မဟာဗျူဟာအတွက် အဆင်သင့်ဖြစ်ပါပြီ။
အထက်တွင်လေ့လာဆန်းစစ်ချက်များအပေါ်အခြေခံပြီး အဓိကမဟာဗျူဟာများ၊ လုပ်ငန်းလည်ပတ်ရန် အဓိက ပြင်ဆင်လုပ်ဆောင်ချက်များကို ဇယားများတွင် ထည့်သွင်းရန် အဆင်သင့်ဖြစ်ပြီဖြစ်သည်။ မဟာဗျူဟာအသစ်အတွက် အပြောင်းအလဲများကို စီမံခန့်ခွဲသည့်လုပ်ငန်းစဉ် များနှင့် မဟာဗျူဟာကို ပုံမှန်အကဲဖြတ် သုံးသပ် စစ်ဆေး ခြင်း (Monitoring & Evaluation တို့နှင့်ပတ်သက်၍ယခုအပိုင်းတွင် ဆက်လက်ဆွေးနွေးပေးသွားပါမည်။
က။ အဓိကမဟာဗျူဟာများ Core Future Strategies
| အကြံပြုလိုသည့် မဟာဗျူဟာ Proposed strategy | ယူဆချက်များ၊ အချက်အလက်၊ တန်ဖိုးထားမှုများ Assumptions, facts, and values that support this proposed strategy | တွေ့ရနိုင်သည့် အခက်အခဲ စိန်ခေါ်မှုများ What possible obstacles do we face in implementing this strategy? | ယင်းတို့ကိုရင်ဆိုင်ကျော်ဖြတ်ရတွင် အသုံးပြုမည့် မဟာဗျူဟာများ strategies to overcome obstacles | ယင်းဗျူဟာများကို ပြန်လည် သုံးသပ်ရန် လိုအပ် နိုင်သည့်အခြေအနေများ What triggers might encourage us to reevaluate this strategy? |
ခ။ စီမံရေးရာ၊ဘဏ္ဍာငွေကြေးနှင့်အုပ်ချုပ်စီမံမှုပိုင်းဆိုင်ရာ ဦးစားပေးလုပ်ငန်းများ
| စီမံရေးရာလုပ်ငန်းများAdministrative Functions | ပန်းတိုင်(များ)Goal(s) | ရေရှည်ရည်မှန်းချက်များ/ဦးစားပေးများLong-Term Objectives/Priorities |
| ဝန်ထမ်းများနှင့် အကျိုးခံစားခွင့်များ Staffing and benefits | ယင်းအချက်များ သေချာစွာ ချမှတ်ပါရှိသည့် မူဝါဒ | |
| လူထုဆက်ဆံရေး/ဆက်သွယ်ရေး | ||
| အခြေခံအဆောက်အအုံ Infrastructure: information systems, technology, facilities, etc. | ||
| စီစဉ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် အရည်အသွေးပိုင်းဆိုင်ရာ ထိန်းချုပ်မှု Planning, evaluation, quality control | ||
| ဘဏ္ဍာရေးရာလုပ်ငန်းများFinancial Functions | ပန်းတိုင်(များ)Goal(s) | ရေရှည်ရည်မှန်းချက်များ/ဦးစားပေးများ Long-Term Objectives/Priorities |
| ဘဏ္ဍာရေးရာစီမံခန့်ခွဲမှု | ||
| အရင်းအမြစ်များစီမံခန့်ခွဲမှု | ||
| အုပ်ချုပ်စီမံမှုရေးရာလုပ်ငန်းများ Governance Functions | ပန်းတိုင်(များ)Goal(s) | ရေရှည်ရည်မှန်းချက်များ/ဦးစားပေးများ Long-Term Objectives/Priorities |
