အပိုင်း- ၃ နိဂုံး – အဖွဲ့အစည်းလည်ပတ်လုပ်ကိုင်ပုံနှင့် လိုအပ်ချက်များ

ယခင်အပတ်က မေးမြန်းခဲ့သည့် တိုင်းတာနိုင်သောညွှန်းကိန်းများ ဟုတ်/မဟုတ် ပဟေဠိအဖြေ

တိုင်းတာနိုင်သည့် ညွှန်းကိန်းများ ဟုတ်/မဟုတ်

 ဟုတ်မဟုတ်
သေဆုံးမှုနှုန်း x 
ကျန်းမာရေးပညာပေးစာစောင်များ x
ကာလသားရောဂါကုသပေးနေသည့် ဆေးခန်းများသို့ လာရောက်သည့် လူနာအရေအတွက် x 
စီမံချက်မှ ဥပဒေအကျိုးဆောင်များ၏ ပံ့ပိုးကူညီမှုကို ကျေနပ်သဘောကျသည့် အမှုသည်အရေအတွက် ၂၀ ရာခိုင်နှုန်း  တိုးတက်လာခြင်းx 
သင်တန်းရရှိခဲ့သည့် ရပ်ရွာအခြေပြုကျန်းမာရေးလုပ်သားဦးရေ၏ အနည်းဆုံး ၅၀% က ရပ်ရွာ၏ကျန်းမာရေးကိစ္စရပ်များတွင် ကူညီလုပ်ဆောင်ပေးနေခြင်းx 
ကွန်ပြူတာသင်တန်းတက်ရောက်ခဲ့သည့်ဝန်ထမ်းဦးရေ၏ အနည်းဆုံး ၇၀% က လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနေခြင်း x 
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများအား နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း x
  • သေဆုံးမှုနှုန်း – တိုင်းတာ၍ ရနိုင်သည့် ညွှန်းကိန်းဖြစ်သည်။ 

စီမံချက်ကာလမတိုင်မီက စီမံချက်လုပ်ဆောင်သည့်နေရာ၌ သေဆုံးမှုနှုန်းနှင့် စီမံချက်အပြီး မိမိ တို့လုပ်ဆောင်သည့် စီမံချက်နှင့် ဆက်စပ်၍ သေဆုံးမှုနှုန်း လျော့ချမှုအခြေအနေကို တိုင်းတာ တွက်ချက်နိုင်သည်။ ဥပမာ – ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို ထိရောက်စွာအသိပညာ ပေးခြင်း၊ မလိုက်နာသူများအား တိကျစွာအရေးယူခြင်းတို့ကို လုပ်ဆောင်သည့် စီမံချက်လုပ် ဆောင်ပြီးနောက် ယင်းစီမံချက်မတိုင်မီကာလက သေဆုံးသူအရေအတွက်နှင့် စီမံချက် အကောင်အထည်ဖော်ပြီးနောက် ယာဉ်တိုက်မှုကြောင့်သေဆုံးသူအရေအတွက်ကို နှိုင်းယှဉ် ကြည့်နိုင်သည်။ စီမံချက်၏ရည်မှန်းချက်အောင်မြင်မှုရှိမရှိကို အလွယ်တကူသိရှိနိုင်သည်။

  • ကျန်းမာရေးပညာပေးစာစောင်များ – ညွှန်းကိန်းတခုမဖြစ်နိုင်ပါ။

စာစောင်များထုတ်ဝေခြင်းမှာ စီမံချက်၏လုပ်ငန်းဆောင်ရွက်ချက်တခု၏ ရလဒ် (output) မျှသာ ဖြစ်သည်။ သီးခြားလွတ်လပ်မှုရှိပြီး တိုင်းတာရန်လည်း လက်တွေ့ကျသည့် ညွှန်းကိန်းတခုအနေဖြင့် အသုံးမပြုနိုင်ပါ။

