စီမံရေးရာလုပ်ငန်းများအဆက်-
အလုပ်ခန့်စာချုပ်နမူနာ
ဤစာချုပ်သည် Love Our Trees (LOT) နှင့် Love Our Trees (LOT) ၏ ဝန်ထမ်းဖြစ်သူ (employee’s name) တို့အကြား ဥပဒေအရ အကျိုးသက်ရောက်သော စာချုပ်ဖြစ်ပါသည်။
အပိုင်း (၁)။ စာချုပ်ပါ စည်းကမ်းချက်များ
(Employee’s name) သည် Love Our Trees (LOT) အတွက် (job title) အဖြစ် အလုပ် လုပ်ကိုင်ရန်နှင့် ဤစာချုပ်ပါ စည်းကမ်းချက်များအောက်တွင် ဆက်စပ်အလုပ်ဖော်ပြချက် (job description) တွင် ပါဝင်သည့် အလုပ်တာဝန်များအားလုံးကို (date contract begins) ရက်မှ စတင်၍ ပြီးစီးအောင် ဆောင်ရွက်ပေးရန် သဘောတူပါသည်။
အပိုင်း (၂)။ အလုပ်ခန့်ထားမှု အခြေအနေများ
(Employee’s name) သည် အလုပ်ချိန်၊ ခွင့်၊ စည်းကမ်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အကျိုးခံစားခွင့်များ၊ အလုပ်မှရပ်စဲခြင်းနှင့် အခြားဆက်စပ်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ Love Our Trees (LOT) ၏ ဝန်ထမ်းရေးရာ မူဝါဒ (Personnel Policy) နှင့်အညီ အလုပ်လုပ်ကိုင်ရမည် ဖြစ်သည်။
အပိုင်း (၃)။ အလုပ်ရှင်၏ တာဝန်ဝတ္တရားများ
အလုပ်ရှင်ဖြစ်သူ Love Our Trees (LOT) သည် ဝန်ထမ်းဖြစ်သူ (Employee’s name) အား လစဉ် (amount of salary in figures and in words) ကို ပေးချေမည်ဖြစ်သည်။ လစာကို လတိုင်း၏ နောက်ဆုံးအလုပ်လုပ်ရက်တွင် ပေးချေမည်ဖြစ်သည်။
ဤသဘောတူညီချက်ကို နှစ်ဖက်စလုံးမှ လက်မှတ်ရေးထိုးပြီး ဖြစ်သည်-
ဝန်ထမ်း Love Our Trees (LOT) ကိုယ်စား-
အမည် အမည်
လက်မှတ် လက်မှတ်
နေ့စွဲ နေ့စွဲ
ဝန်ထမ်းအကဲဖြတ်ပုံစံနမူနာ
PERFORMANCE APPRAISAL/STAFF EVALUATION
ဝန်ထမ်းအမည် _______________________________________
ရာထူး _______________________________________________
| Good | Fair | Poor | |
| 1. The employee is motivated working here.ဝန်ထမ်းအနေဖြင့် အလုပ်တွင် တက်တက်ကြွကြွရှိသည်။ | |||
| 2. The employee is prepared and organized for work.ဝန်ထမ်းသည် အလုပ်တွင် စနစ်တကျ၊ ပြင်ဆင်လုပ်ဆောင်သည်။ | |||
| 3. The employee has the skills needed to do his/her job.ဝန်ထမ်းသည် အလုပ်အတွက်လိုအပ်သည့် ကျွမ်းကျင်မှုများရှိသည်။ | |||
| 4. The employee is open to ideas from other workers.ဝန်ထမ်းသည် အခြားဝန်ထမ်းများကအကြံပေးလျှင် နားထောင်သည်။ | |||
| 5. The employee is available when needed.ဝန်ထမ်းသည် လုပ်ငန်းလိုအပ်ချက်များရှိပါက လုပ်ဆောင်ရန်အသင့်ရှိသည်။ | |||
