စည်းရုံးလှုံ့ဆော်မှုမဟာဗျူဟာ (Advocacy Strategy)

အဖွဲ့အစည်းများ အထူးသဖြင့် အမြတ်အစွန်းအတွက်မဟုတ်ဘဲလုပ်ဆောင်နေကြသည့်အဖွဲ့အစည်းများအနေဖြင့် အဖွဲ့အစည်းပြင်ပဆက်ဆံရေး၊ ကွန်ရက်ချိတ်ဆက်ကြရုံမျှမက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ မိမိတို့၏ဦးတည်အုပ်စုများ ၏ ရေရှည်အတွက် အခြေအနေပိုမိုကောင်းမွန်စေသည့် မူဝါဒ၊လုပ်ထုံးလုပ်နည်းများပြောင်းလဲအောင် ဦးတည်အုပ်စုများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ကြခြင်းနှင့် ဦးတည်အုပ်စုများအနေဖြင့်လည်း လက်ရှိလုပ်ဆောင်ပေးနေသည့်လုပ်ငန်းများကို အဖွဲ့အနေဖြင့် မလုပ်ဆောင်တော့သည့်အချိန်တွင်လည်း ဦးဆောင်လုပ်ကိုင်ကြစေရန် စီမံချက်လုပ်ဆောင်နေသည့်ကာလအတွင်း ကြိုးပမ်းခဲ့ကြလေ့ရှိသည်။​ နမူနာအနေဖြင့် – Love Our Tree (LOT) ကဲ့သို့သော ရပ်/ကျေးအခြေပြုလူမှုအဖွဲ့အစည်းမျိုးတွင် စီမံချက်ပုံစံ ဖြင့် မိမိတို့လုပ်ငန်းများကို လုပ်ဆောင်ရုံမျှမက ဦးတည်အုပ်စုအပေါ် သက်ရောက်မှုရှိနိုင်သည့် ဒေသန္တရ ဆိုင်ရာနှင့် နိုင်ငံအဆင့် ဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အခွင့်အရေးများကိုရရှိစေရန်၊ ပြုပြင် ပြောင်းလဲနိုင်ရန် စည်းရုံးလှုံ့ဆော်ခြင်း (Advocacy) နှင့် လူထုကိုယ်တိုင်ပါဝင်လုပ်ဆောင်လာအောင် လုပ်ဆောင်ခြင်း (Mobilization) တို့ကိုလည်း စီမံချက်လုပ်ငန်းများတွင် ထည့်သွင်း လုပ်ဆောင်တတ်ကြသည်။ မိမိတို့၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ပစ်မှတ်ထားသောအုပ်စု (Target Group) အတွက် အကျိုးရှိမည့် အပြောင်းအလဲများ ဖော်ဆောင်နိုင်ရန်နှင့် “အပြောင်း အလဲများဖြစ်ပေါ်စေရန် တိုက်တွန်းခြင်း” (Voice for Change) တို့ကို ပြုလုပ်သည့်လုပ်ငန်းစဉ်များကို စီမံချက်တွင် ထည့်သွင်းရေးဆွဲလေ့ရှိကြသည်။ စီမံချက်များ ရေးဆွဲလုပ်ဆောင်ချိန်ကတည်း တပါတည်း မဟာဗျူဟာရေးဆွဲချမှတ်လုပ်ဆောင်မှသာ စီမံချက်ပြီးသည်နှင့် ပွဲပြီးမီးသေ၊ လုပ်ခဲ့သမျှ သဲထဲ ရေသွန်သကဲ့သို့အဖြစ်မျိုးနှင့် မကြုံကြရမည်ဖြစ်သည်။

မိမိတို့လုပ်ဆောင်သည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဦးတည်အုပ်စုများကို ထိခိုက်နစ်နာနေသည့်၊ အဖွဲ့အနေဖြင့် မကိုင်တွယ်မဖြေရှင်းပေးနိုင်သည့် ပြဿနာနှင့် အကျိုးဆက်များကို သက်ဆိုင်ရာအဖွဲ့အစည်း၊အာာဏာပိုင်များအား ဦးဆောင်၍ စည်းရုံးလှုံ့ဆော်ပေးရန် မဟာဗျူဟာချမှတ်ပုံ၊ချဉ်းကပ်လုပ်ဆောင်ပုံတို့ကို ယခုအပိုင်းတွင် တင်ပြဆွေးနွေးပေးသွားပါမည်။

