ဃ) ရှေ့ကိုမျှော်ကြည့်ခြင်း Look forward

မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစဉ်အတွက် နောက်ဆုံးဆန်းစစ်လေ့လာချက်လုပ်ငန်းစဉ်မှာ ရှေ့ရေးအတွက် ပြင်ဆင်စဉ်းစားခြင်းဖြစ်သည်။ ယင်းလုပ်ငန်းစဉ်တွင် ဖြစ်လာနိုင်မည့်အခြေအနေများကို ခန့်မှန်းတွက်ချက် ပြင်ဆင်ခြင်း (Scenario Planning)နှင့် အနာဂတ်အတွက်စဉ်းစားချက်များ (Possible considerations for future) တို့ကို လုပ်ဆောင်ကြသည်။

၁။ ဖြစ်လာနိုင်မည့်အခြေအနေများကို ခန့်မှန်းတွက်ချက်ပြင်ဆင်ခြင်း (Scenario planning)

ဤလုပ်ငန်းစဉ်သည် အနာဂတ် ဖြစ်နိုင်ခြေများကို စဉ်းစားတွက်ချက်ပြီး အဖွဲ့အတွက် အရေးကြီးသည့် အခြေ အနေတစ်ခုချင်းစီအတွက် သေချာစဉ်းစားသည်။ ယင်းသို့စဉ်းစားချက်များအပေါ် အခြေခံ၍ မဟာဗျူဟာများ ချမှတ်ပြီး မသေချာမှုများကို ကြိုတင်ခန့်မှန်းပြင်ဆင်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ ၎င်းလုပ်ငန်းစဉ်သည် မဟာ ဗျူဟာ ရေးဆွဲရာတွင် အသုံးပြုလေ့ရှိပြီး အနာဂတ်အတွက် တွေးတော စဉ်းစား စေနိုင်ရုံမျှမက ရလဒ် (အရေး ယူ လုပ်ဆောင်နိုင်သည့် မဟာဗျူဟာများ)ကိုပါ အလေးထားစဉ်းစားပေးသည်။ပထမဦးဆုံးအဆင့်တွင် စဉ်းစားရမည့်အတိုင်းအတာကို ချမှတ်ကြသည်။

အောက်ပါဇယားတွင် ဖော်ပြထားသည့် အချက်များဖြစ်သည့် အချိန်အတိုင်းအတာ၊ လုပ်ငန်းဆောင်ရွက်မည့်နေရာနှင့်  လုပ်ငန်းအတိုင်းအတာများကို အခြေခံပြီး ခန့်မှန်းတွက်ချက်ပြင်ဆင်ကြမည်ဖြစ်သည်။

၁။အချိန်အတိုင်းအတာ
၂။လုပ်ငန်းဆောင်ရွက်မည့်နေရာ
၃။အဖွဲ့၏ ဦးတည်အုပ်စု လက်တွဲလုပ်ဆောင်မည့်သူများ
၄။လုပ်ဆောင်မည့်လုပ်ငန်းများ

သစ်ပင်ချစ်သူများအဖွဲ့ကို ဥပမာပေးပြီး စဉ်းစားကြည့်ကြမည်ဆိုလျှင် – အချိန်အတိုင်းအတာအနေဖြင့် မဟာ ဗျူဟာရေးဆွဲချမှတ်ကြရာတွင် ၃ နှစ် သို့မဟုတ် ၅ နှစ်အတွက် စဉ်းစားလေ့ရှိ ကြသည်။ ထို့ကြောင့် ရှေ့လာမည့် ၃ နှစ်အတွင်း သို့မဟုတ် ၅ နှစ်အတွင်းအခြေအနေကိုခန့်မှန်းကြသည်။ လုပ်ငန်းဆောင်ရွက်မည့်နေရာဆိုသည်မှာ မိမိလုပ်ငန်းလုပ်ဆောင်မည့် နေရာများကို ဆိုလိုသည်။ ဥပမာ မကွေးတိုင်းသစ်ပင်ချစ်သူများအဖွဲ့ဆိုလျှင် မကွေး တိုင်းအတွင်းအခြေအနေကို ခန့်မှန်းရန်လိုအပ်မည်။ အဖွဲ့၏ ဦးတည် အုပ်စုအနေဖြင့်  မကွေးတိုင်းအတွင်းရှိ ပြည်သူလူထုဖြစ်ပြီးလက်တွဲလုပ်ဆောင်မည့်သူများမှာ ပျိုးဥယျာဉ်နှင့် မျိုးစေ့ရောင်းချသူများဖြစ်ကြသည်။ အဖွဲ့အနေဖြင့် အဓိကလုပ်ငန်းများမှာ သစ်ပင်များ ပြန်လည်စိုက်ပျိုးရန်နှင့် စိုက်ပျိုးလာအောင်စည်းရုံးလှုံ့ဆော် ပညာပေးခြင်းလုပ်ငန်းများဖြစ်သည်။