| 6. The employee has good ideas for the office.ဝန်ထမ်းသည် ရုံးနှင့်ပတ်သက်ပြီး အကြံဉာဏ်ကောင်းများပေးနိုင်သည်။ |
ဝန်ထမ်းနှင့်ပတ်သက်သည့် မှတ်ချက်များ (Other comments or notes about the employee)
_____________________________________________________________________
_____________________________________________________________________
_____________________________________________________________________
_____________________________________________________________________
အကဲဖြတ်သူ
အမည် ______________________________
လက်မှတ် ___________________________
ရာထူး ____________________________
နေ့စွဲ_______________________________
ဝန်ထမ်းအကဲဖြတ်ချက်နှင့်ပတ်သက်၍ ဝန်ထမ်းဖက်မှ မှတ်ချက်/မှတ်စုများ
_____________________________________________________________________
_____________________________________________________________________
_____________________________________________________________________
_____________________________________________________________________
ဝန်ထမ်းလက်မှတ်_____________________________ နေ့စွဲ ________________
အုပ်ချုပ်ရေးဆိုင်ရာ စစ်ဆေးခြင်း (ADMINISTRATIVE AUDIT)
အဖွဲ့အစည်းအတွင်း စစ်ဆေးခြင်းဆိုသည်မှာ အဖွဲ့၏အုပ်ချုပ်ရေးစနစ်အားလုံး အဆင်ပြေစွာ လည်ပတ်မှု ရှိမရှိကိုစစ်ဆေးခြင်း ဖြစ်ပြီး အဖွဲ့အစည်း၏ ဘဏ္ဍာရေးဆိုင်ရာ စနစ်များကို စစ်ဆေး သည့်ပုံစံနှင့် ဆင်တူသည်။ စနစ်အားလုံး ရှိနေကြောင်းနှင့် ကောင်းမွန်စွာ လုပ်ဆောင်နေကြောင်းကို စစ်ဆေးသည့် အတွက် အုပ်ချုပ်ရေးဆိုင်ရာစနစ်များကို စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းတို့ကို တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ် ပြုလုပ်လေ့ရှိကြသည်။
စစ်ဆေးရာတွင် အဖွဲ့တွင်းစစ်ဆေးခြင်း (internal audit) နှင့် ပြင်ပမှ စစ်ဆေးခြင်း (external audit) တို့ ဖြစ်သည်။ အဖွဲ့တွင်းစစ်ဆေးခြင်းကို အဖွဲ့အစည်းအတွင်းမှ တဦးဦးက ဆောင်ရွက်ရပြီး ယင်းတာဝန်ကို ယူသူသည် အဖွဲ့အစည်းနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ရန်လိုအပ်ပြီး အဖွဲ့အစည်း၏ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေး ပိုင်းနှင့် ဆက်စပ်ပတ်သက်မှုရှိသူမဖြစ်ရပါ။ အမှုဆောင်ဒါရိုက်တာ (Executive Director)၊ အုပ်ချုပ်ရေးမှူး (Administrator)၊ ပစ္စည်းထိန်း (Storekeeper) နှင့် ဝယ်ယူရေးအရာရှိ (Procurement Officer) တို့သည် စာရင်းစစ်ဖြစ်ခွင့် မရှိပါ။ ဒါရိုက်တာဘုတ်အဖွဲ့ဝင် တစ်ဦးဦး သို့မဟုတ် ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံရှိသည့် အဖွဲ့ဝင်တစ်ဦးကို တာဝန်ပေးရသည်။ ပြင်ပစာရင်းစစ်တဦးဦးက အဖွဲ့အစည်းကို လာရောက်မစစ်ဆေးမီ အဖွဲ့၏စနစ်များကို ကြိုတင်စစ်ဆေးနိုင်ရန်အတွက် အဖွဲ့တွင်း စစ်ဆေးခြင်းသည် အရေးကြီးပါသည်။ ပြင်ပစာရင်းစစ်ခြင်းအတွက် အဖွဲ့၏ဘုတ်အဖွဲ့ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့ သို့မဟုတ် အဖွဲ့ကိုငွေကြေးပိုင်းဆိုင်ရာပံ့ပိုးသည့်အဖွဲ့မှ ရွေးချယ်သူတစ်ဦးက ဆောင်ရွက်ပါလိမ့်မည်။
စာရင်းစစ်ခြင်းကို ပြုလုပ်ရန်အတွက် စာရင်းစစ်သည် စစ်ဆေးရန်စာရင်း (checklist)အတိုင်း တွေ့ရှိချက် များကို မှတ်တမ်းတင်ရသည်။ အမှားအယွင်းများ ရှိပါက စာရင်းစစ်က မည်သည့်အမှားဖြစ်ကြောင်းနှင့် ၎င်းကို မည်သို့ပြင်ဆင်သင့်သည်ကို ရှင်းရှင်းလင်းလင်း ရှင်းပြရသည်။ ပထမဆုံးအကြိမ် စာရင်းစစ်ခြင်းကို ပြုလုပ်သည့်အခါ စာရွက်စာတမ်းတိုင်းကို သေသေချာချာ စစ်ဆေးရမည်ဖြစ်သောကြောင့် အချိန်များစွာ (စာရွက်စာတမ်းတစ်ခုချင်းစီကို စစ်ဆေးရန် တစ်ပတ်အထိ) ကြာနိုင်ပါသည်။ သို့ရာတွင် ပထမဆုံး စာရင်းစစ်ပြီးနောက် ဝန်ထမ်းများက အမှားများကို ပြင်ဆင်ပြီးပါက စာရင်းစစ်သည် ရက်အနည်းငယ် အတွင်း အားလုံးကို စစ်ဆေးနိုင်ပါသည်။ စာရင်းစစ်ရန်အတွက် စာရင်းစစ်သည် အောက်ပါ ဖော်ပြချက်တစ်ခုစီကို ကြည့်ရှုပြီး မှန်ကန်ခြင်း ရှိ၊ မရှိ စစ်ဆေးရုံသာ ဖြစ်ပါသည်။ မှန်ကန်မှုမရှိပါက စာရင်းစစ်သည် မှားယွင်းချက်/လိုအပ်ချက်အတိအကျကို ချရေးရမည်။ ဥပမာ – စာရင်းစစ်သည် “ပစ္စည်း/ပုံသေစာရင်း (Fixed Assets Register) တွင် ယင်းပစ္စည်းအားလုံးကို မှန်ကန်စွာ မှတ်တမ်းတင်ထားခြင်း ရှိ၊ မရှိ” စစ်ဆေးပါက ပစ္စည်းအားလုံးကို သွားရောက်ကြည့်ရှုကာ ၎င်းတို့၏ အခြေအနေ၊ တည်နေရာ၊ အမှတ်စဉ်နံပါတ်များ စသည်တို့နှင့် တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်သည်။ ဥပမာ – စာရင်းစစ်သည် ကုလားထိုင်အသစ်များတွင် အမှတ်စဉ်နံပါတ်များ မပါရှိသည်ကို တွေ့ရှိပါက၊ ၎င်းသည် အုပ်ချုပ်ရေးမှူး/စီမံရေးရာတာဝန်ခံက ကုလားထိုင်အသစ်များကို အမှတ်စဉ်နံပါတ်များ ပေးရန် လိုအပ် ကြောင်း ရေးမှတ်ထားသင့်ပါသည်။