လူမှုအသိုက်အဝန်းကို အပြုသဘောဆောင်သော အပြောင်းအလဲများ ဖြစ်ထွန်းအောင် လုပ်ဆောင်ခြင်း

အဖွဲ့အစည်းတခု၏ အောင်မြင်မှု၊ ထိရောက်မှုကိုတိုင်းတာရာတွင် ၎င်း၏ လုပ်ဆောင်ချက်များက ဦးတည်အုပ်စုအပေါ် မည်မျှသက်ရောက်မှုရှိသည်ဆိုသည့်အချက်ဖြင့် တိုင်းတာလေ့ ရှိကြသည်။ ရေရှည်တည်တံ့သော အပြောင်းအလဲများ ဖော်ဆောင်နိုင်ရန်အတွက်စဉ်းစားရာတွင် မိမိတို့ဦးတည်အုပ်စုတစုတည်းအတွက်သာမက လူမှုအသိုက်အဝန်းတခုလုံးအတွက် အပြုသဘောဆောင် သည့်အပြောင်းအလဲများ ဖြစ်ထွန်းစေရန် သက်ဆိုင်ရာ မူဝါဒချမှတ်သူများအား စည်းရုံးလှုံ့ဆော်ရန်လည်းလိုအပ်သည်။​

စည်းရုံးလှုံ့ဆော်ခြင်းဆိုင်ရာ ဗျူဟာများ (Advocacy Strategies)ရေးဆွဲချမှတ်ခြင်း 

အဖွဲ့အစည်းတခုသည် ဦးတည်အုပ်စု(များ)၏ အခွင့်အရေးနှင့် လိုအပ်ချက်များအတွက်နှင့် ယင်းဦးတည်အုပ်စုနေထိုင်သည့် လူမှုအသိုက်အဝန်းတခုလုံးအတွက် အပြုသဘောဆောင်သည့်အပြောင်းအလဲများဖြစ်ထွန်းစေရန် ရှေ့တန်းမှ ရပ်တည်ပေးရပါမည်။

  • မူဝါဒဆိုင်ရာ အပြောင်းအလဲများအတွက် စည်းရုံးခြင်း (Policy Advocacy): ဒေသန္တရ သို့မဟုတ် နိုင်ငံတော်အဆင့်ရှိ မူဝါဒများနှင့် ဥပဒေများက မိမိတို့၏ ဦးတည်အုပ်စုအပေါ် မည်သို့သက်ရောက်နေသည်ကို လေ့လာပြီး၊ လိုအပ်ပါက အကျိုးရှိမည့် ပြင်ဆင်ပြောင်းလဲမှုများ ဖြစ်လာရန် တိုက်တွန်း နှိုးဆော်ခြင်း။
  • သက်သေအထောက်အထားအခြေပြု တင်ပြခြင်း (Evidence-based Advocacy): လက်တွေ့ကွင်းဆင်း စစ်တမ်းများ၊ အချက်အလက်များနှင့် ဖြစ်ရပ်မှန်များကို အခြေခံ၍ သက်ဆိုင်ရာ အာဏာပိုင်များ သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သူများထံ အကျိုးအကြောင်းခိုင်လုံစွာ တင်ပြခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ရန်လည်း လိုအပ်သည်။

မူဝါဒဆိုင်ရာ အပြောင်းအလဲများအတွက် စည်းရုံးလှုံ့ဆော်ခြင်း (အက်ဒ်ဗိုကေစီ)ဆိုသည်မှာ –

မူဝါဒဆုံးဖြတ်ချက်ချမှတ်သူများကို လွှမ်းမိုးရန် စနစ်တကျကြိုးပမ်းသည့် လုပ်ငန်းစဉ်ကို ခေါ်ပါသည်။

မူဝါဒကိစ္စရပ်တခုချင်းစီကို ပံ့ပိုးကူညီရာတွင် ဆုံးဖြတ်ချက်ချမှတ်သူများ ကို ပစ်မှတ်ထား လုပ်ဆောင်သည့်လုပ်ငန်းစဉ်တခုလုံးပင်  ဖြစ်သည်။

