Entries by sandhi-mm

မဟာဗျူဟာအတွက် အဆင်သင့်ဖြစ်ပါပြီ။

အထက်တွင်လေ့လာဆန်းစစ်ချက်များအပေါ်အခြေခံပြီး အဓိကမဟာဗျူဟာများ၊ လုပ်ငန်းလည်ပတ်ရန် အဓိက ပြင်ဆင်လုပ်ဆောင်ချက်များကို ဇယားများတွင် ထည့်သွင်းရန် အဆင်သင့်ဖြစ်ပြီဖြစ်သည်။  မဟာဗျူဟာအသစ်အတွက် အပြောင်းအလဲများကို စီမံခန့်ခွဲသည့်လုပ်ငန်းစဉ် များနှင့် မဟာဗျူဟာကို ပုံမှန်အကဲဖြတ် သုံးသပ် စစ်ဆေး ခြင်း (Monitoring & Evaluation တို့နှင့်ပတ်သက်၍ယခုအပိုင်းတွင် ဆက်လက်ဆွေးနွေးပေးသွားပါမည်။ က။ အဓိကမဟာဗျူဟာများ Core Future Strategies  အကြံပြုလိုသည့် မဟာဗျူဟာProposed strategy  ယူဆချက်များ၊ အချက်အလက်၊ တန်ဖိုးထားမှုများ Assumptions, facts, and values that support this proposed strategy    တွေ့ရနိုင်သည့် အခက်အခဲ စိန်ခေါ်မှုများWhat possible obstacles do we face in implementing this strategy? ယင်းတို့ကိုရင်ဆိုင်ကျော်ဖြတ်ရတွင် အသုံးပြုမည့် မဟာဗျူဟာများstrategies […]

ဃ) ရှေ့ကိုမျှော်ကြည့်ခြင်း Look forward

မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ်အတွက် နောက်ဆုံးဆန်းစစ်လေ့လာချက်လုပ်ငန်းစဉ်မှာ ရှေ့ရေးအတွက် ပြင်ဆင်စဉ်းစားခြင်းဖြစ်သည်။ ယင်းလုပ်ငန်းစဉ်တွင် ဖြစ်လာနိုင်မည့်အခြေအနေများကို ခန့်မှန်းတွက်ချက် ပြင်ဆင်ခြင်း (Scenario Planning)နှင့် အနာဂတ်အတွက်စဉ်းစားချက်များ (Possible considerations for future) တို့ကို လုပ်ဆောင်ကြသည်။ ၁။ ဖြစ်လာနိုင်မည့်အခြေအနေများကို ခန့်မှန်းတွက်ချက်ပြင်ဆင်ခြင်း (Scenario planning) ဤလုပ်ငန်းစဉ်သည် အနာဂတ် ဖြစ်နိုင်ခြေများကို စဉ်းစားတွက်ချက်ပြီး အဖွဲ့အတွက် အရေးကြီးသည့် အခြေ အနေတစ်ခုချင်းစီအတွက် သေချာစဉ်းစားသည်။ ယင်းသို့စဉ်းစားချက်များအပေါ် အခြေခံ၍ မဟာဗျူဟာများ ချမှတ်ပြီး မသေချာမှုများကို ကြိုတင်ခန့်မှန်းပြင်ဆင်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ ၎င်းလုပ်ငန်းစဉ်သည် မဟာ ဗျူဟာ ရေးဆွဲရာတွင် အသုံးပြုလေ့ရှိပြီး အနာဂတ်အတွက် တွေးတော စဉ်းစား စေနိုင်ရုံမျှမက ရလဒ် (အရေး ယူ လုပ်ဆောင်နိုင်သည့် မဟာဗျူဟာများ)ကိုပါ အလေးထားစဉ်းစားပေးသည်။ပထမဦးဆုံးအဆင့်တွင် စဉ်းစားရမည့်အတိုင်းအတာကို ချမှတ်ကြသည်။ အောက်ပါဇယားတွင် ဖော်ပြထားသည့် အချက်များဖြစ်သည့် အချိန်အတိုင်းအတာ၊ လုပ်ငန်းဆောင်ရွက်မည့်နေရာနှင့်  လုပ်ငန်းအတိုင်းအတာများကို အခြေခံပြီး ခန့်မှန်းတွက်ချက်ပြင်ဆင်ကြမည်ဖြစ်သည်။ ၁။ အချိန်အတိုင်းအတာ ၂။ လုပ်ငန်းဆောင်ရွက်မည့်နေရာ […]