စာရင်းစစ်ပြီးသည့်အခါ တွေ့ရှိချက်များပါရှိသော အစီရင်ခံစာတစ်စောင်ကို ပြင်ဆင်ပြီး ဝန်ထမ်းများနှင့် ဒါရိုက်တာဘုတ်အဖွဲ့သို့ မျှဝေရသည်။ ထို့နောက် စာရင်းစစ်သည် အမှားများကို မည်သို့ပြင်ဆင်ရမည် ဖြစ်ကြောင်း အကြံပြုချက်များပေးသင့်သည်။ အမှုဆောင်ဒါရိုက်တာ (Executive Director) တွင် ထိုအကြံပြုချက်များကို လိုက်နာဆောင်ရွက်စေရန် တာဝန်ရှိပါသည်။
အဖွဲ့တွင်း စစ်ဆေးရန်စာရင်း (INTERNAL AUDIT CHECKLIST)
က) အဖွဲ့တွင်းစနစ်များ (INTERNAL SYSTEMS)
- အဖွဲ့အစည်းတွင် နာယကအဖွဲ့ (Board of Trustees) သို့မဟုတ် ဒါရိုက်တာဘုတ်အဖွဲ့ (Board of Directors) ရှိ/မရှိ။
- စာဖြင့်ရေးသားထားသော အဖွဲ့အစည်းဖွဲ့စည်းပုံဇယား (Organizational Structure Chart) ရှိ/မရှိ
- အဖွဲ့အတွက် ပြုလုပ်ထားသည့် အစီရင်ခံစာများကို ပြန်လည်စစ်ဆေးပြီး အရေးယူဆောင်ရွက်သည့် စနစ်တစ်ခုရှိပြီး အကောင်အထည်ဖော်နေမှုရှိ/မရှိ
ခ) ပစ္စည်း/ပုံသေများ (FIXED ASSETS)
- အဖွဲ့တွင် ရှင်းလင်းပြတ်သားသော အဖွဲ့ပိုင်ပစ္စည်းထိန်းသိမ်းမှုဆိုင်ရာ မူဝါဒတစ်ခုရှိ/မရှိ
- ပစ္စည်းထိန်းသိမ်းမှုဆိုင်ရာ မူဝါဒကို အကောင်အထည်ဖော်နေမှုရှိ/မရှိ
- ပစ္စည်းသေစာရင်းမှတ်ပုံတင်ခြင်း (Fixed Assets Register) တွင် ပစ္စည်းအားလုံးကို မှန်ကန်စွာ မှတ်တမ်းတင်ထားမှုရှိ/မရှိ
- ပစ္စည်းများကို ပုံမှန်ရေတွက်ပြီး မှတ်တမ်းတင်ထားခြင်းရှိ/မရှိ
ဂ) ယာဉ်စီမံခန့်ခွဲမှု (VEHICLE MANAGEMENT) အဖွဲ့ပိုင်ယာဉ်ရှိလျှင်
- အဖွဲ့အစည်းတွင် ပြည့်စုံသော ယာဉ်အသုံးပြုမှု မူဝါဒရှိ/မရှိ
- ယာဉ်မူဝါဒကို အကောင်အထည်ဖော်မှုရှိ/မရှိ
- အဖွဲ့အစည်းသည် အပြည့်အစုံနှင့် မှန်ကန်စွာ ဖြည့်သွင်းထားသော ယာဉ်မှတ်တမ်းစာအုပ် (Vehicle Logbook) ထားရှိ/မရှိ
ဃ) အသုံးအဆောင်ပစ္စည်းစာရင်း (INVENTORY)
- စာဖြင့်ရေးသားထားသော အသုံးအဆောင်ပစ္စည်းစာရင်း စီမံခန့်ခွဲမှုမူဝါဒရှိ/မရှီ
- ပစ္စည်းစာရင်း မူဝါဒကို အကောင်အထည်ဖော်မှုရှိ/မရှိ
- ပစ္စည်းစာရင်းကို အသုံးပြုသည့်အခါ-
- ခွင့်ပြုချက်ပေးသည့်သူ မှန်ကန်မှုရှိ/မရှိ
- ပစ္စည်းတောင်းခံလွှာပုံစံ (Supply Request Form)မှန်ကန်စွာအသုံးပြုမှုရှိ/မရှိ
- ပစ္စည်းစာရင်း (သုံးစွဲ၍မကုန်နိုင်သော ပစ္စည်းများ) သို့မဟုတ် ထောက်ပံ့ရေး ထိန်းချုပ်ကတ် (Supply Control Card) တွင် မှန်ကန်စွာ မှတ်တမ်းတင်မှုရှိ/မရှိ
- ကုန်ပစ္စည်းစာရင်းကို ပုံမှန်ရေတွက်ပြီး မှတ်တမ်းတင်ထားမှုရှိ/မရှိ
င) ဝန်ထမ်းရေးရာနှင့် လုပ်ခလစာ (PERSONNEL AND PAYROLL)
- အဖွဲ့အစည်းတွင် ရှင်းလင်းပြတ်သားသော ဝန်ထမ်းရေးရာ မူဝါဒရှိ/မရှိ
- အဖွဲ့အစည်းသည် ဝန်ထမ်းရေးရာမူဝါဒကို အကောင်အထည်ဖော်ခြင်းရှိ/မရှိ