မူဝါဒဆိုရာတွင် ဆုံးဖြတ်ချက်များ၊ အရေးယူဆောင်ရွက်ချက်များအားလုံးပါဝင်သည်။ လမ်းညွှန်ချက်များအကောင်အထည်ဖော်ခြင်း၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းပိုင်းဆိုင်ရာဆုံးဖြတ်ချက်များ၊ စီမံကိန်း/စီမံချက်လုပ်ငန်းများနှင့် အရေးယူတုံ့ပြန်လုပ်ဆောင်ချက်များ အားလုံးလည်း အကျုံးဝင်သည်။

မူဝါဒဆိုင်ရာ အပြောင်းအလဲများကို စည်းရုံးလှုံ့ဆော်ကြခြင်းဆိုရာတွင် –

  • လိုအပ်ပြီး မရှိသေးသည့်မူဝါဒများကို ချမှတ်ခြင်း
  • အန္တရာယ်ပေးနိုင်သည့်(သို့) ထိရောက်မှုမရှိသည့်မူဝါဒများကို ပြုပြင်ပြောင်းလဲခြင်း
  • မူဝါဒကောင်းများကို အကောင်အထည်ဖော်၊ လုပ်ဆောင်ခြင်း

အထက်ဖော်ပြပါရှိသည့်လုပ်ငန်းများအားလုံးကို မူဝါဒပိုင်းဆိုင်ရာ  ပြုပြင်ပြောင်းလဲမှုဟု ရည်ညွှန်းပါသည်။

မူဝါဒဆိုင်ရာအပြောင်းအလဲများအတွက် တိုက်တွန်းစည်းရုံးလှုံ့ဆော်ကြရာတွင် အများစု၏အမြင်မှာ – 

မူဝါဒဆိုင်ရာပြဿနာများကို ထုတ်ဖော်ပြောပြခြင်းနှင့် အပြောင်းအလဲဖြစ်အောင် ပြောဆိုတိုက်တွန်း လှုံ့ဆော်ရုံဖြင့် သက်ဆိုင်ရာက အလွယ်တကူလုပ်ဆောင်ပေးသည်ဟု ထင်မြင်တတ်ကြသည်။ 

လက်တွေ့ဘဝတွင် –

အကျိုးစီးပွားအုပ်စုမျိုးစုံနှင့် ထိတွေ့လုပ်ဆောင်နေကြသည့် တာဝန်ရှိအဖွဲ့အစည်းများ၊ အာဏာပိုင်များ က မိမိတို့ထင်သလို လွယ်ကူစွာ ပြုပြင်ပြောင်းလဲပေးကြခြင်းမျိုး လုပ်ပေးလေ့မရှိကြပါ။ ထို့ကြောင့် အချိန်ယူကြရပြီး မဟာဗျူဟာများရေးဆွဲချမှတ်လုပ်ဆောင်ကြရပါ သည်။

မူဝါဒဆိုင်ရာ အပြောင်းအလဲများအတွက် စည်းရုံးလှုံ့ဆော်ခြင်း (အက်ဒ်ဗိုကေစီ)မဟာဗျူဟာ ရေးဆွဲခြင်း

အက်ဒ်ဗိုကေစီဗျုဟာဆိုသည်မှာ အဖွဲ့ သို့မဟုတ် အဖွဲ့နှင့်အခြားပါဝင်တိုက်တွန်းစည်းရုံးလှုံ့ဆော်ကြ မည့်အဖွဲ့အစည်း/ကွန်ရက်များက တိုက်တွန်း အရေးဆိုမည့်အက်ဒီဗိုကေစီပန်းတိုင်များနှင့် ရည်မှန်း ချက် များအောင်မြင်နိုင်စေရန်ချဉ်းကပ်ပုံနည်းလမ်းများ၊ နည်းစနစ်များ နှင့် မက်ဆေ့ချ်(သတင်းစကား) များအားလုံးပင်ဖြစ်သည်။

