Entries by sandhi-mm

အပိုင်း – ၅ အဖွဲ့အစည်းရေရှည်တည်တံ့ခိုင်မြဲမှု

ယခုအပတ်တွင် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုအကြောင်း၏ နောက်ဆုံးအပိုင်း – ၅ ကို ဆက်လက်ဆွေးနွေး၍ ရေးသားမှုကို နိဂုံးချုပ်လိုပါသည်။ အဖွဲ့အစည်းတခု စတင်တည်ထောင်ပြီးနောက်တွင် အဖွဲ့များအတွက် ရေရှည်တည်တံ့အောင် မည်သို့ဆက်လက်လုပ်ဆောင်ကြမည်နည်း ဆိုသည်ကိုလည်း ဆက်၍ စဉ်းစားကြရသည်။ အဖွဲ့အစည်းတခုရေရှည်တည်တံ့နိုင်ရန်မှာ စီမံချက်လုပ်ငန်းများ ထိရောက်အောင် လုပ်ဆောင်နိုင်ခြင်းတခုတည်းဖြင့် မလုံလောက်ပါ။​အဖွဲ့နှင့် ပတ်သက်ဆက်စပ်သူများ၊ အထူးသဖြင့် ဦးတည်အုပ်စုများနှင့် ခိုင်မာသည့် ဆက်ဆံရေးတည်ဆောက်ထားနိုင်ရန် လိုအပ်သည်။ အဖွဲ့အစည်းအနေဖြင့် မိမိ၏ဦးတည်အုပ်စုများမှာ မည်သူများဖြစ်သည်၊ မည်သူတို့ကို ကိုယ်စားပြုသည်၊ နှင့် မည်သူတို့အပေါ်တွင် မှီခိုနေရသည် ဆိုသည်တို့ကိုလည်း အလေးအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။  လွတ်လပ်အမှီခိုကင်း၍ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက်ဟုဆိုရာတွင် မိမိတို့၏ရည်မှန်းချက်များ၊ လက်ခံယုံကြည်သည့် ကိစ္စရပ်များ၊ လုပ်ဆောင် ပေးနေသည့် ဦးတည်အုပ်စုများအတွက် လုပ်ငန်းများကို ဦးစိုက်လုပ်ကိုင်နိုင်ရန်မှာ အဓိကကျသည်။ ရံဖန်ရံခါတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများသည် ငွေကြေးပိုင်းဆိုင်ရာနှင့် အခြားလိုအပ်သည့် […]

စည်းရုံးလှုံ့ဆော်မှုမဟာဗျူဟာ (Advocacy Strategy)

အဖွဲ့အစည်းများ အထူးသဖြင့် အမြတ်အစွန်းအတွက်မဟုတ်ဘဲလုပ်ဆောင်နေကြသည့်အဖွဲ့အစည်းများအနေဖြင့် အဖွဲ့အစည်းပြင်ပဆက်ဆံရေး၊ ကွန်ရက်ချိတ်ဆက်ကြရုံမျှမက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ မိမိတို့၏ဦးတည်အုပ်စုများ ၏ ရေရှည်အတွက် အခြေအနေပိုမိုကောင်းမွန်စေသည့် မူဝါဒ၊လုပ်ထုံးလုပ်နည်းများပြောင်းလဲအောင် ဦးတည်အုပ်စုများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ကြခြင်းနှင့် ဦးတည်အုပ်စုများအနေဖြင့်လည်း လက်ရှိလုပ်ဆောင်ပေးနေသည့်လုပ်ငန်းများကို အဖွဲ့အနေဖြင့် မလုပ်ဆောင်တော့သည့်အချိန်တွင်လည်း ဦးဆောင်လုပ်ကိုင်ကြစေရန် စီမံချက်လုပ်ဆောင်နေသည့်ကာလအတွင်း ကြိုးပမ်းခဲ့ကြလေ့ရှိသည်။​ နမူနာအနေဖြင့် – Love Our Tree (LOT) ကဲ့သို့သော ရပ်/ကျေးအခြေပြုလူမှုအဖွဲ့အစည်းမျိုးတွင် စီမံချက်ပုံစံ ဖြင့် မိမိတို့လုပ်ငန်းများကို လုပ်ဆောင်ရုံမျှမက ဦးတည်အုပ်စုအပေါ် သက်ရောက်မှုရှိနိုင်သည့် ဒေသန္တရ ဆိုင်ရာနှင့် နိုင်ငံအဆင့် ဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အခွင့်အရေးများကိုရရှိစေရန်၊ ပြုပြင် ပြောင်းလဲနိုင်ရန် စည်းရုံးလှုံ့ဆော်ခြင်း (Advocacy) နှင့် လူထုကိုယ်တိုင်ပါဝင်လုပ်ဆောင်လာအောင် လုပ်ဆောင်ခြင်း (Mobilization) တို့ကိုလည်း စီမံချက်လုပ်ငန်းများတွင် ထည့်သွင်း လုပ်ဆောင်တတ်ကြသည်။ မိမိတို့၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ပစ်မှတ်ထားသောအုပ်စု […]

