အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ
ကျွန်တော်တို့ သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့၏ အစိုးရ – ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှု (Public – Private Partnership) ပီပီပီ နှင့်ပတ်သက်ပြီး လေ့လာစောင့်ကြည့်၍ အစီရင်ခံတင်ပြထားသော ပထမသုံးလအတွင်း လေ့လာတွေ့ရှိချက် အစီရင်ခံစာဖြစ်ပါသည်။ အဆိုပါ ပီပီပီ ဆိုင်ရာ အစီရင်ခံစာ၌ ၊ မူဆယ် – မန္တလေး ရထားလမ်း စီမံကိန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတို့အကြောင်းကို ရွေးချယ်၍ လေ့လာဆန်းစစ်ထားပါသည်။ ထိုစီမံကိန်းနှစ်ခုသည် တရုတ်ရင်းနှီးမြုပ်နှံမှု စီမံကိန်းများဖြစ်ပြီး အဆိုပါ စီမံကိန်းများနှင့်စပ်လျင်း၍ သဘောတူညီထားမှုများ၊ ချမှတ်ထားသော စည်းမျဉ်းဥပဒေများနှင့် ရင်းနှီးမြုပ်နှံမှု ဘဏ္ဍာငွေကြေး ပုံစံများကို လေ့လာဆန်းစစ်ထားပါသည်။
မြန်မာပြည်တွင်းက အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု ပြည့်ဝလာစေရေးအတွက် ကူညီထောက်ပံ့ပေးနိုင်မည့် ပီပီပီဆိုင်ရာ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ ဖြစ်ပါသည်။
ဤကဲ့သို့သော လေ့လာစောင့်ကြည့်ထားသည့် အစီရင်ခံစာကို ကျွန်တော်တို့ သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့ (၃) လ တစ်ကြိမ် ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
ယခု အစီရင်ခံစာကို ၃၁ ရက်နေ့ ၊ ဩဂုတ်လ ၂၀၁၉ ခုနှစ် (စနေနေ့) ၊ နံနက် (၁၀) နာရီတွင် Park Royal Hotel မှာ ထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာများဖြင့် သတင်းစာရှင်းလင်းပွဲကိုပါ ပူးတွဲကျင်းပခဲ့ပါသည်။
Download လုပ်၍ ဖတ်ရှုလေ့လာနိုင်ပါသည်။