အဆင့် – ၁။ တွန်းအားများကို ဖော်ထုတ်ခြင်း။

  • နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ နည်းပညာ၊ ဥပဒေပိုင်းနှင့် သဘာဝပတ်ဝန်းကျင် (PESTLE) ဆိုသည့်အပိုင်း ၆ ပိုင်းကို အခြေခံ၍ အဖွဲ့အတွက် အရေးအကြီး ဆုံးတွန်းအား၂ခုကို ရွေးချယ်ပြီး ဖြစ်လာနိုင်သည့် အခြေ အနေများကို စနစ်တကျတွက်ချက်သည်။

အဖွဲ့၏လုပ်ငန်း၊ လုပ်ဆောင်မည့်နေရာ၊ ဦးတည်အုပ်စုများအတွက် သတ်မှတ်အချိန်အတိုင်းအတာအတွက် အရေးပါသည့် အဓိကအချက်များကို စဉ်းစားပါ။

အဆင့် – ၂။ အရေးပါသည့် မရေရာမသေချာသည့် အချက်များကို ရွေးချယ်ခြင်း

အဆင့် – ၁ တွင်စဉ်းစားခဲ့သည့်အချက်များကို ပေးသည့်အမှတ်များအပေါ် အခြေခံ၍ အောက်ပါဇယားတွင် ထည့်ပါ။ 

ယခုဇယား၏ထူးခြားချက်မှာ အနီရောင်ပြထားသည့်ဇယားတွင်မှ ဖြစ်နိုင်ခြေအများဆုံးနှင့် အဖွဲ့အတွက် သက်ရောက်နိုင်မှုအများဆုံးအချက် ၂ ချက်ကိုသာရွေးချယ်ရသည်။

အဆင့် – ၃။ ဖြစ်လာနိုင်သည့် အခြေအနေများကို စဉ်းစားခြင်း 

၁) အခြေအနေများကို စဉ်းစားရာတွင် အသေးစိတ်တွက်ချက်ပါ။ ၂) တဦးချင်း၊ ဦးတည်အုပ်စု၊ အဖွဲ့/လုပ်ငန်းခွင်နှင့်လူမှုအသိုင်းအဝန်းတခုလုံးအတွက် တွေ့ရနိုင်သည့် အခြေအနေအားလုံးကို စဉ်းစားပါ။ 

အဆင့် – ၄။ အဖွဲ့၏ ဖြစ်လာနိုင်ခြေများနှင့် လမ်းကြောင်းများကို အသေးစိတ် ဖော်ထုတ်စဉ်းစားခြင်း။

အခြေအနေတိုင်းက အဖွဲ့နှင့်မည်သို့ ဆက်စပ်ပတ်သက်မှုရှိပြီး မည်သည့်အကျိုးဆက်များကို ဖြစ်ထွန်းစေ နိုင်မည်၊ အဖွဲ့၏လမ်းကြောင်းများကို မည်သို့ပြောင်းလဲသွားစေနိုင်မည်ဆိုသည်ကို သေချာစွာစဉ်းစားပါ။

၂။ ရှေ့အနာဂတ်အတွက် စဉ်းစားချက်များ Possible considerations for the future

မဟာဗျူဟာရေးဆွဲသည့်လုပ်ငန်းစဉ်၏ ဆန်းစစ်မှုအပိုင်း၊ ရှေ့အနာဂတ်ကိုမှန်းမျှော်ကြည့်ခြင်း လုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်သည် မဟာဗျူဟာအတွက် ရှေ့အနာဂတ်အတွက်စဉ်းစားစရာများအားလုံးကို စဉ်းစားခြင်း ပင်ဖြစ်သည်။