ကွန်ရက်ချိတ်ဆက်ခြင်း (Networking)

အဖွဲ့အစည်းတခု၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့နိုင်မှုအတွက် လုပ်ဆောင်ကြရာတွင် မိမိ အဖွဲ့အစည်း၏ စနစ်များကောင်းမွန်နေရုံနှင့် မလုံလောက်ပါ။ လုပ်ငန်းသဘောသဘာဝ တူညီကြသည့် အခြားအဖွဲ့အစည်းများ ပြင်ပအဖွဲ့အစည်းများ၊ အခြားဆက်စပ်နေသည့် လူမှုအဖွဲ့အစည်းများ၊ အစိုးရ ဌာနဆိုင်ရာနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မှု၊ ယုံကြည်မှုတည်ဆောက်နိုင်မှုတို့သည်လည်း အလွန်အရေးပါသည်။  ကွန်ရက်ချိတ်ဆက်မှုဆိုသည်မှာဘာလဲ ကွန်ရက်ချိတ်ဆက်မှုဆိုသည်မှာ အပြန်အလှန် အကျိုးရှိစေမယ့် ဆက်ဆံရေးတခုကို တည်ဆောက် ခြင်းနှင့် ထိန်းသိမ်းခြင်းပင် ဖြစ်သည်။ အဖွဲ့အစည်းတခုနှင့် အခြားအဖွဲ့အစည်းများ၊ အဖွဲ့ဝင်များ၊ ဆက်စပ်ပတ်သက်နေသူများ/အဖွဲ့အစည်းများ၊ အကျိုးခံစားခွင့်ရှိသူများ၊ အစိုးရအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် အပြန်အလှန်ဆက်သွယ်ပူးပေါင်းခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်း၊ အရင်းအမြစ်များကို ပူးပေါင်းအသုံးချခြင်းတို့ကို ဆိုလိုသည်။ ယင်းသည် အဖွဲ့အစည်း၏ ရည်မှန်းချက်များကို တဖွဲ့တည်းအနေဖြင့် မရောက်နိုင်သည့် အခြေအနေများတွင် စုစည်း ပူးပေါင်း အားဖြည့်ပေးသော ယန္တရားတခု၊ မဟာဗျူဟာတခုဟုဆိုနိုင်သည်။ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ရက်၏ အရေးပါမှု ထိရောက်သည့် ကွန်ရက်ချိတ်ဆက်နိုင်မှုကြောင့် […]

အပိုင်း ၄ – ပြင်ပဆက်ဆံရေးနှင့် ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်ခြင်း

အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ရှေ့အပိုင်းများတွင် ဆွေးနွေးခဲ့ကြသည်များအားလုံးမှာ အဖွဲ့အစည်းအပေါ် ဗဟိုပြုပြီး မည်သို့ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည်ကို ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။ ယခုဆက်၍ဆွေးနွေးရန် ကျန်နေသည့်အပိုင်း ၂ ပိုင်းမှာ အဖွဲ့အစည်းတခုအနေဖြင့် မိမိတို့နှင့် ပတ်သက်ဆက်စပ်သူများ၊ ပြင်ပဆက်ဆံရေးနှင့် ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်ခြင်းနှင့် အဖွဲ့အစည်းတခု ရေရှည်တည်တံ့အောင် မည်သို့လုပ်ဆောင်မည်ဆိုသည့်အပိုင်းတို့ဖြစ်သည်။ ပတ်သက်ဆက်စပ်သူများ၊ ပြင်ပဆက်ဆံရေးနှင့် ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်ခြင်းအပိုင်းမှ အဖွဲ့အစည်း နှင့်ပတ်သက်ဆက်စပ်သူများကို ဖော်ထုတ်သည့်ပုံစံ (Stakeholders Analysis) ကို အပိုင်း – ၃ တွင် ရေးသားခဲ့ပြီးဖြစ်သည့်အတွက် ယခုအပိုင်းတွင် ပြင်ပဆက်ဆံရေးနှင့် ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်ခြင်းတို့ နှင့်ပတ်သက်၍ အဓိကဆက်လက်ဆွေးနွေးတင်ပြပေးသွားပါမည်။​  အဖွဲ့အစည်းများ၏ ပတ်သက်ဆက်စပ်သူများနှင့် ဆက်ဆံရေး၊ ဆက်သွယ်ချိတ်ဆက်သည့်ပုံစံများသည် အဖွဲ့၏ တန်ဖိုးထားမှုပုံစံ၊ အဖွဲ့အစည်းလည်ပတ်ပုံ၊ ဦးဆောင်သူများ/စီမံခန့်ခွဲသူများနှင့် အဖွဲ့ဝင်များ/ ဝန်ထမ်းများ၏ သဘောထားများကို ပုံဖော်ပေးနေသည်။အဖွဲ့အစည်းဟုဆိုရာတွင် အမြတ်အစွန်းအတွက်/စီးပွားရေးလုပ်ငန်းများအတွက် ဖွဲ့စည်းများသည့် အဖွဲ့ အစည်းများနှင့် အမြတ်အစွန်းအတွက်မဟုတ်ဘဲ […]

အပိုင်း- ၃ နိဂုံး – အဖွဲ့အစည်းလည်ပတ်လုပ်ကိုင်ပုံနှင့် လိုအပ်ချက်များ

ယခင်အပတ်က မေးမြန်းခဲ့သည့် တိုင်းတာနိုင်သောညွှန်းကိန်းများ ဟုတ်/မဟုတ် ပဟေဠိအဖြေ တိုင်းတာနိုင်သည့် ညွှန်းကိန်းများ ဟုတ်/မဟုတ်   ဟုတ် မဟုတ် သေဆုံးမှုနှုန်း  x   ကျန်းမာရေးပညာပေးစာစောင်များ   x ကာလသားရောဂါကုသပေးနေသည့် ဆေးခန်းများသို့ လာရောက်သည့် လူနာအရေအတွက်  x   စီမံချက်မှ ဥပဒေအကျိုးဆောင်များ၏ ပံ့ပိုးကူညီမှုကို ကျေနပ်သဘောကျသည့် အမှုသည်အရေအတွက် ၂၀ ရာခိုင်နှုန်း  တိုးတက်လာခြင်း x   သင်တန်းရရှိခဲ့သည့် ရပ်ရွာအခြေပြုကျန်းမာရေးလုပ်သားဦးရေ၏ အနည်းဆုံး ၅၀% က ရပ်ရွာ၏ကျန်းမာရေးကိစ္စရပ်များတွင် ကူညီလုပ်ဆောင်ပေးနေခြင်း x   ကွန်ပြူတာသင်တန်းတက်ရောက်ခဲ့သည့်ဝန်ထမ်းဦးရေ၏ အနည်းဆုံး ၇၀% က လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနေခြင်း  x   လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများအား နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း   x စီမံချက်ကာလမတိုင်မီက စီမံချက်လုပ်ဆောင်သည့်နေရာ၌ […]

