့ လုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်ပြီး အကြံဉာဏ်ကောင်းများ၊ ကူညီပံ့ပိုးမှုများပေးနိုင်သည့်သူများကို အုပ်ချုပ်မှုအဖွဲ့ဝင်များအဖြစ် ပါဝင်ပေးရန် ဖိတ်ခေါ်ခြင်းမျိုးရှိသကဲ့သို့ ကော်ပိုရိတ်နှင့် အချို့ ပြည်တွင်း အစိုးရမဟုတ်သည့် အဖွဲ့များတွင် အုပ်ချုပ်မှုအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး သို့မဟုတ် ညွှန်ကြားရေးမှူး ရာထူးမျိုးကို ရွေးချယ်ခန့်အပ်ခြင်းမျိုးလည်း ပြုလုပ်လေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင် (များ) သို့မဟုတ် အဖွဲ့အစည်း၏အမှုဆောင်ညွှန်ကြားရေးမှူး သို့မဟုတ် ညွှန်ကြားရေးမှူးသည် အုပ်ချုပ်မှုအဖွဲ့နှင့် အဖွဲ့အစည်း အကြား အဓိကချိတ်ဆက်ပေးရသူ ဖြစ်သကဲ့သို့ အဖွဲ့အစည်းတခုလုံးကို တာဝန်ခံရသူ လည်း ဖြစ်သည်။
အဖွဲ့အစည်း၏အရွယ်အစား၊ဖွဲ့စည်းပုံနှင့် လုပ်ငန်းများအပေါ် အခြေခံ၍ စီမံခန့်ခွဲမှုအဖွဲ့ (Management Team) ကို ဖွဲ့စည်းကြသည်။ စီမံခန့်ခွဲမှုအဖွဲ့ကို ခေါင်းဆောင် (များ) သို့မဟုတ် အဖွဲ့အစည်း၏အမှုဆောင် ညွှန်ကြားရေးမှူး သို့မဟုတ် ညွှန်ကြားရေးမှူးက ဦးဆောင်ပြီး ချမှတ်ထားသည့် ရည်မှန်းချက် ပန်းတိုင်များ၊ မဟာဗျူဟာ များကို လက်တွေ့ အကောင်အထည်ဖော်ရန် အတွက် အဓိကတာဝန်ရှိသူ/ အဖွဲ့ဖြစ်သည်။ အဖွဲ့အစည်းကြီးများတွင် စီမံခန့်ခွဲမှုအဖွဲ့သည် သီးခြား “အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ (Senior Management Team)” သို့မဟုတ် “အမှုဆောင်အဖွဲ့(Executive Commitee)” အဖြစ် ဖွဲ့စည်းတတ်သည်။ စီမံခန့်ခွဲမှုအဖွဲ့ သည် စီမံခန့်ခွဲမှုနှင့် စီမံကိန်း များကို စနစ်တကျ အစီအစဉ်နှင့် လုပ်ထုံး လုပ်နည်းများ ချမှတ် အကောင် အထည်ဖော်ရန် အဖွဲ့အစည်း၏ နေ့စဉ် လုပ်ငန်းလည်ပတ်မှုများကို တာဝန်ယူကြရသည်။ ဝန်ထမ်း၊ ပစ္စည်း နှင့် ငွေကြေးရင်းမြစ်များကို သုံးစွဲရာတွင် ထိထိရောက်ရောက် ဖြစ်စေရန် စီမံခန့်ခွဲရသည်။ ထို့အပြင် အဖွဲ့အစည်း၏ မူဝါဒများအတိုင်း လုပ်ဆောင်မှုရှိ/မရှိနှင့် လုပ်ငန်း၊စီမံကိန်းများသည် လျာထားခန့်မှန်းချက် နှင့် ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးရသည်။ စီမံခန့်ခွဲမှုအဖွဲ့တွင် ယေဘုယျအားဖြင့် လုပ်ငန်းလည်ပတ်ရန် ပံ့ပိုး ပေးသည့် အုပ်ချုပ်ရေး/ဘဏ္ဍာရေးဌာန (Operations) နှင့် လုပ်ငန်းအကောင်အထည်ဖော်သည့်စီမံကိန်းဌာန (Program) ဟူ၍ နှစ်ခုခွဲခြားနိုင်သည်။
🐭အုပ်ချုပ်ရေး(Administration) – အုပ်ချုပ်ရေးဌာနသည် အဖွဲ့အစည်းအပေါ်အခြေခံ၍ ရုံးလုပ်ငန်း များ စနစ်တကျဖြစ်အောင် ကြီးကြပ်ခြင်း၊ စာရွက်စာတမ်းများ ပြည့်စုံရေးသားမှု၊ ရုံးလုပ်ငန်း ဆောင်တာ များကို အဆင်ပြေချောမွေ့အောင်ဆောင်ရွက်ခြင်း၊ စီမံကိန်းဝန်ထမ်း များအား လိုအပ်သော ပံ့ပိုးကူညီမှု ပြုလုပ်ပေးခြင်းတို့ကို လုပ်ဆောင်သည်။
🐭ဘဏ္ဍာရေး/စာရင်းအင်း(Finance and Accounting) – ငွေကြေးနှင့်ဆိုင်သမျှတာဝန်များအတွက် တာဝန်ယူရသည်။ လုပ်ငန်းစဉ်များကို လျာထားချက်ငွေကြေးအလိုက် သုံးစွဲရန် ကြီးကြပ်ပြီး၊ စာရင်း ကိုင် လုပ်ထုံးလုပ်နည်းများကို တိတိကျကျလိုက်နာရန် ကြပ်မတ်ပေးရသည်။
🐭စီမံကိန်းအကောင်အထည်ဖော်မှု (Project Implementation) –အဖွဲ့အစည်း တခုသည် မိမိတို့ ဆောင်ရွက်လိုသော လုပ်ငန်းများကို ရည်မှန်းချက်ပန်းတိုင်များအတိုင်း၊ လုပ်ဆောင်ရန် ကတိကဝတ် များအတိုင်း မလုပ်ဆောင်နိုင်လျှင် အဖွဲ့အစည်းတည်ရှိရန်အကြောင်းပြချက် မရှိတော့ပါ။ ထိုကြောင့် လုပ်ငန်း၊စီမံကိန်းများကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှုသည် အဖွဲ့အစည်း၏ အရေးကြီးဆုံး တာဝန်ဖြစ်သည်။ စီမံကိန်းလုပ်ဆောင်ရာတွင် စီမံခန့်ခွဲမှု၊ ငွေကြေးအသုံးချမှု မှန်ကန်မှု၊ ဝန်ဆောင်မှု အရည်အသွေးမြင့်မှုတို့ကိုလည်း ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သည်။

အဖွဲ့အစည်း၏ ဖွဲ့စည်းပုံဇယားတခုရေးဆွဲခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင်ရေးဆွဲခြင်း

အဖွဲ့အစည်း ဖွဲ့စည်းပုံဇယား (Organizational Structure) မှာ ဘာတွေထည့်သွင်း ရေးဆွဲမလဲ။
• အဖွဲ့အစည်းအမည်
• အဖွဲ့အစည်းအတွင်းရှိ အာဏာ/လုပ်ငန်းတာဝန်ခွဲဝေမှုများ
• ဌာနအမည်များ
• စီမံကိန်းအမည်များ
• ဝန်ထမ်းအမည်များ
• ရာထူးများ
• ဝန်ထမ်းများ၏ ဓာတ်ပုံများ
အထက်ဖော်ပြပါ အချက်အလက်များထဲမှ မည်သည့်အချက်အလက်များကို ထည့်သွင်းသင့်သည်ကို ဆွေးနွေး ရွေးချယ်ကြပြီး မိမိအဖွဲ့နှင့် အသင့်တော်ဆုံးဇယားတခုကို ရေးဆွဲရမည်ဖြစ်သည်။ အကောင်းဆုံး ဖွဲ့စည်းပုံ ဇယားဆို၍ တမျိုးတည်းမရှိသကဲ့သို့ တစ်ဖွဲ့အတွက် သင့်တော်သည့်ဖွဲ့စည်းပုံက အခြားတဖွဲ့နှင့် အဆင်မပြေ သည်မျိုးလည်း ဖြစ်နိုင်သည်။

