သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုသုတေသနစာတမ်းများ
ဤသုတေသနစာတမ်းသည်သန္ဓိအုပ်ချုပ်မှုသင်တန်းကျောင်းမှ ပြုလုပ်သည့် နိုင်ငံရေးခောင်းဆောင်မှုသင်တန်းကာလအတွင်း သင်ကြားခဲ့ရသည့် လူမှုရေးသုတေသနပြုလုပ်နည်းသင်ခန်းစာ၊ သုတေသနတွေ့ရှိချက်များကို အခြေခံ၍ ဆန်းစစ်သုံးသပ်အစီရင်ခံစာရေးသားခြင်းသင်ခန်းစာ၊ ရရှိသည့်သတင်းအချက်အလက်များကို အခြေခံ၍ လက်ရှိအခြေအနေများ တိုးတက်အောင်းမွန်လာအောင် သက်ဆိုင်ရာ အဖွဲ့အစည်းများအား ချဉ်းကပ်ခြင်း (evidence based advocacy) သန်ခန်းစာများကို အသုံးချ၍ တက်ရောက်ခဲ့ကြသည့် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များမှ လက်တွေ့ပြန်လည်အသုံးပြုရေးသားချက်များပင်ဖြစ်သည်။ သင်တန်းတစ်ကြိမ်နှင့် တစ်ကြိမ်အကြားကာလအတွင်း မိမိတို့ဒေသသို့ပြန်၍ သုတေသနစစ်တမ်း ကောက်ယူရခြင်းဖြစ်သဖြင့် သုတေသနပြုလုပ်ရသည့်ကာလမှာ တိုးတောင်းလှပါသည်။ ရရှိလာသည့်အချက်အလက်များကိုလည်း ပြန်လည်စုစည်း၍ ဆန်းစစ်ရခြင်း၊ အစီရင်ခံစာများရေးသာရခြင်းတို့ကို အပတ်တကုတ် ပြုလုပ်ခဲ့ကြရပါသည်။