စီမံချက်အကောင်အထည်ဖော်ခြင်းနှင့်ကြပ်မတ်စစ်ဆေးခြင်းနှင့် အရည်အသွေးထိန်းချုပ်ခြင်း 

စီမံချက်ဒီဇိုင်းရေးဆွဲခြင်း၏နောက်ဆုံးအပိုင်းမှာ စီမံချက်တခုအကောင်အထည်ဖော်သည့်အခါ မည်သို့ကြပ်မတ်လုပ်ဆောင်မည်နှင့် စီမံချက်အောင်မြင်မှုကို မည်သို့တိုင်းတာပြမည်ဆိုသည့်အပိုင်းပင်ဖြစ်သည်။ ကျိုးကြောင်းဆက်စပ်မှုမူဘောင်တွင် စီမံချက်ဒီဇိုင်းရေးဆွဲရာ၌ ပြဿနာကို စတင်စဉ်းစား၍ ယင်းပြဿနာကိုကိုင်တွယ်ဖြေရှင်းလိုက်ခြင်းဖြင့် အဆုံးသတ်တွင် မြင်လိုသည့် လူ့ဘောင်အသိုင်းအဝိုင်း၊ ဦးတည်အုပ်စုတခုလုံးအတွက် ကြီးမားသည့်အပြောင်း အလဲရလဒ် (Impact)ကို ပုံဖော်ကြည့်ကြသည်။ ယင်းရလဒ်ကိုရရှိစေရန် ဦးတည်အုပ်စုများတွင် မည်သို့သော အတွေးအခေါ်၊ အယူအဆ၊ အမူအကျင့်၊ ယဉ်ကျေးမှုအပြောင်းအလဲများ (Outcome) ရှိရန် လိုအပ်မည်ကို စဉ်းစားရသည်။ ယင်းအပြောင်းအလဲများဖြစ်ထွန်းစေရန် လိုအပ်သည့် နည်းပညာ၊ ကျွမ်းကျင်မှု၊အခြေအနေများ (output) အတွက် မည်သို့လုပ်ဆောင် မည်၊ မည်သည့်သင်တန်း၊အခြေအနေ၊ပစ္စည်းကိရိယာများလိုအပ်မည်ကို စဉ်းစားစီစဉ် ဒီဇိုင်းရေးဆွဲကြရသည်။  စီမံချက်လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် မည်သို့စီမံခန့်ခွဲမည်၊ ကြပ်မတ်ကွပ်ကဲ လုပ်ဆောင်မည်ကို စဉ်းစားရာတွင်မူ လုပ်ဆောင်မည့်လုပ်ငန်းများအတွက် လိုအပ်သည့်သွင်းအားစုမှစ၍ စဉ်းစားကြရသည်။ ကြပ်မတ်ကွပ်ကဲခြင်း  ကြပ်မတ်ကွပ်ကဲခြင်း (Monitoring) စီမံကိန်းကို ထိရောက်စွာ စီမံခန့်ခွဲရန်အတွက် စီမံချက်တွင် […]

စီမံချက်ဒီဇိုင်းရေးဆွဲခြင်း (အဆက်)