သတိပြုရမည့်အချက်များ

✋🏻ဇယားတွင်ဖော်ပြချက်များအားလုံး တသမတ်တည်းဖြစ်ပါစေ။ ဝန်ထမ်းအမည်ထည့်မည်ဆိုပါက အားလုံးအမည်ကို ထည့်သွင်းပါ။ အလားတူပင် ရာထူးများထည့်မည်ဆိုလျှင်လည်း အားလုံးကိုထည့်ရန်လိုအပ်ပါသည်။
✋🏻ဌာနနှင့် ရာထူးတာဝန်ခေါင်းစဉ်များ မရှုပ်ပါစေနှင့်။ လူတဦး၏အမည်ဘေးတွင် “အုပ်ချုပ်ရေးဌာန” ဆိုသည့်ခေါင်းစဉ်မျိုး မဖြစ်သင့်ပဲ “အုပ်ချုပ်ရေးမှူး”သို့မဟုတ် သူ၏ရာထူး အတိအကျကို ဖော်ပြရန်လိုအပ်ပါသည်။
✋🏻ဥက္ကဋ္ဌ ဟု ခေါ်ဝေါ်သုံးစွဲထားပြီးလျှင် ညွှန်ကြားရေးမှူးဟု ထပ်၍ ဖြည့်စွက်ခြင်းမျိုး မလုပ်သင့်ပါ။ တစ်မျိုးတည်းသုံးခြင်းက ပို၍အဆင်ပြေပါသည်။
✋🏻အဖွဲ့ရှိ မည်သည့်ဝန်ထမ်းများကိုမှ ချန်လှပ်မထားခဲ့သင့်ပါ။ အဖွဲ့အတွက် အလုပ်လုပ်နေကြ သည့်အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ရုံးအကူဝန်ထမ်းများ(ဥပမာ- ရုံးသန့်ရှင်းရေးဝန်ထမ်း၊ ညစောင့်၊ ယာဉ်မောင်း) အားလုံးပါအောင် ထည့်သွင်းဖော်ပြရန် လိုအပ်ပါမည်။

အဖွဲ့အစည်းဖွဲ့စည်းပုံနမူနာများကို ပုံများတွင် ကြည့်နိုင်ပါသည်။ 

                                   

နမူနာ – ၅ တွင်ဖော်ပြသည့်ဇယားသည် အဖွဲ့တွင် လုပ်ငန်းလုပ်ဆောင်နေသူများ၏ ရာထူး၊အမည်နှင့်ပုံများကိုသာ ဖော်ပြပေးထားသည့် ဇယားဖြစ်ပြီး ယင်းဇယားတွင် မည်သူက မည်သူ့ကို တာဝန်ခံရသည်၊ ကြီးကြပ်ကွပ်ကဲသည်ဆိုသည် မျိုး ထည့်သွင်းထားခြင်းမရှိပေ။ အဖွဲ့ကိုလာရောက်သည့်ပြင်ပဧည့်သည်များအနေဖြင့် မည်သူကမည်သည့်လုပ်ငန်းများကို လုပ်နေသည်ဆိုသည်ကို ရှင်းလင်းစွာနှင့် အထက်အောက်၊ရာထူးပုံစံမျိုးဖြင့် မထည့်ပဲထည့်သွင်းပေးခြင်းမျိုးဖြစ်သည်။ အဖွဲ့ ကြီးလွန်ပါက အဖွဲ့ဝန်ထမ်းများအားလုံးကို ဖော်ပြပေးနိုင်ရန်အတွက် နေရာနှင့် စာရွက်ကြီးကြီးလိုအပ်နိုင်ပါသည်။

အဖွဲ့အစည်းတခုအတွက် ဖွဲ့စည်းပုံရေးဆွဲခြင်း

၂.၆ ဖွဲ့စည်းပုံရေးဆွဲခြင်း

ဖွဲ့စည်းပုံဆိုသည်မှာ အဖွဲ့အစည်းတခုကို ပြဋ္ဌာန်းဖော်ပြသည့် တရားဝင် စာတမ်းတခုပင်ဖြစ်သည်။ မြန်မာဝေါဟာရ တွင် ဖွဲ့စည်းပုံဟု ခြုံ၍ ခေါ်ဝေါ်ကြသော်လည်း အင်္ဂလိပ် ဝေါဟာရတွင်မူ organization’s constitution, articles of associations နှင့် organization’s charter ဆိုသည့် အသုံးအနှုံးအမျိုးမျိုးရှိသကဲ့သို့ သုံးစွဲပုံမှာလည်းအနည်းငယ်ကွာခြားသည်။ “Articles of Association (AoA) အဖွဲ့အစည်းဖွဲ့စည်းမှုဆိုင်ရာ ဥပဒေအပိုဒ်များ” ဆိုသည့်အသုံးအနှုံးကို ကုမ္ပဏီအဖွဲ့အစည်းများ မှတ်ပုံတင်ရာတွင် အသုံးများတတ်ပြီး အဖွဲ့အစည်း ၏ အဖွဲ့တွင်းလည်ပတ်မည့်ပုံစံကို အဓိကချမှတ်ထားသည့် ဥပဒေကြောင်းဆိုင်ရာ မှတ်တမ်းတခုလည်း ဖြစ်သည်။ အချို့အရပ်ဘက်အဖွဲ့အစည်းများတွင်လည်း အသင်းအဖွဲ့ ဖွဲ့စည်းရာတွင် AoA ရေးဆွဲဖွဲ့စည်းကြသည်။ Charter ဆိုသည့်အသုံးအနှုံးကိုလည်း ဖွဲ့စည်းပုံကဲ့သို့ပင် အဖွဲ့အစည်းအမျိုးမျိုး၏ စည်းမျဉ်း စည်းကမ်း၊ဖွဲ့စည်းပုံနှင့် လုပ်ပိုင်ခွင့်အာဏာအမျိုးမျိုးကို ပြဋ္ဌာန်းသတ်မှတ်ဖော်ပြရာတွင် အသုံးပြုကြသည်။ အထူးသဖြင့် မြူနီစပယ်အဖွဲ့များနှင့် ကျောင်းအဖွဲ့အစည်းများတွင် အသုံးများသည်ကို တွေ့ရသည်။

ဖွဲ့စည်းပုံ constitution သည် အဖွဲ့အစည်းကို အုပ်ချုပ်စီမံမှုပြုလုပ်မည့်ပုံစံနှင့် အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းများအားလုံးကို ချမှတ် ပြဋ္ဌာန်းပေးထားသည့် အဖွဲ့အစည်းအတွက် အရေးအပါဆုံးစာတမ်းတခုလည်းဖြစ်သည်။ အဖွဲ့အစည်းဆိုင်ရာ အခြေခံ အချက်အလက်များ၊ အခြားအဖွဲ့အစည်းများနှင့်မတူညီသည့်အချက်များ၊ အဖွဲ့ အစည်း၏ ဒဿနနှင့် မျှော်မှန်းချက်ပုံရိပ်များကိုလည်း ဖော်ပြကြသည်။ အဖွဲ့အစည်းကို မည်သူများက မည်သို့ တာဝန်ယူပြီး မည့်သည့်ရည်ရွယ်ချက်များဖြင့် လုပ်ကိုင်ဆောင်ရွက်မည်၊ မည်သူတို့နှင့် မည်သည့် ခံယူရပ်တည်ချက်များ၊ တန်ဖိုးထားမှုများနှင့်လုပ်ဆောင်မည်ကိုလည်း ဖော်ပြသည်။

