၁) အစီအစဉ်ရေးဆွဲသည့်အဆင့် (Planning Phase)
အဖွဲ့အစည်းတခုသည် စီမံကိန်း၊ စီမံချက်များစွာရှိနိုင်ပြီး အဖွဲ့၏လုပ်ဆောင်မည့်လုပ်ငန်းတိုင်း သည် အဖွဲ့အစည်းတခုလုံးအတွက် ရေးဆွဲချမှတ်ထားသည့် မျှော်မှန်းချက်ပန်းတိုင် (VISION), ရပ်တည်ခံယူချက် (MISSION) တို့နှင့် ကိုက်ညီရန်လိုအပ်ပါသည်။ မျှော်မှန်းချက်ပန်းတိုင်သည် အဖွဲ့တခုလုံးနှင့် နောက်ဆုံးရောက်ရှိလိုသည့်နေရာ၊အခြေအနေတခုဖြစ်ပြီး စီမံကိန်း၊ စီမံချက် တခုချင်းစီတိုင်းသည် ယင်းမျှော်မှန်းချက်ပန်းတိုင်သို့ရောက်ရန် အထောက်အကူဖြစ်စေမည့် လုပ်ဆောင်ချက်များပင်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်း၊စီမံချက်များအတွက် ဒီဇိုင်းအစီအစဉ် များရေးဆွဲရာတွင် အဖွဲ့အစည်းအနေဖြင့် ချမှတ်ထားသည့် မဟာဗျူဟာတွင် ပါရှိသည့် မျှော် မှန်းချက်ပန်းတိုင်၊ ရည်တည်ခံယူချက်များ၊ မဟာဗျူဟာများကို အခြေတည်ပြီး စဉ်းစားကြရ သည်။ ၁.၁ ပြဿနာကို ဆန်းစစ်လေ့လာခြင်း စီမံချက်တခုအတွက် အစီအစဉ်ရေးဆွဲမည်ဆိုလျှင် မိမိတို့ကိုင်တွယ်လိုသည့်ကိစ္စ၊ အကြောင်း အရာ သို့မဟုတ် ပြဿနာများကို စတင်စဉ်းစားကြရသည်။ ကိုင်တွယ်လိုသည့်ကိစ္စ၊ အကြောင်း အရာ သို့မဟုတ် ပြဿနာများကို ကိုင်တွယ်ရာတွင် အသုံးအများဆုံးဆန်းစစ်လေ့လာသည့် […]


