ပြီးခဲ့သည့်အပတ်က အဆုံးသတ်ခဲ့တဲ့ ပဟေဠိ၏ အဖြေမှန်များနှင့် စဉ်းစားပုံများကို ဆက်လက်ရှင်းလင်းပေးသွားပါမည်။   SMART(Yes/No) ၁။ အသက် ၁၅ မှ ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (Antenatal Services) အသုံးပြုမှုကို ၂ နှစ်အတွင်း ၄၀ ရာခိုင်နှုန်း တိုးမြှင့်ရန်။ Yes ၂။ ရန်ပုံငွေရရှိသည့်အဖွဲ့များ (grantees) သည် လုံလောက်သော ရန်ပုံငွေနှင့် ပစ္စည်းကိရိယာအထောက်အပံ့များ ရရှိကြစေရန်။ No ၃။ ဒုက္ခသည်များ ဝင်ငွေရရှိရေးလုပ်ငန်းများနှင့် အစားအစာ ထုတ်လုပ်နိုင် စွမ်းရည်တိုးတက်လာအောင် မြှင့်တင်လုပ်ဆောင်ပေးရန်။ No ၄။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန်တက်ရောက်သည့်ကျောင်းသူဦးရေ သည်ကျောင်းသားဦးရေနှင့် နှိုင်းယှဉ်လျှင် ၁ နှစ်အတွင်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်။ Yes ၅။ လူ့အခွင့်အရေးများ အပြည့်အဝရရှိခံစားရပြီး ပျော်ရွှင်ချမ်းမြေ့သည့် လူ့ဘောင်သစ်တခု သို့ရောက်ရှိစေရန် No? ရည်မှန်းချက်များရေးသားရာတွင် – ၁) တိကျရမည်၊ ၂) တိုင်းတာ၍ရရမည်၊ ၃) သတ်မှတ်ကာလ (စီမံချက်) အတွင်း အောင်မြင်နိုင်ရမည်၊ ၄) လက်တွေ့ကျသည့်/ဖြစ်နိုင်သည့် ရည်မှန်းချက်မျိုးဖြစ်ရမည်၊ ၅) သတ်မှတ်အချိန်အတွင်း ပြီးစီး/ပြည့်စုံစေရမည်ဆိုသည့် အချက် ၅ ချက်ဖြင့် တိုင်းတာကြည့်နိုင်သည်။ တိကျပါသလား၊ ၁) တိကျသည်  အသက် ၁၅ မှ ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၂) မတိကျပါ  မည်သို့သောရန်ပုံငွေရသည့်အဖွဲ့များလဲ၊ လုံလောက်သည်ဆိုသည့်ပမာဏကမည်မျှဖြစ်ပြီး မည်သည့်ပစ္စည်းကိရိယာများကို ထောက်ပံ့ပေးမှာလဲ။၃) မတိကျပါ  ယင်းရည်မှန်းချက်တွင် မည်သည့်ဒေသ၊ မည်သည့်စခန်းမှ ဒုက္ခသည်များအတွက်လဲ၊ တိကျစွာဖော်ပြထားခြင်း မရှိချေ။ အစားအစာထုတ်လုပ်နိုင်စွမ်းရည်ဆိုသည့်နေရာတွင် မည်သည့်စွမ်းရည်ဆို သည်ကို […]

စီမံချက်ရည်မှန်းချက်များရေးဆွဲချမှတ်ခြင်း

ယခင်အပတ်က ရေးသားပြခဲ့သည့် ကြောင်းကျိုးဆက်စပ်မူကြမ်းသည် စီမံချက်တခုတွင် လိုချင်သည့်ရည်မှန်းချက်ရလဒ်များရရှိရန် မည်သို့လုပ်ဆောင်မည်ဆိုသည်ကို ဆက်စပ်ရှင်းပြခဲ့ခြင်းဖြစ်သည်။  ကြောင်းကျိုးဆက်စပ်မှုအဆိုမူကြမ်း ရေးသားပုံဤအရင်းအမြစ်များ/သွင်းအားစုများ(INPUTS)နှင့်လုပ်ငန်းဆောင်ရွက်ချက်များ (ACTIVITIES) က ဤထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ(OUTPUTS) ကို ရရှိစေမည်။ ယင်းတို့က လူများ၏အပြုအမူများတွင် အပြောင်းအလဲများ(EFFECTS)ကိုဖြစ်ထွန်းစေပြီး ယင်းတို့က လိုလားသည့်အကျိုးရလဒ်အပြောင်းအလဲများ(IMPACT)အတွက်အထောက်အကူဖြစ်စေနိုင်မည်။ “ကြောင်းကျိုးဆက်စပ်မှုအဆိုမူကြမ်းသည်စီမံချက်၏နောက်ကွယ်မှကျိုးကြောင်းပြဆက်စပ်မှုကို ကျစ်လစ်စွာဖော်ပြချက်တခုပင်ဖြစ်သည်။” စီမံချက်ရည်မှန်းချက်ရေးသားနည်း ဆက်လက်၍ စီမံချက်တခု၏ပန်းတိုင်/ရည်မှန်းချက် (Project Goal/Objective) ရေးသားနည်း ကို ဆွေးနွေးရှင်းပြပါမည်။ စီမံချက်ပန်းတိုင်/ရည်မှန်းချက်ရေးသားရာတွင် ဦးတည်အုပ်စုတခုချင်းစီအတွက် ရေရှည်တွင် ရရှိရန် မျှော်မှန်းချက်များပင်ဖြစ်သည်။ ယင်းတို့မှာ ကြီးမားသည့်အပြောင်းအလဲရလဒ်များ (Impact) သို့မဟုတ် လူများ၊ လူ့အသိုင်းအဝန်းအတွင်း အပြုအမူ၊ အတွေးအခေါ်အယူအဆ အပြောင်းအလဲ (Effect) များဖြစ်နိုင်ပါသည်။ အများအားဖြင့် အပြုသဘောဆောင်သည့် လူမှု အပြောင်းအလဲများကို ဖော်ပြကြလေ့ရှိသည်။စီမံချက်ပန်းတိုင်/ရည်မှန်းချက်ရေးသားရာတွင် SMART ဖြစ်ရန်လိုအပ်သည်။ SMART ဆိုသည်မှာ ​- Specific – တိကျရမည်။ Measurable – တိုင်းတာနိုင်ရမည်။Achievable – အောင်မြင်နိုင်ရမည်။Realistic – လက်တွေ့ကျရမည်။Timebound/timely – (စီမံချက်ကာလ)အချိန်မီပြီးစီးနိုင်ရမည်။ ချမှတ်ထားသည့် စီမံချက်ပန်းတိုင်ပြီးမြောက်အောင်မြင်စေရန်အတွက် ဦးတည်အုပ်စုတွင် […]

စီမံကိန်း/စီမံချက်စီမံခန့်ခွဲမှု၊ စီမံချက်စက်ဝန်းနှင့် စီမံချက်ဒီဇိုင်းရေးဆွဲခြင်း