ဖွဲ့စည်းပုံတွင် ပါဝင်သည့် အပိုဒ်/အခန်းများ

ဖွဲ့စည်းပုံတခုတွင် ပါဝင်သည့် အစိတ်အပိုင်းများကို အပိုဒ်များ articles ဟုခေါ်ဝေါ် သည်။ ဖွဲ့စည်းပုံများရေးဆွဲရာတွင် များသောအားဖြင့် ပါဝင်သည့် အခြေခံ အပိုဒ်/အခန်းများ တူကြသော်လည်း အားလုံးကို ထည့်သွင်းရေးဆွဲရန်မလိုအပ်ချေ။ မိိမိတို့အဖွဲ့အစည်းအတွက် လိုအပ်မည့်အပိုဒ်/အခန်းများကို လိုသလို ထည့်သွင်းရေးဆွဲနိုင်သည်။ အောက်ဖော်ပြပါအပိုဒ်/အခန်းများ သည် အဖွဲ့အစည်းတခုတွင် ပါဝင်သည့်အပိုဒ်/အခန်းများဖြစ်ကြပြီး အချို့မပါရှိသည့်အပိုဒ်/အခန်းများကိုလည်း လိုအပ်မည်ထင်ပါက ထပ်မံဖြည့်စွက်ရေးဆွဲနိုင်ပါသည်။

နိဒါန်း (Preamble) –
နိဒါန်းသည် အဖွဲ့အစည်းကို မိတ်ဆက်သည့် ဖော်ပြချက်ဖြစ်သည်။ အဖွဲ့အစည်းကို မည်သို့ ဖွဲ့စည်းခဲ့သည်နှင့် ရည်ရွယ်ချက်ကိုပါ ထည့်သွင်းဖော်ပြလေ့ရှိသည်။ နိဒါန်းကို အပိုဒ်အနေဖြင့် မတွက်သည့်အတွက် အပိုဒ်များ မစတင်မီ ဖွဲ့စည်းပုံ၏အစတွင်ထားသည်။
ဥပမာ –

“သစ်တောများပြုန်းတီးမှုနှင့် မြို့ပြနှင့်ကျေးလက်ဒေသများတွင် အရိပ်ရအပင်များ ခုတ်ပစ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်းနှင့် ရာသီဥတုဆိုးရွားလာမှု အခြေအနေအပေါ် စိုးရိမ်လာသည့် မကွေးတိုင်းအတွင်းရှိ ရပ်ရွာများမှ လူထုများစွာ တက်ကြွစွာ ပူးပေါင်း၍ Love Our Trees (LOT) – သစ်ပင်ချစ်သူများအဖွဲ့ ကို ဖွဲ့စည်းခဲ့ကြသည်။ Love Our Trees (LOT) သည် ဒေသခံလူထုများကို မိမိတို့၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် သစ်ပင်စိုက်ပျိုးမှု၊စနစ်တကျမည်သို့ ခုတ်ရန်နှင့် ရေရှည်တည်တံ့နိုင်သည့် သဘာဝ ပတ်ဝန်းကျင်ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရန်နည်းလမ်းများကို သင်တန်းပေးခြင်း၊ ပညာပေးခြင်းနှင့် သစ်ပင် များပြန်လည်စိုက်ပျိုးခြင်းတို့ကို စနစ်တကျလုပ်ဆောင်ကြရန်ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။”

၁) အဖွဲ့အစည်းအမည် – အဖွဲ့အစည်း၏ အပြည့်အစုံအမည်နှင့် အသုံးပြုသည့် အတိုကောက်အမည် ဘာလဲ?

၂) ရုံးတည်နေရာ – ဌာနချုပ်ကို မည်သည့်နေရာတွင် ထားရှိပြီး  ရုံးခွဲများရှိပါသလား?

၃) အမှတ်တံဆိပ်၊ သင်္ကေတ (Emblem) – အဖွဲ့အစည်း၏ အမှတ်တံဆိပ်၊သင်္ကေတက ဘာလဲ? ဖွဲ့စည်းပုံတွင် ဖော်ပြနိုင်ပြီး သို့မဟုတ် ပထမစာမျက်နှာ၏ထိပ်တွင် ထားနိုင်သည်။

၄) ရပ်တည်ခံယူချက် (Mission Statement) – အဖွဲ့အစည်း၏ ရပ်တည်ခံယူချက်က ဘာလဲ (ရေးနည်းကို ဖော်ပြပေးထားပြီးဖြစ်သည်။)

၅) အဖွဲ့အစည်းအမျိုးအစား – အရပ်ဘက်အဖွဲ့အစည်း၊ ဒေသခံ အစိုးရမဟုတ်သည့်အဖွဲ့၊ လူထု အခြေပြုအဖွဲ့အစည်း၊ လူမျိုးစုအခြေပြု အဖွဲ့အစည်း သို့မဟုတ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းမျိုး စသဖြင့် ဘယ်လိုအမျိုးအစားလဲ?

၆) အဖွဲ့အစည်း ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ (Goals and Objectives/Aims) – အဖွဲ့အစည်းက မည်သည့်ပန်းတိုင်၊ရည်မှန်းချက်များကို လုပ်ဆောင်အောင်မြင်လိုသလဲ? အဓိက ရည်ရွယ်ချက်များ ကဘာတွေလဲ? 

၇) အဖွဲ့အစည်းတန်ဖိုးများ (Organizational Values) – အဖွဲ့အစည်းအတွက် အရေးပါသည့် တန်ဖိုးထားမှုများက ဘာတွေလဲ? ဥပမာ – နွမ်းပါးသော/လိုအပ်ချက်များသောသူများကို တခြား သူများနှင့် တူညီသော အခွင့်အရေးရရှိစေအောင် လုပ်ဆောင်ပေးချင်တာလား။ ပစ်ပယ်ခံထားရ သူများ/ အမျိုးသမီးများ၏ အသံကို ဖော်ထုတ်ရေးလား။ တန်ဖိုးအစား ရည်မှန်းချက်များ အဖြစ်ဖြင့်လည်း ဖော်ပြနိုင်သည်။

၈) လုပ်ဆောင်မည့်နည်းဗျူဟာ (Methodology) – ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို မည်သို့သော နည်းလမ်းများဖြင့် လုပ်ဆောင်မည်နည်း။​ အဖွဲ့အစည်းသည် မိတ်ဖက်များ၊ ရပ်ရွာ ခေါင်းဆောင်များနှင့် ပူးပေါင်းသည့်နည်းလမ်းဖြင့် သို့မဟုတ် လူများ၏ အခွင့်အရေးများကို သိရှိစေရန် အသိပညာပေးသည့်နည်းလမ်းဖြင့် လုပ်ဆောင်မည်လား။​ နည်းဗျူဟာကို ရည်မှန်းချက်တွင် တပါတည်း ဖော်ပြထားပြီးဖြစ်ပါက ထပ်မံဖော်ပြရန် မလိုအပ်ပါ။

၉) အဖွဲ့ဝင်ဖြစ်ခြင်း (Membership) – အဖွဲ့အစည်းသည် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပါက အသင်းဝင်များဖြစ်ရန် ချမှတ်ထားသည့် စည်းမျဉ်း၊ မူဝါဒများ ရေးဆွဲချမှတ် ထားရန် လိုအပ်သည်။​ အဖွဲ့အစည်းတွင် အဖွဲ့ဝင်ဖြစ်ခြင်းကြောင်း မည်သည့်အခွင့်အရေးများရရှိပြီး မည်သည့်တာဝန်ဝတ္တရားများကို လုပ်ဆောင်ရန်လိုအပ်မည်လဲ။​ 

မှတ်ချက် – အဖွဲ့အစည်းအများစုသည် “အဖွဲ့ဝင်” ဟုဆိုသည့်အသုံးအနှုံးနှင့် စတင်တည်ထောင်စဉ်က ပါဝင်သူ/ “တည်ထောင်စဉ်ကပါဝင်သူ (Founder)” များကို အတူတူကဲ့သို့ အသုံးပြုလေ့ရှိကြသည်။ တည်ထောင်သူများသည် အဖွဲ့အစည်းကို ဖွဲ့စည်းရန် အကူအညီပေးသူများဖြစ်ပြီး အဖွဲ့အစည်း ဖွဲ့စည်းဖြစ်ပေါ်မှုအတွက် ပံ့ပိုးကူညီခဲ့သူ ဖြစ်သည်။ သို့သော် အသင်းဝင်/အဖွဲ့ဝင်သည် ပုံမှန်အနေဖြင့် အဖွဲ့အစည်းအတွက် ငွေကြေး၊ ပစ္စည်း၊ သို့မဟုတ် လူ/အချိန်/စေတနာဝန်ထမ်းအဖြစ် ပံ့ပိုးသူများ ဖြစ်သည်။ အသင်းဝင်/အဖွဲ့ဝင် အဖြစ်လက်ခံရာတွင် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားရှိတတ်ကြ ပြီး ယင်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာရသည်။ ယင်းမူဝါဒ စည်းမျဉ်းစည်းကမ်းများကို ဖွဲ့စည်းပုံ တွင် အသေးစိတ်ဖော်ပြရန်လည်း လိုအပ်သည်။