အက်ဒ်ဗိုကေစီအတွက် မဟာဗျူဟာရေးဆွဲရာတွင် – 

  • ဦးတည်ပစ်မှတ်အုပ်စုကို ဖော်ထုတ်ခြင်း
  • ပံ့ပိုးကူညီမည့်သူများနှင့် (မဟာမိတ်)ဖွဲ့ခြင်း 
  • သင့်တော်သည့်သတင်းစကားများရေးသားခြင်း
  • ဆက်သွယ်နိုင်မည့်နည်းလမ်းများကို ‌ရွေးချယ်ခြင်း
  • အကောင်အထည်ဖော်မည့်အစီအစဉ်ကို ရေးဆွဲခြင်း

မူဝါဒဆိုင်ရာ အပြောင်းအလဲများအတွက် စည်းရုံးလှုံ့ဆော်ခြင်း (အက်ဒ်ဗိုကေစီ)စက်ဝန်း

အဖွဲ့တဖွဲ့အနေဖြင့် “အပြောင်းအလဲအတွက် အသံ” (Voice for Change) ဖြစ်လာစေရန် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တွင် ရှေးဦးစွာ ပြဿနာ၏ဇစ်မြစ်ကို ဆန်းစစ်ဖော်ထုတ်ပြီး အကျဉ်းချုံးရေးသားရန် လိုအပ်သည်။

ပြဿနာ၏ဇစ်မြစ်ကို ဆန်းစစ်ဖော်ထုတ်ရေးသားရာတွင် – 

  • လက်ရှိတွင် ဘာတွေဖြစ်နေပါသလဲ။
  • ဘယ်လိုအကျိုးဆက်တွေ ဖြစ်နေသလဲ။
  • ဘယ်သူတွေက အဓိကခံစားနေကြရသလဲဆိုသည့်အချက်များ ပါဝင်ရမည်။ 

ထို့အပြင် ယင်းပြဿနာကို မကိုင်တွယ်မဖြေရှင်းခဲ့လျှင် ဆက်လက်ဖြစ်လာနိုင်သည့်အခြေအနေများနှင့် နောက်ဆက်တွဲ အကျိုးဆက်များပါ ပါရှိရမည်။ 

အဖွဲ့အစည်းသည် ပြဿနာများကို ဖော်ပြရုံသာမက ဖြေရှင်းချက်များကိုပါ ဖော်ဆောင်ပေးသည့် အသံတစ်ခု ဖြစ်ရပါမည်။

သက်သေအထောက်အထားအခြေပြု တင်ပြခြင်း (Evidence-based Advocacy)

နောက်တနည်းမှာ ပြဿနာကို ဆန်းစစ်ဖော်ထုတ်ရေးသားရာတွင် မည်သည့်ကိစ္စရပ်/ပြဿနာကို အဓိကကိုင်တွယ်မည်။ အဘယ်ကြောင့် ယင်းကိစ္စရပ်ကအရေးကြီးသည်ဆိုသည်ကို အထောက် အထားများနှင့်တကွ တင်ပြ၍ တိုက်တွန်းနှိုးဆော်နိုင်သည်။

လက်တွေ့ကွင်းဆင်း စစ်တမ်းများ၊ အချက်အလက်များနှင့် ဖြစ်ရပ်မှန်များကို အခြေခံ၍ သက်ဆိုင်ရာ အာဏာပိုင်များ သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သူများထံ အကျိုးအကြောင်းခိုင်လုံစွာ တင်ပြရာတွင် –

အမှန်တကယ်ပစ်မှတ်ထားကိုင်တွယ်နိုင်ရန်အတွက် ကိစ္စရပ်တစ်ခု၏ရင်းမြစ်ကိုသိရှိနိုင်စေရန် -“ဘာကြောင့်လဲ။”ဆိုသည့်မေးခွန်းကိုအသုံးပြုနိုင်ပါသည်။​