စီမံချက်/စီမံကိန်းဆိုသည့်စကားရပ်ကို အစိုးရ၊စီးပွားရေးလုပ်ငန်း၊ အရပ်ဘက်အဖွဲ့အစည်း အားလုံးတွင် အသုံးပြုကြသော်လည်း စီမံကိန်းဒီဇိုင်းရေးဆွဲရန် ချဉ်းကပ်လုပ်ဆောင်ရာတွင် မတူညီသည့်အချက်များစွာရှိကြသည်။   စီမံချက်/စီမံကိန်းများရေးဆွဲစီမံကြရာတွင် အစိုးရတရပ်အနေဖြင့်ချဉ်းကပ်ပုံ၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့ များ၏ အကူအညီဖြင့် အစိုးရကို ကူညီပံ့ပိုး ပေးသည့်စီမံကိန်း/ စီမံချက်များအတွက် စီမံကိန်း ရေးဆွဲလုပ်ဆောင်ကြပုံ၊ နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုအနေဖြင့် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ကြပုံ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားများအား အစိုးရတရပ် အနေဖြင့် လက်ခံလုပ်ကိုင် ဆောင်ရွက်ကြပုံ၊ အမြတ်အစွန်းတခုတည်းအတွက်  စီးပွားရေး ဆန်ဆန် ရင်းနှီးမြှုပ်နှံ လုပ်ဆောင်ကြပုံတို့ကို လိုက်၍  ကွာခြားချက်များ စွာရှိကြသည်။ အဓိကကွာခြားချက်မှာ ရည်ရွယ်ချက်၊ စဉ်းစား ချဉ်းကပ်လုပ်ဆောင်ကြပုံများ၊ အရင်းအနှီး ပမာဏ၊ အချိန်ကာလ၊ ပတ်သက်ဆက်စပ်သည့် အကျိုးစီးပွားအမျိုးမျိုး၊ ရလဒ်များ၊ စီမံချက်နေရာရွေးချယ်ရာတွင် စဉ်းစားပုံအမျိုးမျိုးရှိကြသည်။​ စီမံကိန်း စီမံခန့်ခွဲမှုဆိုသည့် ဝေါဟာရသည် အင်ဂျင်နီယာများ သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ […]

စီမံချက်အစီအစဉ်ရေးဆွဲသည့်အဆင့် (ယခင်အပတ်မှအဆက်)

ပြဿနာဖော်ပြချက်ရေးသားခြင်း အစီအစဉ်ရေးဆွဲသည့်အဆင့်၌ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် စဉ်းစားချဉ်းကပ်ရာတွင် Why? (ဘာကြောင့်လဲ။) နှင့် ကိုင်တွယ်ဖြေရှင်းရန်နည်းလမ်းများကို ဆက်လက်စဉ်းစားပုံကို ဆက်လက်၍ ဆွေးနွေးပေးလိုပါသည်။ ဘာကြောင့်လဲဆိုသည့်မေးခွန်းနှင့်အတူ ပြဿနာကို ဆန်းစစ်ရာ၌ “ဒါဆိုဘယ်လိုဖြေရှင်းမလဲ”ဆိုသည့် မေးခွန်းကိုပါ ထပ်မံမေးမြန်းခြင်းက မေးခွန်းအတွက်အဖြေများကိုပါ ရစေနိုင်သည်။အောက်တွင်ဖော်ပြထားသည့်ဥပမာတွင် နှစ်စဉ်ရေကြီးရေလျှံဖြစ်နေသည့်ပြဿနာ၏အကြောင်းရင်းနှင့် ယင်းတို့အပေါ် အခြေခံ၍ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို စဉ်းစားနိုင်သည်ကို တွေ့ရမည်။  သစ်ပင်ချစ်သူများအဖွဲ့ (Love Our Trees – LOT) ကဲ့သို့သော သစ်ပင်စိုက်ပျိုးသည့်အဖွဲ့အနေဖြင့် ပြဿနာကို ချဉ်းကပ်ရာတွင် သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်သည့် ပြဿနာအကြောင်းရင်းခံများကို အဓိက ကိုင်တွယ်မည်ဖြစ်သည်။ အလားတူပင် အမှိုက်များ သိမ်းဆည်းသည့်လူငယ်အဖွဲ့အနေဖြင့်မူ စွန့်ပစ်အမှိုက်များကိစ္စကိုအဓိကထားစဉ်းစားမည်ဖြစ်သည်။ ပြဿနာဖြစ်စေသည့် အကြောင်းရင်းများစွာရှိသော်လည်း လုပ်ငန်းများလုပ်ဆောင်ကြရာတွင် ပြဿနာ တခု သို့မဟုတ် နှစ်ခုကို ကိုင်တွယ်လုပ်ဆောင် နိုင်ကြသည်။ အကြောင်းရင်းအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်မှာ အဖွဲ့တွင် […]