အဖွဲ့အစည်းတခုအတွက် ဖွဲ့စည်းပုံရေးဆွဲခြင်း
၂.၆ ဖွဲ့စည်းပုံရေးဆွဲခြင်း ဖွဲ့စည်းပုံဆိုသည်မှာ အဖွဲ့အစည်းတခုကို ပြဋ္ဌာန်းဖော်ပြသည့် တရားဝင် စာတမ်းတခုပင်ဖြစ်သည်။ မြန်မာဝေါဟာရ တွင် ဖွဲ့စည်းပုံဟု ခြုံ၍ ခေါ်ဝေါ်ကြသော်လည်း အင်္ဂလိပ် ဝေါဟာရတွင်မူ organization’s constitution, articles of associations နှင့် organization’s charter ဆိုသည့် အသုံးအနှုံးအမျိုးမျိုးရှိသကဲ့သို့ သုံးစွဲပုံမှာလည်းအနည်းငယ်ကွာခြားသည်။ “Articles of Association (AoA) အဖွဲ့အစည်းဖွဲ့စည်းမှုဆိုင်ရာ ဥပဒေအပိုဒ်များ” ဆိုသည့်အသုံးအနှုံးကို ကုမ္ပဏီအဖွဲ့အစည်းများ မှတ်ပုံတင်ရာတွင် အသုံးများတတ်ပြီး အဖွဲ့အစည်း ၏ အဖွဲ့တွင်းလည်ပတ်မည့်ပုံစံကို အဓိကချမှတ်ထားသည့် ဥပဒေကြောင်းဆိုင်ရာ မှတ်တမ်းတခုလည်း ဖြစ်သည်။ အချို့အရပ်ဘက်အဖွဲ့အစည်းများတွင်လည်း အသင်းအဖွဲ့ ဖွဲ့စည်းရာတွင် AoA ရေးဆွဲဖွဲ့စည်းကြသည်။ Charter ဆိုသည့်အသုံးအနှုံးကိုလည်း ဖွဲ့စည်းပုံကဲ့သို့ပင် အဖွဲ့အစည်းအမျိုးမျိုး၏ စည်းမျဉ်း စည်းကမ်း၊ဖွဲ့စည်းပုံနှင့် လုပ်ပိုင်ခွင့်အာဏာအမျိုးမျိုးကို ပြဋ္ဌာန်းသတ်မှတ်ဖော်ပြရာတွင် […]


