အဆင့် – ၁ ရှေ့လုပ်ငန်းစဉ်များကို ရွေးချယ်ခြင်း

ဤအပိုင်းတွင် ပထမဦးစွာ လာမည့် ၃ နှစ်တွင် အဖွဲ့အနေဖြင့် လုပ်ဆောင်လိုသည့်လုပ်ငန်းများနှင့် လုပ်ဆောင်ရန် လိုအပ်သည့်/လုပ်ဆောင်လိုသည့် အပြောင်းအလဲများကို စဉ်းစားပါမည်။ လက်ရှိအခြေအနေကို ဆန်းစစ် သုံးသပ်ခြင်း (Look inside) ခေါင်းစဉ်အောက်မှ အဖွဲ့အစည်း၏လုပ်ငန်းများကို စုစည်းသုံးသပ်ခြင်းဇယားကို ပြန်လည်ကြည့်ရှုပါ။ ယင်းတို့ကို ကျင့်၍ ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများကို စဉ်းစားရန်ဖြစ်သည်။ အဖွဲ့ ၏ လုပ်ငန်း၊ဝန်ဆောင်မှုများအတွက် စဉ်းစားရာတွင် – 

  • အစပျိုး၊ ပျိုးထောင်သင့်သည့်လုပ်ငန်းအသစ်များ
  • ယခင်ပုံစံမှ တဖြည်းဖြည်းပုံစံပြောင်းလုပ်ဆောင်ရမည့်လုပ်ငန်းများ
  • အသစ်စတင်လုပ်ဆောင်သင့်သည့်လုပ်ငန်းများ
  • ဆက်မလုပ်တော့ပဲ ရပ်တန့်သင့်သည့်လုပ်ငန်းများဟူ၍ အပိုင်း ၄ ပိုင်းပြန်ခွဲကြည့်နိုင်သည်။

အဖွဲ့အစည်း၏စီမံရေးရာနှင့် လုပ်ငန်းလည်ပတ်မှုနှင့်ပတ်သက်၍ စဉ်းစားရာတွင် – 

  • အဖွဲ့တွင် အရင်းအမြစ်များကို ထိရောက်စွာလုပ်ဆောင်နိုင်ရန် ငွေစာရင်းကို စီမံခန့်ခွဲတတ်ပြီး တာဝန် ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသည့် ဘဏ္ဍာရေးရာစီမံခန့်ခွဲမှုစနစ်ကောင်းများ ရှိပါသလား။
  • အဖွဲ့၏လုပ်ငန်းများနှင့် ဝန်ဆောင်မှုများကို ကောင်းမွန်ထိရောက်စွာပံ့ပိုးလုပ်ဆောင်ပေးနိုင်သည့် စီမံအုပ်ချုပ်မှုစွမ်းရည်မျိုးရှိပါသလားဆိုသည်တို့ကို မေးခွန်းထုတ်ရန် လိုအပ်သည်။

ဦးစားပေးလုပ်ငန်းများကို ရွေးချယ်သည့်နည်းမှာ မိမိလုပ်ဆောင်လိုသည့် လုပ်ငန်းများအားလုံးကို အရေးပေါ်လုပ် ဆောင်ရန် လိုအပ်မှုအခြေအနေနှင့် အဖွဲ့အတွက်အရေးကြီးမှုအခြေအနေများအပေါ် ဆွေးနွေးပြီး အထက်ပါ ဇယားကွက်တွင် ထည့်သွင်းနိုင်ပါသည်။ ဦးစားပေးလုပ်ငန်းများကို ရွေးချယ်ရာတွင် – 

၁) အရေးပေါ်၊ အရေးကြီးသည့်လုပ်ငန်းများကို ချက်ချင်း ၆ လအတွင်း လုပ်ဆောင်ရမည့်လုပ်ငန်းများအဖြစ် သတ်မှတ်နိုင်သည်။ 

၂) အရေးပေါ်၊အရေးမကြီးသည့်လုပ်ငန်းများကို လိုအပ်ချက်အပေါ်မူတည်၍ ၆လအတွင်း လုပ်ဆောင်သင့်မသင့် ဆွေးနွေးဆုံးဖြတ်ထည့်သွင်းသင့်သည်။

၃) အရေးမပေါ်၊အရေးကြီးသည့်လုပ်ငန်းများကို လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ အချိန်အလယ်အလတ် သို့မဟုတ် ရေရှည်အတွက်လုပ်ရန် စဉ်းစားသင့်သည်။

