ဗီဒီယို

▄ အထူးစီးပွားရေးဇုန်များနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု


▄ Facebook Live Stream

သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့အနေဖြင့်၊ “အထူးစီးပွားရေးဇုန်များနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု” (Special Economic Zones and Economic Development) ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးမှုတစ်ခုကို Sandhi Facebook Page တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ၊ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးမှု ဗီဒီယိုမှတ်တမ်းဖိုင်ကို ပြန်လည် ကြည့်ရှုနိုင်ပါသည်။

◾️ အဆိုပါဆွေးနွေးမှုတွင် ပါဝင်ဆွေးနွေးမည့်သူများမှာ –

• ဒေါက်တာမြင့်ဆန်း (ဒု-ဥက္ကဌ) ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ
• ဦးရီဝင်း (အတွင်းရေးမှူး) ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ
• ဒေါက်တာမောင်အောင် (ဒု-ဥက္ကဌ) မြန်မာနိုင်ငံဘောဂဗေဒအသင်း

https://web.facebook.com/sandhigovernanceinstitute/videos/3499427536746962/

ကိုဗစ် – ၁၉ စီးပွားရေးကုစားမှုအစီအစဉ်နှင့် တရုတ်ရင်းနှီးမြုပ်နှံမှုများ

၂၃ ရက်နေ့ ၊ မေလ ၊ ၂၀၂၀ ခုနှစ်တွင် ပြုလုပ်ခဲ့သော Facebook Live Stream ဆွေးနွေးမှု ရုပ်သံမှတ်တမ်းဖြစ်ပါသည်။ ပြန်လည်ကြည့်ရှုနိုင်ရန် တင်ပြပါသည်။

တရုတ်ရင်းနှီးမြုပ်နှံမှုများ

DVB Debate – “တရုတ် ရင်းနှီးမြုပ်နှံမှုက ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကို အထောက်အကူ ပြုနိုင်လား?” “ကျောက်ဖြူစီမံကိန်းဟာ NLDအစိုးရရဲ့ နိုင်ငံတော်ရဲ့ဦးစားပေး စီမံကိန်းလားဆိုတာ ကျနော်တို့မသိဘူး။ ကျောက်ဖြူစီမံကိန်းဆို တာ အရင်အစိုးရဆင်းခါနီးမှာ အလျင်အမြန်လုပ်သွားတဲ့အရာပါ။ “ ဦးခိုင်ဝင်း၊ ဒါရိုက်တာ (Sandhi Governance Institute) “စီးပွားရေးရင်းနှီးမြုပ်နှံမှုဆိုတာ အိမ်ကို ဧည့်သည်တစ်ယောက်ခေါ်လာတာနဲ့တူတယ်။ မိမိအိမ်ရဲ့စည်းကမ်း ၊ ဓလေ့၊ ခွင့်ပြုနိုင်တဲ့အတိုင်းအတာ၊ ခွင့်မပြုနိုင်တဲ့အတိုင်းအတာ တွေကို သူ့ကို ပြေပြေလည်လည်ဆွေးနွေးပြီး ဧည့်သည်ကိုလက်ခံရမှာဖြစ်တယ်။ ဧည့်သည်ကိုမျက်နှာလိုမျက်နှာရလုပ်ပြီး အိမ်ပေါ်တက်အိပ်ပါဆိုရင်တော့ ကိုယ့်အိပ်ယာထဲရောက်လာရင်ပြဿနာရှိတယ်။ ကျနော်တို့မှာ ရင်းနှီးမြုပ်နှံမှုဥပဒေရှိပါတယ်။“ ဦးအေးလွင်၊ အဖွဲ့ဝင်။ (ဗဟိုစီးပွားရေးကော်မတီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) “ ရခိုင်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်က သူတို့နိုင်ငံရေးလိုလားချက်နဲ့ပဲတိုက်ရိုက်အကျိုးသက်ရောက်တယ်။“ ဒေါက်တာအမ်ကောန်လ၊ ဥက္ကဌ (ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ KNC)

တရုတ်ရင်းနှီးမြုပ်နှံမှုများ ဆွေးနွေးချက်

ဆရာဦးခိုင်ဝင်း၏ တရုတ်ရင်းနှီးမြုပ်နှံမှုများ အကြောင်း ဆွေးနွေးချက်
ကိုးကား – DVB Debate အစီအစဉ်မှ