ပတ်သက်ဆက်စပ်သူများကို ဆန်းစစ်ခြင်း

အက်ဒ်ဗိုကေစီလုပ်ငန်းစဉ်တစ်ခု၏အကျိုးရလဒ်ကအပြုသဘောဖြင့်သော်လည်းကောင်း၊ အပျက် သဘောဖြင့်သော်လည်းကောင်း အကျိုးသက်ရောက်မှုရှိနိုင်သည့် သို့မဟုတ် လုပ်ဆောင် ချက်များ ကိုလွှမ်းမိုးနိုင်သည့်အကျိုးစီးပွားပတ်သက်ဆက်စပ်မှုရှိသူ တစ်ဦးချင်း၊ အသိုင်းအဝိုင်း၊ အုပ်စု သို့မဟုတ် အဖွဲ့အစည်းတခုစီသည် ပတ်သက်ဆက်စပ်သူများဖြစ်ကြသည်။

ဆက်စပ်ပတ်သက်သူများဇယား

ဦးတည်ပစ်မှတ်များ ဆုံးဖြတ်ချက်ချမှတ်သူများ၊ အပြောင်းအလဲ များကိုဆောင်ကြဉ်းပေးနိုင်မည့် ဩဇာ အာဏာရှိသူများ၊ ဆုံးဖြတ်ချက်ချမှတ် သူများကို လွှမ်းမိုးနိုင်သူများ  
ထောက်ခံပါဝင်မည့်သူများသင်အက်ဒ်ဗိုကေစီလုပ်ဆောင်မှု၏ အကျိုးကျေးဇူးကိုခံစားရမည်ဟုမျှော် လင့်သူများ/လုပ်ဆောင်ပေးမည့် သူများ/အတူလုပ်ကိုင်မည့်သူများ။
မဟာမိတ်များ ရည်ရွယ်ချက်တူသူများနှင့် ဆုံးဖြတ် ချက်ချမှတ်သူများကို လွှမ်းမိုးရန် (သို့) ဖိအားပေးရာတွင် ပံ့ပိုးကူညီမည့်သူများ
အတိုက်အခံများသင်ဖြစ်ချင်သည့်ရည်မှန်းချက်များကို ကန့်ကွက်ပြီး သင်မြင်ချင်သည့် အပြောင်းအလဲများမဖြစ်စေရန် တားဆီးမည့်သူများ

ယင်းဆက်စပ်ပတ်သက်သူဇယားတွင် – ရည်ရွယ်ချက်တူသူများနှင့် ဆုံးဖြတ် ချက်ချမှတ်သူများကို လွှမ်းမိုးရန် (သို့) ဖိအားပေးရာ တွင် ပံ့ပိုးကူညီမည့်သူများနှင့် မဟာမိတ်ပြုလုပ်၍ သင်လိုရာ ပန်းတိုင်ကို ရောက်ရှိအောင် လုပ်ဆောင်နိုင်ပါလိမ့်မည်။

သတိပြုရန်အရေးကြီးသည့်အချက်မှာ မူဝါဒချမှတ်သူများသည် လူများသာဖြစ်ပြီး အဖွဲ့အစည်းများ မဟုတ်ချေ။ အက်ဒ်ဗိုကေစီသည် ဉပဒေများနှင့်မူဝါဒပြုလုပ်သူများ၊ အရင်းအမြစ်များကို ခွဲဝေသူများ နှင့် အများပြည်သူများ၏ အကျိုးစီးပွားကို သက်ရောက်စေနိုင်သည့် ဆုံးဖြတ်ချက်များ ကို ချမှတ်သူ များ၏ ရွေးချယ်မှုများနှင့် လုပ်ဆောင်ချက်များကို လွှမ်းမိုးခြင်းပင်ဖြစ်သည်။

အက်ဒ်ဗိုကေစီရည်မှန်းချက် (များ) ကို ချမှတ်ခြင်း

ဘယ်လိုအပြောင်းအလဲကို သေချာမြင်ချင်တာလဲ?