| ဒါရိုက်တာဘုတ်အဖွဲ့Board of directors | ||
| ကွန်ရက်ချိတ်ဆက်ခြင်းနှင့် ပူးပေါင်း လုပ်ဆောင်မှု Networking and collaboration |
ဂ။ စပ်ကူးမတ်ကူးကာလစီမံခန့်ခွဲမှု Manage the transition
မဟာဗျုဟာရေးဆွဲခြင်းလုပ်ငန်းစဉ်၏ဆုံးဖြတ်ချက်များအရ ပြုလုပ်ရမည့် အဓိကအပြောင်းအလဲများ၊ယင်း အပြောင်းအလဲများအောင်မြင်စေရန်အတွက် လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာပြောင်းလဲမှု၊ စနစ်၊ ဖွဲ့စည်းပုံများနှင့် အဖွဲ့အစည်း၏ အလေ့အကျင့် ပိုင်းဆိုင်ရာအပြောင်းအလဲများအတွက် လိုအပ်ချက်များကို စဉ်းစားသင့်သည်။
- မဟာဗျူဟာအရ ပြောင်းလဲရန်၊ ပြောင်းလဲမည့်အဓိကအချက်များ
- ဝန်ထမ်းများကို သက်ရောက်မှုရှိနိုင်သည့် အပြောင်းအလဲများ (နည်းပညာ၊ကျွမ်းကျင်မှုပိုင်းဆိုင်ရာ)
- အပြောင်းအလဲများဖြစ်အောင် ပြင်ဆင်ညှိနှိုင်းရန်လိုအပ်မည့် ဖွဲ့စည်းပုံများနှင့် စနစ် ပြောင်းလဲမှုများ
- အပြောင်းအလဲများဖြစ်အောင် ပြင်ဆင်ညှိနှိုင်းရန်လိုအပ်မည့် အဖွဲ့အစည်း၏ အလေ့အကျင့် (စိတ်သဘောထား)ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
ဥပမာ – မိသားစုပုံစံဆက်ဆံရေးမှ အထက်၊အောက်တာဝန်ယူမှုတာဝန်ခံမှုရှိစွာ လုပ်ဆောင်သည့် အလေ့အကျင့်သို့ ပြောင်းလဲခြင်းမျိုး
| New skills that may be needed လိုအပ်သည့်နည်းပညာကျွမ်းကျင်မှုအသစ်များ | Modified or new structures and systems that may be needed ပြင်ဆင်ရန်လိုအပ်မည့် ပုံစံနှင့်စနစ်များ | New culture/mindset that may be needed ပြောင်းလဲရန်လိုမည့် အလေ့အကျင့်/ စိတ်နေသဘောထား |
ဃ။ အကဲဖြတ်သုံးသပ်လေ့လာခြင်း (Monitoring and Evaluation)
ချမှတ်ခဲ့သည့် မဟာဗျူဟာ၏ အောင်မြင်မှုကို တိုင်းတာသိရှိနိုင်မည့်နည်းလမ်းများကို မဟာဗျူဟာလုပ်ငန်းစဉ် တွင်ထည့်သွင်းရေးဆွဲကြသည်။ ရှေးဦးစွာ ချမှတ်ထားသည့်မဟာဗျူဟာပန်းတိုင်များအတွက် တိုင်းတာရန် ညွှန်းကိန်း နှင့် မည်သို့တိုင်းတာမည်ဆိုသည်ကို ထည့်သွင်းကြသည်။ အများအားဖြင့် မဟာဗျူဟာပန်းတိုင်တခု အတွက် ညွှန်းကိန်း (indicator) များသည် လုပ်ငန်းတခုလုပ်ဆောင်ပြီးနောက် အချိန်တခုအတွင်း တွေ့ရနိုင်သည့် အပြောင်းအလဲများဖြစ်တတ်သည်။ ဥပမာ – ကွန်ပြူတာသင်တန်းပေးပြီးနောက် တက်ရောက်ခဲ့သည့်သင်တန်း သားအရေအတွက်၊ ပေးခဲ့သည့်သင်တန်းအရေအတွက်တို့မှာ လုပ်ငန်းတခုလုပ်၍ချက်ချင်းမြင်ရနိုင်သည့် ရလဒ် (output)ညွှန်းကိန်းများဖြစ်သည်။ “လုပ်ငန်းတွင်ပို၍ထိရောက်စွာပံ့ပိုးကူညီနိုင် သည့် ဝန်ထမ်းအရေအတွက် များပြားလာ စေရန်” သို့မဟုတ် “ဝန်ထမ်းများ၏စွမ်းရည်မြှင့်တင်ရန်” ရည်ရွယ်ချက်၏ အစိတ်အပိုင်းတခုအဖြစ် ကွန်ပြူတာ သင်တန်းပေးခဲ့ခြင်းဖြစ်လျှင် ယင်းသင်တန်းတက်ရောက်ပြီးနောက် လုပ်ငန်းကို ပိုထိရောက်စွာ လုပ်ဆောင်လာနိုင်သည့် ဝန်ထမ်းအရေအတွက် များလာခြင်း (outcome) ညွှန်းကိန်းနှင့် တိုင်းတာနိုင်သည်။ ချက် ချင်းရလဒ်ညွှန်းကိန်းများမှာ တိုင်းတာရန်လွယ်ကူနိုင်သော်လည်း အကျိုးရလဒ်ညွှန်းကိန်းအဆင့်တွင်မည်သို့တိုင်း တာသိရှိနိုင်မည်ကို အနည်းငယ်စဉ်းစားဖော်ထုတ်ရန် လိုအပ်နိုင်သည်။ အထက်ဖော်ပြပါ နမူနာတွင် လုပ်ငန်းကို ပိုထိရောက်စွာလုပ်ဆောင်လာနိုင်သည့် ဝန်ထမ်းများလာသည်ကို မည်သို့တိုင်းတာကြည့်နိုင်မည်နည်း။ ဝန်ထမ်းများအား သင်တန်းတွင် သင်ကြားခဲ့သည့်နည်းလမ်းများကို အသုံးပြုနိုင်မှုနှင့် အသုံးပြုနေမှုအခြေအနေများကို ပြန်လည်မေးမြန်းခြင်း (follow-up)၊အထက် အရာရှိများ၏ အမြင်များ၊ ယခင်နှင့်ယခုအလုပ်ပြီးစီးနိုင်မှု အခြေ အနေစသည်တို့ဖြင့် တိုင်းတာ၍ရနိုင်သည်။ ညွှန်းကိန်းများသည် –
- ကျင့်ဝတ်နှင့် ညီညွတ်သော (Ethical)
- အသုံးပြုနိုင်သော Useful
- စနစ်/နည်းလမ်းတကျရှိသော Scientifically Robust
- ယုံကြည်စိတ်ချရသော Reliable
- တိုင်းတာရနိုင်သော/လက်လှမ်းမီနိုင်သော Accessible နည်းလမ်းများဖြစ်ရပါမည်။
ယခုရေးဆွဲချမှတ်လိုက်သည့် မဟာဗျူဟာကို ပုံသေယူရန်မလိုအပ်ပဲ လိုအပ်လျှင် ပြန်လည်သုံးသပ်ပြင်ဆင် နိုင်သည်။ ထို့ကြောင့် အမြဲမပြတ်လေ့လာကြည့်ရှုအကဲဖြတ်၍ လိုအပ်သည့်ပြင်ဆင်မှုများလုပ်ဆောင်ရသည်။
- ရေတိုလုပ်ဆောင်ပြီးစီးရမည့်လုပ်ငန်းများကို ပြီးလျှင်ချက်ချင်းပြန်လည်သုံးသပ်ပါ။
- မလုပ်ဆောင်မီအခြေအနေနှင့် လုပ်ဆောင်ပြီးအခြေအနေတို့ကို နှိုင်းယှဉ်သုံးသပ်ပါ။
- အပြောင်းအလဲကို အကဲဖြတ်နိုင်မည့် ညွှန်းကိန်း/မှတ်တိုင်(indicator/benchmark) များပြုလုပ်၍ ၃ လ တကြိမ်သုံးသပ်ခြင်းနှင့် နှစ်စဉ်သုံးသပ်ခြင်းတို့ ပြုလုပ်၍ နှစ်စဉ်အစီရင်ခံစာတွင် ထည့်သွင်းသင့်ပါ သည်။
အောက်ပါမေးခွန်းများကို မေး၍ တိုးတက်ပြောင်းလဲမှုများကိုစောင့်ကြည့်ပြီး ပြုပြင်စရာရှိလျှင်ပြင်ဆင်ပါ။
- ဘာတွေလုပ်ဆောင်ပြီးစီးပြီလဲ။
- ဘာတွေလုပ်ဖို့ကျန်နေသေးလဲ။