အန္တရာယ်ကျရောက်နိုင်ခြေများကို ဆန်းစစ်လေ့လာစီမံခန့်ခွဲခြင်း

“”The biggest risk is not taking any risk… In a world that is changing really quickly, the only strategy that is guaranteed to fail is not taking risks” (Mark Zuckerberg) အကြီးမားဆုံး အန္တရာယ်က ဘယ်လိုစွန့်စားမှုမျိုးမှ မလုပ်တာပါပဲ။… အလွန် မြန်ဆန်စွာ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ဘယ်လိုစွန့်စားမှုမျိုးကိုမှ မလုပ်ခြင်းဟာ ကျဆုံးဖို့သေချာတဲ့ မဟာဗျူဟာပါပဲ။” အဖွဲ့အစည်းတခု၏ မဟာဗျူဟာရေးဆွဲသည့်လုပ်ငန်းစဉ်တွင် အဖွဲ့အစည်းအနေဖြင့် ကြုံတွေ့ရနိုင်သော စိုးရိမ်မကင်းဖြစ်ရသည့် အခြေအနေအမျိုးမျိုး၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့်ကိစ္စအမျိုးမျိုးကိုလည်း ကြိုတင်မှန်းဆတွက်ချက်၍ မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲလေ့ရှိသည်။ ဘေးဘီဝဲယာကို ကြည့်ရှု (look […]

မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ် အဆင့် ၂ နှင့် ၃

အဆင့် – ၂ လက်ရှိအခြေအနေကို ဆန်းစစ်သုံးသပ်ခြင်း ခ) လက်ရှိအခြေအနေကို ဆန်းစစ်သုံးသပ်ခြင်း  အဖွဲ့အစည်း၏ အတိတ်သမိုင်းကြောင်းနှင့် ရေးဆွဲထားရှိပြီးသည့် မျှော်မှန်းအိပ်မက်၊ ရပ်တည်ခံယူချက်နှင့် လမ်းညွှန်မူဝါဒစံတန်ဖိုးများ၏ လက်ရှိအနေအထားနှင့် ဆီလျော်မှုရှိသေးခြင်းရှိမရှိကို ဆန်းစစ်ပြီးနောက် အဖွဲ့အစည်း၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ သေချာစွာဆန်းစစ်သုံးသပ်ကြရန်လိုအပ်ပါသည်။ ယင်းလုပ်ငန်းစဉ်သည် မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ်တခုလုံးတွင် အချိန်အယူရဆုံးလည်းဖြစ်သည်။ အဖွဲ့အစည်းတွင် တိုက်ရိုက်ပါဝင်ပတ်သက်သူများသာမက၊ အဖွဲ့အစည်းနှင့် ဆက်စပ်ပတ်သက်သည့် အရေးကြီးသူများအားလုံး၏ အဖွဲ့နှင့် အဖွဲ့၏လုပ်ငန်းများအပေါ် အမြင်များကို တတ်စွမ်းသမျှ စုဆောင်းရယူလုပ်ဆောင်သင့်သည့်လုပ်ငန်းစဉ်လည်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများတွင်မူ ဈေးကွက်သုတေသန၊ လက်ရှိလူကြိုက်များနေသည့်ပုံစံ၊ လူကြိုက်များသည့်ပစ္စည်းနှင့် မိမိတို့ဦးတည်အုပ်စုများ ၏ ရွေးချယ်မှုပုံစံများကို သိရှိအောင်လုပ်ဆောင်ရန် စစ်တမ်းများ၊ သုတေသနများပြုလုပ်ကြသကဲ့သို့ အစိုးရမဟုတ်သည့်အဖွဲ့ (Non-governmental Organization) များတွင်လည်း မိမိတို့၏အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ငွေကြေးပံ့ပိုးနေသူများနှင့် ဦးတည်အုပ်စုများ၏ အဖွဲ့နှင့် အဖွဲ့၏စီမံကိန်း၊စီမံချက်၊အကျိုးရလဒ်များအပေါ် အမြင်များကို […]

မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ် – ၁

နောက်လှည့်ကြည့်ခြင်း မဟာဗျူဟာတခုရေးဆွဲရာတွင် အဖွဲ့အစည်းတခုအနေဖြင့် လာခဲ့ရာလမ်းကို ပြန်လည်သုံးသပ်ရန် လိုအပ်သကဲ့သို့ လက်ရှိရောက်နေသည့်အဖွဲ့အစည်း၏အနေအထား၊ လုပ်ငန်းလုပ်ဆောင်ရသည့် အခြေအနေများနှင့် ယင်းအခြေအနေများအားလုံးအပေါ် မူတည်၍ ရှေ့ကြုံတွေ့နိုင်ရသည့်အနာဂတ်ကို မျှော်မှန်းတွက်ချက်ပြီး အဖွဲ့အတွက်အကောင်းဆုံးမဟာဗျူဟာများချမှတ်ကြရသည်။ မဟာဗျူဟာရေးဆွဲရာတွင် အသုံးပြုသည့် စကားလုံးများနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ မျှော်မှန်းအိပ်မက် (Vision) – အဖွဲ့အစည်းတခု၏ အောင်မြင်မှုပုံရိပ်၊ အဖွဲ့အစည်း၏ လုပ်ငန်းများကို မည်သို့ သော အိပ်မက်(များ) အတွက် လုပ်ဆောင်နေသည်ဆိုသည်ကို အဖြေပေးနိုင်သည့် အောင်မြင်မှု လမ်းညွန်ပုံရိပ်  ရပ်တည်(ခံယူ)ချက် (Mission Statement) – အခြားအဖွဲ့အစည်းနှင့် မတူညီကွဲပြားသည့် အဖွဲ့အစည်း ဖြစ်တည်လာမှုအကြောင်း၊လုပ်ဆောင်မည့်လုပ်ငန်းများနှင့် လုပ်ဆောင်မည့်ပုံစံများကိုဖော်ပြချက် ပန်းတိုင် (Goal) – အဖွဲ့အနေဖြင့် မည်သည့်အရာများကို အောင်မြင်အောင်လုပ်ဆောင်မည်ဆိုသည်ကို ဖော်ပြ ချက် (အချို့အဖွဲ့အစည်းများသည် Vision အစား ပန်းတိုင်ကိုသာချမှတ်လုပ်ဆောင်ကြသည်များလည်း ရှိသည်။) ရည်မှန်းချက်/ရည်ရွယ်ချက်(Objective) –  ပြောင်းလဲမှုများဖြစ်အောင် လုပ်ဆောင်မည့်လုပ်ငန်းများကို ကြိယာများ (verbs)ကို […]