  • အဖွဲ့ဝင်အမျိုးအစား (Types of Members) – ဂုဏ်ထူးဆောင် (Honorary) အဖွဲ့ဝင် နှင့် သာမန် အဖွဲ့ဝင်စသဖြင့် သတ်မှတ်ထားရှိမည်လား။ သို့မဟုတ် အဖွဲ့ဝင်တမျိုးတစားတည်း သတ်မှတ်မည် လား။
  • အဖွဲ့ဝင်ဖြစ်ရန် လိုအပ်ချက်များ (Eligibility) – အဖွဲ့ဝင်ဖြစ်ရန် သို့မဟုတ် အဖွဲ့ဝင်တဦး အနေဖြင့် လိုက်နာလုပ်ဆောင်ရန် လိုအပ်သည့်အချက်များ
  • အဖွဲ့ဝင်များအား ပေးမည့်အခွင့်အရေးများ (Rights) – အဖွဲ့ဝင်များအနေဖြင့် မည်သည့်အခွင့် အရေးများ ရရှိနိုင်သနည်း။ဥပမာ – အဖွဲ့အစည်း၏ အရင်းအမြစ်များကို အသုံးပြုနိုင်ခြင်း၊   အလုပ် အကိုင်ရရှိနိုင်ခြင်း
  • တာဝန်များ (Obligations) – အဖွဲ့ဝင်များအနေဖြင့် လုပ်ဆောင်ရမည့်တာဝန်ဝတ္တရားများ ဥပမာ – အဖွဲ့ဝင်ကြေးပေးရန်၊ စေတနာဝန်ထမ်းအဖြစ် လုပ်ဆောင်ပေးရန် စသဖြင့်  
  • အဖွဲ့ဝင်အဖြစ်မှ ရပ်နားခြင်း (Termination of Membership) – အဖွဲ့ဝင်အဖြစ်မှ မည်သည့် အခြေအနေမျိုးတွင် ရပ်စဲ/ရပ်နားစေမည်နည်း။​ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းဖော်ပြရန် လိုအပ်မည်ဖြစ်သည်။

၁၀) အဖွဲ့အစည်းဖွဲ့စည်းပုံ – သင့်အဖွဲ့အစည်းအတွင်းပါဝင်သည့် ဌာန/အစုအဖွဲ့တခုချင်းစီအတွက်  အောက်ပါ မေးခွန်းများကို ဖြေဆိုကြည့်ပါ။

  • ဌာန/အစုအဖွဲ့၏ ရည်ရွယ်ချက် – ယင်းဌာန/အစုအဖွဲ့၏အခန်းကဏ္ဍက ဘာလဲ။ အုပ်ချုပ်မှု၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေး သို့မဟုတ် အထောက်အပံ့ပေးမည့်အဖွဲ့ ဖြစ်သလား။
  • ပါဝင်သူ/အဖွဲ့ဝင်/ဝန်ထမ်းများ – မည်သူများနှင့် ဖွဲ့စည်းထားသနည်း။  ဘယ်နှစ်ယောက်ပါဝင် ပါသလဲ။ အခြားအစုအဖွဲ့/ဌာနများမှ ရွေးချယ်တင်မြှောက်ထားခြင်းလား။​ မည်သို့ရွေးချယ် သနည်း။ သက်တမ်းကာလမည်မျှရှိသနည်း။ ပြန်လည်ရွေးချယ်ခံနိုင်ခွင့်ရှိသလား။ ခန့်ထားသည် ဆိုလျှင် မည်သူများ ကမည်သို့ခန့်ထားပါသလဲ။
  • အစည်းအဝေးကြိမ်ရေ/ကျင်းပချိန် – မည်သည့်အချိန်တွင် သို့မဟုတ် အကြိမ်ရေမည်မျှ သွားမည်နည်း။
  • ဆုံးဖြတ်ချက်ချမှု – ဆုံးဖြတ်ချက်ချရန်အတွက် မည်သူ့တွင် အခွင့်အာဏာများရှိသနည်း။
  • တာဝန်များ – ဤအစုအဖွဲ့များ၏တာဝန်များကဘာလဲ။ မည်သူက ကြီးကြပ်အုပ်ချုပ်မည်နည်း၊ တာဝန်ခံမည်နည်း။
  • အခွင့်အာဏာလုပ်ပိုင်ခွင့်များ – ဌာန/အစုအဖွဲ့ကိုရပ်ဆိုင်းခြင်း၊ ဘဏ္ဍာရေးသို့မဟုတ် ဖွဲ့စည်းပုံ များကို အတည်ပြုခြင်း၊ ဖွဲ့စည်းပုံပြင်ဆင်ပြောင်းလဲခြင်း စသည့်အခွင့်အာဏာများ ရှိပါသလား။
  • လုပ်ငန်းတာဝန်ပြီးဆုံးခြင်း – တာဝန်ထမ်းဆောင်သူတစ်ဦးသည် မည်သို့တာဝန်ပြီးဆုံး မည်နည်း၊ တာဝန်ထမ်းဆောင်မှုကို မည်သို့အဆုံးသတ်မည်နည်း။

၁၁) ဘဏ္ဍာရေး

  • ဘဏ္ဍာငွေစာရင်းများ – ဘဏ္ဍာငွေစာရင်းများကို မည်သို့စီမံမည်နည်း။ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်၊ စာရင်းကိုင်နှင့် အစီရင်ခံစနစ် ရှိပါသလား။ ဘဏ္ဍာရေးစီမံခန့်ခွဲရန်အတွက် တာဝန်များကို ခွဲဝေထားပါသလား။
  • စာရင်းစစ်များ – အဖွဲ့အစည်း၏ဘဏ္ဍာငွေကြေးသုံးစွဲမှုကို မည်သူက စာရင်းစစ်မည်နည်း။ အဖွဲ့အတွင်းစာရင်းစစ်ရှိသလား။ မည်သူက မည်သို့စစ်ဆေးပေးပါသနည်း။​  မည်သည့်အချိန်တွင် မည်သို့လုပ်ကိုင်ပါသနည်း။  
  • ဝင်ငွေ – အဖွဲ့အစည်း၏ဝင်ငွေအရင်းအမြစ်များကို မည်သို့ရရှိပါသလဲ။​ ရန်ပုံငွေရှာဖွေရေး တာဝန်ကို မည်သူလုပ်ဆောင်မည်နည်း။ အလှူငွေတောင်းခံခြင်း သို့မဟုတ် လက်ခံခြင်းဆိုင်ရာ မူဝါဒများ ရှိပါသလား။

၁၂) ပိုင်ဆိုင်မှု – အဖွဲ့အစည်းပိုင်ပစ္စည်းများကို လက်ခံသိမ်းဆည်းခြင်း၊ အသုံးပြုခြင်းနှင့် သုံးစွဲပြီးနောက် စနစ်တကျ စီမံခန့်ခွဲခြင်း၊ ပယ်ဖျက်ခြင်းတို့နှင့်ပတ်သက်ပြီး မည်သို့ပြုလုပ်မည်နည်း။

၁၃) အဖွဲ့အစည်းဖျက်သိမ်းခြင်း – လိုအပ်ပါက အဖွဲ့အစည်းကို မည်သို့ဖျက်သိမ်းမည်နည်း။ ဖျက်သိမ်းမည်ဆိုသည့် ဆုံးဖြတ်ချက်ကို မည်သူ(များ)က ချမည်နည်း၊ မည်သို့အခြေအနေမျိုးတွင် ထိုဆုံးဖြတ်ချက်ကို ဆွေးနွေးနိုင်သနည်း။ မည်သို့လုပ်ငန်းစဉ်များကို လိုက်နာရန် လိုအပ်မည်နည်း။