  • ကာလသားရောဂါကုသပေးနေသည့် ဆေးခန်းများသို့ လာရောက်သည့် လူနာအရေအတွက် – တိုင်းတာ၍ ရနိုင်သည့် ညွှန်းကိန်းဖြစ်သည်။

ဆေးခန်းသို့လာရောက်သည့် လူနာအရေအတွက်ကို ကြည့်၍ ယင်းဆေးခန်းများကို လူနာများ သိရှိမှုအခြေအနေနှင့် ကုသပေးနိုင်သည့်အရေအတွက်ကို တွက်ချက်ကြည့်နိုင်သည်။ စီမံချက် ၏ ရည်ရွယ်ချက်တခုမှာ ကာလသားရောဂါကူးစက်ခံရသူများအနေဖြင့် ထိရောက်စွာ ဆေးကု သမှုခံယူ၍ ရောဂါပျောက်ကင်းစေရန် ဖြစ်နိုင်သဖြင့် ယင်းညွှန်းကိန်းက စီမံချက်အတွက် လက်တွေ့ကျပြီး အသုံးဝင်သည်။ 

  • စီမံချက်မှ ဥပဒေအကျိုးဆောင်များ၏ ပံ့ပိုးကူညီမှုကို ကျေနပ်သဘောကျသည့် အမှုသည် အရေအတွက် ၂၀ ရာခိုင်နှုန်း  တိုးတက်လာခြင်း – တိုင်းတာ၍ ရနိုင်သည့် ညွှန်းကိန်း ဖြစ်သည်။

စီမံချက်၏ဝန်ဆောင်မှု (outcome/effect) ကို တိုင်းတာနိုင်သည့်ညွှန်းကိန်းတခုအဖြစ် အသုံး ပြုနိုင်သည်။ အမှုသည်အရေအတွက်ကို တိုင်းတာခြင်းမျိုးထက် နောက်ထပ်တဆင့်တက်၍ ယင်းအမှုသည်များအနေဖြင့် ဝန်ဆောင်မှုအပေါ် ကျေနပ်အားရမှုအတိုင်းအတာကို သိရှိနိုင် သည်။

  • သင်တန်းရရှိခဲ့သည့် ရပ်ရွာအခြေပြုကျန်းမာရေးလုပ်သားဦးရေ၏ အနည်းဆုံး ၅၀% က ရပ်ရွာ၏ ကျန်းမာရေးကိစ္စရပ်များတွင် ကူညီလုပ်ဆောင်ပေးနေခြင်း  – တိုင်းတာ၍ ရနိုင်သည့် ညွှန်းကိန်း ဖြစ်သည်။

သင်တန်းတက်ပြီးသူကျန်းမာရေးလုပ်သားများအနက်မှ အနည်းဆုံးသတ်မှတ်သည့် ရာခိုင်နှုန်း ပြည့်မီခြင်းရှိ၊မရှိကို တိုင်းတာနိုင်သည့် ညွှန်းကိန်းအမျိုးအစားမျိုးဖြစ်သည်။

  • ကွန်ပြူတာသင်တန်းတက်ရောက်ခဲ့သည့်ဝန်ထမ်းဦးရေ၏ အနည်းဆုံး ၇၀% က လုပ်ငန်းခွင် တွင် ပြန်လည်အသုံးချနေခြင်း  – တိုင်းတာ၍ ရနိုင်သည့် ညွှန်းကိန်း ဖြစ်သည်။

စီမံချက်၏ရည်ရွယ်ချက်မှာ လုပ်ငန်းခွင်တွင် အလုပ်များ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် အတွက် ဝန်ထမ်းများလိုအပ်နေသည့် စွမ်းရည်များကို သင်တန်းများပေး၍ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနေမှုအခြေအနေကို မေးခွန်းများဖြေဆိုစေခြင်းဖြင့် တိုင်းတာနိုင်သည့် ညွှန်းကိန်းမျိုးဖြစ်သည်။

  • လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများအား နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း – ညွှန်းကိန်း အနေဖြင့် အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ရန် လိုအပ်ချက်များရှိနေသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများအား နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းဆိုသည်မှာ လုပ်ဆောင်ချက်တခုကို ဖော်ပြထားခြင်းသာဖြစ်သည်။ ယင်း၏ရလဒ်မှာ နှစ်သိမ့်ဆွေးနွေးအကြံ ပေးခဲ့သူ ဦးရေအရေအတွက် သို့မဟုတ် နှစ်သိမ့်ဆွေးနွေးပေးသည့် ကြိမ်ရေ သို့မဟုတ် ကျေနပ်အားရမှုအခြေအနေ စသည်တို့ကို ဖြည့်စွက်ခြင်းဖြင့် တိုင်းတာ၍ရသည့်ညွှန်းကိန်းတခု ဖြစ်လာနိုင်သည်။ 

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

စီမံချက်တခုစီအတွက် ကျိုးကြောင်းဆက်စပ်မှု လမ်းကြောင်း (Causal Pathway Framework) ကို အသုံးပြုစဉ်းစားပုံကို ဆွေးနွေးတင်ပြပြီးဖြစ်ပါသည်။ အဖွဲ့အစည်းတခု လည်ပတ်လုပ်ကိုင်ရန်အတွက် စီမံချက်အမျိုးမျိုးအား အဖွဲ့တခုလုံးအနေဖြင့် စဉ်းစားချဉ်းကပ်ရာတွင် အသုံးပြုကြသည့်နည်းလမ်းများဖြစ်သည့် Causal pathway, Theory of Change (TOC) နှင့် Logical Framework (Logframe) တို့နှင့်ပတ်သက်၍ ရှင်းပြနိဂုံးချုပ်လိုပါသည်။

အဖွဲ့အစည်းတခုအနေဖြင့် ToC, Logframe, Causal Pathway နည်းလမ်းသုံးခုစလုံးအား မဖြစ်မနေအသုံးပြုရန် လိုအပ်သည်ဟု မည်သည့် သီအိုရီ၊ မည် သည့်ဖွံ့ဖြိုးရေးစာအုပ်တွင်မှ မရေးသားထားပါ။ အမှန်စင်စစ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ကြသည့် ပံ့ပိုးကူညီပေးသည့် အဖွဲ့အစည်းများမှ မိမိကို ပံ့ပိုးကူညီပေးနေသူများ၏ သတ်မှတ်ချက်သာလျှင်ဖြစ်သည်။ ယင်းနည်းလမ်းသုံးခုစလုံးသည် ပြဿနာကို မည်သို့ ကိုင်တွယ်လုပ်ဆောင်မည်ကို ရှင်းလင်းစွာသိရှိအောင်စဉ်းစား၍ မိမိတို့အဖွဲ့အစည်းအနေဖြင့် မည်သည့်ရလဒ်များကို ရရှိအောင်လုပ်ဆောင်မည်ကို ချဉ်းကပ်သည့်နည်းလမ်းများသာဖြစ်သည်။​ 

ကျိုးကြောင်းဆက်စပ်မှုမူဘောင် causal pathway ဖြင့် စီမံချက်တခုကို စဉ်းစားဒီဇိုင်းရေးဆွဲပြီး အဖွဲ့၏စီမံချက်လုပ်ငန်းများကို ပြောင်းလဲမှုပုံစံဖော်ပြချက်TOC တွင် စုစည်းဖော်ပြနိုင်သည်။​ 

ပြောင်းလဲမည့်ပုံစံကိုဖော်ပြချက် (Theory of Change (ToC))

