သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့သည် ပြည်သူ့ရေးရာဆိုင်ရာမူဝါဒ အစီအစဉ်များနှင့် အုပ်ချုပ်စီမံမှု ရေးရာစီမံချက်များကို အကောင်အထည်ဖော် လုပ်ဆောင်နေတာ (၈) နှစ်ကျော်ရှိနေပါပြီ။ ဤစီမံချက်များ၏ ရည်ရွယ်ချက်သည် မြန်မာပြည်၌ လူမှုတရားမျှတမှုကို ဖော်ဆောင်ရန်နှင့် ဒီမိုကရက်တစ်အုပ်ချုပ်စီမံမှုများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။ ကျွန်တော်တို့ သန္ဓိ အဖွဲ့သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ခိုင်မာစေမယ့် အင်စတီကျူးရှင်းတွေ ပြုပြင်ခြင်း၊ တည်ဆောက်ခြင်းတို့တွင် စနစ်တကျလုပ်ဆောင်ဖို့လိုသည်ဟု ယုံကြည်ပါသည်။ အစိုးရလုပ် ငန်းစဉ်များသည် ကောင်းမွန်သည့် အုပ်ချုပ်စီမံမှု မူဘောင်များနှင့် ပြည်သူ့ရေးရာ မူဝါဒများတွင် အလွှာစုံပြည်သူ့ပါဝင်မှုများ မြင့်မားလာစေရန် ရည်ရွယ်ပါသည်။ အုပ်ချုပ်စီမံမှုများတွင်လည်း တာဝန်ယူမှု တာဝန်ခံမှု ရှိသည့် ယန္တရားဖြစ်အောင် လုပ်ဆောင်ရမည်ဟု ယုံကြည်ပါသည်။
သန္ဓိအဖွဲ့သည် အုပ်ချုပ်စီမံမှုနဲ့ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ၊ ပြည်သူ့ရေးရာမူဝါဒ သင်တန်းများကို တိုင်းဒေသကြီးလွှတ်တော်များ၊ အစိုးရဌာနဆိုင်ရာ အရာရှိများ၊ ပါတီ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်ပြုလုပ် အကောင်အထည်ဖော်နေပါသည်။ မြို့နယ်များတွင် လူမှုစီးပွားဆိုင်ရာ ဆန်းစစ် လေ့လာချက်များ၊ ဒေသန္တရအစိုးရများ၏ ပြည်သူ့ဝန်ဆောင်မှုများနှင့် အစိုးရအသုံးစရိတ်များကို လေ့လာ စောင့်ကြည့်အကဲဖြတ်သည့် သုတေသနများကိုလည်း လုပ်ဆောင်ပါသည်။ ထို့အပြင် ပြည်သူ့ရေးရာ မူဝါဒလက်စွဲ စာအုပ်များ ထုတ်ဝေခြင်း၊ အုပ်ချုပ်မှုဆိုင်ရာ၊ ဗြူရိုကရေစီ ဆိုင်ရာ၊ ပြည်သူ့ရေးရာမူဝါဒ အစီရင်ခံစာများ လုပ်ငန်းစီမံချက် စာတမ်းများ၊ မူဝါဒအကျဉ်းချုပ်ရေးသားချက်များနှင့် အစိုးရ – ပုဂ္ဂလိက – ဖက်စပ်လုပ်ငန်း လမ်းညွှန်စာအုပ်များကိုလည်း ပုံနှိပ်ထုတ်ဝေရန် စီစဉ်လျက်ရှိပါသည်။