သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့၏ အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း (ပီပီပီ) စီမံချက်သည် မြန်မာပြည်၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ တိုးတက်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျှတသည့် မူဝါဒအခင်းအကျင်းများ ဖြစ်ရန် ရည်ရွယ်ပါသည်။ တစ်ဖက်တွင်လည်း မြန်မာပြည် အတွင်း ပီပီပီနှင့် ပတ်သက်ပြီး အလွှာစုံ ဆန်းစစ်တိုင်းထွာချက်များကို ပြုလုပ်ပါသည်။ ဒီတိုင်းတာချက်တွေထဲ၌ အစိုးရအေဂျင်စီများ၏ အကောင်အထည်ဖော်နိုင်စွမ်းကို ထည့်သွင်းတွက် ချက်ပါသည်။ ပုဂ္ဂလိက လုပ်ငန်း၊ ဖက်စပ်လုပ်ငန်းနှင့် နိုင်ငံတော်ပိုင်လုပ်ငန်းများတွင် စနစ်ကျပြီး ထိရောက်သော လုပ်ငန်းစဉ်များ ဖြစ်အောင် အစိုးရ အေဂျင်စီတွေ၏ စီမံခန့်ခွဲနိုင်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်၍ လုပ်ဆောင်ပါသည်။ တစ်ချိန်တည်းမှာပင် လွှတ်တော်နှင့် အရပ်ဖက်အဖွဲ့ အစည်းများအကြား၌ ရင်းနှီးမြုပ်နှံမှုကိစ္စများကို စောင့်ကြည့်သည့် အပြင် အိမ်နီးချင်းနိုင်ငံများနှင့် အလှမ်းမဝေးဖို့အရေး၊ အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ပီပီပီ၏ အခန်းကဏ္ဍကို ပိုမို နားလည်အောင် လုပ်ဆောင်ပေးရန် ရည်ရွယ်ပါသည်။

သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့သည် ပီပီပီ စီမံချက်များထဲ၌ လွှတ်တော်များ၊ ပြည်သူ့ဝန်ထမ်းများ၊ အစိုးရအရာရှိများနှင့် အရပ်ဖက်အဖွဲ့အစည်းများအား သင်တန်းပေးခြင်းများကို လုပ်ဆောင်ပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်ပိုင်လုပ်ငန်းများ၊ ပုဂ္ဂလိကပိုင်လုပ်ငန်းများ၊ အစိုးရနှင့် ဖက်စပ်စီမံကိန်း များကို စောင့်ကြည့်လေ့လာခြင်း၊ သုတေသန ပြုလုပ်ခြင်းများကို လုပ်ဆောင်ပါသည်။ ပီပီပီ စီမံချက်တွင် တိကျသည့် သတင်းအချက်အလက်ကို ရယူစစ်ထုတ်ပြီး မူဝါဒအရွေ့ဖြစ်စေရန် တိုက်တွန်းလှုံ့ဆော်သည့် လုပ်ငန်းစဉ်များ လည်း ပါဝင်နေပါသည်။