အဆင့် – ၂။ လာမည့် ၃ နှစ် သို့မဟုတ် ၅ နှစ်အတွင်း အဖွဲ့အစည်းဘယ်ကိုဆက်လက်ဦးတည်မည်လဲ။

မဟာဗျူဟာရေးဆွဲမည့် လာမည့် ၃ နှစ် သို့မဟုတ် ၅ နှစ်တာ အတွင်း အဖွဲ့မည်သည့်လမ်းကြောင်းကို ဦးတည် မည်ကို ဆက်လက်စဉ်းစားကြရပါမည်။

အဖွဲ့အစည်းအနေနဲ့ နောက်လာမည့် ၁၀ နှစ်/နှစ် ၂၀ မှာ ဘယ်လိုအခြေအနေမျိုးရှိလိုပါသလဲ။ထိုအခြေအနေမျိုးဖြစ်နေစေဖို့လာမည့် ၃ နှစ် မှာ အဖွဲ့ကဘယ်ကိုရောက်နေရမလဲ။
ကိုယ်ဦးတည်လုပ်ဆောင်ပေးချင်တဲ့သူများ (ဦးတည်အုပ်စု၊ ရပ်ရွာလူမှုအသိုင်းအဝန်း)ကို ကိုယ်(အဖွဲ့အနေဖြင့်)မြင်စေချင်တဲ့ပုံစံအဲလိုဖြစ်ဖို့အတွက် လူမှုအသိုင်းအဝန်းရဲ့ စနစ်(များ)၊ ပုံစံ(များ)က ဘယ်လိုပြောင်းလဲ နေရမလဲ။ အဖွဲ့အစည်းအနေဖြင့် မည်သည့်ပုံစံဖြင့် ထိုအခြေအနေမျိုးဖြစ်အောင် ဘယ်လို လုပ်ဆောင်ပေးနိုင်မလဲ။ (အခြားအဖွဲ့များနှင့် မတူထူးခြားသည့်ပုံစံ – unique, critical role of your organization in realizing that future?)အဖွဲ့၏(အခြားအဖွဲ့များနှင့်မတူသည့်) သီးခြားဝိသေသလက္ခဏာဘာတွေရှိလဲ။ယင်းအနာဂတ်အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့ လာမည့် ၃ နှစ်မှာအဖွဲ့အနေနဲ့ ဘာတွေလုပ်ဆောင်ကြရမလဲ။ ဘာတွေလုပ်မလဲ။ဘယ်လိုအပြောင်းအလဲတွေကို ဖြစ်အောင်လုပ်မလဲ။အဖွဲ့အနေနဲ့ အဲဒီလမ်းကြောင်းပေါ်ရောက်အောင် ဘာတွေလိုအပ်မလဲ။

အဆင့် – ၃ မဟာဗျူဟာပန်းတိုင်ချမှတ်ခြင်း

မဟာဗျူဟာပန်းတိုင်ရည်မှန်းချက်ပန်းတိုင်များ မချမှတ်မီ အထက်ပါမေးခွန်းများကို ရှေးဦးစွာဖြေဆိုကြည့်ပါ။

  • မည်သည့်ကိစ္စရပ်များကို ချက်ချင်းကိုင်တွယ်ဖြေရှင်းရန် လိုအပ်မည်နည်း? မည်သည့်ကိစ္စရပ်များကို ကိုင်တွယ်ရန် အချိန်အကန့်အသတ်များရှိသနည်း။ ချက်ချင်းလုပ်ရန်နှင့် ရေရှည်(သို့မဟုတ်) အချိန် အနည်းငယ်ယူလုပ်ဆောင်ရန်လိုသနည်း။
  • မည်သည့်လုပ်ငန်းများက ငွေကြေးကုန်ကျမှု/အချိန်/လူအင်အားများစွာကုန်မည်ဖြစ်ပြီး မည်သည့် လုပ်ငန်းများက အနည်းဆုံးဖြစ်နိုင်မည်နည်း။
  • အချို့လုပ်ငန်းများလုပ်ဆောင်ပြီးစီးနိုင်မှ အချို့ပန်းတိုင်နှင့် လုပ်ငန်းများကို လုပ်ဆောင်နိုင်မည့် ကိစ္စမျိုးရောရှိပါသလား? ဥပမာ – ငွေကြေးရရှိအောင်ရှာဖွေနိုင်ပြီးမှ အချို့လိုအပ်နေသည့် ဝန်ထမ်းများနှင့် အဖွဲ့အတွက် အရေးကြီးသည့်အစိတ်အပိုင်းများပြောင်းလဲနိုင်ခြင်း/ခန့်အပ်နိုင်ခြင်းမျိုး)