ပြောင်းလဲမှု ဘယ်လိုဖြစ်လာစေနိုင်မည့်ဆိုသည်ကို အကြောင်းရင်း–အကျိုးဆက်ပုံစံဖြင့် ဆက်စပ်ဖော်ပြသည့်နည်းလမ်းဖြစ်သည်။ အဖွဲ့အစည်းအနေဖြင့် မိမိတို့မြင်လိုသည့် အပြောင်း အလဲများ ဖြစ်လာစေရန် မည်သို့သောနည်းလမ်းများဖြင့် ချဉ်းကပ်လုပ်ဆောင်မည်ကို စဉ်းစားရာတွင် အသုံးပြုဖော်ပြကြသည်။ ပြောင်းလဲမှုပုံစံဖော်ပြချက်ဆိုသည်မှာ နည်းလမ်းတခုဆိုသည်ထက် “ဘာကြောင့် ကိုယ်မြင်ချင်တဲ့အပြောင်းအလဲဖြစ်လာနိုင်မလဲ” ဆိုသည့် မိမိတို့ အဖွဲ့အနေဖြင့် လုပ်ဆောင်မည့်လုပ်ငန်းများကို အကျိုး အကြောင်းဆက်စပ်ပြီး အဆင့်ဆင့် မြင်သာအောင်ဖော်ပြချက်ဖြစ်သည်။ ယင်းချဉ်းကပ်ပုံတွင် မည်သည့် အချက်အလက်များ (ယူဆချက်များ) ကြောင့် မိမိတို့လုပ်ဆောင်သည့်လုပ်ငန်းများမှ မည်သည့်ရလဒ်များ၊ အကျိုးကျေးဇူးများရရှိ၍အောင်မြင်မည်၊ လုပ်ငန်းများလုပ်ဆောင်ရာတွင် တွေ့ရနိုင်မည့် အတားအဆီး၊ စိန်ခေါ်မှုများနှင့် အားပြိုင်မှုများနှင့် အခြေအနေများကိုပါထည့်သွင်းစဉ်းစားသည့် အတွေးအခေါ်အဆင့် ချဉ်းကပ်ပုံမျိုးဖြစ်သည်။ တနည်းအားဖြင့် အဖွဲ့အစည်းအနေဖြင့် မည်သည့်လူမှု အပြောင်းအလဲများ၊ အခြေအနေများကို မြင်လိုသည်၊ ယင်းအပြောင်းအလဲများဖြစ်စေရန် အတွက် အဖွဲ့အနေ ဖြင့် မည်သည့်နည်းလမ်းများကို အသုံးပြုမည်၊ ထိုသို့အသုံးပြုရာတွင် မည်သည့်အပြောင်းအလဲ များကို မြင်ရမည်ဟု မျှော်မှန်းသည်၊ ယင်းလုပ်ငန်းများကို လုပ် ဆောင်ရာတွင် အထောက်အကူဖြစ်စေမည့် အခြေအနေများ (assumptions) နှင့် ရင်ဆိုင် ကြုံတွေ့ရနိုင်သည့် ပြင်ပအခြေအနေ (စိန်ခေါ်မှုများ)၊ ပတ်သက်ဆက်စပ်သူများနှင့် ယင်းတို့အချင်းချင်းအကြား ဆက်ဆံရေး၊ အားပြိုင်မှုအခြေအနေများအားလုံးကို ဖော်ထုတ်ကြသည်။

Theory of Change တွင်အဓိကစဉ်းစားသည့်အချက်များ

  • ပြဿနာကို ရှုမြင်သုံးသပ်ချက်
  • ရေရှည်တွင် ပြောင်းလဲချင်သည့် အခြေအနေ
  • ပြောင်းလဲမှု လမ်းကြောင်းများ
  • ယူဆချက်များ (Assumptions)
  • ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများ (ပြင်ပအခြေအနေများ)
  • ဆက်စပ်ပတ်သက်သူများနှင့် ယင်းတို့နှင့် အားပြိုင်မှုအခြေအနေများ

အပြောင်းအလဲသီအိုရီကို စဉ်းစားရာတွင် – Causal pathway framework တွင် ချဉ်းကပ်သည့်နည်းလမ်းအတိုင်း 