အလွန်ရှင်းလင်း၊တိကျပြီးလက်တွေ့ကျသည့် ရည်မှန်းချက် (များ) ကို ချမှတ်ခြင်း

ဥပမာ – 

သစ်ပင်များ အလွယ်တကူမခုတ်လှဲရန် နှင့် စနစ်တကျ ထိန်းသိမ်းထားရှိရန်ဆိုသည့် ယေဘုယျကျသည့် ရည်မှန်းချက်မျိုးအစား – 

သစ်တောဦးစီးဌာန၊ မြို့နယ်စည်ပင်/စိုက်ပျိုးရေးဌာနနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့်   “မြို့နယ်အတွင်း နေရာအားလုံးတွင် သစ်ပင်များခုတ်လှဲခြင်းနှင့်ပတ်သက်သည့် စည်းမျဉ်းဥပဒေများ နှင့် ချမှတ်ပြီး ယင်းဥပဒေစည်းမျဉ်းများအတိုင်း ထိရောက်စွာအရေးယူအတွက် အသုံးပြုရန် ထည့်သွင်း ရေးဆွဲရန် နှင့် သစ်ပင်များစိုက်ပျိုးရန်နှင့် စနစ်တကျထိန်းသိမ်းရန်အတွက် လိုအပ်သည့် ရန်ပုံငွေများ ထားရှိရန်” ဆိုသည့်တိကျရှင်းလင်းသည့် ရည်မှန်းချက်(များ)ထားရှိရန် 

စည်းရုံးလှုံ့ဆော်ရန် ပြင်ဆင်ခြင်း

ပြဿနာ/ကိစ္စရပ် 


ဖြေရှင်းချက် 




တောင်းဆိုချက် 
မည်သည့်ပြဿနာ၊ ကိစ္စရပ်ကို ဦးတည်ဖြေရှင်းလိုပါသလဲ။  သက်သေအထောက်အထား၊သာဓကတွေရှိပါသလား။ကိုယ်တင်ပြလိုသည့်ပြဿနာ၊ကိစ္စရပ်ကို လိုတိုရှင်း သေချာစွာပြောပြပေးနိုင်မည်လား။

ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဘာတွေပြောင်းလဲဖို့ လိုအပ်ပါသလဲ။ ဘာကြောင့် အဲလိုဖြေရှင်းခိုင်းရပါသလဲ။ဖြေရှင်းချက်ကို လိုတိုရှင်း သေချာစွာ ပြောပြပေးနိုင်မည်လား။ပြဿနာနှင့် ဖြေရှင်းချက်ကို ပြောပြပေးရန်။  

သင်တင်ပြဆွေးနွေးလိုသူက ယခုသင့်ရှေ့တွင် ရောက်နေပြီ။ ဘာတောင်းဆိုမလဲ။ တောင်းဆိုချက်ကရောလက်တွေ့ကျရဲ့လား။

အက်ဒ်ဗိုကေစီပြုလုပ်မည့် သတင်းစကားများပြင်ဆင်ရေးသားရာတွင် –

  • အရေးဆိုမည့်သူ ထိရှစေမည့် (Touch)
  • စိတ်ဝင်စားမှုရှိစေမည့် (Enthuse)
  • အရေးယူလုပ်ဆောင်ပေးရန် (Act)အချက်များပါဝင်ရပါမည်။

အက်ဒ်ဗိုကေစီပြုလုပ်ရာတွင် အသုံးပြုသည့်နည်းလမ်းများ 

အဖွဲ့တဖွဲ့အနေဖြင့် “အပြောင်းအလဲအတွက် အသံ” (Voice for Change) ဖြစ်လာစေရန် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တွင် အတွင်းလမ်းကြောင်း၊ အပြင်လမ်းကြောင်းနှစ်မျိုးလုံးကို အသုံးပြုလေ့ရှိကြသည်။ 

အသုံးပြုမည့်နည်းလမ်းများကို ဖော်ထုတ်ရတွင် ပြောင်းလဲမှုသီအိုရီကို အသုံးပြုနိုင်ပါသည်။

ဒါဆိုရင် (If so?) 