STRATEGIC PLANNING မဟာဗျူဟာရေးဆွဲခြင်း

၂.၇ အဖွဲ့အစည်းများနှင့် မဟာဗျူဟာရေးဆွဲခြင်း ဗျူဟာ၊ ပရိယာယ် စသဖြင့် အင်္ဂလိပ်ဝေါဟာရ Strategy ကို မြန်မာဘာသာဖြင့်ပြန်ဆိုကြသည်။ မဟာဗျူဟာ (Strategic Plan) ရေးဆွဲခြင်းကို စစ်တိုက်ရာတွင် စတင်သုံးစွဲခဲ့ကြသည်။ ထို့နောက် စီးပွားရေးလုပ်ငန်းများက မိမိတို့၏ထုတ်ကုန်ပစ္စည်းများ၊ လုပ်ငန်းများအတွက် ရလိုသည့် အမြတ်အစွန်းများ၊ ရလဒ်များ၊ ဈေးကွက်များ၊ အောင်မြင်လိုသည့်ပန်းတိုင်များချမှတ်၍ နှစ်အပိုင်းအခြားအလိုက် မဟာဗျူဟာချမှတ်လုပ်ဆောင်လာကြသည်။  မိမိတို့လုပ်ငန်း၏အားသာချက်များ၊ လိုအပ်ချက်များ၊ အခွင့်အလမ်း၊ စိန်ခေါ်မှုများကို  ဖော်ထုတ်၍ မိမိတို့၏ အများနှင့်မတူ ခြားနားစွမ်းရည်များကို ထိမိစွာအသုံးချသည့် မဟာဗျူဟာများကို ရေးဆွဲလုပ်ဆောင်ကြသည်။ နောက်ပိုင်းတွင် အဖွဲ့အစည်းတိုင်းတွင် မဟာဗျူဟာရေးဆွဲခြင်းသည် အရေးပါလာပြီး အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ချက်တခုအဖြစ် သတ်မှတ်ရေးဆွဲလာကြသည်။ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းအမျိုးမျိုးတို့တွင်လည်း မဟာဗျူဟာရေးဆွဲလုပ်ဆောင်လာကြသည်။ မဟာဗျူဟာရေးဆွဲရာတွင် ချဉ်းကပ်သည့်နည်းလမ်းများသည် အဖွဲ့အစည်းများအတွက်သာမက လူပုဂ္ဂိုလ် တဦးချင်း၏ တိုးတက်ဖွံ့ဖြိုးမှုအစီအစဉ်ရေးဆွဲရာတွင်ပါ အသုံးချ၍ရသည့် နည်းလမ်းများလည်း […]

အပိုင်း – ၂

အဖွဲ့အစည်းဖွဲ့စည်းပုံနှင့် အုပ်ချုပ်စီမံမှု အပိုင်း – ၂ အဖွဲ့အစည်းဖွဲ့စည်းပုံနှင့် အုပ်ချုပ်စီမံမှု  ၂.၁ အဖွဲ့အစည်းဖွဲ့စည်းပုံနှင့် အုပ်ချုပ်စီမံမှုဆိုသည်မှာ – အဖွဲ့တဖွဲ့လုံး၏ ရထားခေါင်းတွဲနှင့်တူသည့် အဖွဲ့ကိုစီမံခန့်ခွဲကြီးကြပ်မှု (oversight)များပြုလုပ်ရသည့် အပိုင်း ဖြစ်သည်။ အဖွဲ့ဖွဲ့စည်းပုံနှင့် အုပ်ချုပ်စီမံမှုဆိုရာတွင် –  ၁) ဖွဲ့စည်းသည့်အဖွဲ့အနေဖြင့် မည်သည့်မျှော်မှန်းချက်အိပ်မက် (Vision Statement) သို့မဟုတ် ရည်မှန်းချက် (အဖွဲ့၏ဦးတည်ချက်နှင့်လားရာကိုဖော်ပြချက်) ၂) အဖွဲ့အနေဖြင့် မိမိဦးတည်ရာပန်းတိုင်သို့ ရောက်ရှိရန်အတွက် လုပ်ငန်းများလုပ်ဆောင်ရာတွင် မည်သို့လုပ် ဆောင်မည်၊ မည်သူတို့အတွက်လုပ်ဆောင်မည်စသဖြင့် အဖွဲ့အကြောင်းဖော်ပြပါရှိသည့် အဖွဲ့ရပ်တည်ခံယူချက် (mission statement) ၃) အဖွဲ့ကို မည်သို့လုပ်ကိုင်လည်ပတ်မည်၊ မည်သူတို့အတွက်၊ မည်သည့်လုပ်ငန်းများကို လုပ်ကိုင်ပေးမည်ဆို သည်တို့ကို ဖော်ပြသည့် လုပ်ငန်းလည်ပတ်မည့်ပုံစံအတွက် အခြေခံမူများနှင့် လုပ်ထုံးလုပ်နည်းများ (Principles of Operation) ၄) အဖွဲ့၏လုပ်ငန်းများလည်ပတ်ရာတွင် မည်သူကမည်သည့်တာဝန်များကို လုပ်ကိုင်ဆောင်ရွက်ပြီး မည်သူ့ထံ […]