- ချမှတ်ထားခဲ့တဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီလျော်သေးရဲ့လား။
- ဘယ်လိုအပြောင်းအလဲကြီးကြီးမားမားမျိုးတွေက အဖွဲ့ရဲ့လုပ်ငန်းကို ထိခိုက်နေသလဲ။
- မဟာဗျူဟာတခုလုံးကရော အဖွဲ့အတွက်ဆီလျော်သေးရဲ့လား။
- ဘယ်လိုပြင်ဆင်တာမျိုး၊ ညှိနှိုင်းလုပ်ဆောင်တာမျိုး အပြောင်းအလဲတွေလုပ်ဖို့လိုမလဲ။
မဟာဗျူဟာတွင်ပါဝင်သည့်အစိတ်အပိုင်းများနှင့် အသေးစိတ်ဇယားများ
မဟာဗျူဟာတခုတွင် ပါရှိသည့်အစိတ်အပိုင်းများမှာ –
၁) အနှစ်ချုပ်ဖော်ပြချက် (Executive summary) – ယင်းအပိုင်းကို မထည့်လိုလျှင်လည်း ရပါသည်။
၂) အဖွဲ့အစည်းသမိုင်းနှင့် အဖွဲ့အစည်းအကြောင်း (မိတ်ဆက်အနေဖြင့် မည်သို့ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်ကို ဖော်ပြလေ့ရှိကြသည်။timeline ထည့်သွင်းခြင်းဖြင့် အားလုံးအတွက် အနှစ်ချုပ်လွယ်ကူမြင်သာစေသည်။)
၃) မျှော်မှန်းအိပ်မက်/ရပ်တည်ခံယူချက် (Vision/Mission Statement)
၄) ပန်းတိုင်များနှင့် မဟာဗျူဟာရည်မှန်းချက်များ (Goals and objectives) – အချို့က ပန်းတိုင် ကို အဖွဲ့အစည်းတခုလုံးအတွက် ထားရှိသည့်ပန်းတိုင်သီးခြားထည့်သွင်း၍ မဟာဗျူဟာရည်မှန်းချက်များ ကို ခွဲခြားရေးတတ်ကြသည်။ ရည်မှန်းချက်ပန်းတိုင်ဟုလည်း သုံးစွဲပြီး မဟာဗျူဟာအတွက်သုံးတတ်ကြသည်။
၅) အသေးစိတ်လုပ်ငန်းစဉ်များ၊ (တာဝန်ခွဲဝေမှုနှင့် တာဝန်ခွဲများ၊ အချိန်အတိုင်းအတာများ ပါထည့်သွင်း တတ်သည်။)
၆) အကဲဖြတ်သုံးသပ်မည့်အစီအစဉ် (Monitoring and Evaluation plan)
၇) အခြားဆန်းစစ်လေ့လာသုံးသပ်ချက်မှတ်တမ်းများ (data gathered in the SWOT and internal/external environment,stakeholders management, managing transition analyses) အချို့အဖွဲ့အစည်းများက မဟာဗျူဟာတွင်တပါတည်းထည့်တတ်ကြပြီး အချို့ကပူးတွဲ (annex) အနေဖြင့် ထည့်သွင်းတတ်ကြသည်။
အောက်တွင် ဖော်ပြထားသည့် မာတိကာသည် အဖွဲ့တဖွဲ့၏မဟာဗျူဟာကို နမူနာအဖြစ်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။
မာတိကာ
၁) အဖွဲ့အစည်းစတင်ဖွဲ့စည်းမှုမှတ်တိုင်နှင့် အောင်မြင်မှုများ
အဖွဲ့အစည်း၏တိုးတက်ပြောင်းလဲမှုများ
၂)လက်ရှိအဖွဲ့၏အားသာချက်၊အားနည်းချက်၊အခွင့်အလမ်းနှင့်စိန်ခေါ်မှုများကို သုံးသပ်ချက် (SWOT ANALYSIS)
၄) လက်ရှိလုပ်ဆောင်နေသည့်လုပ်ငန်းများ
၅) ပတ်သက်ဆက်စပ်သူများအားဆန်းစစ်ခြင်း
၆) ————- ၏မဟာဗျူဟာ (၂၀၂၅ – ၂၀၂၈)
