သုတေသနစာတမ်းများ

နိုင်ငံရေးခေါင်းဆောင်မှုနှင့် ပြည်သူ့သဘောထားအမြင်

သုတေသနစာတမ်း

သန္ဓိအဖွဲ့မှ ဦးစီးပြုလုပ်သော နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ် (၆) သင်တန်းသူ/သင်တန်းသားများမှ အချက်အလက်ကောက်ယူရေးသားပြုစုခဲ့သည့် ” နိုင်ငံရေးခေါင်းဆောင်မှုနှင့် ပြည်သူ့သဘောထားအမြင်” သုတေသနစာတမ်း ဖြစ်ပါသည်။

မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန်စီမံကိန်း

အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ

ဤအစီရင်ခံစာသည် ၊ သန္ဓိအုပ်ချုပ်စီမံမှုက ထုတ်ဝေသော ပီပီပီ လေ့လာစောင့်ကြည့်ရေး ဒုတိယအကြိမ်မြောက် အစီရင်ခံစာဖြစ်ပါသည်။ ဤအစီရင်ခံစာ၌ မြစ်ကြီးနားစီးပွားရေးဖွွံ့ဖြိုးတိုးတက်မှုဇုန် စီမံကိန်း အကြောင်း လေ့လာသုံးသပ်ထားပါတယ်။ တရုတ် – မြန်မာအကြား ရင်းနှီးမြုပ်နှံမှုစီမံကိန်းများတွင် သတိထားစောင့်ကြည့်ရမယ့် ၊ တရုတ်ရင်းနှီးမြုပ်နှံမှုများ ရှိပါသည်။ မြို့သစ်စီမံကိန်းများ၊ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ရထားလမ်းစီမံကိန်းများ၊ စီးပွားရေးဖွံ့ဖြိုးမှုဇုန်စီမံကိန်းများသည် တရုတ် – မြန်မာ စီးပွားရေးစင်္ကြန် တွင် အဓိက ပါဝင်နေပါသည်။ ဤအစီရင်ခံစာက ပွင့်လင်းမြင်သာ၍ မျှတသော အကျိုးစီးပွားပူးပေါင်းမှုများကို မြှင့်တင်ပေးနိုင်မည်ဟု ယူဆပါသည်။

အစီရင်ခံစာ အပြည့်အစုံကို မြန်မာဘာသာဖြင့် အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နိုင်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်နိုင်ရေး လုပ်ဆောင်ချက်များနှင့် ပြည်သူလူထုစစ်တမ်း

တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်စာတမ်းအနှစ်ချုပ်
သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့ | အာနန္ဒာဒေတာ

သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့ နှင့် အာနန္ဒာဒေတာအဖွဲ့တို့ ပူးပေါင်းပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နိုင်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်နိုင်ရေး လုပ်ဆောင်ချက်များနှင့် ပြည်သူလူထုစစ်တမ်း

ပထမအကြိမ် အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ – မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကိမ်းစီမံကိန်း

သန္ဒိစွမ်းရည်မြှင့်တင်ရေးအဖွဲ့မှနေ၍ မြန်မာနိုင်ငံအတွင်းရှိ အစိုးရ-ပုဂ္ဂလိက အကျိုုးတူပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သတ်၍ စောင့်ကြည့်လေ့လာရေးအစီရင်ခံစာများပြုစုရေးသားလျက်ရှိပါသည်။ ပထမအကြိမ်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင်မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကိမ်းစီမံကိန်း တို့ကို လေ့လာသုံးသပ်မှုများပြုလုပ်ထားပါသည်။ ဤအစီရင်ခံစာတွင် စီမံကိန်းများနှင့်ပတ်သတ်၍ ပါဝင်ပတ်သတ်သူများမှ ကြုံတွေ့နိုင်မည့် ဆုံးရှုံးနစ်နာနိုင်မှုအန္တရာယ်များကို အခန်းကဏ္ဍများဖြင့် ပေါ်ပြသုံးသပ်ထားပါသည်။ မြန်မာနိုင်ငံအတွင်းရှိ အစိုးရ-ပုဂ္ဂလိက အကျိုုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်အကျိုးရှိစေရေးနှင့် အများပြည်သူမှ စီမံကိန်းနှင့်ပတ်သတ်၍ သိရှိနားလည်စေရေးအတွက် လိုအပ်သော အကြံပြုချက်များကို ထည့်သွင်းရေးသားပြုစု တင်ပြထားပါသည်။

