အဖွဲ့အစည်း၏ငွေကြေးအရင်းအမြစ်များ စီမံခန့်ခွဲမှု
အဖွဲ့အစည်းတခု၏လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှု (Operational Management) တွင် အရေးပါသည့် ငွေကြေးအရင်းအမြစ်များ စီမံခန့်ခွဲမှုအပိုင်းကို ဆက်လက်တင်ပြဆွေးနွေးပါမည်။ ငွေကြေးအရင်းအမြစ်များ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အခြေခံငွေစာရင်းပိုင်းဆိုင်ရာစွမ်းရည်များကို ယခင် IRC တွင်လုပ်ကိုင်ခဲ့စဉ်က လုပ်ဖော်ကိုင်ဖက် ဘဏ္ဍာရေးပိုင်းဆိုင်ရာညှိနှိုင်းရေးမှူးရေးသားခဲ့သည့် အခြေခံငွေစာရင်းဆိုင်ရာစွမ်းရည်များ သင်တန်းလက်စွဲမှ အချက်များအပေါ် အခြေခံ၍ ပြန်လည်ရေးသားတင်ပြပေးထားခြင်းဖြစ်ပါသည်။ သူရေးသား ထားသည့် အင်္ဂလိပ်ဘာသာဖြင့် မူရင်းကိုလည်း လေ့လာကြည့်ရှုနိုင်ရန် ဝေမျှပေးထားပါသည်။ ၁၊ စာရင်းအင်း (Account) ဆိုသည်မှာ အဖွဲ့အစည်းတခု ဖွဲ့စည်းလုပ်ဆောင်လည်ပတ်ရာတွင် ငွေကြေးအသုံးပြုမှုများပါဝင်လာသည်နှင့်တပြိုင်နက်တည်း စာရင်းအင်းရေးဆွဲခြင်းသည် မဖြစ်မနေပါဝင်လာပြီဖြစ်သည်။ ငွေစာရင်းဆိုသည်မှာ – `ငွေကြေးဆိုင်ရာအရောင်းအဝယ် မှတ်တမ်းတစ်ခုဖြစ်ပြီး သတ်မှတ်ထားသောစာအုပ်ထဲတွင် ရေးသွင်း၍ဖြစ်စေ ကွန်ပျူတာထဲတွင် မှတ်တမ်းရေးသွင်း၍ဖြစ်စေ မှတ်တမ်းတင်ဖော်ပြတတ်သည်။´ Mango (Management Accounting for NGOs) ငွေစာရင်းဆိုသည်မှာ ရင်းနှီးထားသောတန်ဖိုး၊ ပစ္စည်း၊ ပိုင်ရှင်၏ရှယ်ယာတန်ဖိုး၊ အခွန် သို့မဟုတ် […]


