၁၄) ဖွဲ့စည်းပုံပါအချက်များအပေါ် အဓိပ္ပါယ်ဖွင့်ဆိုခြင်း – ဖွဲ့စည်းပုံတွင်ပါရှိသည့် အပိုဒ်တခုခု၊ စကားလုံး များအပေါ် အဓိပ္ပါယ်ပြန်ဆိုလုပ်ဆောင်ရာတွင် သေချာမှုမရှိပါက မည်သူများက မည်သို့ အဓိပ္ပါယ်ဖွင့်ဆို ဆုံးဖြတ်ပေးနိုင်မည်နည်း။ 

၁၅) ဖွဲ့စည်းပုံကို အတည်ပြုခြင်း – ဖွဲ့စည်းပုံကို ရေးဆွဲအတည်ပြုပြီးပါက မည်သည့်အဖွဲ့ သို့မဟုတ် မည်သူက အတည်ပြုသည်။ ထိုအဖွဲ့ သို့မဟုတ်ပါဝင်သူများနှင့် အတည်ပြုသည့်ရက်စွဲကို နောက်ဆုံးအပိုင်းတွင် ထည့်သွင်း ဖော်ပြနိုင်ပါသည်။

အထက်ဖော်ပြပါ အချက်များမှ ဖွဲ့စည်းပုံတွင် ထည့်သွင်းသင့်သည်ဟု ဆုံးဖြတ်သည့် အချက်အလက် များကို ရွေးချယ်ပြီးလျှင် အဖွဲ့နှင့်ဆီလျော်မှုရှိသည့်အခြေအနေများကို ဆွေးနွေးဆုံးဖြတ်ပြီး စတင် ရေးဆွဲနိုင်ပြီ ဖြစ်သည်။​ပုံမှန်အားဖြင့် ဖွဲ့စည်းပုံတခုတွင် အပိုဒ်များပါဝင်ပြီး ယင်းအပိုဒ်များသည် ဖွဲ့စည်းပုံ၏ အစိတ်အပိုင်း များပင်ဖြစ်ကြသည်။ အပိုဒ်တစ်ခုတွင်လည်း အပိုဒ်ခွဲများပါဝင်နိုင်သည်။  ဖွဲ့စည်းပုံတွင် ထည့်သွင်းလိုသည့် အချက်အလက်များကိုမူ အသေးစိတ်ဆွေးနွေးရန်လိုအပ်သည်။  ဥပမာ – အဖွဲ့အစည်းကို ဖျက်သိမ်းခြင်းအပိုဒ်ကို ထည့်ရန်ဆုံးဖြတ်ပါက အားလုံးနှင့် သေချာစွာ ဆွေးနွေးပြီး မည်သည့်အခြေအနေမျိုးရှိခဲ့လျှင်၊ မည်သို့အဆင့်ဆင့် ဆောင်ရွက်ရမည်ဆိုသည်ကို ဆွေးနွေးဆုံးဖြတ်ပြီးမှ အများသဘောတူညီမှုဖြင့် ထည့်သွင်းသင့်သည်။

ဖွဲ့စည်းပုံရေးဆွဲရာတွင် သတိထားရမည့်အချက်များ

  • အဖွဲ့အစည်း၏ ဖွဲ့စည်းပုံသည် အဖွဲ့အတွက် ပင်မအရေးကြီးသည့်လမ်းညွှန်တခုဖြစ်ပြီး ခဏ၊ခဏ မပြင်ဆင်သင့်ပါ။ ထို့ကြောင့် ပြင်ဆင်ပြောင်းလဲရန် လိုအပ်သည့်မူဝါဒများနှင့် လုပ်ငန်းဖော်ပြချက်များ ကို ထည့်သွင်းမထားသင့်ပါ။ ၎င်းတို့ကို ဖွဲ့စည်းပုံမှခွဲထုတ်၍ မကြာခဏ ပြန်လည်သုံးသပ်နိုင်သည့် အဖွဲ့အစည်း၏မဟာဗျူဟာမျိုးတွင် ထည့်သွင်းသင့်သည်။
  • ဖွဲ့စည်းပုံတစ်ခုလုံးတွင် တိကျပြီး ရှေ့နောက်ညီစွာ ရေးသားရန်လိုအပ်သည်။ ဥပမာ၊ အပိုဒ်နှင့် အခွဲအပိုဒ်များတွင် နံပါတ်ကို အသုံးပြုလျှင် နံပါတ်၊ အက္ခရာကို သုံးလျှင် အက္ခရာစသဖြင့် စနစ် ကို အတူတူအသုံးပြုပါ။ ထည့်သွင်းဖော်ပြသည့် တာဝန်ရာထူးတစ်ခုစီအတွက်လည်း အချက်အလက် ကိုက်ညီအောင်ဖော်ပြပါ။
  • အချက်အလက်များ ပြည့်စုံစွာ ရေးသားထားရန်လိုအပ်သည်။ ဖွဲ့စည်းပုံသည် အကျဉ်းချုပ်ပုံစံမျိုး မဖြစ်ဘဲ အသေးစိတ်ဖော်ပြထားလေလေ၊ အကောင်အထည်ဖော်ရာတွင် မရှုပ်ထွေးလေ ဖြစ်သည်။ ဥပမာ – ညွှန်ကြားရေးမှူးချုပ် (Executive Director) ကို မည်သို့ရွေးချယ်မည်ဆိုသည်နှင့်ပတ်သက်၍ လုပ်ငန်းစဉ်အဆင့်ဆင့်ဖြစ်သည့် မည်သူများက ဆုံးဖြတ်မည်၊ မည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်မည်၊ ဆန္ဒမဲမည်မျှရပါက ရွေးချယ်မည်။​ (ဥပမာ – ရွေးချယ်ထားသည့်သူ အရေအတွက် ၃ ဦးမှ ဆန္ဒမဲ အများ ဆုံးရသူကို ရွေးမည်လား၊​ သို့မဟုတ် ရွေးချယ်ထားသူ တဦးကို အုပ်ချုပ်စီမံမှုအဖွဲ့ဝင်ဦးရေ ၅ ဦး/၇ ဦး စသည်အနက်မှ ထက်ဝက်ကျော်သဘောတူလျှင် ရွေးချယ်ခန့်အပ်မည်လား စသည်ဖြင့်)၊ ထို့အတူ အုပ်ချုပ်စီမံမှုအဖွဲ့ (governance body)၏ သက်တမ်းကာလမည်မျှ၊ သက်တမ်းပြီးလျှင် မည်သို့ ဆက်လက်ဆောင်ရွက်မည် စသည့်အချက်များကို ထည့်သွင်းဖော်ပြသင့်သည်။

အဖွဲ့အစည်းဖွဲ့စည်းပုံ နမူနာ

LOVE OUR TREES (LOT) 

သစ်ပင်ချစ်သူများအဖွဲ့၏ ဖွဲ့စည်းပုံ

နိဒါန်း – PREAMBLE

သစ်တောများပြုန်းတီးမှုနှင့် မြို့ပြနှင့်ကျေးလက်ဒေသများတွင် အရိပ်ရအပင်များ ခုတ်ပစ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်းနှင့် ရာသီဥတုဆိုးရွားလာမှု အခြေအနေအပေါ် စိုးရိမ်လာသည့် မကွေးတိုင်းအတွင်းရှိ ရပ်ရွာများမှ လူထုများစွာ တက်ကြွစွာ ပူးပေါင်း၍ Love Our Trees (LOT) – သစ်ပင်ချစ်သူများအဖွဲ့ ကို ဖွဲ့စည်းခဲ့ကြသည်။ Love Our Trees (LOT) သည် ဒေသခံလူထုများကို မိမိတို့၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် သစ်ပင်စိုက်ပျိုးမှု၊စနစ်တကျမည်သို့ ခုတ်ရန်နှင့် ရေရှည်တည်တံ့နိုင်သည့် သဘာဝ ပတ်ဝန်းကျင်ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရန်နည်းလမ်းများကို သင်တန်းပေးခြင်း၊ ပညာပေးခြင်းနှင့် သစ်ပင် များပြန်လည်စိုက်ပျိုးခြင်းတို့ကို စနစ်တကျလုပ်ဆောင်ကြရန်ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အပိုဒ် ၁ – အဖွဲ့အစည်းအမည်
၁။ အဖွဲ့အစည်းအမည်မှာ Love Our Trees (LOT) – သစ်ပင်ချစ်သူများအဖွဲ့ ဖြစ်သည်။
၂။ LOT ၏ရုံးတည်နေရာမှာ မကွေးမြို့တွင် ဖြစ်သည်။
၃။ LOT ၏သင်္ကေတမှာ ရပ်ရွာပြည်သူလူထုများ စုပေါင်းသစ်ပင်စိုက်နေသော ပုံဖြစ်သည်။