တရုတ်စီမံကိန်း

တရုတ်စီမံကိန်းများအပေါ် စွပ်စွဲမှုများရှိသဖြင့် စိစစ်လက်ခံရန် လိုအပ်ဟု SANDHI Governance Institute အဖွဲ့ဆို

SANDHI Governance Institute မှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ဝင်းက “ လမ်းဖောက်တဲ့အခါမှာ လမ်းက ကောင်းပါတယ်။ ဈေးနှုန်းက များနေတယ်။ တစ်ချို့ကျတော့လည်း ဈေးနှုန်းကတော့ မများဘူး။ အရည်အသွေးက ညံ့တယ်။ မမြတ်တဲ့ အလုပ်တွေကို လုပ်တယ်။ ဒီလို စွပ်စွဲချက်တွေက နိုင်ငံတကာမှာ ဒီလိုတွေ ရှိနေတယ်” ဟု ပြောသည်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုရန်)

မူဝါဒရေးရာဆွေးနွေးခန်း အပိုင်း (၁) (၂) (၃)

Sandhi Governance Institute ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးခိုင်ဝင်း ဆွေးနွေးသော ၊

မူဝါဒရေးရာဆွေးနွေးခန်းများဖြစ်ပါသည်။

မူဝါဒရေးရာဆွေးနွေးခန်း အပိုင်း (၁)
မူဝါဒရေးရာဆွေးနွေးခန်း အပိုင်း (၂)
မူဝါဒရေးရာဆွေးနွေးခန်း အပိုင်း (၃)

ရန်ကုန်မြို့သစ်စီမံကိန်း

ရန်ကုန်မြို့သစ်စီမံကိန်းနှင့်စပ်လျဉ်းပြီးပြုလုပ်သည့် NYDC Town Hall 2 ဆွေးနွေးပွဲ (တိုက်ရိုက်ထုတ်လွှင့်မှု)

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC)မှ ဦးစီးပြီး ရန်ကုန်မြို့သစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ပြုလုပ်သည့်ဆွေးနွေးပွဲကို ယနေ့ (၆-၃-၂၀၁၉)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ UMFCCI တွင် ပြုလုပ်လျက်ရှိသည်။

ဆွေးနွေးမည့် ပုဂ္ဂိုလ်များ –

ဦးသူရကိုကို (Moderator – Managing Director, YGA Capital)
ဦးသိမ်းဝေ @ Serge Pun ( Vice Chairman and CEO, NYDC Co.,Ltd.)
ဦးခိုင်ဝင်း (Founder/Director, Sandhi Governance Institute)
ဦးဝင်းမျိုးသူ (Chairman, Association of Advancing Life and Regenerating Motherland-ALARM)
ဦးဖြိုးဝေ (Eleven Media Group)

Credit: Eleven Media Group

” မူဝါဒဆိုင်ရာ ကိရိယာများ “

မူဝါဒများ၊ ပေါ်လစီများ ချမှတ်ရာတွင် လိုအပ်သော ” မူဝါဒဆိုင်ရာ ကိရိယာများ ” နှင့်ပက်သက်ပြီးဆရာဦးခိုင်ဝင်း (Director – Sandhi Governance Institute) မှ ရှင်းလင်းတင်ဆက်ပေးထားပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) မှ ပထမဦးဆုံး ကျင်းပပြုလုပ်သော ရန်ကုန်မြို့သစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲ

ပါဝင်ဆွေးနွေးသူများ

ဦးသိမ်းဝေ@ Serge Pun (Vice Chairman and CEO, NYDC Co.,Ltd.)
ဦးခိုင်ဝင်း (Founder and Director, Sandhi Governance Institute)
ဦးရဲမြတ်သူ (MCDC, Founder/Managing Director – Alpha Mandalay Co.,Ltd.)
ဦးဇေယျသူ (Managing Director/Deputy Chief Editor ,The Voice Journal)
Moderator – ဦးအောင်ချစ်ခင် (Founder and Managing Director, Strategy First Institute )

Dateline Irrawaddy

ဒီတစ်ပတ်ဒိတ်လိုင်းအစီအစဉ်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေရိကန်ပြည်ထောင်စုခရီးစဉ်အကြောင်းကို ဧရာဝတီသတင်းဌာနရဲ့မြန်မာပိုင်းအယ်ဒီတာ ရဲနည်နဲ့Sandhi Governance institute ရဲ့ဒါရိုက်တာ ဦးခိုင်ဝင်းနဲ့ Freelance journalist ဒေါ်ယမင်းမြတ်အေးတို့ကဆွေးနွေးထားကြတာပါ။