- ဝန်ထမ်းများအားလုံးတွင် အသေးစိတ် အလုပ်ဖော်ပြချက်များ (job descriptions) ရှိ/မရှိ
- ဝန်ထမ်း၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်းနှင့် တိုင်းတာခြင်းဆိုင်ရာ သတ်မှတ်ထားသော စနစ်များရှိပြီး အသုံးပြုနေခြင်းရှိ/မရှိ
- ဝန်ထမ်းများအားလုံးတွင် လက်ရှိ၊ စာဖြင့်ရေးသားထားသော၊ လက်မှတ်ရေးထိုးထားသည့် အလုပ်ခန့်စာချုပ်များ (Employment Contracts) ရှိ/မရှိ
- လုပ်ခလစာဆိုင်ရာ စာရွက်စာတမ်းနှင့် ခွင့်ပြုချက် (ဥပမာ- အလုပ်ချိန် မှတ်တမ်းနှင့် စာချုပ်များ) ရှိ/မရှိ
အဖွဲ့အစည်းဆိုင်ရာ မူဝါဒများ ရေးဆွဲနည်း
အဖွဲ့အစည်း၏ အုပ်ချုပ်ရေးစနစ်များကို စနစ်တကျ စီစဉ်သတ်မှတ်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့အတွက် လုပ်ထုံး လုပ်နည်းများကို လေ့လာသိရှိပြီးနောက်၊ အဖွဲ့ရှိဝန်ထမ်းများအနေဖြင့် လုပ်ထုံးလုပ်နည်း များအတိုင်း လိုက်နာရန်အတွက် အဖွဲ့အစည်းဆိုင်ရာ မူဝါဒအဖြစ် ဒါရိုက်တာ ဘုတ်အဖွဲ့ (Board of Directors) မှ အတည်ပြုချမှတ်ထားသင့်သည်။ အဖွဲ့အစည်းဆိုင်ရာ မူဝါဒများသည် အဖွဲ့အစည်း၏ အရင်းအမြစ်များကို စည်းမျဉ်းစည်းကမ်းနှင့်အညီ စီမံခန့်ခွဲရန် အထောက်အကူဖြစ်စေသောကြောင့် အလွန်အရေးကြီးသည်။ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုတစုံတရာရှိပါက ကိုင်တွယ်ဖြေရှင်းရန် သဘောတူထားသည့် နည်းလမ်း များလည်း ထည့်သွင်းဖော်ပြရမည်။
မူဝါဒများ ရေးဆွဲခြင်း အဆင့်ဆင့်
၁။ အဖွဲ့အစည်းအတွက် လိုအပ်သော မူဝါဒများကို ဆုံးဖြတ်ခြင်း
ဘဏ္ဍာရေးစနစ်ကောင်းတခု စနစ်တကျ ချမှတ်ရန်အတွက် –
- အသုံးအဆောင်ပစ္စည်းစာရင်း မူဝါဒ – အဖွဲ့အစည်း၏ ကုန်ပစ္စည်းစာရင်းကို စီမံခန့်ခွဲရန်။
- ပုံသေပစ္စည်းဆိုင်ရာ မူဝါဒ – ကင်မရာ၊ မိတ္တူကူးစက် စသဖြင့်မတူညီသည့် ပစ္စည်းများ အတွက် လုပ်ထုံးလုပ်နည်းများရှိသည့် ပုံသေပစ္စည်းများအတွက် သီးသန့်မူဝါဒများထားရှိပြီး စီမံခန့်ခွဲရန်
- ယာဉ်မူဝါဒ – အဖွဲ့အစည်းပိုင် ယာဉ်တမျိုးမျိုးရှိလျှင် ယင်းကို စီမံခန့်ခွဲရန်
- ဝန်ထမ်းရေးရာ မူဝါဒ – ဝန်ထမ်းများကို မည်သို့ ခန့်အပ်မည်၊ ထိန်းသိမ်းမည်၊ နှင့် အလုပ်မှ ထုတ် ပယ်မည်စသည့် လုပ်ထုံးလုပ်နည်းများကို ဖော်ပြရန်
၂။ လက်ရှိ လုပ်ထုံးလုပ်နည်းများကို ဖော်ပြခြင်း
အဖွဲ့အစည်းအတွက် လိုအပ်သော မူဝါဒများကို သတ်မှတ်ပြီးပါက မူဝါဒများကို စတင်ရေးဆွဲရမည်။ လက်ရှိ လုပ်ထုံးလုပ်နည်းများအားလုံးကို စာရင်းပြုစုပါ။ လက်ရှိလုပ်ဆောင်နေပုံများကို ချရေးပါ။