တွေ့ဆုံစည်းဝေးတာကောင်းပါတယ် – ဒါပေမဲ့ မလုံလောက်ဘူး။ ဘာဆက်လုပ်သင့်သလဲ။ နောက်တဆင့်ဘာလုပ်ကြမလဲ။

  • မင်းအဲဒါလုပ်မယ်။ဒါဆိုရင် ဘာဖြစ်မလဲ။
  • ဒါဆိုရင် ကိုအသုံးပြု၍ဆက်မေးပါ။
  • ဒါဆိုရင် ဘယ်နှစ်ခုလောက်အထိ စဉ်းစားလို့ရလဲ။
  • အက်ဒ်ဗိုကေစီကမ်ပိန်းတွေအားလုံးဟာ လူထုစိတ်ဝင်စားမှုအရှိန်အဟုန်မြှင့်ဖို့လုပ်ကြတာပါပဲ။
  • အရှိန်မြှင့်နိုင်ဖို့အတွက် စိတ်ဝင်စားမှုရှိလာရင် နောက် တဆင့်ထပ်တက်ဖို့ပြင်ဆင်ပါ။

စည်ပင်ဌာနနဲ့ တွေ့ဆုံဆွေးနွေးတာကောင်းပါတယ် – ဒါပေမဲ့ မလုံလောက်ဘူး။ 

  • ဘာဆက်လုပ်သင့်သလဲ။ နောက်တဆင့်ဘာလုပ်ကြမလဲ။
  • စိုက်ပျိုးရေးဌာနကို သွားတွေ့ကြတာပေါ့။ 
  • ဒါဆိုရင် ဘာဖြစ်မလဲ။ 
  •  တခြားအုပ်ချုပ်ရေးအဖွဲ့တွေလဲစိတ်ဝင်စားလာမယ်။
  •                                                                         ဒါဆိုရင်
  • သူတို့ကလည်း စည်ပင်ဌာနကို ဖိအားပေးလာနိုင်တယ်။
  •                                                                         ဒါဆိုရင်
  • တခြား သစ်ပင်ခုတ်လှဲတာနဲ့ပတ်သက်ပြီးဒုက္ခဖြစ်နေတဲ့ ပြည်သူလူထုကိုလည်း 
  • စည်းရုံးဟောပြောဆွေးနွေးကြမယ်။
  •                                                                         ဒါဆိုရင်
  • စည်ပင်ဌာနအနေနဲ့ လုပ်ငန်းတွေကို လက်တွေ့အရေးယူလုပ်ဆောင်ကြဖို့ စဉ်းစားရတော့မယ်

လုပ်ဆောင်မည့်မဟာဗျူဟာကို စဉ်းစားခြင်း

လုပ်ငန်းစဉ်များတာဝန်ယူမည့်သူနှင့် အရင်းအမြစ်အချိန်
အဓိကအကျိုးခံစားရသူတွေနဲ့တွေ့ပြီး သူတို့ခံစားချက်တွေကို စုစည်းမယ်ဘယ်သူတာဝန်ယူမလဲ။ ကုန်ကျစရိတ် ဘယ်သူပေးမလဲ။ဘယ်တော့လုပ်မလဲ၊ ဘယ်လောက်ကြာမလဲ။
 သူတို့ရဲ့စိတ်ဝင်တစားပါဝင်လာမယ်။တွေ့ရှိချက်တွေကိုဘယ်လိုစုစည်းမလဲ။သူတို့ကိုဘယ်လိုဆက်စည်းရုံးမလဲ။ဘယ်တော့လုပ်မလဲ၊ ဘယ်လောက်ကြာမလဲ။
 မီဒီယာတွေနဲ့ စိတ်ဝင်စားအောင် လုပ်မယ် မီဒီယာနဲ့တွေ့ပေးဖို့ဘယ်သူတာဝန်ယူမလဲ။ ဘယ်တော့လုပ်မလဲ၊ ဘယ်လောက်ကြာမလဲ။
  

အက်ဒ်ဗိုကေစီလုပ်ဆောင်မည့်လုပ်ငန်းစဉ်

ရည်ရွယ်ချက်များ နှင့် လုပ်ဆောင်မည့်လုပ်ငန်းများအချိန်ဇယားဘယ်သူက တာဝန်ယူမလဲမဟာမိတ်များ
   











  

မီဒီယာနှင့် ဆက်သွယ်ရေးကို အသုံးပြုခြင်း

လူမှုကွန်ရက်၊ သတင်းမီဒီယာများနှင့် လှုပ်ရှားမှုများမှတစ်ဆင့် ပစ်မှတ်အုပ်စု ရင်ဆိုင်နေရသော အခက်အခဲများကို လူထုက ပိုမိုသိရှိလာအောင် ပြုလုပ်နိုင်သည်။