အဖွဲ့အစည်းတခုအတွက် ဖွဲ့စည်းပုံရေးဆွဲခြင်း

၂.၆ ဖွဲ့စည်းပုံရေးဆွဲခြင်း ဖွဲ့စည်းပုံဆိုသည်မှာ အဖွဲ့အစည်းတခုကို ပြဋ္ဌာန်းဖော်ပြသည့် တရားဝင် စာတမ်းတခုပင်ဖြစ်သည်။ မြန်မာဝေါဟာရ တွင် ဖွဲ့စည်းပုံဟု ခြုံ၍ ခေါ်ဝေါ်ကြသော်လည်း အင်္ဂလိပ် ဝေါဟာရတွင်မူ organization’s constitution, articles of associations နှင့် organization’s charter ဆိုသည့် အသုံးအနှုံးအမျိုးမျိုးရှိသကဲ့သို့ သုံးစွဲပုံမှာလည်းအနည်းငယ်ကွာခြားသည်။ “Articles of Association (AoA) အဖွဲ့အစည်းဖွဲ့စည်းမှုဆိုင်ရာ ဥပဒေအပိုဒ်များ” ဆိုသည့်အသုံးအနှုံးကို ကုမ္ပဏီအဖွဲ့အစည်းများ မှတ်ပုံတင်ရာတွင် အသုံးများတတ်ပြီး အဖွဲ့အစည်း ၏ အဖွဲ့တွင်းလည်ပတ်မည့်ပုံစံကို အဓိကချမှတ်ထားသည့် ဥပဒေကြောင်းဆိုင်ရာ မှတ်တမ်းတခုလည်း ဖြစ်သည်။ အချို့အရပ်ဘက်အဖွဲ့အစည်းများတွင်လည်း အသင်းအဖွဲ့ ဖွဲ့စည်းရာတွင် AoA ရေးဆွဲဖွဲ့စည်းကြသည်။ Charter ဆိုသည့်အသုံးအနှုံးကိုလည်း ဖွဲ့စည်းပုံကဲ့သို့ပင် အဖွဲ့အစည်းအမျိုးမျိုး၏ စည်းမျဉ်း စည်းကမ်း၊ဖွဲ့စည်းပုံနှင့် လုပ်ပိုင်ခွင့်အာဏာအမျိုးမျိုးကို ပြဋ္ဌာန်းသတ်မှတ်ဖော်ပြရာတွင် […]

အပိုင်း – ၁ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုမိတ်ဆက်

“အဖွဲ့အစည်းဆိုတာဘာလဲ။” “အဖွဲ့အစည်းအမျိုးမျိုးနှင့် တူညီသည့်အချက်များ၊ မတူညီကွဲပြားသည့်အချက်များ” နှင့် “အဖွဲ့အစည်းများ စတင်ဖွဲ့စည်းကြပုံများ” ဆိုသည်တို့ကို မိတ်ဆက်ဆွေးနွေးတင်ပြထားသည်။

စီမံကိန်းဘဏ်နှင့် ဆုံးရှုံးသွားသည့် စီမံကိန်းများ

ရင်းနှီးမြှုပ်နှံမှုသည်အောင်မြင်သည့်နိုင်ငံများ၏ အခြေခံသော့ချက်ဖြစ်သည်။ Morgan Stanley Investment Management ၏ Chief Global Strategistဖြစ်သည့်Ruchir Sharma ကသူ၏ “Ten Rules for Successful Nations” စာအုပ်တွင်နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက်ရင်းနှီးမြှုပ်နှံမှုလိုအပ်သည်။ နှစ်စဉ်ဂျီဒီပီ၏ ၂၅%မှ၃၅% အတွင်းစက်မှုကဏ္ဍနှင့်လျှပ်စစ်၊လမ်းပန်းကဲ့သို့သောအခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်သည့်နိုင်ငံများသည်ဖွံ့ဖြိုးတိုးတက်လာသည်ကိုတွေ့ရသည်ဟုရေးသားထားသည်။ ဤနေရာတွင်ရင်းနှီးမြှုပ်နှံမှုများဆိုသည်မှာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုမည့်စီမံကိန်းများကိုဆိုလိုခြင်းဖြစ်သည်။