၃။ မူဝါဒအသစ်အတွက် မူဘောင်ချမှတ်ခြင်း
လက်ရှိ လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံ၍ မပါဝင်သေးသော သို့မဟုတ် ပြုပြင်ရန်လိုအပ်သောအချက် များကို စဉ်းစားဖော်ထုတ်ပါ။ မူဝါဒတစ်ခုစီအတွက် လမ်းညွှန်ချက်များနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဆိုင်ရာ စံနှုန်းများအတိုင်းဖြစ်စေရန် လိုအပ်နေသေးသည့် အချက်များကို ဖော်ထုတ်ပါ။ မူဝါဒများတွင် အောက်ပါအချက်များ ပါဝင်သင့်သည်-
- မူဝါဒနှင့် ဆီလျော်အကျုံးဝင်သည့်အချက်များ ချမှတ်ခြင်း
- အရင်းအမြစ်ကို စီမံခန့်ခွဲရန် လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်း
- မည်သူက မည်သည့် တာဝန်ယူမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြခြင်း
- အရင်းအမြစ်ကို စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းတို့ကို မည်သို့လုပ်ဆောင်မည်ကို ရှင်းပြခြင်း
- အရင်းအမြစ်ကို စီမံခန့်ခွဲရန် မည်သည့် မှတ်တမ်းများကို ထားရှိမည်ကို စာရင်းပြုစုခြင်း
၄။ မူဝါဒအသစ် ရေးဆွဲခြင်း
လက်ရှိလုပ်ထုံးလုပ်နည်းများနှင့် အားနည်းချက်များအပေါ် အခြေခံ၍ မူဝါဒအသစ်ကို ရေးဆွဲသင့်သည်။ ထို့နောက် မူဝါဒအသစ်ကို ခေါင်းဆောင်မှုအဖွဲ့မှ အတည်ပြုရမည်။
၅။ မူဝါဒကို အတည်ပြုခြင်း
အဖွဲ့အစည်း၏ ဝန်ထမ်းများ၊ အဖွဲ့ဝင်များနှင့် ခေါင်းဆောင်မှုအဖွဲ့အားလုံးပါဝင်ပြီး မူဝါဒကို ရေးဆွဲ သင့် သည်။ မူဝါဒကို ပြန်လည်သုံးသပ်ရန်နှင့် အဖွဲ့အစည်းအတွက် လက်တွေ့ကျ/မကျကို ဆန်းစစ်ပေးနိုင်မည့် နည်းလမ်းများကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။
အဖွဲ့၏ခေါင်းဆောင်သူများက မူဝါဒကို အတည်ပြုပြီး မူဝါဒများအားလုံး ပါဝင်သော အုပ်ချုပ်ရေးဆိုင်ရာ လက်စွဲစာအုပ် (Administrative Manual) အဖြစ်ထားရှိနိုင်သည်။ ၎င်းတွင် ဖွဲ့စည်းပုံဥပဒေ၊ ရည်မှန်းချက် ဖော်ပြချက် (ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါဝင်ပါက) နှင့် အဖွဲ့အစည်းဖွဲ့စည်းပုံဇယားတို့လည်း ထည့်သွင်း နိုင်သည်။ ဝန်ထမ်းအားလုံးအနေဖြင့် မူဝါဒများကို ဖတ်ရှုလေ့လာနိုင်အောင် ဝေမျှပေးထားပြီး မကြာခဏ သတိပေးသင့်သည်။ အရေးကြီးဆုံးအချက်မှာ အမှန်တကယ် လိုက်နာနိုင်သည့် မူဝါဒများကို ချမှတ်ကြရန် ဖြစ်သည်။
မူဝါဒ စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းအတွက် မေးခွန်း အခု – ၂၀
အဖွဲ့အစည်း၏ မူဝါဒများအားလုံးကို ရေးဆွဲခြင်းနှင့်/သို့မဟုတ် အတည်ပြုခြင်းသည် ဒါရိုက်တာဘုတ်အဖွဲ့ သို့မဟုတ် ခေါင်းဆောင်မှုအဖွဲ့၏ အဓိကတာဝန်တခုဖြစ်သည်။ မူဝါဒတခုကို လက်ခံကျင့်သုံးသင့်၊ မသင့် မဆုံးဖြတ်မီ မူဝါဒ၏ ရှုထောင့်များစွာကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