ပြဿနာ  –> ရေရှည်တွင် မြင်ချင်တဲ့အပြောင်းအလဲမှစ၍စဉ်းစားသည်။ 

အကယ်၍ … (အဖွဲ့အနေဖြင့် အဓိကလုပ်ဆောင်ချက်များ) ကို လုပ်ဆောင်နိုင်ပါက

(ချက်ချင်း မြင်နိုင်သည့် အပြောင်းအလဲများ) ဖြစ်လာပြီး

အဆုံးတွင် … (အလယ်အလတ် ပြောင်းလဲမှုများ) ကို ဖြစ်စေကာ

ရေရှည်တွင် … (မြင်လိုသည့် အပြောင်းအလဲကြီးကြီးမားမား) ကို ရရှိလာမည်ဟု ယုံကြည်သည်။

၁။ ကိုင်တွယ်ဖြေရှင်းလိုသည့်ပြဿနာ ၄။ အဖွဲ့အနေဖြင့် ယင်းပြဿနာကို ဖြေရှင်းမည့်နည်းလမ်း (များ) ကို ဖော်ပြချက်၅။ လုပ်ဆောင်မည့် လုပ်ငန်းများ၆။ ယင်းလုပ်ဆောင် ချက်ကြောင့် ချက်ချင်း မြင်ရမည့်ရလဒ်(များ)၇။ နောက်တဆင့်အနေ ဖြင့် မြင်ရမည့် အပြုအမူ၊စွမ်းရည်အပြောင်းအလဲ(များ)    ၈။ (အဖွဲ့၏လုပ်ဆောင် ချက်များကြောင့်) မြင်ရမည့် လူမှုဘဝ အပြောင်းအလဲ 
ယူဆချက်/အန္တရာယ်များယူဆချက်/အန္တရာယ်များယူဆချက်/အန္တရာယ်များ
၂။ အဓိက (ယင်းပြဿနာ)၏အကျိုးသက်ရောက်မှုကို ခံစားကြရသူ(များ)အဖွဲ့အနေဖြင့် ကူညီလို သည့်ဦးတည်အုပ်စု (များ)၅။ လုပ်ဆောင်မည့် လုပ်ငန်းများ၆။ ယင်းလုပ်ဆောင် ချက်ကြောင့် ချက်ချင်း မြင်ရမည့်ရလဒ်(များ)၇။ နောက်တဆင့်အနေ ဖြင့် မြင်ရမည့် အပြုအမူ၊စွမ်းရည်အပြောင်းအလဲ(များ)
ယူဆချက်/အန္တရာယ်များယူဆချက်/အန္တရာယ်များယူဆချက်/အန္တရာယ်များ
၃။ ယင်းပြဿနာ၏ အကျိုးဆက်များကို အနှစ်ချုပ်ဖော်ပြခြင်း၅။ လုပ်ဆောင်မည့် လုပ်ငန်းများ၆။ ယင်းလုပ်ဆောင် ချက်ကြောင့် ချက်ချင်း မြင်ရမည့်ရလဒ်(များ)၇။ နောက်တဆင့်အနေ ဖြင့် မြင်ရမည့် အပြုအမူ၊စွမ်းရည်အပြောင်းအလဲ(များ)
ယူဆချက်/အန္တရာယ်များယူဆချက်/အန္တရာယ်များယူဆချက်/အန္တရာယ်များ

Logical Framework (Logframe) 
Logical Framework ကို “Logic Model” ဟုလည်း ခေါ်ဆိုကြပြီး၊အတိုကောက်အနေဖြင့် “Logframe” ဟု အသုံးပြုကြပါသည်။

စီမံချက်ဒီဇိုင်းရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်း၊ စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်း အတွက် အသုံးပြုသည့်ပုံစံတခုဖြစ်သည်။ စီမံကိန်းတခုအတွင်း ပါဝင်သည့် အဓိကအစိတ်အပိုင်းများကို စနစ်တကျဖော်ပြပြီး၊ လိုအပ်မည့် အရင်းအမြစ်များ (inputs) နှင့် လုပ်ဆောင်ချက်များ (activities) ကိုမျှော်မှန်း ရလဒ်များ (outputs) နှင့်မမြင်သာသော်လည်း အရေးပါသော ပြောင်းလဲမှုရလဒ်များ (outcomes) နှင့် ချိတ်ဆက်ဖော်ပြပေးသည်။ 