ပစ်မှတ်အုပ်စု၏ အသံကို မြှင့်တင်ပေးခြင်း: အဖွဲ့အစည်းက ကိုယ်စားပြောပေးရုံသာမက၊ ပစ်မှတ်အုပ်စုကိုယ်တိုင်က ၎င်းတို့၏ အခက်အခဲများကို ထုတ်ဖော်ပြောဆိုနိုင်ရန်အတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း (Empowerment)တို့ကိုလည်း လုပ်ဆောင်ပေးရန်လိုအပ်သည်။

အက်ဒ်ဗိုကေစီလုပ်ရန်အတွက် သတင်းစကားများရေးသားရာတွင် –

  • ရှင်းလင်းသည့်သတင်းစကား – ပစ်မှတ်ထားခြင်း
  • ရိုးရှင်းသည့်ပြဿနာနှင့်ဖြေရှင်းချက်တစ်ခု
  • တက်ကြွလှုပ်ရှားစိတ်နှင့် တရားဝင်ကိုယ်စားပြုမှုရှိခြင်း
  • နိုင်ငံရေးပိုင်းဆိုင်ရာပံ့ပိုးမှု
  • မဟာမိတ်များ
  • မီဒီယာကို အသုံးပြုခြင်း
  • အရေးယူလုပ်ဆောင်မှုAction
  • အရှိန်အဟုန်ကိုထိန်းသိမ်းထားခြင်း

ရံဖန်ရံခါတွင် – လပေါင်းများစွာသင်တွေ့ဆုံပြောဆိုချင်နေသည့် နိုင်ငံရေးသမား/ ဒေသအာဏာပိုင် တစ်ဦးနှင့် ပွဲတစ်ပွဲတွင် ဆုံတွေ့နှုတ်ဆက်ခွင့်ရသည်ဟု စဉ်းစားစိတ်ကူးကြည့်ပါ။ရသည့်အချိန် တမိနစ် သို့မဟုတ် မိနစ်ဝက် (၁၅-၃၀စက္ကန့်) ကို မည်သို့အသုံးပြုနိုင်မည်ကို ကြိုတင်စဉ်းစားလေ့ကျင့်ထားရန် လိုအပ်ပါသည်။

တင်ကြိုလေ့ကျင့်ထားခြင်းဖြင့် အကောင်းဆုံးစည်းရုံးနိုင်ပြီး လိုလားသည့်ရလဒ်ကို ရရှိနိုင်ပါသည်။

ထိုကြောင့် အခွင့်အရေးကို သိသိကြီးနှင့် လက်လွှတ်မခံလိုက်ရစေရန်အဆင်သင့်ဖြစ်ရန် အမြဲပြင်ဆင်ထားရန် လိုအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် –

မူဝါဒပြောင်းလဲရန် စည်းရုံးလှုံ့ဆော်သည့်လုပ်ငန်းစဉ်သည် ဖြောင့်ဖြူးသည့်လမ်းမဟုတ်ချေ။ အချိန် ကြာမြင့်ပါသည်။ လျင်လျင်မြန်မြန်ရလဒ်များရမည်ဟု မမျှော်လင့်ပါနှင့်။ နောက်ဆုံးရလဒ်ကိုသာလျှင် ဦးတည်လုပ်ဆောင်ခြင်း (ဥပမာ – မူဝါဒအသစ်)ဖြင့် သင့်အတွက်များစွာစိတ်မရှည်ချင်စရာ ဖြစ်စေ လိမ့်မည်။ ပြောင်းလဲမှု သီအိုရီပါ အဆင့်များအတိုင်း မူဝါဒလုပ်ငန်းစဉ်များကို အဆင့်ခွဲ၍ရနိုင်ပါသည်။ ယင်းအဆင့်များအလိုက်အကဲဖြတ်ပြီး တဆင့်ချင်း အောင်မြင်မှုအခြေအနေကို သုံးသပ်ခြင်းဖြင့် မည်မျှ လုပ်ဆောင်လာနိုင်ပြီးဖြစ်သည်ကို တဆင့်ချင်းတိုးတက်လာမှုကို သိရှိနိုင်ပါသည်။

****************************************************************************************************