အပိုဒ် ၂ – အဖွဲ့အစည်းအကြောင်း
၁။ LOT သည် အစိုးရမဟုတ်သည့်၊ အမြတ်အစွန်းအတွက် လုပ်ဆောင်ခြင်းမဟုတ်သည့်၊ နိုင်ငံရေး မပါဝင်သည့်၊ မည်သည့်နိုင်ငံရေးပါတီနှင့်မှ ပတ်သက်မှုမရှိသည့် စေတနာ့ဝန်ထမ်းများနှင့်ဖွဲ့စည်း ထားသည့်အဖွဲ့အစည်း ဖြစ် သည်။
၂။ LOT သည် တရားဝင်မှတ်ပုံတင်ထားသည့်အဖွဲ့အစည်းတခုဖြစ်သည်။

အပိုဒ် ၃  ရပ်တည်ခံယူချက်

Love Our Trees (LOT) သစ်ပင်ချစ်သူများအဖွဲ့ကို ၂၀၁၈ ခုနှစ်တွင် မကွေးတိုင်းအတွင်းမှ သဘာဝ ပတ်ဝန်းကျင် အရေးလှုပ်ရှားနေသူများ၊ ရပ်ရွာခေါင်းဆောင်များနှင့် စုစည်းတည်ထောင်ခဲ့သည်။ LOT အနေဖြင့် မကွေးတိုင်း အတွင်းရှိ ပြည်သူလူထုများအား သစ်ပင်များကို စနစ်တကျထိန်းသိမ်း၍ ခုတ်ထွင်ခြင်း၊ သဘာဝဂေဟစနစ်များ နှင့် သစ်ပင်များအကြောင်း ပညာပေးခြင်း၊ လူငယ်ခေါင်းဆောင်များအား သင်တန်းပေးခြင်းနှင့် အတူတကွ သစ်ပင်များစိုက်ပျိုးခြင်းတို့ကို ပြုလုပ်သည်။ ယင်းလုပ်ငန်းများကို LOTအနေဖြင့် ဒေသခံလူထုများ ပူးပေါင်း လုပ်ဆောင်ပြီး ဒေသခံလူထုအခြေပြုသစ်တောများနှင့် ရေဝေရေလဲထိန်းသိမ်းမှုပုံစံမျိုး ဖြစ်စေရန် စီမံ ဆောင်ရွက်သည်။

အပိုဒ် ၄ – ရည်ရွယ်ချက်ပန်းတိုင်များ
အဖွဲ့အစည်း၏ ရည်ရွယ်ချက်ပန်းတိုင်များမှာ –
၁။ ကျေးလက်လူထုအနေဖြင့် သဘာဝပတ်ဝန်းကျင်အခြေအနေဆိုင်ရာ အသိပညာများ တိုးတက်ပြီး ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်။

၂။ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ရုံမျှမက အသက် ဝင်အောင်လုပ်ဆောင်ရန်အတွက် တိုက်တွန်းနိုးဆော်မှုများ ပြုလုပ်ရန်။

၃။ သစ်ပင်များကို စနစ်တကျ ထိန်းသိမ်းစီမံတတ်ပြီး ဒေသလူထုအခြေပြုသစ်တောများ၊ ရေဝေရေလဲထိန်းသိမ်း မှုများကို အသိပညာပေးပံ့ပိုးခြင်းဖြင့် ကျေးလက်လူထု၏ လူမှုစီးပွားရေးစနစ်တိုးတက်အောင်လုပ်ဆောင်ရန်။

၄။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတွေ့အကြုံများ၊ သတင်းအချက်အလက်များ မျှဝေသည့် ဆွေးနွေးပွဲများ၊ အသိပညာပေးမှုများမှတဆင့် မကွေးတိုင်းတတိုင်းလုံး ရေရှည်တွင် ပြန်လည်စိမ်းစိုလာအောင်လုပ်ဆောင်ရန် တို့ဖြစ်သည်။

အပိုဒ် ၅ – တန်ဖိုးများ (Values)
LOT သည် လုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ပါတန်ဖိုးထားမှုများအတိုင်း ဆောင်ရွက်ပါမည်။               ၁။ မည်သူ့ကိုမျှ ခွဲခြားဆက်ဆံမှုမရှိခြင်း
၂။ LOT ၏လိုအပ်ချက်မဟုတ်ဘဲ ဒေသခံလူထု၏ လိုအပ်ချက်ကိုသာအခြေခံသည့် စီမံကိန်းများ ဆောင်ရွက်ခြင်း။
၃။ သဘာဝပတ်ဝန်းကျင်နှင့် လူထုအတွက် ရေရှည်အကျိုးရှိမည့် ပံ့ပိုးမှုများပေးခြင်း။
၄။ လူထုများကို မိမိတို့နေ့စဉ်လုပ်ဆောင်မှုများနှင့် သဘာဝပတ်ဝန်းကျင်အကြား ဆက်နွယ်မှုကို နားလည်လာစေရန် အတူတကွလုပ်ဆောင်၍ စွမ်းရည်မြှင့်တင်ပေးခြင်း

အပိုဒ် ၆ – ဖွဲ့စည်းပုံ
LOT ၏ ဖွဲ့စည်းပုံမှာ –

  • ကွန်ဂရက် (Congress)
  • ညွှန်ကြားရေးအဖွဲ့ (Board of Directors)
  • အမှုဆောင်ဒါရိုက်တာ (Executive Director)
  • စီမံခန့်ခွဲမှုအဖွဲ့ (Management Team)
  • ပရောဂျက်/ရုံးဝန်ထမ်းများ

ပရောဂျက်နှင့် ရုံးဝန်ထမ်းများ၏ တာဝန်များကို ၎င်းတို့၏ အလုပ်ဖော်ပြချက်၊ စာချုပ်များနှင့် LOT ၏ ဝန်ထမ်းရေးရာမူဝါဒတွင်အသေးစိတ်ဖော်ပြထားသည်။

၆.၁ ကွန်ဂရက်စ်

၁။        ကွန်ဂရက်သည် LOT ၏လုပ်ငန်းရည်မှန်းချက်များ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် လမ်းညွှန်အကြံပေးမည့်အဖွဲ့ ဖြစ်သည်။

၂။         ကွန်ဂရက်သည် LOT ၏ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်သည်။

၃။        ကွန်ဂရက်၏ အဖွဲ့ဝင်များမှာ LOT ၏ လုပ်ငန်းများကို ထောက်ပံ့ကူညီသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသည့်ခေါင်းဆောင်များနှင့် ရပ်ရွာခေါင်းဆောင်များဖြစ်ပြီး၊ LOT ၏ အဖွဲ့ဝင်မူဝါဒအရ ငွေကြေး ဆိုင်ရာ အထောက်အပံ့ပေးသူများ လည်းဖြစ်သည်။ အဖွဲ့ဝင်အဆင့်ကို နှစ်စဉ် အထွေထွေညီလာခံ အစည်း အဝေး (Annual General Meeting – AGM) တွင် ပြန်လည်စိစစ်ပြီး သုံးလအထက် အဖွဲ့ဝင်ကြေးမပေးသူ များအား အဆင့်လျှော့ချမည်ဖြစ်သည်။