မျှော်မှန်းရလဒ်များရရှိရန် စီမံကိန်း၏ မဟာဗျူဟာ (program strategy) ကို အနှစ်ချုပ်ပုံစံဖြင့် ပိုမိုရှင်းလင်းစွာတင်ပြနိုင်ရန်

စီမံကိန်းအကောင်အထည်ဖော်ရန် လိုအပ်သောအရင်းအမြစ်များ (လူ၊ ငွေကြေး၊ အချိန် စသည်) ကို သတ်မှတ်နိုင်ရန်

စီမံကိန်းရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ငန်းကြပ်မတ်ခြင်းနှင့် အကဲဖြတ်ခြင်း အတွက်အသုံးပြုရန်

ပြဿနာဖော်ပြချက် 
လိုအပ်မည့်အရင်းအမြစ်များ(Inputs)လုပ်ဆောင်ချက်များရလဒ်များချက်ချင်းရလဒ်များမြင်ရနိုင်သည့် အပြောင်းအလဲများရေရှည်အတွက် မျှော်မှန်းရလဒ်များ
လုပ်ငန်းများထိရောက်စွာလုပ်ဆောင်နိုင်ရန် လိုအပ်သည့် လူ၊ငွေကြေး၊ နည်းပညာများလိုချင်သည့် အပြောင်းအလဲများ ဖြစ်လာရန် လုပ်ဆောင်မည့်လုပ်ငန်းများဥပမာ – ဝန်ထမ်းများကို ကွန်ပြူတာသင်တန်းပေးခြင်း  လုပ်ငန်းများကြောင့်ချက်ချင်းမြင်ရနိုင်သည့်ရလဒ်များ ဥပမာ – ကွန်ပြူတာသင်တန်းတက်ရောက်ခဲ့သည့်ဝန်ထမ်းများ   လုပ်ငန်းလုပ်ဆောင် ပြီးပြီးချင်း မြင်ရ နိုင်သည့် အကျိုး ရလဒ်များဥပမာ – လုပ်ငန်းခွင်တွင် ကွန်ပြူတာအသုံးပြုနိုင် သည့်ဝန်ထမ်းများစီမံချက်ကာလအတွင်း မြင်ရလိုသည့်အကျိုးရလဒ်များဥပမာ – လုပ်ငန်းကို ထိရောက်စွာလုပ်ကိုင်နိုင် သည့် ကွန်ပြူတာ ကျွမ်းကျင်ဝန်ထမ်းများ စီမံချက်အပြီး ရေရှည်တွင် မြင်ရမည့် အပြောင်းအလဲရလဒ်ဥပမာ –စွမ်းရည်ပြည့်ဝသည့် ဝန်ထမ်းများရှိလာသည့် အတွက် အဖွဲ့အစည်း၏ လုပ်ဆောင်နိုင်မှုစွမ်းရည် မြင့်မားလာခြင်း   
 ယူဆချက်များ Assumptions
 စီမံချက်အကောင်အထည်ဖော်မည့်အဖွဲ့အစည်းအတွင်း၊ ပြင်ပအခြေအနေများအကျိုးကျေးဇူးရရှိမည့် ဦးတည်အုပ်စုများ (အမူအကျင့်များ၊ စွမ်းရည်များ၊ စိတ်ခံစားချက်များ)စီမံချက်လုပ်ဆောင်မည့် နည်းလမ်းများ စသည်တို့နှင့် ပတ်သက်၍ ယူဆချက်များ၊ ထင်မြင်သုံးသပ်ချက်များ 

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လာမည်စနေနေ့မှစ၍ နောက်ဆုံးအပိုင်း – ၄ ကို စတင်တင်ပြပေးပါမည်။