၂၀၂၀ အထွေတွေရွေးကောက်ပွဲတွင် ပါတီစုံဒီမိုကရေစီစနစ် အားကောင်းစေရေးအတွက် ပံ့ပိုးပေးနိုင်မည့်အခြေအနေများ

သုတေသနစာတမ်း

သန္ဓိအုပ်ချုပ်စီမံမှုသင်တန်းကျောင်း၏
နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း (အပတ်စဉ် -၅) မှ သင်တန်းသား/သူများပြုလုပ်ခဲ့သည့်”၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီစုံဒီမိုကရေစီစနစ် အားကောင်းစေရေးအတွက် ပံ့ပိုးပေးနိုင်မည့် အခြေအနေများ” သုတေသနစာတမ်း။
ဇူလိုင်၊ ၂၀၁၉။

မျက်မှောက်ခေတ်မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ လူနေမှုဘဝပြောင်းလဲမှု အခြေအနေစစ်တမ်း (၂၀၀၈-၂၀၁၈)

ဤသုတေသနစာတမ်းသည် နိုင်ငံ၏ လက်ရှိလူမှုစီးပွားဘဝအခြေအနေကို တစ်စုံတစ်ရာသော အတိုင်းအတာအထိ မီးမောင်းထိုးပြနိုင်ခဲ့သည်ဟုလည်းယုံကြည်၍ နိုင်ငံအတွက် အကျိုးရှိ့မည့် ပြည်သူရေးရာမူဝါဒချမှတ်ခြင်းကို တစ်ထောင့်တစ်နေရာမှ အကျိုးဖြစ်ထွန်းနိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါသည်။

အောက်တွင် အပြည့်အစုံရယူနိုင်ပါသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုသုတေသနစာတမ်းများ

ဤသုတေသနစာတမ်းသည်သန္ဓိအုပ်ချုပ်မှုသင်တန်းကျောင်းမှ ပြုလုပ်သည့် နိုင်ငံရေးခောင်းဆောင်မှုသင်တန်းကာလအတွင်း သင်ကြားခဲ့ရသည့် လူမှုရေးသုတေသနပြုလုပ်နည်းသင်ခန်းစာ၊ သုတေသနတွေ့ရှိချက်များကို အခြေခံ၍ ဆန်းစစ်သုံးသပ်အစီရင်ခံစာရေးသားခြင်းသင်ခန်းစာ၊ ရရှိသည့်သတင်းအချက်အလက်များကို အခြေခံ၍ လက်ရှိအခြေအနေများ တိုးတက်အောင်းမွန်လာအောင် သက်ဆိုင်ရာ အဖွဲ့အစည်းများအား ချဉ်းကပ်ခြင်း (evidence based advocacy) သန်ခန်းစာများကို အသုံးချ၍ တက်ရောက်ခဲ့ကြသည့် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များမှ လက်တွေ့ပြန်လည်အသုံးပြုရေးသားချက်များပင်ဖြစ်သည်။ သင်တန်းတစ်ကြိမ်နှင့် တစ်ကြိမ်အကြားကာလအတွင်း မိမိတို့ဒေသသို့ပြန်၍ သုတေသနစစ်တမ်း ကောက်ယူရခြင်းဖြစ်သဖြင့် သုတေသနပြုလုပ်ရသည့်ကာလမှာ တိုးတောင်းလှပါသည်။ ရရှိလာသည့်အချက်အလက်များကိုလည်း ပြန်လည်စုစည်း၍ ဆန်းစစ်ရခြင်း၊ အစီရင်ခံစာများရေးသာရခြင်းတို့ကို အပတ်တကုတ် ပြုလုပ်ခဲ့ကြရပါသည်။