ရပ်တည်ခံယူချက် (Mission Statement)
အဖွဲ့အနေဖြင့် ချဉ်းကပ်လုပ်ဆောင်မည့်ဗျူဟာများ
၈) ———– အဖွဲ့၏ မဟာဗျူဟာလုပ်ငန်းစဉ် ဇွန် ၂၀၂၅ – မေ ၂၀၂၈
အဖွဲ့အစည်းပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအစီအစဉ်
မဟာဗျူဟာအသေးစိတ်လုပ်ငန်းစဉ်ဇယား
(၂၀၂၅ ခုနှစ် ဇန်နဝါရီ မှ ၂၀၂၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ)
မဟာဗျူဟာရည်မှန်းချက်ပန်းတိုင် – ၁
၁)
| မျှော်မှန်းရလဒ်များ – ၁.၁ (တိုင်းတာရန်နည်းလမ်း – ယခင် # အရေအတွက် လျော့နည်းလာခြင်း)၁.၂ ဖြည့်ဆည်းပေးရန် ((တိုင်းတာရန်နည်းလမ်း – # နှစ်စဉ် အရေအတွက်နှင့်ကိစ္စရပ်များ) | ||||
| လုပ်ဆောင်မည့်လုပ်ငန်းများ | အချိန်ကာလ | အဓိကတာဝန်ယူမည့်သူများ | လုပ်ငန်းအောင်မြင်မှုကို တိုင်းတာဖော်ပြချက် | လိုအပ်မည့်အရင်းအမြစ်များ |
| ၁. ၁. | ||||
| ၁.၁.၁ | ongoing | |||
| ၁.၁.၂ | ||||
| ၁.၁.၃ | ||||
| ၁.၂ | ||||
| ၁.၂.၁ | ongoing | |||
| ၁.၂.၂ | ||||
မဟာဗျူဟာရည်မှန်းချက်ပန်းတိုင် – ၂
၂)
| မျှော်မှန်းရလဒ်များ – ၂.၁ (တိုင်းတာရန်နည်းလမ်း – ယခင် # အရေအတွက် လျော့နည်းလာခြင်း)၂.၂ ဖြည့်ဆည်းပေးရန် ((တိုင်းတာရန်နည်းလမ်း – # နှစ်စဉ် အရေအတွက်နှင့်ကိစ္စရပ်များ) | ||||
| လုပ်ဆောင်မည့်လုပ်ငန်းများ | အချိန်ကာလ | အဓိကတာဝန်ယူမည့်သူများ | လုပ်ငန်းအောင်မြင်မှုကို တိုင်းတာဖော်ပြချက် | လိုအပ်မည့်အရင်းအမြစ်များ |
| ၂. ၁. | ||||
| ၂.၁.၁ | ongoing | |||
| ၂.၁.၂ | ||||
| ၂.၁.၃ | ||||
| ၂.၂ | ||||
| ၂.၂.၁ | ongoing | |||
| ၂.၂.၂ | ||||
အဖွဲ့အစည်းပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအစီအစဉ်
အဖွဲ့အနေဖြင့်လုပ်ငန်းများ ထိရောက်အောင်မြင်အောင် လုပ်ဆောင်နိုင်စေရန် အဖွဲ့အစည်းကျစ်လစ်ခိုင်မာအောင်လုပ်ဆောင်ရန်
| လုပ်ဆောင်ရန်လုပ်ငန်းများ | အချိန်ကာလ | အဓိကတာဝန်ယူလုပ်ဆောင်မည့်သူ | လိုအပ်သည့်အရင်းအမြစ်များ |
| ၁. | ချက်ချင်း | ||
| ၂. | |||
| ၃. | |||
| ၄. | |||
| ၅. | |||
| ၆. |
အသေးစိတ်လုပ်ငန်းစဉ်ရေးဆွဲခြင်း
| ၁.၁.၁ | |||||
| လုပ်ဆောင်ချက် | ကြိမ်ရေ | နေရာ | အဓိကလုပ်ဆောင်နေသူများ/ကုန်ကျစရိတ် | စိန်ခေါ်မှု/မှတ်ချက် | |
| ၁. | |||||
****************************************************************************************************





