၄။        ကွန်ဂရက်စ်သည် နှစ်စဉ် ဇန်နဝါရီလတွင် AGM ပြုလုပ်သည်။ ကွန်ဂရက်စ်အဖွဲ့ဝင် သုံးပုံတစ်ပုံ၏ တောင်းဆို ချက်ဖြင့် အထူးအစည်းအဝေး ပြုလုပ်နိုင်သည်။

၅။        ကွန်ဂရက်၏ တာဝန်များမှာ –

  • ညွှန်ကြားရေးအဖွဲ့ခန့်အပ်ခြင်းကို အတည်ပြုပေးခြင်း
  • ဖွဲ့စည်းပုံ နှင့် အဖွဲ့ဝင်ဆိုင်ရာမူဝါဒများ အတည်ပြုခြင်း။
  • ယခင်နှစ်အတွင်း လုပ်ဆောင်ခဲ့သည့်လုပ်ငန်းများမှ ရရှိခဲ့သော အောင်မြင်မှုများကို မှတ်တမ်းတင်အတည်ပြုခြင်း။နှင့်
  • လာမည့်နှစ်အတွက် လုပ်ငန်းအစီအစဉ်များရေးဆွဲရာတွင် အကြံဉာဏ်များပေးခြင်း။

၆။        ကွန်ဂရက်အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခြင်း

  • အဖွဲ့ဝင်ကြေးသုံးလအထက် မပေးခြင်း 
  • ကွန်ဂရက်အဖွဲ့ဝင်အားလုံး၏ သုံးပုံနှစ်ပုံအနည်းဆုံး အတည်ပြုချက်ဖြင့် အဖွဲ့မှပယ်ချခြင်း။
  • သေဆုံးခြင်း
  • နှုတ်ထွက်ခြင်း

၆.၂ ညွှန်ကြားရေးအဖွဲ့ (Board of Directors)

၁။        ညွှန်ကြားရေးအဖွဲ့မှာ အဖွဲ့အစည်း၏လုပ်ငန်းများအတွက် ဦးဆောင်မှုပေးသည့်အဖွဲ့ဖြစ်သည်။

၂၊          ညွှန်ကြားရေးအဖွဲ့သည် ကွန်ဂရက်ထံ တာဝန်ခံရပြီး အမှုဆောင်ညွှန်ကြားရေးမှူးကို ကွပ်ကဲ ကြပ်မတ်သည်။

၃။        ညွှန်ကြားရေးအဖွဲ့၏ သက်တမ်းကာလမှာ တစ်နှစ်ဖြစ်ပြီး၊ အများဆုံး သုံးနှစ်တိုင်အောင် ပြန်လည် ရွေးချယ်ခန့်ထားနိုင်သည်။

၄။        ညွှန်ကြားရေးအဖွဲ့ဝင်များကို အဖွဲ့အစည်း၏ စီမံခန့်ခွဲမှုအဖွဲ့ကရွေးချယ်ပြီး AGM တွင် ကွန်ဂရက်က အတည်ပြုမည်။

၅။        ညွှန်ကြားရေးအဖွဲ့တွင် အဖွဲ့ဝင် ၇ ဦးပါရှိသည်။

၆။        ညွှန်ကြားရေးအဖွဲ့၏ တာဝန်ဝတ္တရားများမှာ –

  • LOT ၏ နေ့စဉ်လုပ်ငန်းများတွင် မပါဝင်သည့် အဖွဲ့အစည်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ခြင်း။
    • အဖွဲ့အစည်း၏ မူဝါဒများ၊ ဖွဲ့စည်းပုံ၊ အစီအစဉ်များ၊ မဟာဗျူဟာအစီအစဉ်နှင့် ငွေစာရင်းကို အတည်ပြုပေးခြင်း။
    • ကွန်ဂရက်၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို စီစဉ်ကျင်းပပေးခြင်း။
    • စီမံခန့်ခွဲမှုအဖွဲ့နှင့်ပူးပေါင်း၍ ငွေကြေးရှာဖွေထောက်ပံ့ခြင်း။
    • ကွန်ဂရက်အစည်းအဝေးတခုနှင့်တခုအကြား LOT ၏ လုပ်ငန်းကိစ္စအဝဝကို ကြီးကြပ်ကွပ်ကဲပေးခြင်း။
    • ကွန်ဂရက်မှ အတည်ပြုပေးနိုင်ရန်အတွက် လိုအပ်ပါက အဖွဲ့ဝင်ကြေးသတ်မှတ်ပေးခြင်းနှင့် ညှိနှိုင်းပေးခြင်းအပါအဝင် အဖွဲ့ဝင်များဆိုင်ရာမူဝါဒအားလုံးကို အဆိုပြုပေးခြင်း
    • အဖွဲ့၏ ငွေကြေးစီးဆင်းမှုတွင် သိန်း ၁၀၀ ကျပ်အထက်ထိရှိပါက အတည်ပြုခြင်း။
    • အဖွဲ့အစည်းကို လုပ်ငန်းစစ်ဆေးခြင်း၊ ကွပ်ကဲကြပ်မတ်ခြင်းနှင့် အကဲဖြတ်ခြင်း။
    • ညွှန်ကြားရေးအဖွဲ့အစည်းအဝေးများကို တစ်လတစ်ကြိမ် ကျင်းပရမည်။

၇။        ညွှန်ကြားရေးအဖွဲ့ဝင်တာဝန်မှ ရပ်နားခြင်း – 

  • ကွန်ဂရက်စ်၏ သုံးပုံနှစ်ပုံအနည်းဆုံး သဘောတူညီချက်ဖြင့် ပယ်ဖျက်ခြင်း။
  • သေဆုံးခြင်း
  • နှုတ်ထွက်ခြင်း

၆.၃  အမှုဆောင်ညွှန်ကြားရေးမှူး

၁။        အမှုဆောင်ညွှန်ကြားရေးမှူးသည် အဖွဲ့အစည်း၏ နေ့စဉ်လုပ်ငန်းများကို ဦးဆောင်မှုပေးရသူဖြစ်သည်။

၂။         အမှုဆောင်ညွှန်ကြားရေးမှူးသည် ညွှန်ကြားရေးအဖွဲ့ထံတာဝန်ခံရပြီး စီမံခန့်ခွဲမှုအဖွဲ့၏ အကြီးအကဲ ဖြစ်သည်။

၃။        အမှုဆောင်ညွှန်ကြားရေးမှူးကို ညွှန်ကြားရေးအဖွဲ့က ကာလအကန့်အသတ်မရှိသည့် သဘောတူ စာချုပ် (open contract) ဖြင့် ခန့်အပ်ပြီး လုပ်ငန်းဆောင်ရွက်မှုအပေါ် ညွှန်ကြားရေးအဖွဲ့မှ ကျေနပ်နေသရွေ့ ခန့်အပ်ထားနိုင်သည်။

၄။        အမှုဆောင်ညွှန်ကြားရေးမှူး၏ တာဝန်ဝတ္တရားများမှာ –

  • အဖွဲ့အစည်း၏ မူဝါဒများ အကောင်အထည်ဖော်ခြင်း။
  • LOT ကိုယ်စား စာချုပ်စာတမ်းများကို လက်မှတ်ထိုးခြင်း။
  • ဌာနနှင့် စီမံကိန်း ဦးဆောင်သူများ ခန့်အပ်ခြင်းနှင့် ထုတ်ပယ်ခြင်း။
  • အဖွဲ့၏ ငွေကြေးအသုံးစရိတ်သုံးစွဲမှုများကို အတည်ပြုပေးခြင်း။
  • အဖွဲ့အစည်း၏ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ဆောင်ခြင်း။
  • အဖွဲ့၏ နေ့စဉ်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ခြင်း။ 
  • LOT ၏အမည်ကျော်စောမှုကို ထိန်းသိမ်းပြီး ရပ်ရွာပြည်သူလူထုနှင့် အစိုးရတို့နှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ခြင်း။​
  • သုံးလတစ်ကြိမ် ညွှန်ကြားရေးအဖွဲ့ထံ လုပ်ငန်းအစီရင်ခံစာ တင်သွင်းခြင်း။