၁. မူဝါဒသည် အဖွဲ့အစည်း၏ ရည်မှန်းချက်များနှင့် ပန်းတိုင်များကို ထင်ဟပ်ပါသလား။
၂. မူဝါဒသည် အဖွဲ့အစည်း၏ အခြားမူဝါဒတခုခုနှင့် ဆန့်ကျင်ပါသလား။
၃. အသစ်ချမှတ်သည့်မူဝါဒသည် လက်တွေ့ကျင့်သုံးနေသည်နှင့် ဆင်တူပါသလား။
၄. မူဝါဒသည် လက်တွေ့ကျပါသလား။ ရေးထားသည့်အတိုင်း လက်တွေ့အကောင်အထည်ဖော်နိုင်ပါ့မလား။
၅. မူဝါဒသည် နိုင်ငံတကာစံနှုန်း (ဥပမာ- ဘဏ္ဍာရေးအတွက် အများအားဖြင့် လက်ခံထားသော စာရင်းကိုင် လုပ်ထုံးလုပ်နည်းများ/Generally Accepted Accounting Procedures) နှင့် ကိုက်ညီပါသလား။
၆. မူဝါဒသည် ဒေသဆိုင်ရာ စံနှုန်းများနှင့် ဒေသဆိုင်ရာ စည်းမျဉ်းများ (ဥပမာ- နေထိုင်သည့် နိုင်ငံ၏ အလုပ်သမားဥပဒေ) နှင့် ကိုက်ညီမှုရှိပါသလား။
၇. မူဝါဒကို အခြားမူဝါဒများနှင့် ပေါင်းစည်းနိုင်ပါသလား။
၈. မူဝါဒသည် ပွင့်လင်းမြင်သာမှုရှိပါသလား။ လူတိုင်းသိပါသလား၊ ၎င်းကို လိုက်နာနေသည်ကို မြင်သာနိုင်ပါသလား။
၉. မူဝါဒတွင် အချို့လူများ နားမလည်နိုင်သော နည်းပညာဆိုင်ရာ စကားလုံးများ ပါဝင်နေသလား။
၁၀. မူဝါဒသည် မည်သူက မည်သည့်အတွက် မည်သည့်တာဝန်ယူမှုရှိကြောင်း၊ နှင့် မည်သည့် အချိန်တွင် လုပ်ဆောင်သင့်ကြောင်းကို အတိအကျ ဖော်ပြထားပါသလား။
၁၁. မူဝါဒသည် အဓိပ္ပါယ်ဝေဝါးပြီး (အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုနိုင်ခြင်းမျိုး) ဖြစ်နေပါသလား။
၁၂. မူဝါဒသည် တာဝန်ယူမှုနှင့် ရှင်းလင်းပြတ်သားသော တာဝန်ခံမှုမျိုးရှိရဲ့လား။
၁၃. မူဝါဒကို မည်သို့ အကောင်အထည်ဖော်ရမည်နှင့်/သို့မဟုတ် စည်းကမ်းတင်းကြပ်ရမည်ကို ရှင်းပြပါသလား။
၁၄. မူဝါဒကို မနာခံခြင်းကြောင့် ရရှိလာနိုင်သည့် အကျိုးဆက်များကို ဖော်ပြပါသလား။
၁၅. ဤမူဝါဒကို အကောင်အထည်ဖော်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ ကုန်ကျစရိတ်များ ရှိပါသလား။
၁၆. ရှိပါက၊ အဖွဲ့အစည်းသည် ဤကုန်ကျစရိတ်များကို ကျခံနိုင်ပါသလား။
၁၇. မူဝါဒသည် ဘက်လိုက်ခြင်း သို့မဟုတ် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းမျိုး ရှိပါသလား။
၁၈.မူဝါဒသည် လူနည်းစုများအတွက် ထည့်သွင်းစဉ်းစားရေးဆွဲခြင်းမျိုးရှိရဲ့လား။
၁၉. မူဝါဒကို လိုအပ်ပါက ပြောင်းလဲခြင်းမျိုးကို ခွင့်ပြုပါသလား။
၁၀. မူဝါဒသည် အချိန်ကြာမြင့်စွာ အကောင်အထည်ဖော်နိုင်လောက်အောင် လိုက်လျောညီထွေရှိရဲ့လား။


