ပန်းတိုင်တိုင်းတွင် စိန်ခေါ်မှု၊ အခက်အခဲများရှိနိုင်ပါလိမ့်မည်။ မည်သည့်စိန်ခေါ်ချက်များက လွယ်ကူပြီး မည်သည်တို့က ကျော်လွှားနိုင်ရန် ပို၍ ခက်ခဲနိုင်ပါသလဲ။

အချိန်အတိုင်းအတာလုပ်ငန်းများလိုအပ်မည့်အရင်းအမြစ်များအချိန်၊ငွေ၊ လုပ်အား၊အခြားတွေ့ရနိုင်သည့် အခက်အခဲများ
ချက်ချင်း ( ၆ လအတွင်း)   
   
   
အလယ်အလတ် (၁၈လအအတွင်း)   
   
   
ရေရှည် (၁၈ လအထက်)   
   
   

ရည်မှန်းချက်ပန်းတိုင်များကို ချမှတ်ရာတွင် SMART ဆိုသည့် အချက် ၅ ချက်ကို ထည့်သွင်းစဉ်းစားရမည်။

၁. တိတိကျကျရှိရမည်။ (Specific)

၂.  တိုင်းတာ၍ ရရမည်။ (Measurable)

၃.  လုပ်ဆောင်အောင်မြင်နိုင်ရမည်။ (Attainable)

၄.  လက်တွေ့ကျရမည်။ (Realistic)

၅.  ချမှတ်ထားသည့်အချိန်အတိုင်းအတာအတွင်း ပြီးစီးနိုင်ရမည်။(Timely, timebound)

အဆင့် – ၄ စီစဉ်ထားသလိုဖြစ်မလာခဲ့ရင် ဘယ်လို​ပြောင်းလဲလုပ်ဆောင်ကြမလဲ?

မဟာဗျူဟာချမှတ်ရာတွင် မိမိတို့မမျှော်လင့်ထားသည့်အခြေအနေမျိုးအတွက် Plan – B လည်း ထားရှိရန် လိုအပ်သည်။ ယင်းအချက်များကို စိုးရိမ်ချက်များ/ဖြစ်လာနိုင်သည့် ပြဿနာ၊အန္တရာယ်များကို ဆန်းစစ် လေ့လာ ချက် (risks analysis) နှင့် ဖြစ်လာနိုင်မည့်အခြေအနေ ဆန်းစစ်ချက် (Scenario planning) တို့မှ သိရှိနိုင်သည်။ မည်သည့်အခြေအနေမျိုးဖြစ်လာခဲ့လျှင်/စီစဉ်ချမှတ်ထားသည့်အတိုင်း ဖြစ်မလာခဲ့လျှင် ချမှတ်ထားသည့် မဟာ ဗျူဟာကို ပြန်လည်သုံးသပ်မည်နည်း။ အချို့ကိစ္စများအတွက်မူ အရေးပေါ် အစီအစဉ် (contingency plan) ပြင်ဆင်ထားရှိရန် လိုအပ်သည်။

ဥပမာ – 

ငွေကြေးပိုင်းဆိုင်ရာအခက်အခဲများ —>   အခြားငွေကြေးရန်ပုံငွေရနိုင်မည့် နည်းလမ်းများပြင်ဆင်ခြင်း     

ခေါင်းဆောင်ပိုင်းအပြောင်းအလဲများ —> လုပ်ငန်းတာဝန်များခွဲဝေယူခြင်း  (collective leadership)ဤအပိုင်းတွင် ဆန်းစစ်လေ့လာမှုအပိုင်းပြီးဆုံးပြီဖြစ်ပြီး မဟာဗျူဟာများကို ဆက်လက်ရေးဆွဲရန် အဆင်သင့်ဖြစ်ပြီဖြစ်သည်။

ဆန်းစစ်လေ့လာချက်များအားလုံးပြီးစီးပြီဖြစ်၍ မဟာဗျူဟာတွင်ထည့်သွင်းရန်အတွက် အချက်အလက်များအားလုံးအဆင်သင့်ဖြစ်ပါပြီ။