၅။        အမှုဆောင်ညွှန်ကြားရေးမှူး၏ တာဝန်များပြီးဆုံးခြင်း  –

  • စာချုပ်ပြီးဆုံး/ရပ်နားခြင်း။
  • LOT ၏ ဝန်ထမ်းရေးရာမူဝါဒအတိုင်း ညွှန်ကြားရေးအဖွဲ့၏ အနည်းဆုံး ၅ မဲဖြင့် ပယ်ချခြင်း။
  • သေဆုံးခြင်း။ 
  • နှုတ်ထွက်ခြင်း  

၆.၄ စီမံခန့်ခွဲမှုအဖွဲ့ (Management Team)

၁။        စီမံခန့်ခွဲမှုအဖွဲ့သည် LOT ၏ နေ့စဉ်လုပ်ငန်းများကို အကောင်အထည်ဖော်ရသည့်အဖွဲ့ဖြစ် သည်။

၂။         စီမံခန့်ခွဲမှုအဖွဲ့သည် အမှုဆောင်ညွှန်ကြားရေးမှူးထံ တာဝန်ခံရပြီး အဖွဲ့အစည်း၏ ဌာနများနှင့် စီမံကိန်းများကို ထိန်းကြပ်ကြပ်မတ်သည်။

၃။        စီမံခန့်ခွဲမှုအဖွဲ့ဝင်များကို LOT ၏ ဝန်ထမ်းမူဝါဒအတိုင်း အတွေ့အကြုံနှင့် အရည်အချင်း< အဆင့်အတန်းပေါ်မူတည်၍ အမှုဆောင်ညွှန်ကြားရေးမှူးက ခန့်အပ်မည်။

၄။        စီမံခန့်ခွဲမှုအဖွဲ့ဝင်များမှာ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအလိုက်ဦးဆောင်သူများ ဖြစ်သည်။

၅။        စီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်များမှာ –

  • အဖွဲ့၏ နေ့စဉ်လုပ်ငန်းများကို အကောင်အထည်ဖော်ခြင်း။
  • ဌာနဝန်ထမ်းများကို ပံ့ပိုးကူညီပြီး စီမံခန့်ခွဲခြင်း။
  • အမှုဆောင်ညွှန်ကြားရေးမှူး၏ အတည်ပြုချက်ရရှိပြီးနောက် စီမံကိန်းနှင့် ဌာနအလိုက်ဝန်ထမ်းများ ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း။
  • စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အမှုဆောင်ညွှန်ကြားရေးမှူးကို ပံ့ပိုးကူညီခြင်း။
  • တစ်ပတ်တစ်ကြိမ် ညွှန်ကြားရေးမှူးထံ ဌာနနှင့် စီမံကိန်းလုပ်ငန်းများကို အစီရင်ခံခြင်း။
  • စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးများကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် ကျင်းပရမည်။

၆။        စီမံခန့်ခွဲမှုအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခြင်း –

  • LOT ၏ ဝန်ထမ်းမူဝါဒအရ အမှုဆောင်ညွှန်ကြားရေးမှူးက ထုတ်ပယ်ခြင်း။
  • သေဆုံးခြင်း
  • နှုတ်ထွက်ခြင်း

အပိုဒ် ၇။ ငွေကြေး

LOT ၏ ဝင်ငွေများကို အောက်ပါအရင်းအမြစ်များမှ ရရှိသည်။

  1. LOT ၏ လုပ်ငန်းများမှ အကျိုးခံစားရသူများ၏ ထောက်ပံ့လှူဒါန်းငွေများ။
  2. ကွန်ဂရက်စ် အဖွဲ့ဝင်များ ထည့်ဝင်သည့် အဖွဲ့ဝင်ကြေးများ။
  3. စီမံကိန်းများ လုပ်ဆောင်ရန် ဖွံ့ဖြိုးရေး အဖွဲ့အစည်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုခြင်းမှ ရရှိသည့် ငွေကြေးများ။

အဖွဲ့အစည်း၏ ငွေကြေး လက်ခံခြင်း၊ ထုတ်ပေးခြင်းနှင့် အစီရင်ခံခြင်းများကို LOT ၏ ငွေကြေးမူဝါဒအတိုင်း လုပ်ကိုင်ဆောင်ရွက်မည်။

အပိုဒ် ၈။ အဖွဲ့အစည်းပိုင် ပစ္စည်းများ

LOT အဖွဲ့အစည်းပိုင်ပစ္စည်းအားလုံးကို အဖွဲ့အစည်း၏ အမည်အောက်တွင် မှတ်ပုံတင်ထားရှိရမည် ဖြစ်ပြီး အဖွဲ့အစည်း၏ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းနှင့် ဝယ်ယူထားသည့်ပစ္စည်းများစာရင်းကို  မူဝါဒချ မှတ်၍ စီမံခန့်ခွဲ အသုံးချရမည်။

အပိုဒ် ၉။ အဖွဲ့အစည်းကို ဖျက်သိမ်းခြင်း

Love Our Trees (LOT) – သစ်ပင်ချစ်သူများအဖွဲ့ ကို ဖျက်သိမ်းရန်မှာ ကွန်ဂရက်စ်၊ ညွှန်ကြားရေး အဖွဲ့၊ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲမှုအဖွဲ့တို့အားလုံး၏ စုပေါင်း ဆုံးဖြတ်ချက်ဖြင့် သာ ဖြစ်နိုင်ပြီး၊ လက်ရှိ ယင်းအစုအဖွဲ့အားလုံးမှ ပါဝင်သူဦးရေစုစုပေါင်း၏  အနည်းဆုံး ၅ ပုံ ၄ ပုံ (၄/၅) ၏ ထောက်ခံဆန္ဒမဲရရှိမှသာ ဖျက်သိမ်းရန်အတည်ပြုနိုင်မည်ဖြစ်သည်။ အစုအဖွဲ့အားလုံးကို ကိုယ်စားပြုသူ စုစုပေါင်း၏ သုံးပုံနှစ်ပုံ (၂/၃) က ဆန္ဒမဲပေးရန် မလာရောက်ခဲ့ပါလျှင် ဆန္ဒမဲရလဒ်မည်သို့ဖြစ်စေကမူ အတည်မပြုနိုင်ချေ။

အပိုဒ် ၁၀။ ဖွဲ့စည်းပုံအဓိပ္ပာယ်ဖွင့်ဆိုခြင်း

ဤ ဖွဲ့စည်းပုံစာတမ်းတွင် ပါရှိသည့်အချက်များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း သို့မဟုတ် ဤဖွဲ့စည်းပုံနှင့် သက်ဆိုင် သော အကြောင်းအရာများကို ရှင်းလင်းဖော်ပြရန်တာဝန်မှာ ကွန်ဂရက်စ်ထံတွင်ရှိသည်။ ယင်းအတွက် ပြုလုပ် သည့် အစည်းအဝေးကို အနည်း ဆုံး အဖွဲ့ဝင်ဦးရေ ထက်ဝက်(၁/၂)တက်ရောက်၍  ကွန်ဂရက်စ်အဖွဲ့ဝင် သုံးပုံ နှစ်ပုံ (၂/၃) ၏အတည်ပြုမဲဖြင့် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဆုံးဖြတ်အတည်ပြုရမည်။

အပိုဒ် ၁၁။ ဖွဲ့စည်းပုံအတည်ပြုခြင်း

Love Our Trees (LOT) – သစ်ပင်ချစ်သူများအဖွဲ့ ၏ ကွန်ဂရက်စ်အဖွဲ့ဝင်များသည် ဤဖွဲ့စည်းပုံကို ၂၀၁၈ခုနှစ် မေလ ၁ ရက်နေ့ တွင် အတည်ပြုလိုက်သည်။

ဤဖွဲ့စည်းပုံသည် LOT ၏ ကွန်ဂရက်စ်မှ သဘောတူညီချက်ဖြင့် ပြန်လည်ပြင်ဆင်၍ ထပ်မံအတည်ပြုသည့် ဖွဲ့စည်းပုံမရှိသေးမီအထိ တရားဝင်ဖြစ်သည်။